လမ်းမယ်တော် မယ်အိ နှင့် ဥက္ကလာမယ်ဖြူ တို့ မြို့ကစားထွက်ခန်း
Ma Aye Chan Phyu | Thursday, September 23, 2010 | Labels: ဆောင်းပါး
ဖြူ ။ ။ pizza စားချင်လိုက်တာနော်
အိ ။ ။ မေရေ မနက်ဖြန် သမီးလာခဲ့မယ်လေ ။
ဖြူ ။ ။ ဂယ်လား လာခဲ့လေ ....ဒီလိုနဲ့ #&#@U%^$*%@** ( အချိန်တွေဘာတွေပြော)
တမီးရေ ဘယ်သွား ကြအုံးမလဲ ...
အိ ။ ။ zoo သွား မလားမေ ......သမီး ၁၀ နာရီ အရောက်လာ ခဲ့မယ် ။ .
ဖြူ ။ ။ ကောင်းသား .
နောက်တစ်နေ့ မနက် ....ရေတော့ စောစောချိုးထားလိုက်တယ် ...မယ်အိ ကတော့ ၁၁ ထိုးခါနီး မှရောက်လာတယ် ။ သားအမ နှစ်ယောက် ဆိုဒ် ထဲ က လူ တွေ အကြောင်း အတင်းပြော ကြတယ် ...( အဟဲ .....ဘီယာသောက် တဲ့ သူတွေ အကြောင်း ၊ အသဲကွဲ တဲ့သူတွေ အကြောင်း ၊ အညင် ကပ်ဖို့ ကောင်းတဲ့ ဆိုဒ် ထဲ က ကောင်ပလောင်တွေ အကြောင်း ၊ ပန်းကလေး လို လှတဲ့ သမီးလေးတွေ အကြောင်း) စသဖြင့် သူများ မကောင်းကြောင်း ကိုယ့် ကောင်းကြောင်း လေး တွေ ပါ ။
ပြီးတာ နဲ့ လှတ ပတ လေး ပြင်ဆင် ......အသက်ကြီးတော့ လည်းတင့်တင့်တယ်တယ်လေး ကြည့်ကောင်း အောင် ပြုပြင် ရတာ ပေါ့လေ ..........။ ( မော်ဒယ်အောက်ပေမယ့် ရုပ်ထွက်လေး များကောင်း မလားလို့ ပါ )
သားအမိ ၂ ယောက် ခုခေတ်ပေါ် ၂၀၀ ကား ကြီးကိုစီး ပြီး (သိန်း ၂၀၀တန် ကိုယ်ပိုင်ကား မဟုတ်ဘူးနော် ၂၀၀ ကျပ် ပဲ ပေးပြီး စီးရတဲ့ ကား ပါ အဟဲ ) သွားလိုက် ကြတာ စပယ်ယာကို မေးတယ် တိရိစ္ဆာန် ရုံ ကို ဘယ်မှတ်တိုင် ဆင်း ရ မလဲလို့ ..စာတိုက်မှာဆင်း တဲ့ ...ဆင်းပြီး လမ်းလျှောက် မလို့ပဲ ..သမီးလေး ကို သနားတာ နဲ့ ကားထပ်ငှား ရတယ် ။ Game City ရှေ့ ဆင်းပြီးတော့ စားသောက်ဆိုင် အရင်ဝင်ရတယ် ..သိပ်မစားနိုင် ကြပါဘူး ..။ ရှမ်းခေါက်ဆွဲ တစ်ပွဲစီရယ် ကြက်သားသုတ်ရယ် သံပုရာရည် တစ်ခွက်စီ ရယ်လောက်ပါ ပဲ ........:D ။ စားပြီး ဗိုက်လေး တော့ အိပ်ချင်လာတယ် တကယ် ပဲ ။ Zoo ဆိုတော့ လည်း လမ်း က လျှောက်ရ အုံးမယ် .......။
Game City ဝင်းထဲ ကနေ တိရိစ္ဆာန် ရုံဝင် ပေါက် ပျောက်နေ လို့ ..အင်းလေ မနေ့ က မှ လေယာဉ်ပေါ် က ဆင်းလာတာ ဆိုတော့ ...........:P
ဝင်ပေါက် တွေ့တာ နဲ့ .....သားအမိ ၂ ယောက် ဝင်မယ် လဲလုပ်ရော ..“လက်မှတ် ဖြတ်ပြီး ပြီလား ”တဲ့ “ဟင့်အင်း ” ဆိုတော့ “သွားဖြတ် ”... “ဟင့် .........
ဘယ်လိုပြော မလဲ ဆိုက်ကားပုံ ကို တစ်ခါမှတော့ စီးဖူးဘူး လူ ၂ ယောက် ယှဉ်စီးလို့ ရတယ်လေ နင်းတဲ့ ဆရာ သမား က “အမ တို့ လည် မလား အကုန် လိုက် ပို့ ပါ့မယ် ..ဆင်း ပြီး ကြည့်လဲ ရတယ် ခင်ဗျ ”ရည်ရည် မွန်မွန်လေး ..........“ဘယ်လောက် လဲ ” ဆိုတော့ “၃၀၀၀ ပါ ”တဲ့ ။ “သမီးစီး မလား ”မေးတော့ “စီးမယ်” တဲ့ အင်းလေ လမ်းလျှောက် နိုင်မှာလဲ ဟုတ်ပါ ဘူး ..သူ သာ လွှဲ ချတာ ကိုယ်လဲ လျှောက်နိုင်ဘူး ......:)) ...........။
ပထမ ဆုံး သမင်တွေ အရင် လိုက် ပြတယ် ...လှတယ် ဝ လည်း ဝပါတယ် .....နောက် တော့ ဆင် တွေ နေရာ ...ဆိုက်ကား သမား လေး က အမ ဓါတ်ပုံရိုက် မလား တဲ့ ..ရိုက်မယ် ပေါ့ ...ကြံ ကလည်း ကျွေးချင်တယ် ၁၀၀၀ ဖိုး ကို တစ်ထွာ မရှိ တရှိ ဆယ်ချောင်း ရတယ် ......“မိုမို့ ကိုကျွေး အမ ”တဲ့“ ဟယ် တို့ ငယ်ငယ် က မိုမို လား ” ဆိုတော့ “ဟုတ်တယ် ၅၈နှစ် ရှိပြီ”....မိုမိုရေ ဆိုတော့ က ပြတယ် အဲ့ဒါနဲ့ သူ့ နှာမောင်းလေး ကို ကြံလေး ထည့်ပေးတော့ သခင်မ က ပါးစပ်ထဲ ထည့် ပြီး လွှတ်ပစ်တယ်လေ “သွား ကျွေးတော့ ဘူး” ဆိုပြီး ဘေး နားက ဆင်ကို သွားကျွေး လိုက်တယ် ....အိလေး ကျွေးတော့ လည်း လွှတ်ပစ်တယ် ..အဲ့ဒါ နဲ့ “ဘာလိုလဲ မိုမိုရယ် ”ဆို ပြီး သူ့ နှာမောင်း လေး ကို ချော့ ကျွေးတော့ စားတယ် ...ခန နေကြတော့ မျက်ရည်တွေ လည်းကျတယ် သူ့ခေါင်း ကို လည်း ခါတယ် ....ကောင်လေး က“ ခနနေ အုံး အမ ”ဆိုတာ နဲ့ သူ ကို ရပ်ကြည့် နေတော့ ခေါင်းလေး ခါပြီး “က ” ပြတယ် စိတ်ထဲ သနားလိုက်တာ ..“ရော့ စားနော်” ဆို နှာမောင်း လေး ကို ကိုင်ပြီးထပ် ချော့ ကျွေးတော့ စားတယ် .နောက် ထပ် ၁၀၀၀ ဖိုးထပ်ကျွေးတယ် အားလုံး ၇- ကောင် လေ ..“သူတို့ ကို ဘာမှ မကျွေး ကြဘူးလား” မေးတော့ ကျွေးတယ် မဝတာ တစ်ခင်းလုံး ကျွေးတောင် ဝမှာ မဟုတ်ဘူး တဲ့ အဲ့ဒါ ဆိုလည်း ကြံခင်း ကိုသာ ခေါ်သွား ကြပါတော့ လို့ အကြံပေး ခဲ့တယ် ဟိ အင်းလေ သူ တို့ဗိုက် အစာအိမ် ကြီး ကလည်း အကြီး ကြီး ကို နော် .............။
....ဆင်းခါနီး ကျတော့ ဓါတ်ပုံ ဆရာတွေ က“ ညီမလေး ကို ဝိတ်ချခိုင်းလေ” “ညီမလေး ဟုတ်ဖူး သမီး ဆိုတော့” “ ဟာာ ဗျာ ဟုတ်လို့လား ” ..တစ်ခါတစ်လေ နောက် ရတာ ကောင်းတယ် ....တစ်လမ်း လုံး မေ နဲ့ သမီး နဲ့ ပဲပြောနေ ကြတော့ သားအမိ လားချည်း မေးနေကြတယ် ..ကိုယ် ကလည်း ဟုတ်တယ် ကြီး ပဲ ...လိမ်တာ ဟုတ်ပါဘူးနော် မွေးစား ထားတာ ပဲနော့ .........ဆိုက်ကားနင်း ရင်းနဲ့ ကောင်လေး ကပြောတယ် “မိုမို က တစ်ခါမှ အဲ့လို မဖြစ်ဖူးဘူး ခင်ဗျ မျက်ရည် လည်းကျတယ် အမ ကျွေးတာလည်းစား တယ် ” ..“ဟုတ်လား အရင် ဘဝ က သားအမလား မသိဘူး ” လို့ ပြန်ပြောမိတယ် ...ကိုယ် က များ ဆင်ဘဝ ကလာတာ လားတွေးမိတယ် ......
အဲ့ဒီကနေ ကျားရုံ တဲ့ ...ကျား၂ ကောင်တွေ့ခဲ့တယ် ၅ နှစ်သား အထီးလေး တွေ တစ်ကောင်ကတော့ အိပ်နေတာ သိုးလို့ ..တစ်ကောင်က တော့ လမ်းလျှောက်နေတာ ..သူ လမ်းလျှောက် ပုံကလေ ဒီနေရာ ဟိုနေရာ အဲ့လို မဟုတ်ဘူး စက်ရုပ် လို ပတ်နေတာ တစ်ပတ် ပြည့်တာ နဲ့ အိပ်နေတဲ့ ကျားလေး ရဲ့ ဘေးမှာ နှိပ် သလိုမျိုး လုပ်တယ် ....သူဘာ လုပ် နေတာ မှန်းမသိပေမယ့် ရင်ထဲမှာ သနား မိတယ် ..ဆိုဒ်ကား သမားလေး ကို ပဲ သူတို့ ကို အစာ မကျွေးဘူးလား မေးတော့ တစ်နေ့ ၄ ပိဿာ ကျွေးပါတယ် ပြောတယ် ။ အမ ကျွေးလေ ဆိုတော့ ..ရောင်းနေ တာ က ကြက်ဥပြုတ် .. ဟယ် ငါ့ တစ်ကိုယ် လုံးကျွေးတောင် ဝ မှာ မဟုတ်ဘူး လို့ ( ဝတယ် လို့ ကျား ကပြော ရင် အစားခံမှာ ကျလို့ )
ကောင်လေး က မျောက် ရုံ ရောက်တော့ ဆင်းမလား မေးတယ် ဆင်းတော့ ဘူးလို့ ခေါင်း ကိုက်လာတာ နဲ့ ....အမယ် ..ကောင် လေး တစ်ချို့ က “ ဝူ ကူး ဝူကူး” နဲ့ အော်တော့ မျောက်လွှဲကျော် က လည်း အောက် ဖက် ကနေ “ဝူကူး ဝူကူး” နဲ့ နထွန်းတောင် သွား သတိယ တယ် ( ဘာမှဆိုင် ဘူး ...ဒီ post ကို နထွန်း မဖတ် မိပါစေ နဲ့ )
နောက်တော့ မြွေ ရုံ ....ဆင်းကြည်တယ် အူယားတယ် ညကျ အိမ်မက်တွေ မက်တော့ မှာ ကြွက်ဖြူလေး တွေ ကို မြွေစာ ကျွေးထား ကြတယ် ...........ကြက်တွေ ရော ပဲ .မြွေစာ ဆိုပြီး မွေးထားတယ် ..လူမြင် သူမြင် ကြီး .စိတ်ပျက်စရာ ......လူဆိုးတွေ .....။
တစ်ပတ် ပြည့်သွားတော့ သားအမိ ၂ ယောက် Game City ကိုသွား ကြတယ် ...ကောင်းခန်း က ခုမှလာ မှာ ..တစ်ခါ မှရောက်ဖူး ဘူး ..အိလေး က “မေ ကစား မှာလား ”“ကစားချင် ဘူး” ဆိုတော့ အကြွေ ၂၀၀၀ ဖိုး ဝယ်တယ် ။ အကြွေစေ့ လေး တွေ ကို ထည့်ထည့် ပြီး အံစာတုံး လေးတွေ ကို မှန်အောင် ပစ်ရတာ ..သူ ကစား တာကြည့်ပြီး ဝင်ပစ် ရော ၂၀၀၀ ဖိုကုန်သွားတယ် ဆိုပါတော့း))........အိလေး က “ မေ သမီး သွားထပ် ဝယ် မယ်” ဆို ပြီး ၅၀၀၀ ဖိုး တစ်ထုတ် ကြီး ပဲ ..သားအမိ ၂ ယောက် မကစား တတ် ကစားတတ် နဲ့ ကစား လိုက် ကြတာ နိုင်တာ .မနဲဘူး.ကောင်မလေး တစ်ယောက် က ပြန်ရောင်း မလား တဲ့ ...တိုးတိုး တိတ်တိတ် ပြန်ရောင်းတာ ၉၀၀၀ ရတယ် ...အဟဲ ..ပို တာ လေး ထပ် ကစား ကြပြန်ရော .....အရုပ် နဲ့ လဲမယ် ဆို သွားမေးတာ မပြည့် ဘူးလေ ..ဆက် ကစားတော့ လည်းနိုင် ပြန်ရော ....စိတ်တောင် မကောင်းဘူး ....နောက် ထပ် ရတဲ့ အကြွေစေ့ တွေကို ထပ် ရောင်းလိုက် တယ် ၉၀၀၀ ထပ်ရတယ် ...........ဒါ တောင် အကြွေတွေ ပိုသေးတယ် ...နာရီ ကြည့်တော့ ညနေ ၆ နာရီ ...နေ့လည် ၁နာရီ လောက် ကတည်း က ရောက်နေ ကြတာ လေ ။ ပိုတာလေး ထပ်ကစားတာ ကုန် ရော ....အဲ့ဒါ နဲ့ ၁၈၀၀၀ ကို အရင် ၇၀၀၀ နှုတ် ၁၂၀၀၀ နိုင်ခဲ့တယ် ။ အဲ့ဒီ စီးပွားရေး တောင် လုပ်စားချင်တယ် ..တစ်နေ့ ၁၀၀၀၀ ကျန် ရင် တစ်လ ၃ သိန်း ဆိုးဘူး ...။ ဒါပေမယ့် အိမ်ပေါ် က ခေါင်း နဲ့ဆင်းတတ်ဖို့ တော့ အရင် ကျင့် ရမယ် ...........။
ငွေယားလေး ရတော့ ရန်ကင်း စင်တာ ကိုသွား ပီဇာစား ( season မှာ ) ကောင်းလည်းကောင်းဘူး ။ ပြီးတော့ ကားထွက်ငှားရော ကားဆရာ ကို ..သာကေတ ဆိုတော့ လိုက်ဖူး တဲ့ တောင်ဥက္ကလာရော လို့ အမြင်ကပ် လို့ ရွဲ့မေးတာ ...လိုက်မယ် တဲ့ ..သေရော ဈေးမေး တော့ ၁၅၀၀ တဲ့ .......“ သမီးလေး ....မေ လိုက် သွားလို့ ရလား ” ဆိုတော့ ရတယ် မေလိုက် သွား တဲ့ ....အဲ့ဒါ နဲ့ ပဲ ..နှုတ်ဆက် မွမွ လေးတွေ ပေး ပြီး ကိုယ် က အမေ ပဲ ဘာဖြစ်လဲ ......အရင် ပြန် ခဲ့တယ် ................။
စက္ကူစုတ်နဲ့တူတဲ့အတွေးများကို
ပန်းပွင့်ကလေးဖြစ်အောင်
ဖန်တီးထားသောစက္ကူပန်းအတွေးလေးများ
လူတွေကမေးတယ်
အနာဂတ် ရည်မှန်းချက်တဲ့
ကိုယ့်လမ်း ကိုယ်ဖေါက်ကိုယ်လျှောက်ဖို့
ရည်မှန်းချက်တွေ ပျောက်ခဲ့ တာ
ဆယ်စု နှစ်တောင် ကြာပေါ့
သွားသတိ စားသတိ ပြောသတိ
အသိ တွေ ကို သတိ နဲ့ ထိန်းနေတာ
မင်း ကို ချစ် မိ သွား နှလုံးသားလေး
တိတ်တဆိတ် ကွဲကြေသွားမှ
အော် …သတိပေးဖို့ ငါ သတိယ
Affection will reflect ဖြစ်ဖို့
တန်ပြန် သက်ရောက် မှူ့ အတွက်
အားတော့ လိုမယ်
မေမေ ကပြောတယ်
ခေါင်းမာတာရယ်မာနကြီးတာရယ်
စာဖတ်တာရယ် ကွန်ပျုတာသုံးတာရယ်
အိပ်တာရယ် စားတာရယ် သာသိ
ငွေ ဘယ်ကရှာမှန်း မသိ
လူ မဖြစ်သေးတဲ့ မိန်းမ တဲ့
အရင်က ချစ်သူ တစ်ယောက်က ပြောဖူးတယ်
“မင်းရဲ့အဓိက အားနည်းချက်က ဘာမှမလုပ်တတ်တာ ”
မှန်တော့ လည်း ခေါင်းငုံ့ခံရ
ဒီလို နဲ့ လမ်းခွဲ ခဲ့ရ
ကဗျာလေးတစ်ပုဒ်ဖြစ်ဖို့
နှလုံးသားကိုဖြစ်ညစ် တေးသစ်ဖြစ်အောင်စီ
အဲ့ဒီကဗျာလေး က
ဟာသ ဖြစ်သွားတဲ့ အခါ
ကိုယ်ဝမ်းနဲ့လွယ်ရတဲ့ ကလေးကို
သူစိမ်းက ရိုက်သလို
ငါ့နှလုံးသားတွေ နာကြင်တယ်
အဲ့ဒီ အတွက် ငါ ကဗျာတွေ မရေးတော့ဘူး
နောက်ပြီးတော့ ဒီကဗျာအတွက် လည်း
မေးခွန်းတွေ မဖြေချင်တော့ ဘူး ..........။
ဒီနေ့ရော မနေ့ကရော
မနှစ်ကရော မနှစ်တနှစ်ကရော
လွန်ခဲ့တဲ့ ၁၀ နှစ်က ရော အနှစ်၂၀ ကရော
အို ကုန်ကုန်ပြောမယ်
ဘယ်နေ့ အပျော်ဆုံးလဲ
စေ့စေ့တွေးလို့ ရေးရေး မပေါ်ဘူး
ငါပိုင်ဆိုင်တဲ့ အပျော်ရက်တွေ
ဘာလုပ်ချင်ခဲ့လဲ ဘာဖြစ်ချင်ခဲ့လဲ
ဘာရည်ရွယ်ခဲ့လဲ
ဘယ်လောက်ကြိုးစား ခဲ့လဲ
ဘာ …..ဘာ …..ဘာ …သေချာတွေး စမ်း
ငါ ကရော ဘာလဲ
ပါးပါးလှပ်လှပ် အတွေးတွေ နဲ့
ဘာမှန်းမသိ ငါ့ ကိုယ် ငါ အဆိပ်တွေပေးရင်း
ငါ့ အသက်ဆက် ရှင်သန်နေဆဲ
မနေ့က တစ်မျိုး
ဟော ..ဒီနေ့တော့ နောက်တမျိုး
ငါ မင်းသမီးလား ငါဗီလိန်လား
ငါဇာတ်ပို့လား ငါလူဆိုးလား
မရိုးနိုင်တဲ့ ပြကွက်တွေ ကြား
ငါကတော့ ကျရာ ဇာတ်ရုပ်တွေနဲ့
အလှဆုံး နဲ့ အသေသပ်ဆုံးဖြစ်အောင်
က ပြနေရတုန်း
ဒီခန္ဓာ မဆုံးသရွေ့ ........ပေါ့
အစွန်းနှစ်ဖက်ရှောင်ရ ဘောင်ခတ်ရ
စည်း ခြားရ စောင့်ထိန်းရ
ဟိုလူ့ ငဲ့ရ ဒီလူ့ငဲ့ရ
ငါ့ကိုယ်ငါ ဖဲ့ဖဲ့ချ
တစ်ခါ တစ်ခါ ငါ ဆိုတာတောင် ပျောက်ဆုံးနေရ
ဒီဘဝပြီး နောက် ဘဝ
နောက်ဘဝပြီး နောက်ထပ် ဟို ဘဝ
ဟိုဘဝ ပြီးတော့ …ဆက်….ဆက်….ဆက်
ဒီကမ္ဘာပြီးတော့ နောက်ကမ္ဘာ
နောက်ကမ္ဘာပြီးတော့ နောက်ထပ် ဟိုကမ္ဘာ
ဟိုကမ္ဘာပြီးတော့ ..ဆက် ..ဆက်….ဆက်
စိတ်ကူး နဲ့ ကမ္ဘာ့ အပြင်ကို ခဏထွက်
အာကာသဘက် ကိုရောက်တဲ့အခါ
သြော် … ငါယခု လောလောဆယ် နေထိုင် နေတာ
အဆုံးမရှိ တဲ့ အနန္တစင်္ကြာဝဠာ ပဲ
ဒီနေ့ရော မနေ့ကရော
မနှစ်ကရော မနှစ်တနှစ်ကရော
လွန်ခဲ့တဲ့ ၁၀ နှစ်က ရော အနှစ်၂၀ ကရော
အို ကုန်ကုန်ပြောမယ်
ဘယ်နေ့ အပျော်ဆုံးလဲ
စေ့စေ့တွေးလို့ ရေးရေး မပေါ်ဘူး
ငါပိုင်ဆိုင်တဲ့ အပျော်ရက်တွေ
ဘာလုပ်ချင်ခဲ့လဲ ဘာဖြစ်ချင်ခဲ့လဲ
ဘာရည်ရွယ်ခဲ့လဲ
ဘယ်လောက်ကြိုးစား ခဲ့လဲ
ဘာ …..ဘာ …..ဘာ …သေချာတွေး စမ်း
ငါ ကရော ဘာလဲ
ပါးပါးလှပ်လှပ် အတွေးတွေ နဲ့
ဘာမှန်းမသိ ငါ့ ကိုယ် ငါ အဆိပ်တွေပေးရင်း
ငါ့ အသက်ဆက် ရှင်သန်နေဆဲ
မနေ့က တစ်မျိုး
ဟော ..ဒီနေ့တော့ နောက်တမျိုး
ငါ မင်းသမီးလား ငါဗီလိန်လား
ငါဇာတ်ပို့လား ငါလူဆိုးလား
မရိုးနိုင်တဲ့ ပြကွက်တွေ ကြား
ငါကတော့ ကျရာ ဇာတ်ရုပ်တွေနဲ့
အလှဆုံး နဲ့ အသေသပ်ဆုံးဖြစ်အောင်
က ပြနေရတုန်း
ဒီခန္ဓာ မဆုံးသရွေ့ ........ပေါ့
အစွန်းနှစ်ဖက်ရှောင်ရ ဘောင်ခတ်ရ
စည်း ခြားရ စောင့်ထိန်းရ
ဟိုလူ့ ငဲ့ရ ဒီလူ့ငဲ့ရ
ငါ့ကိုယ်ငါ ဖဲ့ဖဲ့ချ
တစ်ခါ တစ်ခါ ငါ ဆိုတာတောင် ပျောက်ဆုံးနေရ
ဒီဘဝပြီး နောက် ဘဝ
နောက်ဘဝပြီး နောက်ထပ် ဟို ဘဝ
ဟိုဘဝ ပြီးတော့ …ဆက်….ဆက်….ဆက်
ဒီကမ္ဘာပြီးတော့ နောက်ကမ္ဘာ
နောက်ကမ္ဘာပြီးတော့ နောက်ထပ် ဟိုကမ္ဘာ
ဟိုကမ္ဘာပြီးတော့ ..ဆက် ..ဆက်….ဆက်
စိတ်ကူး နဲ့ ကမ္ဘာ့ အပြင်ကို ခဏထွက်
အာကာသဘက် ကိုရောက်တဲ့အခါ
သြော် … ငါယခု လောလောဆယ် နေထိုင် နေတာ
အဆုံးမရှိ တဲ့ အနန္တစင်္ကြာဝဠာ ပဲ
ဝိုင်းနေတဲ့ လမင်းကြီးကို ငေးဖို့
လေချိုလေးများ ဝင်လာရင် ပြုံးပြုံးလေးခံယူတတ်ဖို့
ဖြိုးဖြိုးဖျက်ဖျက် နေပျောက်ကလေးတွေလင်းလက်စေဖို့
နံနက်ခင်းဆို နှိုးတတ်တဲ့ ငှက်ကလေး သံကြားရစေဖို့
ဘောင်ခတ်ထားတဲ့ ပြတင်းပေါက် ပါတဲ့
ခပ်မှောင်မှောင်
အခန်းငယ်လေးရှိတယ်
ဆေးရောင်တွေ ဟိုတစ်ကွက်ဒီတစ်ကွက်
ဖတ်လက်စ စာအုပ်တွေ
ရေးလက်စ ကဗျာတို ကဗျာစ တွေ
စိတ်ကြိုက် မတွေ့တိုင်း ဖြဲပစ်တတ်တဲ့စက္ကူစတွေ
အနက်ရောင် ဘောပင်တွေ
ဆာလောင်တိုင်း သောက်တတ်တဲ့ ရေဘူးတွေ
ဘယ်လောက် ပင် ရှုပ်ပွနေပါစေ
အပြစ်မတင်တတ်တဲ့
လေးချောင်းထောက် စားပွဲ အိုလေး ရှိတယ်
အမြဲတစေ လက်ခံလေတဲ့ သည်ရင်ခွင်
လှန်လိုလှန် မှောက်လိုမှောက် စောင်းလိုစောင်း
ထုလို ထု ရိုက်လိုရိုက်
ကြည်ဖြူစွာလက်ခံပေး
ညီညီ ညာညာအနားသတ်လေးနဲ့
စက်တော်ခေါ် ဖျာ တစ်ချပ်ပေါ်က
မျက်ရည်တွေ အကြောင်းသိတဲ့
ခေါင်းအုံးလေး ရှိတယ်
ကိုယ်ငိုရင် သူငိုပြ ကိုယ်ပြုံးရင် သူလိုက်ပြုံး
ကိုယ်မဲ့ရင် သူပြန်မဲ့
ကိုယ်ခြောက်တိုင်းသူမကြောက်
ဘယ်ကို ညာထင် ညာကိုဘယ်ထင်
ခံယူတတ်မယ်ဆို ရင်
ကိုယ့်အပြစ် ကိုယ်မြင်
အမှန် ကိုပြင်မယ် ဆိုတဲ့
ခပ်ဝါးဝါး ကြည့်မှန် တစ်ချပ် ရှိတယ်
မရှိတာလည်းမသိ ရှိတာလည်းမသိ
အချိန်တန်လာရင်
ချိုချဉ်စပ်ငံဖန်ခါး ရသာ ၆ ပါး မပြည့်ရင်တောင်
အဟာရ ဖြစ်ပါစေတော့ရယ်လို့
ဖွယ်ဖွယ်ရာရာလေး ကို
ပူပူနွေးနွေး ကျွေးတတ်တဲ့
မေမေ့ ရဲ့ နေ့စဉ် ထမင်းဝိုင်းလေးရှိတယ်
လုံလောက်ပါပြီ
ဤမျှလောက် ဆို
အပ်နှစ်စင်းဆုံရာ
သမုဒ္ဒရာ ကြမ်းပြင်ထက် က
ရေပွက်ကလေး အတွက် ......လုံလောက် သွားပါပြီ...။
ဒီဇာတ်လမ်း မှာ -
ကိုယ့်လမ်းကိုယ် လျှောက်မယ်လို့
ဆုံးဖြတ် ကြပြီးကာမှ
ပခုံးခြင်းတိုက် ခိုက်မိကြရင်
ငါယိုင်သွား တဲ့ အခါ နင်ဆွဲထားမလား
ငါလဲကျ တဲ့ အခါ နင်ထူမလား
မျှော်လင့်ချက်တွေ
တစ်အိတ်ကြီးနဲ့
ရူးမိုက် မိနေတုန်း
ဘယ်လောက်ပဲ ပိတ်ပိတ်
ဆီမှန် လို့ စိမ့်ထွက်လာ တဲ့
အကြောင်းအရာတွေ အပေါ်
ငါ ...နေသားတကျနဲ့
အဖြေချတတ် သင့်ပြီ
အစာမကျေတိုင်းသာ
အန်.. အန် ..ချရရင်
ဘဝ စာမျက်နှာတွေ
ညစ်ပတ် သွားရပေါ့
လေပြေလေး တိုက်ရုံနဲ့
မုန်တိုင်း ဖြစ်သွားတာတွေ
အရောင် တလက်လက်ကို
အလိုက်မှား ခဲ့တာတေ
ွ ဖြူဖြူ မြင်တိုင်း
စိန်ထင်ခဲ့တာတွေ
ပန်းတိုင်း မွှေးမယ်ထင်လို့
အဆိပ်သင့်ခဲ့တာတွေ
ရာသီစာ ကို
အဟာရအဖြစ်စားသုံးခဲ့တာ တွေ
ဒီလိုနဲ့
စာမျက်နှာ ၅၂၈ နဲ့ ၁၅၀၀ ပါ
ငါ့စာမျက်နှာတွေ မှာ
အရောင်တွေ စုံသွားပါရော့လား
တူတော်မောင် ဆရာဝန် ပေါက်စ ရဲ့ gtalk လေး computer ထောင့် ကနေ ပေါ်လာ တာ နဲ့
“Hi ” လို့ ခေါ် လိုက်တယ် ။ ထူးဆန်းစွာ နဲ့
“Who are u ? ” တဲ့ အဲ့ဒါ နဲ့ စိတ်ထဲ တစ်မျိုး ဖြစ်တာ နဲ့ ပြန်မေး လိုက်တယ်
“ Who are u ? ” ပဲပေါ့ ….
“ I am his girl friend ” တဲ့ စိတ် ထဲ စကား ဆက် မပြောချင်တာ နဲ့ အေးအေးလို့ ပဲ ပြောလိုက်တယ် ။
နောက် ၂ ရက် နေ တော့ ညီမ ၀မ်းကွဲ လေး က
“ မမ ဟိုတစ်နေ့ က လေ ညီမလေး က တူလေး mail ကို ခေါ်တာ စစ်လိုက်ဆေးလိုက်တာ ညီမလေး လည်း အမြင် ကပ် တာ နဲ့ ငါ က သူ့ နယ် က ရည်းစား လို့ ပြောလိုက်တယ် …အဲ့ဒီမှာ အဲ့ ဒီ ကောင်မလေး က သူ ဓါတ်ပုံ နဲ့ တူလေး ဖက်ရိုက်ထားတဲ့ပုံတွေပြပြီးဒါမှသူ့ရည်းစားအစစ်လို့ပြောတယ် ..တင်းလိုက်တာ မမ ရာ ”
ညီမလေး ကို ဘာမှ ပြန် မပြောမိ ။ တူမလေး က လည်း တိုင် လာ တယ် “တီလေး ရေ ကိုကို့  mail က ကောင်မလေး သုံးနေတယ် သမီးခေါ်တော့ စစ်လိုက်ဆေးလိုက်တာ တီလေး ရာ ”တဲ့ ။
တစ်ရက် ကြတော့ မိန်းကလေးနာ မည် နဲ့ gtalk ကို invite လာ တာ နဲ့ accept လိုက်တယ် ။ ချက် ချင်း ပဲ online ဖြစ်လာတယ် ။ ရေးထား တဲ့ custom message က
“ညရောက်တိုင်း မောင့်ကိုလွမ်းတယ်” စိတ် ထဲ က ဘယ်လို ကြီး လဲ ပေါ့ ။ တွေးရင်
တွေး သလောက် ကျယ်ပြန့်တဲ့ စကား လုံး ။ ရိုင်းရိုင်း ပြော ရရင် တော် တော် ရှက် စရာ ကောင်းတဲ့
စကားကြီး ပါ ပဲ ။ သူ က“Hi ”တာ နဲ့ ပဲ စကားတွေ ပြော ဖြစ်တယ် ။ ဘယ် မှာနေတာလဲမေးတော့
ဖြေလိုက်တယ် ။
“ မမ အိမ် ကို လာလည် မယ် တဲ့ ”
ခု မှ သိတာ အိမ် လာ လည် မယ် တဲ့ ဘယ်လို မိန်းကလေး ပါ လိမ့် ပေါ့ ။ အဲ့ဒါ နဲ့
“လာလည် လို့ မရဘူး အိမ်မှာ ယောက်ျားလေး တွေ များတယ် ” ခပ် ပြတ် ပြတ် ပဲ ငြင်းလိုက်တယ် ။
ဒီလို နဲ့တွေ့တိုင်းချပ် ဖြစ် တယ် ။ တစ်ရက် ကျ သူ့ မှာ ချစ်သူ ရှိတဲ့ အကြောင်း သူ့ချစ်သူ က ဘယ်မှာတာဝန် ကျနေ တဲ့ အကြောင်း ၊ နာမည် က ဘယ်လို ခေါ် တဲ့ အကြောင်း ၊ ကျမ သိ သွား ပါတယ် ။ တူတော် မောင် ရဲ့ ကောင်မလေး က ကျမရဲ့ gtalk ကို တူတော်မောင် ဆီ က ယူ ပြီး အရောဝင် ခြင်း ပါ ။ အဲ့ဒီလို ရောရော ထွေးထွေးနဲ့ ဇာတ် လမ်း ရှုပ် တတ် တဲ့ သူ မျိုး ရှင်းရှင်းပြော ရ ရင် ကလိမ် ကကျစ် နဲ့ မရိုးသားတဲ့ သူ ကို ကျမ နဲနဲမှ သဘော မကျ ပါဘူး ။ ကောင်မလေး ကို ပြောလိုက်တယ်
“မင်းရော တူတော်မောင် ရော ပြောလိုက်မယ် မင်းတို့ ကိစ္စ တွေ တို့ ၀င်မပါ ဘူး မင်းတို့ ယူ ယူ မယူယူ တို့နဲ့ မဆိုင် ဘူး ဒါပေမယ့် မင်း သိအောင်တော့ ပြော ထားမယ် မင်း တို့ တူ နဲ့ ယူ လည်း တို့
အိမ် မလာ နဲ့ တို့ မင်း ကို အသိအမှတ် မပြု ဘူး ”
လို့ပြောလိုက်တယ် ။ သူမ ရှာ တဲ့ ပြဿနာတွေ အများ ကြီး ရှိ သေးတယ် ဒါပေမယ့် ကျမ ဆို လိုချင် တဲ့ အကြောင်း လောက် ပဲ ရေးလိုက်တယ်။
အဲ့ဒါ နဲ့ ကျမ လည်း တူတော် မောင် အိမ်လာတော့ ပြောလိုက်တယ် ။ gtalk ကို ဘာလို့ ရည်းစား ကို ပေးထားတာ လဲ မလို အပ်တဲ့ ပြဿနာ ဖြစ်တာ ပေါ့ ။ တူလေး ကတော့ ထုံးစံ အတိုင်း ဟုတ် ပဲ ..ကြောက်တော့ ဘာ မှ ပြန် မပြောဘူး ။
ကျမ ပြောချင်တာ က gtalk တွေ ကို သမီး ရည်းစား တွေ တူတူ သုံးနေတဲ့ ကိစ္စပါ ပဲ ။
ဘာ ပြဿနာ မှ မရှာ ရင်တော့ ကောင်းတာ ပေါ့ ။ personal ဆိုတာ လင်မယား မှာလည်း ရှိပါတယ်။ လင်မယား တွေ မှာ လျှို့ ၀ှက်ချက် မရှိဘူး ဆို တာ စကား အဖြစ် သာ ရှိ ပြီး တကယ် တန်းလုပ်ငန်းကြီး လုပ် တဲ့ သူတွေမှာ တော့ မလျှို့ ဝှက် လို့ မရပါဘူး ။ယနေ့ ထက်ထိ တိုင် မည်သူ့ password ကို မှ မတောင်းဘူး ပါ ။ တဖက်သား မှ အကူအညီ တောင်းလျှင်သာ ယူဖူးပါသည် ။ ဒါပေမယ့် မှတ်သား ထားလေ့ မရှိပါ ။ ကျမ ၏ password ကိုတောင်းလာ လျှင်လည်း ပေးရန် ဆန္ဒ မရှိပါ ။ မကျေနပ် ၍ မချစ်တော့ ဘူး ဆိုလျှင် လည်း ကျမ တာ့တာ ပြ လိုက် မည် ။
နောက်တစ်ခု က gtalk account ဆို တာ အချိန် အားရင် ဖွင့်ချင် တိုင်းဖွင့် လို့ ရ တဲ့ free ရတဲ့ အရာပါ ။ ကဲ ချင် ရင် account ၁၀ ခု လောက် ဖွင့် ပြီး ကဲ လို့ ရပါတယ် ။ ကိုယ့်ချစ်သူရဲ့ gtalk ကို ဖွင့် ( ယောက်ျာလေး ရော မိန်းကလေးပါ ) chat history ကိုပြန် ကြည့် ၊ပြဿနာ ရှာ တာ ကောင်းမွန် တဲ့ လုပ်ရပ် တစ်ခု လို့ ကျမ မမြင်ပါဘူး ။ ၂ ယောက် ဘ၀ ရဲ့ အနာဂတ်အတွက်လည်းအကျိုးမရှိပါဘူး။ ချစ်သူ ရဲ့ gtalk မှာ ၀င်ချက်ရင် တော့ ပြဿနာတက် ပြီး၂ ယောက်လုံး စိတ်ဆင်းရဲ ယုံ ပဲ ဖြစ်မယ် ။ ရည်းစား ကို သဝန်တိုတာ သဘာဝ ကျကျ တို တာ ပဲ ကောင်းတယ် ။
ဘ၀ ကိုထူထောင်ဖို့ အနာဂတ် အတွက် တခြား ကြိုတင် ပြင်ဆင် စရာတွေ အများ ကြီး ပါ ။ လိုအပ်ချက် ဆို တာ ဖြည့် ဆည်းတိုင်း ကို မပြည့် နိုင်ပါဘူး ။ ဒါ ပေမယ့် လည်း ပြည့်စုံချင် ကြတာပါ ပဲ။ Internet ကနေ စာဖတ် တခြားစိတ်ဝင် စားစရာ အကျိုး ရှိမယ့် အရာတွေလေ့လာ လို့ရပါတယ်။ ဘ၀ရဲ့ တိုးတက်ရာ တိုးတက် ကြောင်းတွေ ရှာ ၊ ငွေကုန် ခံပြီး ကမ္ဘာပတ် စရာ မလိုပါ ဘူး။ Internet ကနေ လည် လို့ ရ ပါတယ် ။ နောက်ဆုံး ဟင့်အင်း စာမဖတ်ချင် ဘူး chatting ပဲထိုင်မယ်ဆိုရင်တောင် အကျိုးရှိ မယ့် အရာတွေ ကိုပြောပြ မယ့် သူငယ်ချင်း ရှာလို့ ရပါတယ်။ ကျမ ကိုယ်တိုင် Internet သုံးတော့ မှ computer ကိုင်တတ်တာ ပါ ။ Computer ကိုင်နည်းInternet သုံးနည်း အရာ အားလုံး ကို chatting ကနေ သင်ယူတာ ပါ ။ ဒါတောင် ကျမ သိတာ .(ဒဿမ ) နောက် မှာ ပဲ ရှိပါသေးတယ် ၁% မပြည့်သေးပါဘူး။
ဒီ post က ပါဝင်စွက်ဖက် တာ လည်း မဟုတ်ပါ ဘူး ၊ ဆုံးမ တာ လည်းမဟုတ်ပါဘူး ။ကိုယ့်ကိုမကြာခန ထိခိုက်လာ သော အခါ ရေးချင်စိတ် ပေါက်လာ ၍ ရေးခြင်း ပါ ။ သူများ ကိစ္စတွေ ကို ကျမ စိတ်မ၀င်စား တတ်ပါ ဘူး ။ သူများ ကို တိုက်ခိုက်ဖို့ လည်း ကျမ စိတ် မ၀င်စား ပါဘူး။ကျမကိုတိုက်ခိုက်လာရင်တောင် တော် ရုံ နှင့် ကျမ ပြန် မပြောတတ် ။ ကိုယ် လုပ်စရာ ရှိတာ လုပ် ပါသည် ။
ကိစ္စတိုင်းတွင် ဥာဏ် နှင့်ယှဉ်
စီရင် ဆုံးဖြတ် ပြုမူ အပ်
စိတ်နောက် ကိုယ် တွင်
ပြုမူ လျှင် နောင်တွင် ခံရ
ကိုယ့် ဒုက္ခ ။
ဖြစ်လာ ကြောင်းကျိုး
ပြဿနာ မျိုး ကို
ကိုယ်ပိုင် ဥာဏ် ဖြင့်
ဝေဖန် ထောက်ရှု့
မရနောင်တ ချမ်းသာရ၏
ကဗျာလေး က လက်တန်းရေး ထားတာ ဆိုတော့ သိပ်တော့ အား မရဘူး ။