တကယ်တော့ ကျမ ဒီ Myanmae Friends Day ဆိုဒ်တွင် Admin တာဝန်ပေးခံ ရသည်မှာ မကြာသေးပါဘူး နီကိုး က သူ့ ဆိုဒ် ကို လာလည်ဖို့ ခေါ်ရင်း က ကျမ member ဖြစ် လာခဲ့တာပါ။ နောက်တော့ Admin အလုပ်ကို ကျမ လက်ထဲသို့ မယူ မနေရ ချော့တစ် ခါ ခြောက်တစ်လှည့် ဖြင့် ပေးအပ်ပါတော့ တယ် ။
ကျမ တာဝန်ယူရသည်က အစပိုင်းတွင် FWD Mail ဖြင့် post တင်သူများ၊ User တစ်ဦး လျှင် Post တစ်ပုဒ် ထက် ပိုတင်သူများ ကို mail ပို့ပေး အကြောင်းကြာရခြင်း၊ ဖျက်ပစ် ရခြင်း များလုပ်ရသော အခါ ကျမ စိတ်မကောင်း ဖြစ်မိပါတယ် ၊ ကျမ ကို မုန်းကြတော့ မှာပဲ ဆိုပြီး ။ ကျမ သူတစ်ပါးချစ်အောင်စွမ်းဆောင်ခြင်း မလုပ်တတ်ပါဘူး …(သူစိတ်သူ့သဘောနဲ့ ချစ်တာ မျိုး မှ လွဲ ၍) ။ ထို့ အတူ သူတပါး အမုန်း လည်း မလိုချင်ခဲ့ပါဘူး ။ ကျမ အပေါ် အလကားနေရင် မုန်းတော့ မှာပဲဆို ပြီး တွေးပူခဲ့ ရပါတယ် ။
အခုတော့ လည်း ကျမ တာဝန် ကျမ ကျေအောင် လုပ်ရတာပါပဲ …….
အဓိက ပြောချင်တာ က ကျမ ဆီကို အခုတစ်လော အကြံပေးစာလေးတွေ ရောက်ရောက် လာပါတယ် ။အဲ့ ဒါကြောင့် ဒီ post ရေးဖို့ ဖြစ် လာတာပါပဲ ….အားလုံးကိုသိစေချင်တဲ့ ဆန္ဒလေးပါ ….များသော အားဖြင့် Member အသစ် များ က စည်းကမ်း ကို မဖတ် ကြပါဘူး …ကျမလည်း မဖတ် ခဲ့ ပါဘူး ..ကျမ ဘာလို့ မဖတ်လည်း ဆိုတော့ ကျမ စည်းကမ်းလိုက်နာ သူအဖြစ် ကိုယ့် ကိုယ် ကို ယုံကြည် လို့ ပါ …..
Myanmar Friends Day ဆိုဒ် သည် Member ပေါင်း ၂ သောင်းကျော် ရှိပါတယ် ။အင်အား ကြီး တဲ့ အထဲ မှာပါနေပါပြီ ။ Post များ၊ ဓါတ်ပုံ များ ၊ Video များ အသစ်တင်တဲ့ အခါ Admin မှ Approve လုပ် မှသာဖေါ်ပြခွင့် ရအောင် စည်းကမ်း တင်းကြပ်ထားပါတယ် ။
ပထမ အနေနဲ့ ပြောချင်တာက ဒီလောက်စည်းကမ်း တင်းကြပ်ထားတဲ့ အထဲ မှ ညစ်ညမ်း ဓါတ်ပုံများ ၊နိုင်ငံရေးနှင့် ငြိစွန်းသော ဓါတ်ပုံများ ရောက်ရှိလာပါသည်။ ထိုကဲ့သို့သော user များ အား Mail ပေးပို့ သတိပေးခြင်းများလုံးဝ
မပြုလုပ် ပဲ တစ်ခါတည်း Bun ပါမည်။ စည်းကမ်း တွင်လည်း ပါပြီး ဖြစ် ပါသည်။
ဒုတိယ အနေနှင့် တခြားသူအား comment ဖြင့် စိတ်အနှောက် အယှက်ပေးခြင်း ပါ။ ကျမ တို့ ရဲ့ ဆိုဒ် နာမည်ကိုက “Myanmar Friends Day” ပါ ။သူငယ်ချင်း အဖြစ်တွေ့ဆုံ ခင် မင်မှု့ ကို တန်ဘိုး ထားစေချင်ပါတယ် ။ခင်မင်ရင်း နှီးစေချင်ပါတယ် ။အားလုံး လူကောင်းတွေပါ လို့ ပြောလို့ မရ ပေမယ့် မိမိ ရဲ့ ကိုယ်ပိုင် ဆုံးဖြတ်ချက် ဖြင့် ရွေးခြယ် ခင်မင်လို့ ရပါတယ်။ မမြင်ရသော်လည်း ကွန်ပျုတာ မှ တစ်ဆင့် အကြောင်းအရာ ပေါင်းများစွာ ဆွေးနွေးတိုင်ပင်လို့ ရပါတယ် ။သူတစ်ပါး အားနာလိုခံခက်သော စကားဖြင့် ရန်စမည် ဆိုပါက သူငယ်ချင်းမရ ပဲ မုန်းသူသာ တိုးလာမှာ ဖြစ်ပါတယ်။ အချိန် မရွေးပေါက်ကွဲစေနိုင်သော ဗုံးတစ်လုံး ကို ကိုင်ဆောင်၍ သူငယ်ချင်း ဖြစ် ချင်ပါသည် ဆို လာသူအား မည် သူမှ ခင်မင်ချင် မည် မဟုတ်ပါ။ထို သို့သော user များ ကို ပထမ သတိပေးစာ ပေးပို့ ပါသည် ။ မရ လျှင် Bun ပါသည်။
တတိယ အချက် က မိန်းကလေး user တစ်ဦး မှ mail ပေးပို့လာခြင်းဖြစ်ပါတယ်။ မိန်းကလေး မကောင်းကြောင်းရေးသော Post များ ကို မတင်စေချင် ပါဘူးတဲ့ ။ တခြား ဆိုဒ် ၂ ခု က အဲ့ဒီpost တွေ ကို မြင် ရလို့ ဒီ ဆိုဒ် ကိုပြောင်း လာခြင်းဖြစ် ပါတယ် တဲ့ ။ ကျမ အနေ နဲ့ ပြောရ ရင် မိန်းမ မကောင်းကြောင်းရေးသောစာ ယောင်္ကျား မကောင်းကြောင်း ရေးသောစာ များ ..ဟာသ အနေနှင့် မဟုတ်ပါပဲ တရားလွန်လာရင်တော့ မကောင်းပါဘူး ။ ထိုကဲ့သို့သော သူများ ဥပမာ ပေးရ မည်ဆိုလျှင် ………လူတစ်ယောက် က မုန့်ဟင်းခါး အရမ်း ကြိုက်သည် ဆိုပါက မုန့်ဟင်းခါးဆိုင်တွေ့ တိုင်း သူ စားပါလိမ့် မည် ။ ထို့ကြောင့် သူသည် ကောင်းသည် မကောင်း သည် ကို ဝေဖန်နိုင်မည် ။ ထို့ အတူ မိန်းမ မကောင်းကြောင်း ၊ယောင်္ကျား မကောင်းကြောင်း သိသော သူများသည် ဆန့် ကျင်ဖက် ယောင်္ကျား မိန်းမ များ နှင်း မလွတ် ကင်း နိုင် ကြလို့ ပါ။ လောက တွင် ကျားမရှိသောနေရာ ၊ မ ..မရှိသောနေရာ ၊ မရှိပါဘူး ။ ဖို နဲ့ မ က ကင်းကွာလို့ မရပါဘူး ။ ဒါ့ကြောင့် ထိခိုက်နစ်နာ စေလိုသော သဘော ဖြင့် Post မျာ ကို တင်လာမည် ဆို ပါက ပြဿနာ ကြီး မဖြစ် အောင် ပယ်ဖျက် ပါမည် ။ မထိခိုက်စေ သော စကားလုံး များ ကို ဟာ သ တစ်ခု အနေ နှင့် တင်ပြ လာပါ က Approve ပေးပါမည်။
Myanmar Friends Day ဆိုဒ်တွင် စာရေး ကောင်းသော ကလေး များ ရှိနေ သည့် အတွက် ကျမ ဂုဏ်ယူပါတယ် ။ ကလေး များ သည် ကျမ ထက် အဆ ပေါင်းများ စွာ တော်ကြပါတယ် ။ ကျမ သူတို့ စာများ ကို ဖတ်နေ ရသည့် အတွက် စာ မရေးဖြစ်ပါဘူး ။ ကွန်ပျုတာ ဖွင့်တာ နဲ့ ဆိုဒ် ကို ဖွင့် ရပါတယ်။ တင်သင့် တဲ့ post ၊ မတင်သင့် တဲ့ post ၊ FWD Mail ကို သုံးထား သလား ၊ သုံးထားရင်လည်း mail ပို့ ၊ user တစ်ယောက်တည်း က တစ်ရက်တည်း နှင့် post ကို တစ်ခုထက် ပိုတင်ထားလား တင်ထားရင်လည်း mail ပို့ ပြု လုပ် ရပါတယ် ။ကျမ အလုပ် မှာ ကျမ ပျော်ပါတယ် ။ စာဖတ်ရ လို့ ပါ။ကျမ စာရေးချင်သော်လည်း မရေးအား ပါ။ ဒီစာ ကို အချိန်ပေးပြီး ရေးထားပါတယ် ။
Feature Post ကိုလည်း ရသ စုံအောင် တင်ပေးထားပါသည်။ လိုအပ်ချက်များ ၊ အမှား အယွင်း များ ရှိခဲ့ လျှင် member များ အနေ နှင့် အကြံ ပေးစာ များ ကို Admin များ ထံသို့ ပေးပို့ နိုင်ပါသည်။
MYANMAR FRIENDS DAY သုံးစွဲ သူ Menber (user) များ ကိုယ်စိတ် နှစ်ဖြာ ကျန်းမာ ၊ချမ်းသာစွာ နှင့်  ပျော်ရွင် ကြ ပါစေ လို့ မေတ္တာ ပေးပို့ လိုက်ပါတယ် ။
လေးစားစွာဖြင့်
အေးချမ်းဖြူ
ပြည့်ကံကျွေးမှသည်
13 years ago
0 comments:
Post a Comment