စူးစူးရှရှ အသံတခုကြောင့် ရုတ်တရက်သူမ လန့်နိုးလာတယ်.........။
သူကလေးများလန့်နိုးသွားမလားလို့ ကြည့်လိုက်တော့ သူမနဘေးမှာ
နှစ်ခြိုက်စွာအိပ်မောကျနေတယ် ..........။
နာရီ ကိုကြည့်လိုက်တော့မနက် ၃နာရီ ကျော်ကျော်.............
ပြတင်းပေါက် လိုက်ကာကြား မှ လရောင် တချို့ တဝက်သူ့မျက်နှာလေး
ပေါ်ကျနေတယသူမလက်ကလေးကို သူ့လည်ပင်း အောက် အသာအရာ
လျှို အလိုက်မှာ....
"အင်း" သူကလေး ကိုယ်လုံးလေး လူးလွန့်ရင်း လက်ကလေး တဖက်က
သူမ ရဲ့ ခါးကို လာဖက်တယ် ။ သူမ သူ့ရဲ့ ကျောပြင်လေး ကိုပွေ့ဖက်ရင်
သူ့နဖူးပေါ်ကျ နေတဲ့ဆံနွယ်ခွေလေးကို အသာအရာဖယ်လိုက်တယ်
သူမ ရင်ထဲမှာတော့ ချစ်ခြင်းတွေအ ပြည်,.......................။
မျက်လုံးလေးမှိတ်ထားပေမဲ့ မျက်တောင်ကော့လေးတွေ သူ့ပါးပြင်မှာ အရိပ်လေးထင်နေတယ်
နှာတံပေါ်ပေါ် နှုတ်ခမ်းထူထူလေးက ခပ်ဟ..ဟ
ဪ ........ချစ်လိုက်ရတာ ..............။
..................................................................................................
လွန်ခဲ့သော ခြောက် နှစ် သူမ ဘဝထဲ သူကလေးဝင်ရောက်လာတဲ့ အချိန် မှစ၍ ဒီနေ့ထိ
သူမကိုစိတ်ညစ်စေမှူ့ တစုံတရာ မပေးပဲ အစဉ်ထာဝရ အေးချမ်းစေခဲ့သူ
သူမအတွက် အလုပ်တွေဘယ်လောက် ပင်ပန်းပါစေ သူ့မျက်နှာ လေးမြင်လိုက်ရင်ပဲ
သူမရဲ့ဘဝ အမောတွေ ပြေစေခဲ့သူ သေဆုံးပြီးသော သူမဘဝ ကို တဖန် ပြန်လည်
ရှင်သန်စေခဲ့သူ...........................
လွန်ခဲ့သော ခြောက်နှစ်ကျော် သူမဘဝထဲ သူ,မရောက် ခင်ကသူမ စိတ်ဓာတ်တွေ အောက်ဆုံးထိကျဆုံးချိန်
မင်္ဂလာ ဆောင်ခါနီးမှ ရုတ်တရက် ဝေးလွင့် ခဲ့တဲ့ သူမရဲ့ ချစ်သူ ။ အချစ်, ပျော်ရွှင်ခြင်း, အနာဂါတ်, ဘဝ, အသက်ရှင်ခြင်း, အားလုံးအားလုံး..ရုတ်တရက် မီးလောင် တိုက်သွင်း ခံရသလို သူမတကိုယ်လုံးပူ လောင်လို့
သူမသက်ရှိဘဝကို စွန့် ခွါ ဖို့ ဆုံးဖြတ်ခဲ့တယ်......
ဒါပေမဲ့ ကံတရား ကသူမ ချစ်ရသူနောက်လိုက်ခွင့်မပေးခဲ့ဘူး
သူကလေး သူမဘဝထဲ ဝင်ရောက်လာလို့ပေါ့ .............
အားလုံး အားလုံး က သူ့ကို လက်မ ခံဖို့ သူမကို ကန့်ကွက်ကြတယ် ။ ပတ်ဝန်းကျင် ရဲ့ကဲ့ရဲ့မှူ့ကိုဆန့်ကျင် ပြီး
သူ့ကို သူမ ဘဝထဲ ဆွဲခေါ်ခဲ့တယ်ပြီးတော့အားလုံး သောသူတွေနဲ့ဝေး ရာဆီ သို့သူကလေးကို ခေါ်ဆောင်၍
သူမဘဝကို တဖန်ပြန်စခဲ့တယ်.......
သူကလေးကအမှန်အမှား စဉ်းစားခွင့်မပေးခဲ့ဘူး.........
သူမချစ်သူနဲ့သူမရဲ့ အမှတ်တရပေါင်းများ စွာ သူကလေးဆီ မှာ
သူမ ချစ်ခြင်းတွေသူမ ရဲ့ပြန်လည်ရှင်သန်ခြင်းတွေ
အားလုံး သူကလေးအပေါ် ပုံအပ်ရင်.......
သူမအတွေးလေးနဲ့ သူကလေးကိုတင်းတင်းလေးဖက်လိုက်တော့....
"မေမေ သားသား အသက်ရှူ ကြပ် တယ်"
သူမဝေ့လာတဲ့ မျက်ရည်လေးကိုသားမ မြင်အောင် ခတ် ရင်း
သူမလက်ကိုအသာအရာ လျှော့ လိုက်တယ်
သူမချစ်သူရဲ့ကိုယ်ပွါး သူမရဲ့ အားအင်းသစ်လေး ချစ်ရတဲ့ သားလေးနဖူးလေးကို
ကြင်ကြင်နာနာငုံ့မွှေးလိုက်တယ်
ပြည့်ကံကျွေးမှသည်
13 years ago
0 comments:
Post a Comment