စက္ကူစုတ်နဲ့တူတဲ့အတွေးများကို
ပန်းပွင့်ကလေးဖြစ်အောင်
ဖန်တီးထားသောစက္ကူပန်းအတွေးလေးများ
လူတွေကမေးတယ်
အနာဂတ် ရည်မှန်းချက်တဲ့
ကိုယ့်လမ်း ကိုယ်ဖေါက်ကိုယ်လျှောက်ဖို့
ရည်မှန်းချက်တွေ ပျောက်ခဲ့ တာ
ဆယ်စု နှစ်တောင် ကြာပေါ့
သွားသတိ စားသတိ ပြောသတိ
အသိ တွေ ကို သတိ နဲ့ ထိန်းနေတာ
မင်း ကို ချစ် မိ သွား နှလုံးသားလေး
တိတ်တဆိတ် ကွဲကြေသွားမှ
အော် …သတိပေးဖို့ ငါ သတိယ
Affection will reflect ဖြစ်ဖို့
တန်ပြန် သက်ရောက် မှူ့ အတွက်
အားတော့ လိုမယ်
မေမေ ကပြောတယ်
ခေါင်းမာတာရယ်မာနကြီးတာရယ်
စာဖတ်တာရယ် ကွန်ပျုတာသုံးတာရယ်
အိပ်တာရယ် စားတာရယ် သာသိ
ငွေ ဘယ်ကရှာမှန်း မသိ
လူ မဖြစ်သေးတဲ့ မိန်းမ တဲ့
အရင်က ချစ်သူ တစ်ယောက်က ပြောဖူးတယ်
“မင်းရဲ့အဓိက အားနည်းချက်က ဘာမှမလုပ်တတ်တာ ”
မှန်တော့ လည်း ခေါင်းငုံ့ခံရ
ဒီလို နဲ့ လမ်းခွဲ ခဲ့ရ
ကဗျာလေးတစ်ပုဒ်ဖြစ်ဖို့
နှလုံးသားကိုဖြစ်ညစ် တေးသစ်ဖြစ်အောင်စီ
အဲ့ဒီကဗျာလေး က
ဟာသ ဖြစ်သွားတဲ့ အခါ
ကိုယ်ဝမ်းနဲ့လွယ်ရတဲ့ ကလေးကို
သူစိမ်းက ရိုက်သလို
ငါ့နှလုံးသားတွေ နာကြင်တယ်
အဲ့ဒီ အတွက် ငါ ကဗျာတွေ မရေးတော့ဘူး
နောက်ပြီးတော့ ဒီကဗျာအတွက် လည်း
မေးခွန်းတွေ မဖြေချင်တော့ ဘူး ..........။
0 comments:
Post a Comment