သူမ မျက်လုံးကို မှိတ်ထားသည် ။ အရိုးပေါ်အရေတင်နေသော သူမ၏
တကိုယ်လုံးမှာလှုပ်နိုင်တာဆိုလို့သူမ၏စိတ်အတွေးတွေပဲရှိတော့တယ်။
ခု သူမ အနားမှာ ဘယ်သူမှမရှိတော့ သူမ၏မိခင်ကပဲသူမကိုအနီးကပ်
ပြုစုသည်။ သူမ၏ခင်ပွန်း ကတော့ အမေ့လက်ထဲငွေ လာပေးပြီးပြန်သွား
တာကများသည်။
ဘာပဲဖြစ်ဖြစ် ငွေလာ လာပေးနေတာပဲ ကျေးဇူးတင်သည်။
"ငွေ" " ငွေ" သူမပြုံးမိသည်။ ဒီငွေကပဲ သူမကိုဒီ ဘဝရောက်အောင်လုပ်ခဲ့တာ။
ခုလည်း ဒီငွေကိုတွေးနေတုန်း ။ ငယ်ငယ်ကတည်းက အိမ်မှာ သူမ ကြားခဲ့ရ
သည်ကအမြဲလိုအပ်နေတဲ့ "ငွေ"သူမ ၁၀တန်း ၂ခါကျတော့ကျောင်းထွက် လိုက်
တယ်။ အဖေကလည်းဆုံး အမေ ကလည်း ကြုံ ရာကျပန်းလုပ်တာ အငယ်၃ ယောက်ရှိ ပြီး
အကြီးဆုံးဖြစ်တဲ့ သူမ အလုပ်လုပ်ရ တော့မှာပေါ့ ။ သူမ၏ ကျောင်းစရိတ် မကုန်တဲ့အပြင်
ဝင်ငွေလည်း တိုးလာခဲ့တယ်။
သူမမိသားစုကို သူမ လွန်စွာမှချစ်တယ်။ လုပ်ချင်ရာလုပ်၍ လက်ထဲ ငွေရှိ ရင် သုံးချင်ရာ
သုံးသောအမေ သူမအပေါ်နည်းနည်းလေးမှမငြို ငြင် ။ မသိတတ်သောအငယ်များအပေါ်
သူမတာဝန် ကျေချင်သည်။သူမမျက်နှာ အပြုံးမပျက်ခဲ့ ။ မိသားစုကိုနည်းနည်းမှမငြူစူခဲ့ ။
သူမ အထည်ချုပ်မှာ အလုပ်ရခဲ့တာ ရရစားစား မိသားစုအတွက် လောက်ငှယုံ။
ဒါပေမယ့် သူမဘဝ အလှည့် အ ပြောင်း ကြုံလာတယ်။ နိုင်ငံခြားသားများ ကအပျိုစင်ရှာ
ခိုင်းသော အမျိုးသမီး တဦး သူမ နှင့် သူမ သူငယ်ချင်းများထံ ရောက်လာတယ် ။ သူမ
ခေါင်းကိုတွင်တွင်ခါရင်းကျန်ခဲ့တယ် သူမသူငယ်ချင်းများ ထိုလမ်း ကြောင်းပေါ်တွင် .......
........."သူမ" သူမက ရော ဘယ်နှစ်ခါခေါင်းခါနိုင်မှာလဲ ။ အိမ်လခ မပေးနိုင်၍ တင်းမာ
နေသော အိမ်ရှင်မျက်နှာ, တရိပ်ရိပ်တက်နေသောကုန် ဈေနှုန်း,အတန်းကြီလာကြသော
အငယ်လေးတွေ , ခုတလော ငပိရည် ကိုဟင်း လုပ်၍စားနေရသော အမေ,
............. သူမ ခေါင်းငြိမ့် လိုက်ပြီ .............
သူမကို ခေါ်ဆောင်သွားသော အမျိုးသမီး ဘယ်လောက်ရလည်းတော့မသိ။ သူမ အတွက်
တော့အိမ်စရိတ် တလစာ ရပြီ ...ဒါပေမယ့်... ဒါပေမယ့်"ကံဆိုးမမို့ မိုး ရွာတာလာ မိုးရွာလို့
ကံဆိုးတာလား"
သူမ အလုပ်လုပ်နေသော အထည်ချုပ် စက်ရုံ များ ဖျက်သိမ်း သွားသည်။ လောလောဆယ်
အလုပ်လက်မဲ့ အလုပ်မရှိလို့မဖြစ်.............
သူမသူငယ်ချင်းများ မြိတ်ကိုသွားဖို့ သူမကို လာခေါ်ကျတယ် ကောင်းရောင်း ကောင်းဝယ်
တော့မဟုတ်သူမစဉ်းစားတယ် ကြာကြာတော့မဟုတ်ဘူး သူမမှာ ကြာကြာ စဉ်းစားခွင့်မရှိ ။
လိုအပ်နေတာ..........."ငွေ"......................
သူမ ဝတ်ချင်စားချင် လို့မဟုတ် သူမ မှာတာဝန်ရှိသောမိသားစုအတွက် ......သူမခန္ဓာကိုယ်
ကတန်ဘိုးမှမရှိတော့တာ .... မိသားစုအဆင်ပြေဖို့ သူမစတေး ရမယ်.............
သူမမြိတ်ကိုရောက်ပြီး တော်တော်လေးကြာတော့ လူတစ်ယောက် နှင့် တွေ့ဆုံ ခဲ့တယ် ။
နိုင်ငံခြားသား ကားကိုမောင်း သော ကားဒရိုင်ဘာ ခုခေတ် အခေါ်ဒေါ်လာစားပေါ့ ။
သူမအလုပ်နှင့် မကိုက်ညီစွာ အေးချမ်းသော မျက်နှာပိုင်ရှင်လေး သူမကို ထိုသူ သဘောကျ
နေသည်။ နောက်တော့ ထိုသူ၏ ဇနီး အဖြစ် သူမရန်ကုန် မြေသို့ ပြန်လည် ရောက်ရှိလာတယ် ။
ဒါပေမယ့် တရာဝင်ဇနီးတော့မဟုတ်ခဲ့ဘူး.............
မတတ်နိုင် သူမအတွက် ကောက်ရိုး တစ်မျဉ် လည်း ဆွဲရမှာပဲ သူမဒီဘဝကလွတ် မြောက်ချင်သူ
သူမဘဝ နေသားကျ လာပြီလို့ပြောရမယ် ..သူမခင်ပွန်း ဆိုသူက တိုက်ခန်း ငှါး ပေးထားသည်။
သူ၏တရားဝင် ဇနီး သည် သိသော်လည်း မသိချင်ယောင်ဆောင်နေ ပုံ ရသည် ။ ဒါမှမဟုတ်
မနိုင်၍လည်းဖြစ်နိုင်သည် ။သူမစိတ်ထဲမှ အကြိမ်ကြိမ်တောင်းပန် နေမိတယ်။ လောလောဆယ်သူမအေးချမ်းနေတယ်...........
ဒါပေမဲ့ သူမ အဲ့လောက်ကံကောင်းလို့လား..."ကံကောင်းချင်လို့လေယာဉ်စီးရ ကံဆိုးချင်တော့
လေယာဉ်ပျက်ကျ ........."ဆိုတဲ့သူမပြောနေကျ စကားလေးလိုပါပဲ..........
တစ်နှစ်ကြာတော့ သူမကလေးမွေးဖွားတယ် အကုန်သက်သာစေရန် သူမ အမေ့ အိမ်ပြန်၍
လက်သည်နဲ့ပဲမွေးခဲ့တယ် ။ သူမ သမီးလေး ဖြူဖြူဖွေးဖွေး ဝဝ တုတ်တုတ် လွန်စွာချစ်ဖို့ကောင်း
တယ်။ သမီးအနာဂါတ်အတွက်သူမစိတ်ကူးတွေ အများကြီးယဉ်ဖြစ်တယ် ။ကောင်းမွန်စွာစောင့် ရှောက်မယ် တွေးတိုင်းတွေးတိုင်းသူမမျက်နှာ ပြုံးရွှင် နေတယ်။
ဒါပေမဲ့ လေသူမကံအဲ့လောက်ကောင်းလို့လား ။ သူမ၏ လသမီးလေး နေမကောင်းဖြစ်လေပြီ။
ပထမဆေးမှီးတိုနှင့်ကုသည်။မနိုင်တော့ဆေးရုံ တင်လိုက်ရတယ် ။
မရတော့......... ကုလို့မရတော့..........
"မေမေ "လို့သမီးထံမှခေါ်သံ သူမ မကြားရခင်...သမီးလေး သေဆုံးသွားပြီ။ သမီးရဲ့သက်ခန္ဓာ
ကိုယ်ကို ပွေ့ဖက် ရင်း
"သ မီးလေး မေမေ့ကြောင့် ..........မေမေ့ကြောင့်ပါ သမီးလေးရယ် "
သူမ မျက်ရေတွေတားဆည်း မရနိုင်တော့ တာဆည်းဖို့လည်းမလိုအပ် သူမအားရ အောင်ငိုမိတယ်..
သူမ ရဲ့ ပြင် ၍မ ရတဲ့ဘဝ အတွက်ပါသူမ ငိုကြွေး မိပြီ။
သမီးလေးရောဂါက လူသားအားလုံးကြောက်သော...............
ယနေ့ထိကု့သ ရန်ဆေးမရှိသော...................
မိခင်ဖြစ်သောသူမထံမှကူးသော .......... HIV
မကြာမီ သူမလည်းအိပ်ရာထဲလဲလေပြီ။ သူမ ခင်ပွန်းလည်းမလာတော့ ။ တစ်ခါတစ်ရံ အမေ့ထံ
ငွေလာပေးသည်။ လာသည့် အခါ အခန်းဝ ကကြည့်ပြီး ပြန်ပြန်သွားတာသူမ သိသည် ။ သူမ
သူ့အားနဲနဲလေးမှ အပြစ်မတင်ပါ။တကယ်ဆို သူသာမခေါ်ခဲ့ရင် သူမလမ်းဘေး မှာသေဆုံးရမှာ။
ခုလိုသူမကို
နားခိုရာ အိမ်လေးဖန်တီးပေးတဲ့အတွက်သူမ ခင်ပွန်းဖြစ်သူကိုကျေးဇူးတင်သည်။
သူမထံသို့ တစ်ခါတစ်ရံ မှလာသောမောင်ညီမလေးများကိုလည်း ကျေးဇူးတင်သည်။ သူမပုံစံ ကို
သူတို့အား မတွေ့စေချင် ။ သူမ ကျေးဇူးအတင်ဆုံးကသူမ၏မိခင်........သူမရောဂါကိုမငြိုမငြင်
်ပြုစုပေးသည်။
ရောဂါဆိုတာ ကံ စိတ် ဥတု အဟာရ ကြောင့် ဖြစ်တာလို့သူမကြားဘူးသည် ။ သူမဘယ်သူ့ကိုမှ
အပြစ်မတင်ချင် ။ သူမဘဝမှာ ဘယ်သူ့ကိုမှ လည်းအပြစ် မမြင်ခဲ့ ။ အရင်ဘဝက သူမ လုပ်ခဲ့တဲ့
အကုသိုဟ်ကြောင့်သူမ ဒီဘဝပေးဆပ်ရတာ။သူမဒီလိုပဲတွေးသည်။
ဪ ...... ဒီနေ့သူမ တွေးလိုက်တာ အများကြီးပဲ။ သူမရေသောက်ချင်လိုက်တာ ။
သူမမျက်လုံးလေးဖွင့်လိုက်တော့အမေသူမကိုကြည့်နေသည်။စကားမပြောနိုင်သော
သူမပါးစပ်လေးလှုပ်၍
"ရေ"
ဆိုတော့အမေ က ဇွန်းနှင့်ရေတိုက်သည်။ သူမ ရေတွေ အများကြီး သောက်လိုက်သည်။ သူမဘဝ မှာ
တစ်ခါမှ ရေ ဒီလောက် သောက်လို့မကောင်းဖူးဘူး ။သူမမျက်လုံးလေမှိတ်လိုက်တော့ အမေရေတိုက်
ရပ်သွားသည်။မျက်ရည် လေး သုတ် ပြီး ထသွားတယ် ။
......ဒီနေ့မောလိုက်တာ တွေးတာများသွားလို့နဲ့တူတယ် အသက်ရှူရတာ ပင်ပန်းတယ်
အတွေးလေးတွေ ခဏရပ်ပြီး နှစ်နှစ်ခြိုက်ခြိုက် အိပ်လိုက်အုံးမယ် ......
ဒါပေမဲ့ သူမဘယ်တော့မှ မနိုးထခဲ့တော့
*********************************************************************
ပြည့်ကံကျွေးမှသည်
13 years ago
0 comments:
Post a Comment