ထို ၀ါသနာ သည် မိဘ ဆီ မှ ဆင်း သက် လာ ခြင်း မဟုတ် တာ တော့ သေချာသည် ။ ကျမ ၏ ဖခင် ရော မိခင်ပါ ယနေ့ ထက်ထိ တိုင် သီချင်း နားထောင် တာ မ ကြားဖူးပါ ... နား မထောင် မှ တော့ ဆို ဖို့ ညည်း ဖို့ ဆိုတာ ဝေလာ ဝေး ဖြစ် သည် ။ ကျမ မေမေ့ ကို မေး ဖူး သည် ။ မေမေ သမီး တို့ ကို ဘယ် လို သိပ် လဲ လို့ ။ မေမေ ကတော့ ရီ နေ တတ် သည် ။ ဒါပေမယ့် ထူခြား စွာ သားသမီး တွေ အား လုံး သီချင်း ဆို တာ နားထောင် တာ ဝါသနာ ပါကြ ခြင်း ပါ ပဲ ။ ထို ထဲ မှာ မှ ကျမ နဲ့ အကို အလတ် က ကဗျာ များ ကို ၀ါသနာ ပါ သည် ။ အကိုလတ် က မရေး ပေမယ့် ကျမ က တော့ ရေး တာ ပါ ၀ါသနာ ပါသည်။ကျမငယ်ငယ်က ..ရေး သော ကဗျာ လေး များ ပြန် ဖတ် ရင် ရီစရာ တော့ ကောင်းသည် ။
နှလုံး အိမ် ထက်
ဝင်း လက် သူ
ချမ်းမြ ကြည်ကြည်ဖြူ
သာသာ လွင်လွင်
အရောင်ထူး
လပြည့် ည ပျော် မြူး...........။
ပြုံး တလဲ့ လဲ့
ချို မျက် နှာ
ကြည် သာ ရွှင် ပြတာ
ဝိုင်း စက် စက် လေး
အရောင် ရေး
လပြည့် ည ကလေး............။
နဲနဲ လေး အရွယ် ရောက်လာတော့ ယောင်္ကျာလေး ဆို တာ ကိုယ် နဲ့ မတူပါလား ဆိုတာ သိလာခဲ့တယ် ။ ဒါပေမယ့် ကျမ က ယောင်္ကျားလေး တွေ ကို စခေါ် တာ မျိုး ခင်မင်တာ မျိုးတော့ သတ္တိ မရှိ ခဲ့ ဘူး ။ တော်တော် ရှက်တတ်တယ် ။ ၁၈ နှစ်လောက် ထိ ယောင်္ကျား လေး တွေကို စကား မပြောတတ် ။ ကျောင်းမှာ လည်း ယောင်္ကျားလေး တွေ နှင့် အပေါင်း အသင်း မလုပ် ။ မိဘ တွေ ရဲ့သူငယ်ချင်း သားတွေလာ လည် လည်း ကျမ စကားမပြော ။ ကျမ ကို သာ စကား လာ လာ ပြောကြတယ် ။ထို အခါ တော့ ပြန်ပြော လေ့ ရှိပါတယ် ။ ခေါ် ရင် တော့ ကျမ က အားလုံး ကို ....ကိုကို ဘယ်သူ ...အဲ့လို ခေါ် တတ်တယ် ။ သူတို့ တွေ ကိုယ်တိုင် က လည်း ကိုကို က လို့ ပဲ နာမ်စား သုံး ကြတယ် ။ အဲ့ဒီတော့ ကျမ အိမ်မက် ထဲ လာလာ နေ တတ် တဲ့ ကိုကို တစ်ယောက် ရှိ လာ ခဲ့တယ် ........
အိမ်မက်လေး ထဲ အမြဲလာရောက်
တံခါးခေါက် တဲ့ အိမ်မက်ကလေး
မေ့ ကိုကို .....။
တကယ်ဆို လည်း မရင်းနှီးပဲ
စိတ်ထဲ စွဲလမ်း မတမ်းတ တာ
အမှန်ပါ ....။
သို့ပေမယ့်လည်း
အိမ်မက်ထဲဆို ရင်းနှီးချစ်ခင်
ယုယမြတ်နိုး သဒ္ဓါတိုးကာ
ချစ်အား ပိုမြဲ
ကိုကိုပဲ.....။
ပြီးဆုံးအိမ်မက် နိုးထခဲ့သော်
တကယ်လေလား ထင်ရောင်မှားခဲ့
ရင်ထဲ လှစ်ဟာ နွမ်းလျှအသည်း
ဝမ်းနည်း ကြေကွဲ ခဲ့ ရပြီ ...........။
အိမ်မက်လေး ထဲ အမြဲ လာရောက်
နှောက်ယှက် လှည့်ပါ
အိမ်မက်ကလေး
မေ့ ကိုကို ....။
ကျမ ၁၄ နှစ် အရွယ်သာ ရှိသေး သည့် အတွက် ဒီကဗျာ သည် အရွယ်မရောက်သော ကဗျာ တစ်ပုဒ် သာ ဖြစ် ခဲ့ သည် ။ ထို ကိုကို သည် သူ ၂၅ နှစ် အရွယ် တွင် မမတစ်ယောက် နှင့် လက်ထပ် သွား ခဲ့ သည် ။
အကို အလတ် နဲ့ ကျမ က သူငယ်ချင်း တွေ တူ ကြတယ် ။ အလုပ် အတူတူ ၀င်ဖူး တော့ လေ ။ တစ်နေ့ လဖက်ရည် ဆိုင် ထိုင် ကြ တော့ အကို သူငယ်ချင်း တွေ နဲ့ ပေါ့ အလုပ် နားချိန် ပြေး ကြတာ ။ ပုံမှန် တော့ ကျမ လိုက် လေ့ မရှိ ။ အဲ့ဒီနေ့ ကတော့ အတင်း ခေါ်တာ နဲ့ လိုက်ဖြစ် ခဲ့ တယ် ။ လဖက်ရည် ဆိုင် ရဲ့ တစ်ဖက် စားပွဲ ကနေ ယောင်္ကျား လေး ၅ ယောက် လောက် နဲ့ လဖက် ရည် ဆိုင် လာ ထိုင်သော ကျမ ကို လှမ်း ကြည့် နေ သော သူ တစ်ယောက် ။
သူ
အကြည့်ချင်းဆုံ အပြုံးနွေးနွေး
တွေ့ကြုံ လေသော်
ဆည်းလည်း သံ လို ငြိမ့်ညောင်းချိုခဲ့
နှလုံးထက် ဝယ်
စုန်ဆန် မြစ်တွင်း ရင်တွင်းဖိုလှိုက်
အကြည့်ချင်းခိုက်
မိုက်တတ် ခဲ့ ပြီ .................။
ကဗျာ တစ်ပုဒ် သာ ရခဲ့တယ် သူနဲ့ ကျမ ကတော့ ဒီနေ့ ထိပြန် မတွေ့တော့ ။
စေ့စပ်ထား တဲ့သူ ရှိ တဲ့သူ တစ်ယောက် ချစ်ရေး ဆို ခံ ရတော့ တော်တော် လေး ခံစား ရခက်ဖူးတယ် ။ သူ စေ့စပ်ထား တာ ကိုယ် က မသိ တော့ သူ နဲ့ ပတ်သက် မိတယ် ဆိုပါ တော့ ။ ဒါ ပေမယ့် ကဗျာ တစ်ပုဒ် နဲ့ ပဲ အဆုံး သတ် လိုက်တယ် .............
မဖြစ်နိုင်တဲ့ အကြောင်း
နှောင်းနေ တဲ့ အဖြစ်
ရှိနေတဲ့ ကြိုး
မငြိအောင် ကြိုးစားရင်း
စိတ် တွေ လည်း မှိုင်
ကိုယ်တွေလည်း ယိုင် လို့
နေနိုင် အောင် လည်းနေ
ဖြေနိုင်အောင် လည်းဖြေ
တမ်းတ နေတဲ့ စိတ်
နွမ်းလျှ နေတဲ့ စိတ်
အိပ်မွေ့ လေး ချ
ဒီ တစ်ညတော့
အိပ်ပျော် အောင် အိပ် နိုင် ပါရစေ ............။
ကဗျာ လေး တွေ က ကျမ ဘဝ ရဲ့ အစိတ် အပိုင်း အချို့ မှာ ပါဝင် ပတ်သက် ခဲ့ဖူးတယ် ။ သူတို့ က ကျမ ကို စိတ်ကို ဖြေလျော့ ပေးတယ် ဖြေသိမ့် ပေးတယ် ။ ကဗျာ လေး တွေ က မှ ကျမ ရဲ့ အဖော် စစ်စစ် ပါ ။
*ဝါသနာ ကမွေးကတည်းကပါလာတာမို့
မကောင်းဘူးဆိုလာလဲ
ကြိုးကြိုးစားစား နဲ့
သူငယ်ချင်းတွေ ကြား
ကဗျာတွေ
ဆက်လက်၍ ရေးနေအုံး မှာ
.............................
တစ်နေ့တစ်နေ့
ထမင်းမစား
ဟင်းမစားနဲ့
ဘာတွေမှ မရလဲ
ဆွဲမိ ဆွဲရာ နဲ့
ကဗျာတွေ ကို
ငါ ဖက်တွယ်နေမိတာ
...........................................
*ဘယ်တစ်ဦးတစ်ယောက်ကိုမှ
ရည်ရွယ်ရေးတာမဟုတ်
ဦးနှောက်နဲ့နှလုံးသားကိုဖြစ်ညစ်
ငါရေးတဲ့စာတွေက
ရသလည်းမကျန်ရစ်ပေးမဲ့
ကဗျာ
တွေကို တော့
ငါတစ်ကယ်"ချစ်တယ်"
....................................
*ရောက်လေရာမှာ
စာရွက်လေးကိုဖြန့်
ဘောပင်လေးကိုကိုင်
ထင်ရာမြင်ရာ.....ရေးချစ်လို့
ငါ့အတွေး
တွေကသစ်ချင်မှသစ်မယ်
ဒါပေမဲ့
ပေါ့တန်တန် အတွေးနဲ့
ဖြစ်ချင်ရာဖြစ်..
ရေးခဲ့တာမဟုတ်ဘူး
.................................................
*တရက်....ရက်ဆိုတဲ့
ခွဲခွါ ချိန် မရောက်သေးသရွေ့တော့
ဖရန့်ဒေးအတွင်းမှာ
ဝဲလယ်ခတ်ရင်း
နေရာတနေရာ လေးတော့
မလွင့်ခင်စပ်ကြား
တခဏလေးတော့ခိုနားပါရစေလား
ဟင်းမစားနဲ့
ဘာတွေမှ မရလဲ
ဆွဲမိ ဆွဲရာ နဲ့
ကဗျာတွေ ကို
ငါ ဖက်တွယ်နေမိတာ
...........................................
*ဘယ်တစ်ဦးတစ်ယောက်ကိုမှ
ရည်ရွယ်ရေးတာမဟုတ်
ဦးနှောက်နဲ့နှလုံးသားကိုဖြစ်ညစ်
ငါရေးတဲ့စာတွေက
ရသလည်းမကျန်ရစ်ပေးမဲ့
ကဗျာ
တွေကို တော့
ငါတစ်ကယ်"ချစ်တယ်"
....................................
*ရောက်လေရာမှာ
စာရွက်လေးကိုဖြန့်
ဘောပင်လေးကိုကိုင်
ထင်ရာမြင်ရာ.....ရေးချစ်လို့
ငါ့အတွေး
တွေကသစ်ချင်မှသစ်မယ်
ဒါပေမဲ့
ပေါ့တန်တန် အတွေးနဲ့
ဖြစ်ချင်ရာဖြစ်..
ရေးခဲ့တာမဟုတ်ဘူး
.................................................
*တရက်....ရက်ဆိုတဲ့
ခွဲခွါ ချိန် မရောက်သေးသရွေ့တော့
ဖရန့်ဒေးအတွင်းမှာ
ဝဲလယ်ခတ်ရင်း
နေရာတနေရာ လေးတော့
မလွင့်ခင်စပ်ကြား
တခဏလေးတော့ခိုနားပါရစေလား
*********************
ငယ်ငယ် က ရေးထားတဲ့ ကဗျာ စာအုပ်လေး တွေ့တာ နဲ့ စာရေးဖြစ် သွားတယ် ...........
0 comments:
Post a Comment