member များ အတွက် ထုတ် ထားသော စည်းကမ်း ဆို ပေမယ့် Admin များကိုယ် တိုင် လိုက် နာ ရမှာ ပါ ။စည်းကမ်း ဖေါက်ဖျက်သော member များ တွေ့ ရှိ ပါ က ဦးစွာ သတိပေး ပါ ။ ညှိ နိုင်း ပါ ။ မရ လျှင် ban နိုင် ပါသည် ။ ဒီနေ့ မှ စ၍ Admin လူကြီးများ စည်းကမ်းဖေါက်ဖျက် ပါ က ကျမ ကိုယ် တိုင် တိုက်ရိုက်ပြော ကြား မည် ဖြစ် ပါသည် ။ အကယ်၍ ကျမ စည်းကမ်း ချိုးဖောက် တာ တွေ့သော် ကျမ အား မည်သည့် Admin မဆို member မဆို တိုက်ရိုက် ပြောကြား နိုင် ပါ သည် ။
ကျမ တို့ ဆိုဒ် ထက် ချောကလက် မြို့တော် က အားကျ စရာ ကောင်းလောက် အောင် ပို အောင်မြင်ပါတယ်။ ကျမ တို့ ဆိုဒ် online ၁၀ ခန့် ရှိ နေချိန် ဆို ချော ကလက် မြို့တော် မှာ ၁၀၀ ကျော် ပါတယ် ။ ဘာ့ကြောင့် ချောကလက် မြို့တော် အောင်မြင်ရ သလဲ ဆို မြို့စားလေး ရဲ့ စည်းကမ်းပိုင်းဆိုင်ရာ တိကျပြတ်သားခြင်း Admin အချင်းချင်း နားလည်မှူ့ရှိခြင်း နှင့် member အချင်းချင်း ချစ်ခင် မှူ့ ရှိ ခြင်းကြောင့် ပါ ။
ကျမ တို့ Myanmar Friends Day ဆိုဒ် မှာ Admin ပိုင်းဆိုင် ရာ ပြဿနာ များ မကြာခန ပေါ်ပေါက် ရ ခြင်း အတွက် ကျမ စိတ်မကောင်းဖြစ် ရပါတယ် ။ကျမ အနေ နှင့်တစ်ချို့ ကိစ္စများ ကို အားနာ ၍ မပြောခြင်း ၊အေးဆေး စွာ ပြီး အောင် တိတ် တဆိတ် ဖြေရှင်း ခြင်း က ပိုမို ဆိုးဝါး ခဲ့ ပါတယ် ။
ဒါ့ကြောင့် ကျမ အေးချမ်းဖြူ ဒီနေ့ မှ စ ၍ အားမနာတော့ ပါ ဘူး ။
ကျမ Admin Post မှ နှုတ်ထွက် တုန်း က ဟန်ဆောင် ထွက် ခြင်း မဟုတ် ပါဘူး ။ ဒါပေမယ့် နောက် ပိုင်း ပြန်လည် ၀င်ရောက် ခဲ့ ပါတယ် ။ ကျမ ၏ သားသမီး များ သဖွယ် ချစ် ရသော သူများ နှင့် Donation ပြုလုပ် လို ခြင်း အတွက် ပါ။
ကျမ အနေ နှင့် Myanmar Friends Day ဆိုဒ် ပိုမို တိုးတက် လာခြင်း member အချင်းချင်း စည်းလုံး ခြင်း ချစ်ခင်ရင်းနှီး စေချင် ပါတယ် ။ Admin နှင် member များ တစ်ယောက် နှင့် တစ်ယောက် သည့် ခံ ခွင့် လွှတ် နားလည်ပေးစေချင် ပါတယ် ။
Member များ သို့
မကြာခင် Ning ဆိုဒ် များ ဖျက် သိမ်းမည် ဆိုသော သတင်း ကို လူတိုင်း သိပြီး ထင် ပါတယ် ။ ဒီဆိုဒ် ကလေး မပျက်စီးအောင် ၊ ဆက်လက် ရပ် တည် နိုင် အောင် ကိုဂျေ က ကြိုးစားပေးနေပါတယ် ။ ဒါ့ကြောင့် member များ အနေ နှင့် စည်းကမ်း တကျ ချစ်ချစ်ခင်ခင် ရင်းရင်း နှီးနှီး အေးချမ်းစွာ အသုံး ပြု ကြပါ ။ ဒီဆိုဒ် Admin များ က အလုပ် ရှင် များ လည်း မဟုတ် ကြပါ ဘူး ၊ သူဌေး များ လည်း မဟုတ် ကြပါ ဘူး၊ အရာရှိ အရာ ခံ တွေ လည်း မဟုတ် ကြပါ ဘူး ။ ဒါ့ကြောင့် member များ ကို အထက်စီး မှ ပြောဆို နေခြင်း လည်း မဟုတ်ပါ ဘူး။ အားလုံး ပျော်ရွှင် အောင် ဘေး မှ နေ၍ ထိမ်းသိမ်း ပေးထားခြင်း ပါ။
အကယ်၍ ning ဆိုဒ် များ ဖျက် သိမ်း ခံ ရသော အခါ မဖျက် သိမ်း ခံ ရသော ning ဆိုဒ် များ ထံ သို့ member အသစ် များ ၀င်ရောက် လာနိုင် ပါတယ် ။ ကျမ တို့ ဒီ Myanmar Friends Day ဆိုဒ် မဖျက် သိမ်းခံ ရ လျှင် စည်းကမ်း ပိုင်းဆိုင် ရာများ ကို ပို မို တင်းကြပ် ပါမည် ။ အထူးသဖြင့် နိုင်ငံရေး နှင့် ဆိုင် သော ပိုစ် များ ၊ ညစ်ညမ်းပုံ များ နာမည် များ အသုံးပြု ၍ ၀င်ရောက် လာ သူ များ အမေး အမြန်း မရှိ Ban ပါမည် ။ ၁၀ ခု လုပ် လျှင် ၁၀ ခု Ban ပါ မည် ။ အခု ၁၀၀ လုပ် လျှက် အခု ၁၀၀ Ban ပါမည် ။
အကြောင်း အရာ အားဖြင့် ရည် ရွယ်ချက် မရှိသော Post များ ၊ By name ဖြင့် နာမည် တပ်၍ စိန်ခေါ် သော Post များ ၊ သူတစ်အား နစ်နာအောင် ရေးထား သော Post များ ၊ ဖတ်ရန် မသင့် သော ညစ်ညမ်းစာ များ(ဆဲစာများ)၊ အထူး သဖြင့် FWD Mail များ ကို တင်ပြခြင်း ၊ ၄ ကြောင်း ၅ကြောင်း လောက် သာ ရေးထား သော post များ လုံးဝ ခွင့် ပြုမည် မဟုတ် ပါ ။ မှား ယွင်း ခွင့် ပြုမိသော် သိရှိ က ချက်ခြင်း ဖျက် ပါ မည် ။
စည်းကမ်း မညီသော မိမိ ၏ Post ဖျက်ခံ ရ လျှင် မည့် သည့် Admin ဖျက်သိမ်း သည် ကို မစုံစမ်း ပါ နှင့် ။ Admin အားလုံး တစ်သဘောတည်းဖြစ် ပါသည် ။
သူတပါး စာ များ ကို တဆင့် ကူးရေးသော သူ များ မူရင်း စာရေး သူ နာမည် ကို တပ်ပေး ပါရန် ။
Chat roll တွင် လည်းကောင်း၊ chat room တွင်လည်းကောင်း ရန်စခြင်း များ အထူး ရှောင် ကျဉ် ပေး ပါ ။ ဒါကတော့ ကျမ အေးချမ်းဖြူ ရဲ့ အထူး မေတ္တာရပ်ခံချက်လေး ပါ ။
နောက်ဆုံး အနေ နှင့် ကျမ ပြောချင် တာ က...ကျမသည်လုပ်သင့်လုပ်ထိုက်သော အရာများ ကိုသာပြုလုပ် ပါသည် ။ ကျမ ပြုလုပ်ထားသော အရာများ အား မှား သည် ဟု မထောက် ပြ နိုင် လျှင် ထို အလုပ် များ ၊ စာများ၊ စကားများ အတွက် ကျမ ပြန် လည်ဖြေရှင်း ပေးမည် မဟုတ် ပါ ။
Myanmar Friends Day ဆိုဒ် ကို တန်ဘိုးထားသူ အားလုံး ပျော်ရွှင် စွာ အသုံး ပြု နိုင် ကြပါစေ ......လို့ Admin များ ကိုယ် စား ဆုတောင်း ပေးလိုက် ပါတယ် .......
******************************************************************************
မြန်မာသူငယ်ချင်းများနေ့ အဖွဲ့ဝင်များအားလုံးသို့စာ
ကျွန်တော်အက်မင် ဘကြိုင် မြန်မာသူငယ်ချင်းများကို
အသိပေးအကြောင်းကြားပါသည်။ ကျွန်တော်တို့ ဆိုက်ဟာ များမကြားမှီ
ကိုယ်ပိုင်ဒိုမိန်း ဝယ်ယူ သုံးစွဲရပါတော့မည်ဖြစ်ပါသည်။
သို့ကြောင့်
ဆိုက်လိုအပ်ချက်အရ မမ်ဘာတိုင်းကို အနှုးညွတ်တောင်းဆိုပါသည်။
မိမိကိုယ်ပိုင် ဓတ်ပုံများကိုသာတင်ပေးပါရန်
ဗီဒီယိုဖိုင်များကို မမ်ဘာတဦးလျှင် အကြိုက်ဆုံး ဖိုင် ၃ခုလောက်သာတင်ပေးပါရန်
မိမိနှင့် မသက်ဆိုင်သောပုံများ ကိုတင်ခြင်းမပြုပါရန်
လက်ရှိတင်ပြီးသား ပုံများ ဗီဒီယိုဖိုင်များကို မမ်ဘာနှင့် သက်ဆိုင်သောပုံများကိုချန်ထား၍ ကျန်ဖိုင်များကို
ကြိုတင်ဖျက်ထားပေးပါရန်
ကျွန်တော်တို့ အက်မင်းအဖွဲ့ ကိုယ်ပိုင်ဒိုမိန်းစသုံးခါနီး
ရင် လိုက်လံ ပယ်ဖျယ်သွားမည်ဖြင့်ပါသဖြင့် အခုအချိန်ကစလို့ မိမိစိတ်ကြိုက်ပုံ
များသာ ချန်ထား ပြီး မလိုအပ်တာများကို ပယ်ဖျက်ပေးပါရန် အသိပေးတောင်းဆိုလိုက်ပါသည်။
အထူးသဖြင့် ဆိုက်အတွက် အကျိုးမရှိသော ပို့စ်များ စာကြောင်းရေ နည်းပါးသော ပို့စ်များ
အဓိပ္ပာယ်မဲ့ ပို့စ်စာကြောင်းသုံးလေးကြောင်းပါသော
ပို့စ်များကို လက်ခံမည်မဟုတ်ပါကြောင်း အသိပေးပါသည်။
ဆိုက်စည်းကမ်းနှင့် မညီသော ပို့စ်များ ပုံများ ကဗျာများကို လက်ခံတင်သွင်းမည်မဟုတ်ပါ။
ဆိုက်စည်းကမ်းနှင့် မညီသော မမ်ဘာများကို အကြောင်းပြချက်မရှိဘန်းပါမည်။
ပုံ
ခင်မင်လေးစားစွာဖြင့်
အက်မင်
မောင်ဘကြိုင်
0 comments:
Post a Comment