လမ်းမယ်တော် မယ်အိ နှင့် ဥက္ကလာမယ်ဖြူ တို့ မြို့ကစားထွက်ခန်း
Ma Aye Chan Phyu | Thursday, September 23, 2010 | Labels: ဆောင်းပါး
ဖြူ ။ ။ pizza စားချင်လိုက်တာနော်
အိ ။ ။ မေရေ မနက်ဖြန် သမီးလာခဲ့မယ်လေ ။
ဖြူ ။ ။ ဂယ်လား လာခဲ့လေ ....ဒီလိုနဲ့ #&#@U%^$*%@** ( အချိန်တွေဘာတွေပြော)
တမီးရေ ဘယ်သွား ကြအုံးမလဲ ...
အိ ။ ။ zoo သွား မလားမေ ......သမီး ၁၀ နာရီ အရောက်လာ ခဲ့မယ် ။ .
ဖြူ ။ ။ ကောင်းသား .
နောက်တစ်နေ့ မနက် ....ရေတော့ စောစောချိုးထားလိုက်တယ် ...မယ်အိ ကတော့ ၁၁ ထိုးခါနီး မှရောက်လာတယ် ။ သားအမ နှစ်ယောက် ဆိုဒ် ထဲ က လူ တွေ အကြောင်း အတင်းပြော ကြတယ် ...( အဟဲ .....ဘီယာသောက် တဲ့ သူတွေ အကြောင်း ၊ အသဲကွဲ တဲ့သူတွေ အကြောင်း ၊ အညင် ကပ်ဖို့ ကောင်းတဲ့ ဆိုဒ် ထဲ က ကောင်ပလောင်တွေ အကြောင်း ၊ ပန်းကလေး လို လှတဲ့ သမီးလေးတွေ အကြောင်း) စသဖြင့် သူများ မကောင်းကြောင်း ကိုယ့် ကောင်းကြောင်း လေး တွေ ပါ ။
ပြီးတာ နဲ့ လှတ ပတ လေး ပြင်ဆင် ......အသက်ကြီးတော့ လည်းတင့်တင့်တယ်တယ်လေး ကြည့်ကောင်း အောင် ပြုပြင် ရတာ ပေါ့လေ ..........။ ( မော်ဒယ်အောက်ပေမယ့် ရုပ်ထွက်လေး များကောင်း မလားလို့ ပါ )
သားအမိ ၂ ယောက် ခုခေတ်ပေါ် ၂၀၀ ကား ကြီးကိုစီး ပြီး (သိန်း ၂၀၀တန် ကိုယ်ပိုင်ကား မဟုတ်ဘူးနော် ၂၀၀ ကျပ် ပဲ ပေးပြီး စီးရတဲ့ ကား ပါ အဟဲ ) သွားလိုက် ကြတာ စပယ်ယာကို မေးတယ် တိရိစ္ဆာန် ရုံ ကို ဘယ်မှတ်တိုင် ဆင်း ရ မလဲလို့ ..စာတိုက်မှာဆင်း တဲ့ ...ဆင်းပြီး လမ်းလျှောက် မလို့ပဲ ..သမီးလေး ကို သနားတာ နဲ့ ကားထပ်ငှား ရတယ် ။ Game City ရှေ့ ဆင်းပြီးတော့ စားသောက်ဆိုင် အရင်ဝင်ရတယ် ..သိပ်မစားနိုင် ကြပါဘူး ..။ ရှမ်းခေါက်ဆွဲ တစ်ပွဲစီရယ် ကြက်သားသုတ်ရယ် သံပုရာရည် တစ်ခွက်စီ ရယ်လောက်ပါ ပဲ ........:D ။ စားပြီး ဗိုက်လေး တော့ အိပ်ချင်လာတယ် တကယ် ပဲ ။ Zoo ဆိုတော့ လည်း လမ်း က လျှောက်ရ အုံးမယ် .......။
Game City ဝင်းထဲ ကနေ တိရိစ္ဆာန် ရုံဝင် ပေါက် ပျောက်နေ လို့ ..အင်းလေ မနေ့ က မှ လေယာဉ်ပေါ် က ဆင်းလာတာ ဆိုတော့ ...........:P
ဝင်ပေါက် တွေ့တာ နဲ့ .....သားအမိ ၂ ယောက် ဝင်မယ် လဲလုပ်ရော ..“လက်မှတ် ဖြတ်ပြီး ပြီလား ”တဲ့ “ဟင့်အင်း ” ဆိုတော့ “သွားဖြတ် ”... “ဟင့် .........
ဘယ်လိုပြော မလဲ ဆိုက်ကားပုံ ကို တစ်ခါမှတော့ စီးဖူးဘူး လူ ၂ ယောက် ယှဉ်စီးလို့ ရတယ်လေ နင်းတဲ့ ဆရာ သမား က “အမ တို့ လည် မလား အကုန် လိုက် ပို့ ပါ့မယ် ..ဆင်း ပြီး ကြည့်လဲ ရတယ် ခင်ဗျ ”ရည်ရည် မွန်မွန်လေး ..........“ဘယ်လောက် လဲ ” ဆိုတော့ “၃၀၀၀ ပါ ”တဲ့ ။ “သမီးစီး မလား ”မေးတော့ “စီးမယ်” တဲ့ အင်းလေ လမ်းလျှောက် နိုင်မှာလဲ ဟုတ်ပါ ဘူး ..သူ သာ လွှဲ ချတာ ကိုယ်လဲ လျှောက်နိုင်ဘူး ......:)) ...........။
ပထမ ဆုံး သမင်တွေ အရင် လိုက် ပြတယ် ...လှတယ် ဝ လည်း ဝပါတယ် .....နောက် တော့ ဆင် တွေ နေရာ ...ဆိုက်ကား သမား လေး က အမ ဓါတ်ပုံရိုက် မလား တဲ့ ..ရိုက်မယ် ပေါ့ ...ကြံ ကလည်း ကျွေးချင်တယ် ၁၀၀၀ ဖိုး ကို တစ်ထွာ မရှိ တရှိ ဆယ်ချောင်း ရတယ် ......“မိုမို့ ကိုကျွေး အမ ”တဲ့“ ဟယ် တို့ ငယ်ငယ် က မိုမို လား ” ဆိုတော့ “ဟုတ်တယ် ၅၈နှစ် ရှိပြီ”....မိုမိုရေ ဆိုတော့ က ပြတယ် အဲ့ဒါနဲ့ သူ့ နှာမောင်းလေး ကို ကြံလေး ထည့်ပေးတော့ သခင်မ က ပါးစပ်ထဲ ထည့် ပြီး လွှတ်ပစ်တယ်လေ “သွား ကျွေးတော့ ဘူး” ဆိုပြီး ဘေး နားက ဆင်ကို သွားကျွေး လိုက်တယ် ....အိလေး ကျွေးတော့ လည်း လွှတ်ပစ်တယ် ..အဲ့ဒါ နဲ့ “ဘာလိုလဲ မိုမိုရယ် ”ဆို ပြီး သူ့ နှာမောင်း လေး ကို ချော့ ကျွေးတော့ စားတယ် ...ခန နေကြတော့ မျက်ရည်တွေ လည်းကျတယ် သူ့ခေါင်း ကို လည်း ခါတယ် ....ကောင်လေး က“ ခနနေ အုံး အမ ”ဆိုတာ နဲ့ သူ ကို ရပ်ကြည့် နေတော့ ခေါင်းလေး ခါပြီး “က ” ပြတယ် စိတ်ထဲ သနားလိုက်တာ ..“ရော့ စားနော်” ဆို နှာမောင်း လေး ကို ကိုင်ပြီးထပ် ချော့ ကျွေးတော့ စားတယ် .နောက် ထပ် ၁၀၀၀ ဖိုးထပ်ကျွေးတယ် အားလုံး ၇- ကောင် လေ ..“သူတို့ ကို ဘာမှ မကျွေး ကြဘူးလား” မေးတော့ ကျွေးတယ် မဝတာ တစ်ခင်းလုံး ကျွေးတောင် ဝမှာ မဟုတ်ဘူး တဲ့ အဲ့ဒါ ဆိုလည်း ကြံခင်း ကိုသာ ခေါ်သွား ကြပါတော့ လို့ အကြံပေး ခဲ့တယ် ဟိ အင်းလေ သူ တို့ဗိုက် အစာအိမ် ကြီး ကလည်း အကြီး ကြီး ကို နော် .............။
....ဆင်းခါနီး ကျတော့ ဓါတ်ပုံ ဆရာတွေ က“ ညီမလေး ကို ဝိတ်ချခိုင်းလေ” “ညီမလေး ဟုတ်ဖူး သမီး ဆိုတော့” “ ဟာာ ဗျာ ဟုတ်လို့လား ” ..တစ်ခါတစ်လေ နောက် ရတာ ကောင်းတယ် ....တစ်လမ်း လုံး မေ နဲ့ သမီး နဲ့ ပဲပြောနေ ကြတော့ သားအမိ လားချည်း မေးနေကြတယ် ..ကိုယ် ကလည်း ဟုတ်တယ် ကြီး ပဲ ...လိမ်တာ ဟုတ်ပါဘူးနော် မွေးစား ထားတာ ပဲနော့ .........ဆိုက်ကားနင်း ရင်းနဲ့ ကောင်လေး ကပြောတယ် “မိုမို က တစ်ခါမှ အဲ့လို မဖြစ်ဖူးဘူး ခင်ဗျ မျက်ရည် လည်းကျတယ် အမ ကျွေးတာလည်းစား တယ် ” ..“ဟုတ်လား အရင် ဘဝ က သားအမလား မသိဘူး ” လို့ ပြန်ပြောမိတယ် ...ကိုယ် က များ ဆင်ဘဝ ကလာတာ လားတွေးမိတယ် ......
အဲ့ဒီကနေ ကျားရုံ တဲ့ ...ကျား၂ ကောင်တွေ့ခဲ့တယ် ၅ နှစ်သား အထီးလေး တွေ တစ်ကောင်ကတော့ အိပ်နေတာ သိုးလို့ ..တစ်ကောင်က တော့ လမ်းလျှောက်နေတာ ..သူ လမ်းလျှောက် ပုံကလေ ဒီနေရာ ဟိုနေရာ အဲ့လို မဟုတ်ဘူး စက်ရုပ် လို ပတ်နေတာ တစ်ပတ် ပြည့်တာ နဲ့ အိပ်နေတဲ့ ကျားလေး ရဲ့ ဘေးမှာ နှိပ် သလိုမျိုး လုပ်တယ် ....သူဘာ လုပ် နေတာ မှန်းမသိပေမယ့် ရင်ထဲမှာ သနား မိတယ် ..ဆိုဒ်ကား သမားလေး ကို ပဲ သူတို့ ကို အစာ မကျွေးဘူးလား မေးတော့ တစ်နေ့ ၄ ပိဿာ ကျွေးပါတယ် ပြောတယ် ။ အမ ကျွေးလေ ဆိုတော့ ..ရောင်းနေ တာ က ကြက်ဥပြုတ် .. ဟယ် ငါ့ တစ်ကိုယ် လုံးကျွေးတောင် ဝ မှာ မဟုတ်ဘူး လို့ ( ဝတယ် လို့ ကျား ကပြော ရင် အစားခံမှာ ကျလို့ )
ကောင်လေး က မျောက် ရုံ ရောက်တော့ ဆင်းမလား မေးတယ် ဆင်းတော့ ဘူးလို့ ခေါင်း ကိုက်လာတာ နဲ့ ....အမယ် ..ကောင် လေး တစ်ချို့ က “ ဝူ ကူး ဝူကူး” နဲ့ အော်တော့ မျောက်လွှဲကျော် က လည်း အောက် ဖက် ကနေ “ဝူကူး ဝူကူး” နဲ့ နထွန်းတောင် သွား သတိယ တယ် ( ဘာမှဆိုင် ဘူး ...ဒီ post ကို နထွန်း မဖတ် မိပါစေ နဲ့ )
နောက်တော့ မြွေ ရုံ ....ဆင်းကြည်တယ် အူယားတယ် ညကျ အိမ်မက်တွေ မက်တော့ မှာ ကြွက်ဖြူလေး တွေ ကို မြွေစာ ကျွေးထား ကြတယ် ...........ကြက်တွေ ရော ပဲ .မြွေစာ ဆိုပြီး မွေးထားတယ် ..လူမြင် သူမြင် ကြီး .စိတ်ပျက်စရာ ......လူဆိုးတွေ .....။
တစ်ပတ် ပြည့်သွားတော့ သားအမိ ၂ ယောက် Game City ကိုသွား ကြတယ် ...ကောင်းခန်း က ခုမှလာ မှာ ..တစ်ခါ မှရောက်ဖူး ဘူး ..အိလေး က “မေ ကစား မှာလား ”“ကစားချင် ဘူး” ဆိုတော့ အကြွေ ၂၀၀၀ ဖိုး ဝယ်တယ် ။ အကြွေစေ့ လေး တွေ ကို ထည့်ထည့် ပြီး အံစာတုံး လေးတွေ ကို မှန်အောင် ပစ်ရတာ ..သူ ကစား တာကြည့်ပြီး ဝင်ပစ် ရော ၂၀၀၀ ဖိုကုန်သွားတယ် ဆိုပါတော့း))........အိလေး က “ မေ သမီး သွားထပ် ဝယ် မယ်” ဆို ပြီး ၅၀၀၀ ဖိုး တစ်ထုတ် ကြီး ပဲ ..သားအမိ ၂ ယောက် မကစား တတ် ကစားတတ် နဲ့ ကစား လိုက် ကြတာ နိုင်တာ .မနဲဘူး.ကောင်မလေး တစ်ယောက် က ပြန်ရောင်း မလား တဲ့ ...တိုးတိုး တိတ်တိတ် ပြန်ရောင်းတာ ၉၀၀၀ ရတယ် ...အဟဲ ..ပို တာ လေး ထပ် ကစား ကြပြန်ရော .....အရုပ် နဲ့ လဲမယ် ဆို သွားမေးတာ မပြည့် ဘူးလေ ..ဆက် ကစားတော့ လည်းနိုင် ပြန်ရော ....စိတ်တောင် မကောင်းဘူး ....နောက် ထပ် ရတဲ့ အကြွေစေ့ တွေကို ထပ် ရောင်းလိုက် တယ် ၉၀၀၀ ထပ်ရတယ် ...........ဒါ တောင် အကြွေတွေ ပိုသေးတယ် ...နာရီ ကြည့်တော့ ညနေ ၆ နာရီ ...နေ့လည် ၁နာရီ လောက် ကတည်း က ရောက်နေ ကြတာ လေ ။ ပိုတာလေး ထပ်ကစားတာ ကုန် ရော ....အဲ့ဒါ နဲ့ ၁၈၀၀၀ ကို အရင် ၇၀၀၀ နှုတ် ၁၂၀၀၀ နိုင်ခဲ့တယ် ။ အဲ့ဒီ စီးပွားရေး တောင် လုပ်စားချင်တယ် ..တစ်နေ့ ၁၀၀၀၀ ကျန် ရင် တစ်လ ၃ သိန်း ဆိုးဘူး ...။ ဒါပေမယ့် အိမ်ပေါ် က ခေါင်း နဲ့ဆင်းတတ်ဖို့ တော့ အရင် ကျင့် ရမယ် ...........။
ငွေယားလေး ရတော့ ရန်ကင်း စင်တာ ကိုသွား ပီဇာစား ( season မှာ ) ကောင်းလည်းကောင်းဘူး ။ ပြီးတော့ ကားထွက်ငှားရော ကားဆရာ ကို ..သာကေတ ဆိုတော့ လိုက်ဖူး တဲ့ တောင်ဥက္ကလာရော လို့ အမြင်ကပ် လို့ ရွဲ့မေးတာ ...လိုက်မယ် တဲ့ ..သေရော ဈေးမေး တော့ ၁၅၀၀ တဲ့ .......“ သမီးလေး ....မေ လိုက် သွားလို့ ရလား ” ဆိုတော့ ရတယ် မေလိုက် သွား တဲ့ ....အဲ့ဒါ နဲ့ ပဲ ..နှုတ်ဆက် မွမွ လေးတွေ ပေး ပြီး ကိုယ် က အမေ ပဲ ဘာဖြစ်လဲ ......အရင် ပြန် ခဲ့တယ် ................။
စက္ကူစုတ်နဲ့တူတဲ့အတွေးများကို
ပန်းပွင့်ကလေးဖြစ်အောင်
ဖန်တီးထားသောစက္ကူပန်းအတွေးလေးများ
လူတွေကမေးတယ်
အနာဂတ် ရည်မှန်းချက်တဲ့
ကိုယ့်လမ်း ကိုယ်ဖေါက်ကိုယ်လျှောက်ဖို့
ရည်မှန်းချက်တွေ ပျောက်ခဲ့ တာ
ဆယ်စု နှစ်တောင် ကြာပေါ့
သွားသတိ စားသတိ ပြောသတိ
အသိ တွေ ကို သတိ နဲ့ ထိန်းနေတာ
မင်း ကို ချစ် မိ သွား နှလုံးသားလေး
တိတ်တဆိတ် ကွဲကြေသွားမှ
အော် …သတိပေးဖို့ ငါ သတိယ
Affection will reflect ဖြစ်ဖို့
တန်ပြန် သက်ရောက် မှူ့ အတွက်
အားတော့ လိုမယ်
မေမေ ကပြောတယ်
ခေါင်းမာတာရယ်မာနကြီးတာရယ်
စာဖတ်တာရယ် ကွန်ပျုတာသုံးတာရယ်
အိပ်တာရယ် စားတာရယ် သာသိ
ငွေ ဘယ်ကရှာမှန်း မသိ
လူ မဖြစ်သေးတဲ့ မိန်းမ တဲ့
အရင်က ချစ်သူ တစ်ယောက်က ပြောဖူးတယ်
“မင်းရဲ့အဓိက အားနည်းချက်က ဘာမှမလုပ်တတ်တာ ”
မှန်တော့ လည်း ခေါင်းငုံ့ခံရ
ဒီလို နဲ့ လမ်းခွဲ ခဲ့ရ
ကဗျာလေးတစ်ပုဒ်ဖြစ်ဖို့
နှလုံးသားကိုဖြစ်ညစ် တေးသစ်ဖြစ်အောင်စီ
အဲ့ဒီကဗျာလေး က
ဟာသ ဖြစ်သွားတဲ့ အခါ
ကိုယ်ဝမ်းနဲ့လွယ်ရတဲ့ ကလေးကို
သူစိမ်းက ရိုက်သလို
ငါ့နှလုံးသားတွေ နာကြင်တယ်
အဲ့ဒီ အတွက် ငါ ကဗျာတွေ မရေးတော့ဘူး
နောက်ပြီးတော့ ဒီကဗျာအတွက် လည်း
မေးခွန်းတွေ မဖြေချင်တော့ ဘူး ..........။
ဒီနေ့ရော မနေ့ကရော
မနှစ်ကရော မနှစ်တနှစ်ကရော
လွန်ခဲ့တဲ့ ၁၀ နှစ်က ရော အနှစ်၂၀ ကရော
အို ကုန်ကုန်ပြောမယ်
ဘယ်နေ့ အပျော်ဆုံးလဲ
စေ့စေ့တွေးလို့ ရေးရေး မပေါ်ဘူး
ငါပိုင်ဆိုင်တဲ့ အပျော်ရက်တွေ
ဘာလုပ်ချင်ခဲ့လဲ ဘာဖြစ်ချင်ခဲ့လဲ
ဘာရည်ရွယ်ခဲ့လဲ
ဘယ်လောက်ကြိုးစား ခဲ့လဲ
ဘာ …..ဘာ …..ဘာ …သေချာတွေး စမ်း
ငါ ကရော ဘာလဲ
ပါးပါးလှပ်လှပ် အတွေးတွေ နဲ့
ဘာမှန်းမသိ ငါ့ ကိုယ် ငါ အဆိပ်တွေပေးရင်း
ငါ့ အသက်ဆက် ရှင်သန်နေဆဲ
မနေ့က တစ်မျိုး
ဟော ..ဒီနေ့တော့ နောက်တမျိုး
ငါ မင်းသမီးလား ငါဗီလိန်လား
ငါဇာတ်ပို့လား ငါလူဆိုးလား
မရိုးနိုင်တဲ့ ပြကွက်တွေ ကြား
ငါကတော့ ကျရာ ဇာတ်ရုပ်တွေနဲ့
အလှဆုံး နဲ့ အသေသပ်ဆုံးဖြစ်အောင်
က ပြနေရတုန်း
ဒီခန္ဓာ မဆုံးသရွေ့ ........ပေါ့
အစွန်းနှစ်ဖက်ရှောင်ရ ဘောင်ခတ်ရ
စည်း ခြားရ စောင့်ထိန်းရ
ဟိုလူ့ ငဲ့ရ ဒီလူ့ငဲ့ရ
ငါ့ကိုယ်ငါ ဖဲ့ဖဲ့ချ
တစ်ခါ တစ်ခါ ငါ ဆိုတာတောင် ပျောက်ဆုံးနေရ
ဒီဘဝပြီး နောက် ဘဝ
နောက်ဘဝပြီး နောက်ထပ် ဟို ဘဝ
ဟိုဘဝ ပြီးတော့ …ဆက်….ဆက်….ဆက်
ဒီကမ္ဘာပြီးတော့ နောက်ကမ္ဘာ
နောက်ကမ္ဘာပြီးတော့ နောက်ထပ် ဟိုကမ္ဘာ
ဟိုကမ္ဘာပြီးတော့ ..ဆက် ..ဆက်….ဆက်
စိတ်ကူး နဲ့ ကမ္ဘာ့ အပြင်ကို ခဏထွက်
အာကာသဘက် ကိုရောက်တဲ့အခါ
သြော် … ငါယခု လောလောဆယ် နေထိုင် နေတာ
အဆုံးမရှိ တဲ့ အနန္တစင်္ကြာဝဠာ ပဲ
ဒီနေ့ရော မနေ့ကရော
မနှစ်ကရော မနှစ်တနှစ်ကရော
လွန်ခဲ့တဲ့ ၁၀ နှစ်က ရော အနှစ်၂၀ ကရော
အို ကုန်ကုန်ပြောမယ်
ဘယ်နေ့ အပျော်ဆုံးလဲ
စေ့စေ့တွေးလို့ ရေးရေး မပေါ်ဘူး
ငါပိုင်ဆိုင်တဲ့ အပျော်ရက်တွေ
ဘာလုပ်ချင်ခဲ့လဲ ဘာဖြစ်ချင်ခဲ့လဲ
ဘာရည်ရွယ်ခဲ့လဲ
ဘယ်လောက်ကြိုးစား ခဲ့လဲ
ဘာ …..ဘာ …..ဘာ …သေချာတွေး စမ်း
ငါ ကရော ဘာလဲ
ပါးပါးလှပ်လှပ် အတွေးတွေ နဲ့
ဘာမှန်းမသိ ငါ့ ကိုယ် ငါ အဆိပ်တွေပေးရင်း
ငါ့ အသက်ဆက် ရှင်သန်နေဆဲ
မနေ့က တစ်မျိုး
ဟော ..ဒီနေ့တော့ နောက်တမျိုး
ငါ မင်းသမီးလား ငါဗီလိန်လား
ငါဇာတ်ပို့လား ငါလူဆိုးလား
မရိုးနိုင်တဲ့ ပြကွက်တွေ ကြား
ငါကတော့ ကျရာ ဇာတ်ရုပ်တွေနဲ့
အလှဆုံး နဲ့ အသေသပ်ဆုံးဖြစ်အောင်
က ပြနေရတုန်း
ဒီခန္ဓာ မဆုံးသရွေ့ ........ပေါ့
အစွန်းနှစ်ဖက်ရှောင်ရ ဘောင်ခတ်ရ
စည်း ခြားရ စောင့်ထိန်းရ
ဟိုလူ့ ငဲ့ရ ဒီလူ့ငဲ့ရ
ငါ့ကိုယ်ငါ ဖဲ့ဖဲ့ချ
တစ်ခါ တစ်ခါ ငါ ဆိုတာတောင် ပျောက်ဆုံးနေရ
ဒီဘဝပြီး နောက် ဘဝ
နောက်ဘဝပြီး နောက်ထပ် ဟို ဘဝ
ဟိုဘဝ ပြီးတော့ …ဆက်….ဆက်….ဆက်
ဒီကမ္ဘာပြီးတော့ နောက်ကမ္ဘာ
နောက်ကမ္ဘာပြီးတော့ နောက်ထပ် ဟိုကမ္ဘာ
ဟိုကမ္ဘာပြီးတော့ ..ဆက် ..ဆက်….ဆက်
စိတ်ကူး နဲ့ ကမ္ဘာ့ အပြင်ကို ခဏထွက်
အာကာသဘက် ကိုရောက်တဲ့အခါ
သြော် … ငါယခု လောလောဆယ် နေထိုင် နေတာ
အဆုံးမရှိ တဲ့ အနန္တစင်္ကြာဝဠာ ပဲ
ဝိုင်းနေတဲ့ လမင်းကြီးကို ငေးဖို့
လေချိုလေးများ ဝင်လာရင် ပြုံးပြုံးလေးခံယူတတ်ဖို့
ဖြိုးဖြိုးဖျက်ဖျက် နေပျောက်ကလေးတွေလင်းလက်စေဖို့
နံနက်ခင်းဆို နှိုးတတ်တဲ့ ငှက်ကလေး သံကြားရစေဖို့
ဘောင်ခတ်ထားတဲ့ ပြတင်းပေါက် ပါတဲ့
ခပ်မှောင်မှောင်
အခန်းငယ်လေးရှိတယ်
ဆေးရောင်တွေ ဟိုတစ်ကွက်ဒီတစ်ကွက်
ဖတ်လက်စ စာအုပ်တွေ
ရေးလက်စ ကဗျာတို ကဗျာစ တွေ
စိတ်ကြိုက် မတွေ့တိုင်း ဖြဲပစ်တတ်တဲ့စက္ကူစတွေ
အနက်ရောင် ဘောပင်တွေ
ဆာလောင်တိုင်း သောက်တတ်တဲ့ ရေဘူးတွေ
ဘယ်လောက် ပင် ရှုပ်ပွနေပါစေ
အပြစ်မတင်တတ်တဲ့
လေးချောင်းထောက် စားပွဲ အိုလေး ရှိတယ်
အမြဲတစေ လက်ခံလေတဲ့ သည်ရင်ခွင်
လှန်လိုလှန် မှောက်လိုမှောက် စောင်းလိုစောင်း
ထုလို ထု ရိုက်လိုရိုက်
ကြည်ဖြူစွာလက်ခံပေး
ညီညီ ညာညာအနားသတ်လေးနဲ့
စက်တော်ခေါ် ဖျာ တစ်ချပ်ပေါ်က
မျက်ရည်တွေ အကြောင်းသိတဲ့
ခေါင်းအုံးလေး ရှိတယ်
ကိုယ်ငိုရင် သူငိုပြ ကိုယ်ပြုံးရင် သူလိုက်ပြုံး
ကိုယ်မဲ့ရင် သူပြန်မဲ့
ကိုယ်ခြောက်တိုင်းသူမကြောက်
ဘယ်ကို ညာထင် ညာကိုဘယ်ထင်
ခံယူတတ်မယ်ဆို ရင်
ကိုယ့်အပြစ် ကိုယ်မြင်
အမှန် ကိုပြင်မယ် ဆိုတဲ့
ခပ်ဝါးဝါး ကြည့်မှန် တစ်ချပ် ရှိတယ်
မရှိတာလည်းမသိ ရှိတာလည်းမသိ
အချိန်တန်လာရင်
ချိုချဉ်စပ်ငံဖန်ခါး ရသာ ၆ ပါး မပြည့်ရင်တောင်
အဟာရ ဖြစ်ပါစေတော့ရယ်လို့
ဖွယ်ဖွယ်ရာရာလေး ကို
ပူပူနွေးနွေး ကျွေးတတ်တဲ့
မေမေ့ ရဲ့ နေ့စဉ် ထမင်းဝိုင်းလေးရှိတယ်
လုံလောက်ပါပြီ
ဤမျှလောက် ဆို
အပ်နှစ်စင်းဆုံရာ
သမုဒ္ဒရာ ကြမ်းပြင်ထက် က
ရေပွက်ကလေး အတွက် ......လုံလောက် သွားပါပြီ...။
ဒီဇာတ်လမ်း မှာ -
ကိုယ့်လမ်းကိုယ် လျှောက်မယ်လို့
ဆုံးဖြတ် ကြပြီးကာမှ
ပခုံးခြင်းတိုက် ခိုက်မိကြရင်
ငါယိုင်သွား တဲ့ အခါ နင်ဆွဲထားမလား
ငါလဲကျ တဲ့ အခါ နင်ထူမလား
မျှော်လင့်ချက်တွေ
တစ်အိတ်ကြီးနဲ့
ရူးမိုက် မိနေတုန်း
ဘယ်လောက်ပဲ ပိတ်ပိတ်
ဆီမှန် လို့ စိမ့်ထွက်လာ တဲ့
အကြောင်းအရာတွေ အပေါ်
ငါ ...နေသားတကျနဲ့
အဖြေချတတ် သင့်ပြီ
အစာမကျေတိုင်းသာ
အန်.. အန် ..ချရရင်
ဘဝ စာမျက်နှာတွေ
ညစ်ပတ် သွားရပေါ့
လေပြေလေး တိုက်ရုံနဲ့
မုန်တိုင်း ဖြစ်သွားတာတွေ
အရောင် တလက်လက်ကို
အလိုက်မှား ခဲ့တာတေ
ွ ဖြူဖြူ မြင်တိုင်း
စိန်ထင်ခဲ့တာတွေ
ပန်းတိုင်း မွှေးမယ်ထင်လို့
အဆိပ်သင့်ခဲ့တာတွေ
ရာသီစာ ကို
အဟာရအဖြစ်စားသုံးခဲ့တာ တွေ
ဒီလိုနဲ့
စာမျက်နှာ ၅၂၈ နဲ့ ၁၅၀၀ ပါ
ငါ့စာမျက်နှာတွေ မှာ
အရောင်တွေ စုံသွားပါရော့လား
တူတော်မောင် ဆရာဝန် ပေါက်စ ရဲ့ gtalk လေး computer ထောင့် ကနေ ပေါ်လာ တာ နဲ့
“Hi ” လို့ ခေါ် လိုက်တယ် ။ ထူးဆန်းစွာ နဲ့
“Who are u ? ” တဲ့ အဲ့ဒါ နဲ့ စိတ်ထဲ တစ်မျိုး ဖြစ်တာ နဲ့ ပြန်မေး လိုက်တယ်
“ Who are u ? ” ပဲပေါ့ ….
“ I am his girl friend ” တဲ့ စိတ် ထဲ စကား ဆက် မပြောချင်တာ နဲ့ အေးအေးလို့ ပဲ ပြောလိုက်တယ် ။
နောက် ၂ ရက် နေ တော့ ညီမ ၀မ်းကွဲ လေး က
“ မမ ဟိုတစ်နေ့ က လေ ညီမလေး က တူလေး mail ကို ခေါ်တာ စစ်လိုက်ဆေးလိုက်တာ ညီမလေး လည်း အမြင် ကပ် တာ နဲ့ ငါ က သူ့ နယ် က ရည်းစား လို့ ပြောလိုက်တယ် …အဲ့ဒီမှာ အဲ့ ဒီ ကောင်မလေး က သူ ဓါတ်ပုံ နဲ့ တူလေး ဖက်ရိုက်ထားတဲ့ပုံတွေပြပြီးဒါမှသူ့ရည်းစားအစစ်လို့ပြောတယ် ..တင်းလိုက်တာ မမ ရာ ”
ညီမလေး ကို ဘာမှ ပြန် မပြောမိ ။ တူမလေး က လည်း တိုင် လာ တယ် “တီလေး ရေ ကိုကို့  mail က ကောင်မလေး သုံးနေတယ် သမီးခေါ်တော့ စစ်လိုက်ဆေးလိုက်တာ တီလေး ရာ ”တဲ့ ။
တစ်ရက် ကြတော့ မိန်းကလေးနာ မည် နဲ့ gtalk ကို invite လာ တာ နဲ့ accept လိုက်တယ် ။ ချက် ချင်း ပဲ online ဖြစ်လာတယ် ။ ရေးထား တဲ့ custom message က
“ညရောက်တိုင်း မောင့်ကိုလွမ်းတယ်” စိတ် ထဲ က ဘယ်လို ကြီး လဲ ပေါ့ ။ တွေးရင်
တွေး သလောက် ကျယ်ပြန့်တဲ့ စကား လုံး ။ ရိုင်းရိုင်း ပြော ရရင် တော် တော် ရှက် စရာ ကောင်းတဲ့
စကားကြီး ပါ ပဲ ။ သူ က“Hi ”တာ နဲ့ ပဲ စကားတွေ ပြော ဖြစ်တယ် ။ ဘယ် မှာနေတာလဲမေးတော့
ဖြေလိုက်တယ် ။
“ မမ အိမ် ကို လာလည် မယ် တဲ့ ”
ခု မှ သိတာ အိမ် လာ လည် မယ် တဲ့ ဘယ်လို မိန်းကလေး ပါ လိမ့် ပေါ့ ။ အဲ့ဒါ နဲ့
“လာလည် လို့ မရဘူး အိမ်မှာ ယောက်ျားလေး တွေ များတယ် ” ခပ် ပြတ် ပြတ် ပဲ ငြင်းလိုက်တယ် ။
ဒီလို နဲ့တွေ့တိုင်းချပ် ဖြစ် တယ် ။ တစ်ရက် ကျ သူ့ မှာ ချစ်သူ ရှိတဲ့ အကြောင်း သူ့ချစ်သူ က ဘယ်မှာတာဝန် ကျနေ တဲ့ အကြောင်း ၊ နာမည် က ဘယ်လို ခေါ် တဲ့ အကြောင်း ၊ ကျမ သိ သွား ပါတယ် ။ တူတော် မောင် ရဲ့ ကောင်မလေး က ကျမရဲ့ gtalk ကို တူတော်မောင် ဆီ က ယူ ပြီး အရောဝင် ခြင်း ပါ ။ အဲ့ဒီလို ရောရော ထွေးထွေးနဲ့ ဇာတ် လမ်း ရှုပ် တတ် တဲ့ သူ မျိုး ရှင်းရှင်းပြော ရ ရင် ကလိမ် ကကျစ် နဲ့ မရိုးသားတဲ့ သူ ကို ကျမ နဲနဲမှ သဘော မကျ ပါဘူး ။ ကောင်မလေး ကို ပြောလိုက်တယ်
“မင်းရော တူတော်မောင် ရော ပြောလိုက်မယ် မင်းတို့ ကိစ္စ တွေ တို့ ၀င်မပါ ဘူး မင်းတို့ ယူ ယူ မယူယူ တို့နဲ့ မဆိုင် ဘူး ဒါပေမယ့် မင်း သိအောင်တော့ ပြော ထားမယ် မင်း တို့ တူ နဲ့ ယူ လည်း တို့
အိမ် မလာ နဲ့ တို့ မင်း ကို အသိအမှတ် မပြု ဘူး ”
လို့ပြောလိုက်တယ် ။ သူမ ရှာ တဲ့ ပြဿနာတွေ အများ ကြီး ရှိ သေးတယ် ဒါပေမယ့် ကျမ ဆို လိုချင် တဲ့ အကြောင်း လောက် ပဲ ရေးလိုက်တယ်။
အဲ့ဒါ နဲ့ ကျမ လည်း တူတော် မောင် အိမ်လာတော့ ပြောလိုက်တယ် ။ gtalk ကို ဘာလို့ ရည်းစား ကို ပေးထားတာ လဲ မလို အပ်တဲ့ ပြဿနာ ဖြစ်တာ ပေါ့ ။ တူလေး ကတော့ ထုံးစံ အတိုင်း ဟုတ် ပဲ ..ကြောက်တော့ ဘာ မှ ပြန် မပြောဘူး ။
ကျမ ပြောချင်တာ က gtalk တွေ ကို သမီး ရည်းစား တွေ တူတူ သုံးနေတဲ့ ကိစ္စပါ ပဲ ။
ဘာ ပြဿနာ မှ မရှာ ရင်တော့ ကောင်းတာ ပေါ့ ။ personal ဆိုတာ လင်မယား မှာလည်း ရှိပါတယ်။ လင်မယား တွေ မှာ လျှို့ ၀ှက်ချက် မရှိဘူး ဆို တာ စကား အဖြစ် သာ ရှိ ပြီး တကယ် တန်းလုပ်ငန်းကြီး လုပ် တဲ့ သူတွေမှာ တော့ မလျှို့ ဝှက် လို့ မရပါဘူး ။ယနေ့ ထက်ထိ တိုင် မည်သူ့ password ကို မှ မတောင်းဘူး ပါ ။ တဖက်သား မှ အကူအညီ တောင်းလျှင်သာ ယူဖူးပါသည် ။ ဒါပေမယ့် မှတ်သား ထားလေ့ မရှိပါ ။ ကျမ ၏ password ကိုတောင်းလာ လျှင်လည်း ပေးရန် ဆန္ဒ မရှိပါ ။ မကျေနပ် ၍ မချစ်တော့ ဘူး ဆိုလျှင် လည်း ကျမ တာ့တာ ပြ လိုက် မည် ။
နောက်တစ်ခု က gtalk account ဆို တာ အချိန် အားရင် ဖွင့်ချင် တိုင်းဖွင့် လို့ ရ တဲ့ free ရတဲ့ အရာပါ ။ ကဲ ချင် ရင် account ၁၀ ခု လောက် ဖွင့် ပြီး ကဲ လို့ ရပါတယ် ။ ကိုယ့်ချစ်သူရဲ့ gtalk ကို ဖွင့် ( ယောက်ျာလေး ရော မိန်းကလေးပါ ) chat history ကိုပြန် ကြည့် ၊ပြဿနာ ရှာ တာ ကောင်းမွန် တဲ့ လုပ်ရပ် တစ်ခု လို့ ကျမ မမြင်ပါဘူး ။ ၂ ယောက် ဘ၀ ရဲ့ အနာဂတ်အတွက်လည်းအကျိုးမရှိပါဘူး။ ချစ်သူ ရဲ့ gtalk မှာ ၀င်ချက်ရင် တော့ ပြဿနာတက် ပြီး၂ ယောက်လုံး စိတ်ဆင်းရဲ ယုံ ပဲ ဖြစ်မယ် ။ ရည်းစား ကို သဝန်တိုတာ သဘာဝ ကျကျ တို တာ ပဲ ကောင်းတယ် ။
ဘ၀ ကိုထူထောင်ဖို့ အနာဂတ် အတွက် တခြား ကြိုတင် ပြင်ဆင် စရာတွေ အများ ကြီး ပါ ။ လိုအပ်ချက် ဆို တာ ဖြည့် ဆည်းတိုင်း ကို မပြည့် နိုင်ပါဘူး ။ ဒါ ပေမယ့် လည်း ပြည့်စုံချင် ကြတာပါ ပဲ။ Internet ကနေ စာဖတ် တခြားစိတ်ဝင် စားစရာ အကျိုး ရှိမယ့် အရာတွေလေ့လာ လို့ရပါတယ်။ ဘ၀ရဲ့ တိုးတက်ရာ တိုးတက် ကြောင်းတွေ ရှာ ၊ ငွေကုန် ခံပြီး ကမ္ဘာပတ် စရာ မလိုပါ ဘူး။ Internet ကနေ လည် လို့ ရ ပါတယ် ။ နောက်ဆုံး ဟင့်အင်း စာမဖတ်ချင် ဘူး chatting ပဲထိုင်မယ်ဆိုရင်တောင် အကျိုးရှိ မယ့် အရာတွေ ကိုပြောပြ မယ့် သူငယ်ချင်း ရှာလို့ ရပါတယ်။ ကျမ ကိုယ်တိုင် Internet သုံးတော့ မှ computer ကိုင်တတ်တာ ပါ ။ Computer ကိုင်နည်းInternet သုံးနည်း အရာ အားလုံး ကို chatting ကနေ သင်ယူတာ ပါ ။ ဒါတောင် ကျမ သိတာ .(ဒဿမ ) နောက် မှာ ပဲ ရှိပါသေးတယ် ၁% မပြည့်သေးပါဘူး။
ဒီ post က ပါဝင်စွက်ဖက် တာ လည်း မဟုတ်ပါ ဘူး ၊ ဆုံးမ တာ လည်းမဟုတ်ပါဘူး ။ကိုယ့်ကိုမကြာခန ထိခိုက်လာ သော အခါ ရေးချင်စိတ် ပေါက်လာ ၍ ရေးခြင်း ပါ ။ သူများ ကိစ္စတွေ ကို ကျမ စိတ်မ၀င်စား တတ်ပါ ဘူး ။ သူများ ကို တိုက်ခိုက်ဖို့ လည်း ကျမ စိတ် မ၀င်စား ပါဘူး။ကျမကိုတိုက်ခိုက်လာရင်တောင် တော် ရုံ နှင့် ကျမ ပြန် မပြောတတ် ။ ကိုယ် လုပ်စရာ ရှိတာ လုပ် ပါသည် ။
ကိစ္စတိုင်းတွင် ဥာဏ် နှင့်ယှဉ်
စီရင် ဆုံးဖြတ် ပြုမူ အပ်
စိတ်နောက် ကိုယ် တွင်
ပြုမူ လျှင် နောင်တွင် ခံရ
ကိုယ့် ဒုက္ခ ။
ဖြစ်လာ ကြောင်းကျိုး
ပြဿနာ မျိုး ကို
ကိုယ်ပိုင် ဥာဏ် ဖြင့်
ဝေဖန် ထောက်ရှု့
မရနောင်တ ချမ်းသာရ၏
ကဗျာလေး က လက်တန်းရေး ထားတာ ဆိုတော့ သိပ်တော့ အား မရဘူး ။
ထို ၀ါသနာ သည် မိဘ ဆီ မှ ဆင်း သက် လာ ခြင်း မဟုတ် တာ တော့ သေချာသည် ။ ကျမ ၏ ဖခင် ရော မိခင်ပါ ယနေ့ ထက်ထိ တိုင် သီချင်း နားထောင် တာ မ ကြားဖူးပါ ... နား မထောင် မှ တော့ ဆို ဖို့ ညည်း ဖို့ ဆိုတာ ဝေလာ ဝေး ဖြစ် သည် ။ ကျမ မေမေ့ ကို မေး ဖူး သည် ။ မေမေ သမီး တို့ ကို ဘယ် လို သိပ် လဲ လို့ ။ မေမေ ကတော့ ရီ နေ တတ် သည် ။ ဒါပေမယ့် ထူခြား စွာ သားသမီး တွေ အား လုံး သီချင်း ဆို တာ နားထောင် တာ ဝါသနာ ပါကြ ခြင်း ပါ ပဲ ။ ထို ထဲ မှာ မှ ကျမ နဲ့ အကို အလတ် က ကဗျာ များ ကို ၀ါသနာ ပါ သည် ။ အကိုလတ် က မရေး ပေမယ့် ကျမ က တော့ ရေး တာ ပါ ၀ါသနာ ပါသည်။ကျမငယ်ငယ်က ..ရေး သော ကဗျာ လေး များ ပြန် ဖတ် ရင် ရီစရာ တော့ ကောင်းသည် ။
နှလုံး အိမ် ထက်
ဝင်း လက် သူ
ချမ်းမြ ကြည်ကြည်ဖြူ
သာသာ လွင်လွင်
အရောင်ထူး
လပြည့် ည ပျော် မြူး...........။
ပြုံး တလဲ့ လဲ့
ချို မျက် နှာ
ကြည် သာ ရွှင် ပြတာ
ဝိုင်း စက် စက် လေး
အရောင် ရေး
လပြည့် ည ကလေး............။
နဲနဲ လေး အရွယ် ရောက်လာတော့ ယောင်္ကျာလေး ဆို တာ ကိုယ် နဲ့ မတူပါလား ဆိုတာ သိလာခဲ့တယ် ။ ဒါပေမယ့် ကျမ က ယောင်္ကျားလေး တွေ ကို စခေါ် တာ မျိုး ခင်မင်တာ မျိုးတော့ သတ္တိ မရှိ ခဲ့ ဘူး ။ တော်တော် ရှက်တတ်တယ် ။ ၁၈ နှစ်လောက် ထိ ယောင်္ကျား လေး တွေကို စကား မပြောတတ် ။ ကျောင်းမှာ လည်း ယောင်္ကျားလေး တွေ နှင့် အပေါင်း အသင်း မလုပ် ။ မိဘ တွေ ရဲ့သူငယ်ချင်း သားတွေလာ လည် လည်း ကျမ စကားမပြော ။ ကျမ ကို သာ စကား လာ လာ ပြောကြတယ် ။ထို အခါ တော့ ပြန်ပြော လေ့ ရှိပါတယ် ။ ခေါ် ရင် တော့ ကျမ က အားလုံး ကို ....ကိုကို ဘယ်သူ ...အဲ့လို ခေါ် တတ်တယ် ။ သူတို့ တွေ ကိုယ်တိုင် က လည်း ကိုကို က လို့ ပဲ နာမ်စား သုံး ကြတယ် ။ အဲ့ဒီတော့ ကျမ အိမ်မက် ထဲ လာလာ နေ တတ် တဲ့ ကိုကို တစ်ယောက် ရှိ လာ ခဲ့တယ် ........
အိမ်မက်လေး ထဲ အမြဲလာရောက်
တံခါးခေါက် တဲ့ အိမ်မက်ကလေး
မေ့ ကိုကို .....။
တကယ်ဆို လည်း မရင်းနှီးပဲ
စိတ်ထဲ စွဲလမ်း မတမ်းတ တာ
အမှန်ပါ ....။
သို့ပေမယ့်လည်း
အိမ်မက်ထဲဆို ရင်းနှီးချစ်ခင်
ယုယမြတ်နိုး သဒ္ဓါတိုးကာ
ချစ်အား ပိုမြဲ
ကိုကိုပဲ.....။
ပြီးဆုံးအိမ်မက် နိုးထခဲ့သော်
တကယ်လေလား ထင်ရောင်မှားခဲ့
ရင်ထဲ လှစ်ဟာ နွမ်းလျှအသည်း
ဝမ်းနည်း ကြေကွဲ ခဲ့ ရပြီ ...........။
အိမ်မက်လေး ထဲ အမြဲ လာရောက်
နှောက်ယှက် လှည့်ပါ
အိမ်မက်ကလေး
မေ့ ကိုကို ....။
ကျမ ၁၄ နှစ် အရွယ်သာ ရှိသေး သည့် အတွက် ဒီကဗျာ သည် အရွယ်မရောက်သော ကဗျာ တစ်ပုဒ် သာ ဖြစ် ခဲ့ သည် ။ ထို ကိုကို သည် သူ ၂၅ နှစ် အရွယ် တွင် မမတစ်ယောက် နှင့် လက်ထပ် သွား ခဲ့ သည် ။
အကို အလတ် နဲ့ ကျမ က သူငယ်ချင်း တွေ တူ ကြတယ် ။ အလုပ် အတူတူ ၀င်ဖူး တော့ လေ ။ တစ်နေ့ လဖက်ရည် ဆိုင် ထိုင် ကြ တော့ အကို သူငယ်ချင်း တွေ နဲ့ ပေါ့ အလုပ် နားချိန် ပြေး ကြတာ ။ ပုံမှန် တော့ ကျမ လိုက် လေ့ မရှိ ။ အဲ့ဒီနေ့ ကတော့ အတင်း ခေါ်တာ နဲ့ လိုက်ဖြစ် ခဲ့ တယ် ။ လဖက်ရည် ဆိုင် ရဲ့ တစ်ဖက် စားပွဲ ကနေ ယောင်္ကျား လေး ၅ ယောက် လောက် နဲ့ လဖက် ရည် ဆိုင် လာ ထိုင်သော ကျမ ကို လှမ်း ကြည့် နေ သော သူ တစ်ယောက် ။
သူ
အကြည့်ချင်းဆုံ အပြုံးနွေးနွေး
တွေ့ကြုံ လေသော်
ဆည်းလည်း သံ လို ငြိမ့်ညောင်းချိုခဲ့
နှလုံးထက် ဝယ်
စုန်ဆန် မြစ်တွင်း ရင်တွင်းဖိုလှိုက်
အကြည့်ချင်းခိုက်
မိုက်တတ် ခဲ့ ပြီ .................။
ကဗျာ တစ်ပုဒ် သာ ရခဲ့တယ် သူနဲ့ ကျမ ကတော့ ဒီနေ့ ထိပြန် မတွေ့တော့ ။
စေ့စပ်ထား တဲ့သူ ရှိ တဲ့သူ တစ်ယောက် ချစ်ရေး ဆို ခံ ရတော့ တော်တော် လေး ခံစား ရခက်ဖူးတယ် ။ သူ စေ့စပ်ထား တာ ကိုယ် က မသိ တော့ သူ နဲ့ ပတ်သက် မိတယ် ဆိုပါ တော့ ။ ဒါ ပေမယ့် ကဗျာ တစ်ပုဒ် နဲ့ ပဲ အဆုံး သတ် လိုက်တယ် .............
မဖြစ်နိုင်တဲ့ အကြောင်း
နှောင်းနေ တဲ့ အဖြစ်
ရှိနေတဲ့ ကြိုး
မငြိအောင် ကြိုးစားရင်း
စိတ် တွေ လည်း မှိုင်
ကိုယ်တွေလည်း ယိုင် လို့
နေနိုင် အောင် လည်းနေ
ဖြေနိုင်အောင် လည်းဖြေ
တမ်းတ နေတဲ့ စိတ်
နွမ်းလျှ နေတဲ့ စိတ်
အိပ်မွေ့ လေး ချ
ဒီ တစ်ညတော့
အိပ်ပျော် အောင် အိပ် နိုင် ပါရစေ ............။
ကဗျာ လေး တွေ က ကျမ ဘဝ ရဲ့ အစိတ် အပိုင်း အချို့ မှာ ပါဝင် ပတ်သက် ခဲ့ဖူးတယ် ။ သူတို့ က ကျမ ကို စိတ်ကို ဖြေလျော့ ပေးတယ် ဖြေသိမ့် ပေးတယ် ။ ကဗျာ လေး တွေ က မှ ကျမ ရဲ့ အဖော် စစ်စစ် ပါ ။
*ဝါသနာ ကမွေးကတည်းကပါလာတာမို့
မကောင်းဘူးဆိုလာလဲ
ကြိုးကြိုးစားစား နဲ့
သူငယ်ချင်းတွေ ကြား
ကဗျာတွေ
ဆက်လက်၍ ရေးနေအုံး မှာ
.............................
တစ်နေ့တစ်နေ့
ဟင်းမစားနဲ့
ဘာတွေမှ မရလဲ
ဆွဲမိ ဆွဲရာ နဲ့
ကဗျာတွေ ကို
ငါ ဖက်တွယ်နေမိတာ
...........................................
*ဘယ်တစ်ဦးတစ်ယောက်ကိုမှ
ရည်ရွယ်ရေးတာမဟုတ်
ဦးနှောက်နဲ့နှလုံးသားကိုဖြစ်ညစ်
ငါရေးတဲ့စာတွေက
ရသလည်းမကျန်ရစ်ပေးမဲ့
ကဗျာ
တွေကို တော့
ငါတစ်ကယ်"ချစ်တယ်"
....................................
*ရောက်လေရာမှာ
စာရွက်လေးကိုဖြန့်
ဘောပင်လေးကိုကိုင်
ထင်ရာမြင်ရာ.....ရေးချစ်လို့
ငါ့အတွေး
တွေကသစ်ချင်မှသစ်မယ်
ဒါပေမဲ့
ပေါ့တန်တန် အတွေးနဲ့
ဖြစ်ချင်ရာဖြစ်..
ရေးခဲ့တာမဟုတ်ဘူး
.................................................
*တရက်....ရက်ဆိုတဲ့
ခွဲခွါ ချိန် မရောက်သေးသရွေ့တော့
ဖရန့်ဒေးအတွင်းမှာ
ဝဲလယ်ခတ်ရင်း
နေရာတနေရာ လေးတော့
မလွင့်ခင်စပ်ကြား
တခဏလေးတော့ခိုနားပါရစေလား
*********************
ငယ်ငယ် က ရေးထားတဲ့ ကဗျာ စာအုပ်လေး တွေ့တာ နဲ့ စာရေးဖြစ် သွားတယ် ...........
ဒါပေမယ့် သိပ်ပြီး ပျော်စရာ မဟုတ်တာတော့ သေချာတယ် ။ ငယ်ငယ် ကတည်း
က ချမ်းချမ်းသာသာ နေခဲ့ရတာ မဟုတ်ပေမယ့် ခက်ခဲကြမ်းတမ်း တဲ့ ဘ၀ ကို
လည်း ရင်မဆိုင်ခဲ့ရဖူးဘူး ။ အဲ့ဒီ အတွက်ဘဝ အတွေ့အကြုံနည်းတယ် လို့ဆိုရမယ် ။
သိတတ် တဲ့ အရွယ် ကတည်း ကပျော်ပျော်နေတတ်တယ် ။ ကိုယ့် စည်းကမ်း ကိုယ့် ဘောင်အတွင်း မှာ ကိုယ့် အသိ နဲ့ ကိုယ်နေတယ် ။ ဒါပေမယ့် ကိုယ် မကြိုက်တဲ့ အပြုအမူမျိုး ကိုတစ်ဖက်လူ က လုပ်လာရင် အားမနာတတ်ပဲ ခင်မင်မှူ့ကို “ တိ ” ကနဲဖြတ်တတ်တယ် ။ မောင်နှမအရင်း တောင် ကြည့်မရဘူးဆို စကား မပြောပဲ နေတတ်တော့ မေမေ ရဲ့ စိတ်ဓါတ်ခက်ထန် တယ် ၊ မာနကြီးတယ် လို့ ခနခန ဝေဖန် ခံရတယ် ။
ဘာကိုပဲ လုပ်လုပ် သေချာစဉ်းစား ပြီးမှ လုပ်တယ် ။ လုပ်ပြီးမှားသွားရင်တောင် ငါသေချာ စဉ်းစားခဲ့တာ ပဲ ဆိုပြီး ဖြေသိမ့်နိုင်တယ် ။ သူတစ်ပါး က အထင်သေးတဲ့စကား ပြောခံရဖို့ နေနေသာသာ မျက်လုံးနဲ့ ကြည့်ရင်တောင် အဲ့ဒီလူ ကို ခေါင်းထဲ က မောင်းထုတ် ပစ်တယ် ။ အဲ ..ဒါပေမယ့် ကိုယ့် ကို ကွယ်ရာမှာ အတင်းကောင်းကောင်းချ ပြီး ရှေ့တင် ပြုံးနေအောင် လာ ပြောတတ် တဲ့ သူတွေ ကို တော့ အားနာနာ နဲ့ ပြန်ပြောတတ် ပြန်ရော ။
ကိုယ့်ကို ဘယ်လောက်ပြောပြော ကိုယ်က ရန်စကား စ ဖို့ကျ တော်တော် ခက်တယ် ။ သူတစ်ပါး ကိုယ်ရေး ကိုယ်တာ ကိုလည်း မမေးမြန်းတတ်ဘူး ။ အကြောင်းရှိလို့ သိခဲ့ရင်တောင် ရေငုံနှုတ်ပိတ်နေ တတ်တယ် ။ အောင်သွယ်တော် အလုပ် ငယ်ငယ် လေး ကတည်း ကလည်း မလုပ်ဘူး ၊ ခုလည်းမလုပ်ဘူး ၊ နောင်လည်း ဘယ်တော့ မှ မလုပ်ဘူး ။ သမီးရည်း စား ၊ လင်မယား ၊ မောင်နှမ ၊ သားအမိသားအဖ ပြဿနာ တွေ ကို ကြားမ၀င်တတ်ဘူး ။ ရန်မဖြစ်တတ်ဘူး သူများက ရန်လာစရင်တောင် စကားလုံး ရှာမတွေ့ လို့ ပွဲက ပြီး သွားတတ်တယ် ။ ကိုယ့်မှာတော့ ဒေါသ တွေဖြစ်လို့ ......ကျန်ခဲ့ရတယ် ............။
တိရိစ္ဆာန် ဆင်းရဲ တွေ ကို လူဆင်းရဲတွေထက် သနားတတ်တယ် ။ အကြောင်းအရာ တစ်ခုဆို ချက်ခြင်း မယုံတတ်ဘူး ။ ယုံပြီဆိုလည်း ပြန်မယုံဖို့ ခက်တတ်တယ် ။ ငယ်တုန်းက ဒေါသ ကြီးတယ် ။ မိမိ မလုပ်ပဲ အဆူခံရင် ကိုယ့်အသားနာ အောင် ပြန်လုပ်တယ် ၊ခဏခဏ သေချင် ခဲ့တယ် ။ ကြီးလာတော့ ခဏခဏ သေခဲ့ဖူးတယ် ဆိုတာ သိလာတယ် ။ ဒေါသ ကိုလည်း အထိုက်အလျောက် ထိမ်းနိုင်လာ တယ် ။
ဘယ်သူ့ ကိုမှ စတင်မိတ်မဖွဲ့တတ်ဘူး ။ ခရီးသွားရင်းလည်းမိတ်ဆွေမဖွဲ့ဘူး ။ တွေ့တွေ့ချင်းဆို စကား မပြော တတ်ဘူး ။ ခင်ပြီဆိုရင်တော့ နားငြီးအောင် ပြောတတ်တယ် ။ မေးထူး ခေါ်ပြောတွေ သာ များပြီး အပေါင်းအသင်း နည်းတယ် ။
အချစ်စစ် ဆိုတာ ရှိတော့ရှိတယ် ရှားတယ် လို့ ယူဆတယ် ။ အဲ့ဒီ ရှားပါးပစ္စည်း က ကိုယ့် အတွက် မပါဘူး ဆိုတာလည်း ယုံကြည်ထားပြန်ရော ။ ဘယ်အကြောင်း အရာမဆို ပုံသေ မသတ်မှတ်ဘူး ။ အခြေ အနေ အချိန် အခါပေါ်မူတည် ပြီးပြောင်းလဲတတ်တာ လို့ သာ သတ်မှတ်တယ် ။
နောင်အတွက် ကြိုတင်ပြင်ဆင်ထားတာ မျိုး မရှိပေမယ့် စိတ်ထဲမှာတော့ တော်တော်လေး ပူပန်မိတယ် ။
ကိုယ့် မှာ အားနည်းချက်တွေ အများ ကြီးပါ ။ သေဖို့ သာနီးလာတာ ပြုပြင်လို့ မပြီး နိုင်သေး ဘူး ။ ကိုယ့်စိတ်ကို အများ ကြီး ပြုပြင်ရ အုံးမယ် ............။
ဗုဒ္ဓဘာသာဖြစ်လျှက် နဲ့ တန်ဖိုးထားရကောင်းမှန်းမသိတဲ့သူ ၊ ဒေါသ ကို အာဃာတ နဲ့ဖြေရှင်းတတ်တဲ့သူ ၊ မလှူရက် မတန်းရက် စေးနဲသူ ၊ တိရိစ္ဆာန်များကို ကိုယ်တိုင်သတ်ဖြတ်စားသောက်တတ်သူ ။ သူတစ်ပါး မကောင်း ကြောင်းကိုသာ ပြောစရာရှိတဲ့ သူ ၊ ခန္ဒာကိုယ် ဖြင့် ငွေရှာတဲ့သူ ၊ မူးရယစ်စေတတ်သောအရာ များကို အားလုံးထက် ချစ်တဲ့သူ ၊ လူသတ်တဲ့သူ ....... အဲ့လိုလူစားမျိုးဖြစ်မှာ ကြောက်မိတယ် ။
အဲ့ဒီ အကြောင်းအရာ တွေအားလုံးထက် သံသယစိတ်နဲ့ သံသရာ လည်မှာ ကို အကြောက်ဆုံးပါ ပဲ ..။
**********************************************************************************
အပြုံးတွေနဲ့ သာ
အဆုံး အစ မဲ့ သော
သာယာ တဲ့ ကမ်းခြေ မှာ
လေပြေ ငယ် လေး
တိုက်ခတ် သွားရုံ နဲ့
ကျယ်ပြောတဲ့
ရင် ခွင် ပင်လယ် ပြင်
လှိုင်းထန် သွား ခဲ့ .................။
ရပ်တန့် မရ နိုင် ခဲ့
ဒီသောင်ကမ်း အပေါ်
အာဃာတ တွေ က
နာကျည်း မှူ့ တွေ နဲ့ ရိုက်ခတ်
အကျိုးအပျက် တွေ က
မိုးထက်မြင့်မား
ငါ့ ရင် ခွင် ဟာ ဗလာ ဖြစ်လို့ သွား ............။
အလင်းရောင်လေး လာ ပါ
သာယာမှု့လေး ပေး ပါ
လေနုအေးလေး တိုက် ခတ် ပါ
အားလုံး ကို
မင်းကျေနပ် လောက် အောင်
အနိုင် နဲ့ ပိုင်း ပြီး တဲ့ အခါ
ကောင်းကင် ယံ တစ်ဖက် တစ်ချက်စီက
မြင်ခွင့် ရ ပါ ရစေ
မိုး စဲနေ
Dollar တန် တဲ့ ရွှေ ning ကို
ဒီ လက်တွေ နဲ့ ဖက်တွယ် မိ ကြ တာ
ခု တော့ ၀မ်း နည်း ခဲ့ ရ ပြီ
ဒီနေရာ လေးမှာ ပဲ
ခင်ခဲ့ ကြ ........
ပြဿနာ လေးတွေ ရှိခဲ့ ရ
ဖြေရှင်းခဲ့ ရ .............
အကောင်းတွေ လည်း ကြားခဲ့ရ
အဆိုး တွေ လည်း လက် ခံ ခဲ့ ရ
အပြစ် မမြင် ချစ် ခင် သူ အချင်းချင်း ကတော့
လက်တွဲ မဖြုတ် စတမ်း ချီ တက် ခဲ့ ကြ
ဒီနေရာ လေး မှာ ပဲ
ချစ်သူ လေး တွေ ရ ခဲ့ ကြ
ချစ် သက် တမ်းလေးတွေ ပြည့်တော့
လမ်းခွဲ ခဲ့ရ ...
အလွမ်း လေး တွေ လည်း
စာစီကာ
ကဗျာ အဖြစ် ....စာ အဖြစ်
ပြောင်း လဲ ခဲ့ရ
လက်တွဲ မပြုတ် ခဲ့ ချစ်သူ
couple လေးများ အတွက်တော့
ဂုဏ် ယူ ခဲ့ ရ ...Congratulation!
မနှစ် က လို ပါ ပဲ
ကြားရ တဲ့ သတင်း စကား တွေက
Rumour ဆိုဘယ်လောက် များကောင်းလိုက် မလဲ
မနက်ဖြန် အတွက် တို့ ဆု လေး တွေ တောင်းနေမိခဲ့
လက်တွဲမဖြုတ်တဲ့ သူငယ်ချင်းတွေ
ဆက် ချီတက် မယ်
ကျန် နေ ခဲ့ သူ များ အတွက်တော့
ကံ မကုန် ရင် ပြန် ဆုံ ကြ သေးတာ ပေါ့ ..
အား လုံး ပျော်ရွှင်ချမ်းမြေ့ ကြ ပါစေ...
................................................................
member များ အတွက် ထုတ် ထားသော စည်းကမ်း ဆို ပေမယ့် Admin များကိုယ် တိုင် လိုက် နာ ရမှာ ပါ ။စည်းကမ်း ဖေါက်ဖျက်သော member များ တွေ့ ရှိ ပါ က ဦးစွာ သတိပေး ပါ ။ ညှိ နိုင်း ပါ ။ မရ လျှင် ban နိုင် ပါသည် ။ ဒီနေ့ မှ စ၍ Admin လူကြီးများ စည်းကမ်းဖေါက်ဖျက် ပါ က ကျမ ကိုယ် တိုင် တိုက်ရိုက်ပြော ကြား မည် ဖြစ် ပါသည် ။ အကယ်၍ ကျမ စည်းကမ်း ချိုးဖောက် တာ တွေ့သော် ကျမ အား မည်သည့် Admin မဆို member မဆို တိုက်ရိုက် ပြောကြား နိုင် ပါ သည် ။
ကျမ တို့ ဆိုဒ် ထက် ချောကလက် မြို့တော် က အားကျ စရာ ကောင်းလောက် အောင် ပို အောင်မြင်ပါတယ်။ ကျမ တို့ ဆိုဒ် online ၁၀ ခန့် ရှိ နေချိန် ဆို ချော ကလက် မြို့တော် မှာ ၁၀၀ ကျော် ပါတယ် ။ ဘာ့ကြောင့် ချောကလက် မြို့တော် အောင်မြင်ရ သလဲ ဆို မြို့စားလေး ရဲ့ စည်းကမ်းပိုင်းဆိုင်ရာ တိကျပြတ်သားခြင်း Admin အချင်းချင်း နားလည်မှူ့ရှိခြင်း နှင့် member အချင်းချင်း ချစ်ခင် မှူ့ ရှိ ခြင်းကြောင့် ပါ ။
ကျမ တို့ Myanmar Friends Day ဆိုဒ် မှာ Admin ပိုင်းဆိုင် ရာ ပြဿနာ များ မကြာခန ပေါ်ပေါက် ရ ခြင်း အတွက် ကျမ စိတ်မကောင်းဖြစ် ရပါတယ် ။ကျမ အနေ နှင့်တစ်ချို့ ကိစ္စများ ကို အားနာ ၍ မပြောခြင်း ၊အေးဆေး စွာ ပြီး အောင် တိတ် တဆိတ် ဖြေရှင်း ခြင်း က ပိုမို ဆိုးဝါး ခဲ့ ပါတယ် ။
ဒါ့ကြောင့် ကျမ အေးချမ်းဖြူ ဒီနေ့ မှ စ ၍ အားမနာတော့ ပါ ဘူး ။
ကျမ Admin Post မှ နှုတ်ထွက် တုန်း က ဟန်ဆောင် ထွက် ခြင်း မဟုတ် ပါဘူး ။ ဒါပေမယ့် နောက် ပိုင်း ပြန်လည် ၀င်ရောက် ခဲ့ ပါတယ် ။ ကျမ ၏ သားသမီး များ သဖွယ် ချစ် ရသော သူများ နှင့် Donation ပြုလုပ် လို ခြင်း အတွက် ပါ။
ကျမ အနေ နှင့် Myanmar Friends Day ဆိုဒ် ပိုမို တိုးတက် လာခြင်း member အချင်းချင်း စည်းလုံး ခြင်း ချစ်ခင်ရင်းနှီး စေချင် ပါတယ် ။ Admin နှင် member များ တစ်ယောက် နှင့် တစ်ယောက် သည့် ခံ ခွင့် လွှတ် နားလည်ပေးစေချင် ပါတယ် ။
Member များ သို့
မကြာခင် Ning ဆိုဒ် များ ဖျက် သိမ်းမည် ဆိုသော သတင်း ကို လူတိုင်း သိပြီး ထင် ပါတယ် ။ ဒီဆိုဒ် ကလေး မပျက်စီးအောင် ၊ ဆက်လက် ရပ် တည် နိုင် အောင် ကိုဂျေ က ကြိုးစားပေးနေပါတယ် ။ ဒါ့ကြောင့် member များ အနေ နှင့် စည်းကမ်း တကျ ချစ်ချစ်ခင်ခင် ရင်းရင်း နှီးနှီး အေးချမ်းစွာ အသုံး ပြု ကြပါ ။ ဒီဆိုဒ် Admin များ က အလုပ် ရှင် များ လည်း မဟုတ် ကြပါ ဘူး ၊ သူဌေး များ လည်း မဟုတ် ကြပါ ဘူး၊ အရာရှိ အရာ ခံ တွေ လည်း မဟုတ် ကြပါ ဘူး ။ ဒါ့ကြောင့် member များ ကို အထက်စီး မှ ပြောဆို နေခြင်း လည်း မဟုတ်ပါ ဘူး။ အားလုံး ပျော်ရွှင် အောင် ဘေး မှ နေ၍ ထိမ်းသိမ်း ပေးထားခြင်း ပါ။
အကယ်၍ ning ဆိုဒ် များ ဖျက် သိမ်း ခံ ရသော အခါ မဖျက် သိမ်း ခံ ရသော ning ဆိုဒ် များ ထံ သို့ member အသစ် များ ၀င်ရောက် လာနိုင် ပါတယ် ။ ကျမ တို့ ဒီ Myanmar Friends Day ဆိုဒ် မဖျက် သိမ်းခံ ရ လျှင် စည်းကမ်း ပိုင်းဆိုင် ရာများ ကို ပို မို တင်းကြပ် ပါမည် ။ အထူးသဖြင့် နိုင်ငံရေး နှင့် ဆိုင် သော ပိုစ် များ ၊ ညစ်ညမ်းပုံ များ နာမည် များ အသုံးပြု ၍ ၀င်ရောက် လာ သူ များ အမေး အမြန်း မရှိ Ban ပါမည် ။ ၁၀ ခု လုပ် လျှင် ၁၀ ခု Ban ပါ မည် ။ အခု ၁၀၀ လုပ် လျှက် အခု ၁၀၀ Ban ပါမည် ။
အကြောင်း အရာ အားဖြင့် ရည် ရွယ်ချက် မရှိသော Post များ ၊ By name ဖြင့် နာမည် တပ်၍ စိန်ခေါ် သော Post များ ၊ သူတစ်အား နစ်နာအောင် ရေးထား သော Post များ ၊ ဖတ်ရန် မသင့် သော ညစ်ညမ်းစာ များ(ဆဲစာများ)၊ အထူး သဖြင့် FWD Mail များ ကို တင်ပြခြင်း ၊ ၄ ကြောင်း ၅ကြောင်း လောက် သာ ရေးထား သော post များ လုံးဝ ခွင့် ပြုမည် မဟုတ် ပါ ။ မှား ယွင်း ခွင့် ပြုမိသော် သိရှိ က ချက်ခြင်း ဖျက် ပါ မည် ။
စည်းကမ်း မညီသော မိမိ ၏ Post ဖျက်ခံ ရ လျှင် မည့် သည့် Admin ဖျက်သိမ်း သည် ကို မစုံစမ်း ပါ နှင့် ။ Admin အားလုံး တစ်သဘောတည်းဖြစ် ပါသည် ။
သူတပါး စာ များ ကို တဆင့် ကူးရေးသော သူ များ မူရင်း စာရေး သူ နာမည် ကို တပ်ပေး ပါရန် ။
Chat roll တွင် လည်းကောင်း၊ chat room တွင်လည်းကောင်း ရန်စခြင်း များ အထူး ရှောင် ကျဉ် ပေး ပါ ။ ဒါကတော့ ကျမ အေးချမ်းဖြူ ရဲ့ အထူး မေတ္တာရပ်ခံချက်လေး ပါ ။
နောက်ဆုံး အနေ နှင့် ကျမ ပြောချင် တာ က...ကျမသည်လုပ်သင့်လုပ်ထိုက်သော အရာများ ကိုသာပြုလုပ် ပါသည် ။ ကျမ ပြုလုပ်ထားသော အရာများ အား မှား သည် ဟု မထောက် ပြ နိုင် လျှင် ထို အလုပ် များ ၊ စာများ၊ စကားများ အတွက် ကျမ ပြန် လည်ဖြေရှင်း ပေးမည် မဟုတ် ပါ ။
Myanmar Friends Day ဆိုဒ် ကို တန်ဘိုးထားသူ အားလုံး ပျော်ရွှင် စွာ အသုံး ပြု နိုင် ကြပါစေ ......လို့ Admin များ ကိုယ် စား ဆုတောင်း ပေးလိုက် ပါတယ် .......
******************************************************************************
မြန်မာသူငယ်ချင်းများနေ့ အဖွဲ့ဝင်များအားလုံးသို့စာ
ကျွန်တော်အက်မင် ဘကြိုင် မြန်မာသူငယ်ချင်းများကို
အသိပေးအကြောင်းကြားပါသည်။ ကျွန်တော်တို့ ဆိုက်ဟာ များမကြားမှီ
ကိုယ်ပိုင်ဒိုမိန်း ဝယ်ယူ သုံးစွဲရပါတော့မည်ဖြစ်ပါသည်။
သို့ကြောင့်
ဆိုက်လိုအပ်ချက်အရ မမ်ဘာတိုင်းကို အနှုးညွတ်တောင်းဆိုပါသည်။
မိမိကိုယ်ပိုင် ဓတ်ပုံများကိုသာတင်ပေးပါရန်
ဗီဒီယိုဖိုင်များကို မမ်ဘာတဦးလျှင် အကြိုက်ဆုံး ဖိုင် ၃ခုလောက်သာတင်ပေးပါရန်
မိမိနှင့် မသက်ဆိုင်သောပုံများ ကိုတင်ခြင်းမပြုပါရန်
လက်ရှိတင်ပြီးသား ပုံများ ဗီဒီယိုဖိုင်များကို မမ်ဘာနှင့် သက်ဆိုင်သောပုံများကိုချန်ထား၍ ကျန်ဖိုင်များကို
ကြိုတင်ဖျက်ထားပေးပါရန်
ကျွန်တော်တို့ အက်မင်းအဖွဲ့ ကိုယ်ပိုင်ဒိုမိန်းစသုံးခါနီး
ရင် လိုက်လံ ပယ်ဖျယ်သွားမည်ဖြင့်ပါသဖြင့် အခုအချိန်ကစလို့ မိမိစိတ်ကြိုက်ပုံ
များသာ ချန်ထား ပြီး မလိုအပ်တာများကို ပယ်ဖျက်ပေးပါရန် အသိပေးတောင်းဆိုလိုက်ပါသည်။
အထူးသဖြင့် ဆိုက်အတွက် အကျိုးမရှိသော ပို့စ်များ စာကြောင်းရေ နည်းပါးသော ပို့စ်များ
အဓိပ္ပာယ်မဲ့ ပို့စ်စာကြောင်းသုံးလေးကြောင်းပါသော
ပို့စ်များကို လက်ခံမည်မဟုတ်ပါကြောင်း အသိပေးပါသည်။
ဆိုက်စည်းကမ်းနှင့် မညီသော ပို့စ်များ ပုံများ ကဗျာများကို လက်ခံတင်သွင်းမည်မဟုတ်ပါ။
ဆိုက်စည်းကမ်းနှင့် မညီသော မမ်ဘာများကို အကြောင်းပြချက်မရှိဘန်းပါမည်။
ပုံ
ခင်မင်လေးစားစွာဖြင့်
အက်မင်
မောင်ဘကြိုင်
စာအုပ်လှူသူများ ပိုမို အဆင်ပြေစေ ရန်
အလှူခံ သည့်ရက်ကို.(၃၁.၁၂.၂၀၀၉)မှ(၇.၁.၂၀၁၀)ထိရက်ထပ်မံတိုးလိုက်ပါသည်
၁။ ဓမ္မစာပေ စာအုပ်များ၊ ဓမ္မနှင့်ဆိုင်သော စာပေစာအုပ်များ၊ သုတ စာအုပ်များ သာ
၂။ လှူဒါန်းသူများအနေဖြင့် စာအုပ်အတွင်းပိုင်းတွင် မိမိအမည် ( Nick name သော်လည်း
ကောင်း) ရေးပါ ။ လက်မှတ်ထိုးပါ ။နေ့စွဲ ရေးပါ ။စာအုပ်များကိုထုပ်ပိုး၍ အောက်ပါ လိပ်စာ
သို့ ( ၂၁.၁၂.၂၀၀၉) မှ (၃၁.၁၂.၂၀၀၉) နောက်ဆုံးထား ပေးပို့ ကြပါရန် ။
၃။ လှူဒါန်းသူများ သည် စာအုပ်လက်ခံသူ၏ လက်ခံစာအုပ်တွင်
လှူဒါန်းသူအမည် (Nick name သော်လည်းကောင်း) ၊ စာအုပ်အမည်(စာရေးသူအမည်)၊
လှူဒါန်းသော စာအုပ်အရေအတွက်၊ များကိုဖြည့် သွားကြပါရန်
ကိုစိုးဝင်းအောင်
မန်းရွှေလီ ကုမ္ပဏီ
၁၈၀/၁၈၂ ၊ ၄လွှာ ၊ ဗိုလ်တထောင်ဘုရားလမ်းအလယ်၊
Feeling စားသောက်ဆိုင်အပေါ်ထပ်။ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့
TEL. ၀၁-၂၉၃၁၆၃၊ ၀၁-၃၉၇၂၂၉
တနင်္လာ မှ သောင်္ကြာနေ (မနက် ၁၀နာရီကနေ ညနေ ၅နာရီ ) ရုံးချိန်အတွင်း
စနေနေ့ နေ့တစ်ဝက်
*********************************************************************
သို့ မဟုတ် ...............
Admin အိရင်း
cobrassaffron22@gmail.com သို့ ဆက်သွယ် ၍ လည်းကောင်း
လှူဒါန်းနိုင်ပါသည်။
လေးစားစွာဖြင့်
အေးချမ်းဖြူ
“သူငယ်ချင်း” လို့ ဆို လိုက်ရင် “မိတ်ဆွေ” ဆို သော စကားထက် ပိုမိုရင်းနှီး
ကျွှမ်းဝင် သည် လို့ ကျမ စိတ် ထဲထင်မိသည် ။ သူငယ်ချင်း ဆိုတာ တစ်ဦး နှင့်တစ်ဦး
သာသည် နာသည် ဟုသဘောမထားပဲ တစ်ယောက် နှင့်တစ်ယောက် အနွံတာ ခံရသည်
ကျမ တွက် ပြင်ပ သူငယ်ချင်း များများ စားစား မရှိ ပါဘူး ။ ဒါပေမယ့် Internet သူငယ်
ချင်းကတော့ တော်တော့ ကို များ ပါတယ် ။ ဒါ့ကြောင့် I love my computer
because a lot of my friends are in its. အဲ့ဒီစကားလေးကကျမအတွက် တော့
တော်တော် လေး ကို မှန်ပါတယ်။
တစ်ဦး နှင့် တစ်ဦး မမြင်တွေ့ကြရ ပေမယ့် ချစ်ကြ ခင်ကြ စကြနောက်ကြ
နဲ့ ကိုယ့် ဆိုဒ် မို့ ပြောတာ မဟုတ် ဖူး ကျမ တော်တော် လေး ခင်တွယ် ပါတယ် ။
နောက်ပြီး ကလေးတွေ အချင်းချင်း ချစ်ကြခင်ကြတာ မြင်တော့ သူတို့လေးတွေ ကို
မမြင်ရပေမယ့်ရင်ထဲ မှာ ပီတိ ဖြစ်ရ ပါတယ်။ တချို့ ကတော့ chat room မှာပဲ တွေ့
ကြတယ် တစ်ချို့ ကတော့ စာဖတ်ရင်း စာရေးရင် တွေ့ ကြတယ် ။ဘယ်လို အကြောင်း
ကြောင့် ပဲတွေ ကြ သူတို့ အချင်းချင်း ပြဿနာ မရှိ ပဲ ပြေလည်နေ ကြတာတွေ့ရတယ်။
ဒါပေမယ့် ကျမ နဲနဲလေးတော့ ပြောချင်ပါတယ်။Myanmar Friends Day
ဆိုဒ်တွင် Member ပေါင်း ၂၃,၂၅၀ ကျော်သွားပြီ ဖြစ်ပါသည် ။ နေ့စဉ် နေ့တိုင်း
Memberအသစ်များ အဆက်မပြတ် ၀င်ရောက် လျှက် ရှိပါသည်။
ထို့ကြောင့် စည်းကမ်းပိုင်းဆိုင်ရာများ ကို တင်းကြပ်ထားပါတယ် ။
အထူး သဖြင့် FWD MAIL များ ကို ပြန် လည် Post အဖြစ်တင် ခြင်း၊ တစ်
့ရက်တည်း ကို post ၁ခုထက် ပို၍ တင်ခြင်း များ ကို မကြာခန တွေ့ ရ ပါတယ်၊ အဲ့ဒီလို
တင် လာတဲ့ အခါ Admin များ အနေ ဖြင့် အရင် က ကဲ့ သို့ Mail ပေးပို့ ခြင်း မရှိ
တော့ ပဲ တခါတည်းဖျက်မှာ ဖြစ် ပါတယ် ။အကယ်၍ မသေချာ သည် ရှိခဲ့သော် Mailပေး
ပို့ မေးမြန်းမှာ ဖြစ်ပါသည်။ ညစ်ညမ်း ပုံများတင်ခြင်း ၊နိုင်ငံရေး နှင့် ဆက်နွယ်သော ပုံ
များတင်ခြင်း post များတင်ခြင်း ကိုလည်း လုံးဝ လုံးဝ လက်ခံ မှာ မဟုတ် ပါဘူး။
နောက်တစ်ခု က လူဆိုတာ အမှားနဲ့ မကင်းကြ ပါဘူး ။ တစ်ယောက်နှင့် တစ်
ယောက် အဆင် မပြေတဲ့ အခါ မိမိ ပိုင်ဆိုင်သော ကိုယ့်နေရာ ကို မဖျက်ချင်ကြပါနဲ့ ....
နိုင်ငံ မှာဥပဒေ ရှိသလို ဒီဆိုဒ် လေးမှာ လည်း ဥပဒေ ရှိပါတယ်။ အပြစ် မရှိ တဲ့ သူကို
သတ် လို့ မရ သလို အပြစ် မရှိ တဲ့ နေရာ ကို ကျမ လက် နဲ့ မဖျက် ပါဘူး ။ ဘယ်
Admin မှ လည်း ဖျက်ပေး မှာ မဟုတ် ပါဘူး။ member တိုင်း member တိုင်း က ကျမ
ရဲ့ ရင်သွေးလေးတွေ ပါ ။ ကိုယ့် ရင် သွေး ကို ကိုယ့် လက်နဲ့ ဘယ်မိခင်မှ သတ် ရက် မှာ
မဟုတ် ပါဘူး။ ဒါ့ကြောင့်  တတ်နိုင်သရွေ့ တစ်ယောက် နဲ့ တစ်ယောက် သည့်ခံ ကြပါ
လို့ ။ မကြိုက် တာ ရှိ လည်း မကြိုက် ဘူး ပွင့် ပွင့် လင်းလင်းပြော ပြ ပါ။ သူငယ်ချင်း
ကောင်းပီသ သူဆို လက်ခံ ပါလိမ့်မယ်. နော်............
ကျမ အများကြီးရေးချင်သေးတာ ပါ ။ ဆေးခန်း က လည်း သွားစရာ ရှိတာ နောက်ပြီး
လက်တန်းရေ ရတာ ဆိုတော့ အမှား တွေ ပါရင် လည်း ခွင့် လွှတ် ကြပါလို့ ။
Myanmar Friends Day ဆိုဒ် မှာ ရှိ တဲ့ member များအားလုံး ကိုယ်စိတ်နှစ်ဖြာ
ကျန်းမာ ချမ်းသာ စွာ တစ်ဦး နှင့် တစ်ဦး ရင်း နှီးချစ်ခင်စွာ ဖြင့် မိမိ တို့ လို အင်ဆန္ဒများ
ပြီးမြောက် အောင်မြင် ကြပါစေ လို့ Admin များ အဖွဲ့ က ဆုမွန်ကောင်းများတောင်း
ပေးလိုက် ပါသည် ။
ကျမ တာဝန်ယူရသည်က အစပိုင်းတွင် FWD Mail ဖြင့် post တင်သူများ၊ User တစ်ဦး လျှင် Post တစ်ပုဒ် ထက် ပိုတင်သူများ ကို mail ပို့ပေး အကြောင်းကြာရခြင်း၊ ဖျက်ပစ် ရခြင်း များလုပ်ရသော အခါ ကျမ စိတ်မကောင်း ဖြစ်မိပါတယ် ၊ ကျမ ကို မုန်းကြတော့ မှာပဲ ဆိုပြီး ။ ကျမ သူတစ်ပါးချစ်အောင်စွမ်းဆောင်ခြင်း မလုပ်တတ်ပါဘူး …(သူစိတ်သူ့သဘောနဲ့ ချစ်တာ မျိုး မှ လွဲ ၍) ။ ထို့ အတူ သူတပါး အမုန်း လည်း မလိုချင်ခဲ့ပါဘူး ။ ကျမ အပေါ် အလကားနေရင် မုန်းတော့ မှာပဲဆို ပြီး တွေးပူခဲ့ ရပါတယ် ။
အခုတော့ လည်း ကျမ တာဝန် ကျမ ကျေအောင် လုပ်ရတာပါပဲ …….
အဓိက ပြောချင်တာ က ကျမ ဆီကို အခုတစ်လော အကြံပေးစာလေးတွေ ရောက်ရောက် လာပါတယ် ။အဲ့ ဒါကြောင့် ဒီ post ရေးဖို့ ဖြစ် လာတာပါပဲ ….အားလုံးကိုသိစေချင်တဲ့ ဆန္ဒလေးပါ ….များသော အားဖြင့် Member အသစ် များ က စည်းကမ်း ကို မဖတ် ကြပါဘူး …ကျမလည်း မဖတ် ခဲ့ ပါဘူး ..ကျမ ဘာလို့ မဖတ်လည်း ဆိုတော့ ကျမ စည်းကမ်းလိုက်နာ သူအဖြစ် ကိုယ့် ကိုယ် ကို ယုံကြည် လို့ ပါ …..
Myanmar Friends Day ဆိုဒ် သည် Member ပေါင်း ၂ သောင်းကျော် ရှိပါတယ် ။အင်အား ကြီး တဲ့ အထဲ မှာပါနေပါပြီ ။ Post များ၊ ဓါတ်ပုံ များ ၊ Video များ အသစ်တင်တဲ့ အခါ Admin မှ Approve လုပ် မှသာဖေါ်ပြခွင့် ရအောင် စည်းကမ်း တင်းကြပ်ထားပါတယ် ။
ပထမ အနေနဲ့ ပြောချင်တာက ဒီလောက်စည်းကမ်း တင်းကြပ်ထားတဲ့ အထဲ မှ ညစ်ညမ်း ဓါတ်ပုံများ ၊နိုင်ငံရေးနှင့် ငြိစွန်းသော ဓါတ်ပုံများ ရောက်ရှိလာပါသည်။ ထိုကဲ့သို့သော user များ အား Mail ပေးပို့ သတိပေးခြင်းများလုံးဝ
မပြုလုပ် ပဲ တစ်ခါတည်း Bun ပါမည်။ စည်းကမ်း တွင်လည်း ပါပြီး ဖြစ် ပါသည်။
ဒုတိယ အနေနှင့် တခြားသူအား comment ဖြင့် စိတ်အနှောက် အယှက်ပေးခြင်း ပါ။ ကျမ တို့ ရဲ့ ဆိုဒ် နာမည်ကိုက “Myanmar Friends Day” ပါ ။သူငယ်ချင်း အဖြစ်တွေ့ဆုံ ခင် မင်မှု့ ကို တန်ဘိုး ထားစေချင်ပါတယ် ။ခင်မင်ရင်း နှီးစေချင်ပါတယ် ။အားလုံး လူကောင်းတွေပါ လို့ ပြောလို့ မရ ပေမယ့် မိမိ ရဲ့ ကိုယ်ပိုင် ဆုံးဖြတ်ချက် ဖြင့် ရွေးခြယ် ခင်မင်လို့ ရပါတယ်။ မမြင်ရသော်လည်း ကွန်ပျုတာ မှ တစ်ဆင့် အကြောင်းအရာ ပေါင်းများစွာ ဆွေးနွေးတိုင်ပင်လို့ ရပါတယ် ။သူတစ်ပါး အားနာလိုခံခက်သော စကားဖြင့် ရန်စမည် ဆိုပါက သူငယ်ချင်းမရ ပဲ မုန်းသူသာ တိုးလာမှာ ဖြစ်ပါတယ်။ အချိန် မရွေးပေါက်ကွဲစေနိုင်သော ဗုံးတစ်လုံး ကို ကိုင်ဆောင်၍ သူငယ်ချင်း ဖြစ် ချင်ပါသည် ဆို လာသူအား မည် သူမှ ခင်မင်ချင် မည် မဟုတ်ပါ။ထို သို့သော user များ ကို ပထမ သတိပေးစာ ပေးပို့ ပါသည် ။ မရ လျှင် Bun ပါသည်။
တတိယ အချက် က မိန်းကလေး user တစ်ဦး မှ mail ပေးပို့လာခြင်းဖြစ်ပါတယ်။ မိန်းကလေး မကောင်းကြောင်းရေးသော Post များ ကို မတင်စေချင် ပါဘူးတဲ့ ။ တခြား ဆိုဒ် ၂ ခု က အဲ့ဒီpost တွေ ကို မြင် ရလို့ ဒီ ဆိုဒ် ကိုပြောင်း လာခြင်းဖြစ် ပါတယ် တဲ့ ။ ကျမ အနေ နဲ့ ပြောရ ရင် မိန်းမ မကောင်းကြောင်းရေးသောစာ ယောင်္ကျား မကောင်းကြောင်း ရေးသောစာ များ ..ဟာသ အနေနှင့် မဟုတ်ပါပဲ တရားလွန်လာရင်တော့ မကောင်းပါဘူး ။ ထိုကဲ့သို့သော သူများ ဥပမာ ပေးရ မည်ဆိုလျှင် ………လူတစ်ယောက် က မုန့်ဟင်းခါး အရမ်း ကြိုက်သည် ဆိုပါက မုန့်ဟင်းခါးဆိုင်တွေ့ တိုင်း သူ စားပါလိမ့် မည် ။ ထို့ကြောင့် သူသည် ကောင်းသည် မကောင်း သည် ကို ဝေဖန်နိုင်မည် ။ ထို့ အတူ မိန်းမ မကောင်းကြောင်း ၊ယောင်္ကျား မကောင်းကြောင်း သိသော သူများသည် ဆန့် ကျင်ဖက် ယောင်္ကျား မိန်းမ များ နှင်း မလွတ် ကင်း နိုင် ကြလို့ ပါ။ လောက တွင် ကျားမရှိသောနေရာ ၊ မ ..မရှိသောနေရာ ၊ မရှိပါဘူး ။ ဖို နဲ့ မ က ကင်းကွာလို့ မရပါဘူး ။ ဒါ့ကြောင့် ထိခိုက်နစ်နာ စေလိုသော သဘော ဖြင့် Post မျာ ကို တင်လာမည် ဆို ပါက ပြဿနာ ကြီး မဖြစ် အောင် ပယ်ဖျက် ပါမည် ။ မထိခိုက်စေ သော စကားလုံး များ ကို ဟာ သ တစ်ခု အနေ နှင့် တင်ပြ လာပါ က Approve ပေးပါမည်။
Myanmar Friends Day ဆိုဒ်တွင် စာရေး ကောင်းသော ကလေး များ ရှိနေ သည့် အတွက် ကျမ ဂုဏ်ယူပါတယ် ။ ကလေး များ သည် ကျမ ထက် အဆ ပေါင်းများ စွာ တော်ကြပါတယ် ။ ကျမ သူတို့ စာများ ကို ဖတ်နေ ရသည့် အတွက် စာ မရေးဖြစ်ပါဘူး ။ ကွန်ပျုတာ ဖွင့်တာ နဲ့ ဆိုဒ် ကို ဖွင့် ရပါတယ်။ တင်သင့် တဲ့ post ၊ မတင်သင့် တဲ့ post ၊ FWD Mail ကို သုံးထား သလား ၊ သုံးထားရင်လည်း mail ပို့ ၊ user တစ်ယောက်တည်း က တစ်ရက်တည်း နှင့် post ကို တစ်ခုထက် ပိုတင်ထားလား တင်ထားရင်လည်း mail ပို့ ပြု လုပ် ရပါတယ် ။ကျမ အလုပ် မှာ ကျမ ပျော်ပါတယ် ။ စာဖတ်ရ လို့ ပါ။ကျမ စာရေးချင်သော်လည်း မရေးအား ပါ။ ဒီစာ ကို အချိန်ပေးပြီး ရေးထားပါတယ် ။
Feature Post ကိုလည်း ရသ စုံအောင် တင်ပေးထားပါသည်။ လိုအပ်ချက်များ ၊ အမှား အယွင်း များ ရှိခဲ့ လျှင် member များ အနေ နှင့် အကြံ ပေးစာ များ ကို Admin များ ထံသို့ ပေးပို့ နိုင်ပါသည်။
MYANMAR FRIENDS DAY သုံးစွဲ သူ Menber (user) များ ကိုယ်စိတ် နှစ်ဖြာ ကျန်းမာ ၊ချမ်းသာစွာ နှင့်  ပျော်ရွင် ကြ ပါစေ လို့ မေတ္တာ ပေးပို့ လိုက်ပါတယ် ။
လေးစားစွာဖြင့်
အေးချမ်းဖြူ
ခုမှပေါ်လာတဲ့ စကားမဟုတ်ပါဘူး။ ကျမ မြန်မာစာ နဲ့ကျောင်းတက်တော့ ပါဠိဘာသာ
ကို English နဲ့ တွဲသင်ရတဲ့ paper တစ်ခု သင်ယူရ ပါတယ် ။ English က ကမ္ဘာသုံး ဘာသာ စကားတစ်ခုဖြစ်တော့ အသံထွက် အနေ နှင့်  မည်သည့် ဘာသာမဆို သုံးစွဲ
ကြရပါတယ်။.ဥပမာ..Japanese သင်ယူ သူတွေ အတွက် Romaji ဆိုတာ Japanese
ကို English နှင့် တွဲရေး ရတာပါ။
How are you ?( ogenki desu ka? )
ကျမ သူငယ်ချင်း များ ထဲ တွင် Burglish နှင့် မြန်မာ Font လုံးဝ မချပ်သော သူများ ရှိတယ်။သူတို့ နှင့် Chat သောအခါ ကျမ မှာ Dictionary ၂ အုပ်နှင့်အလုပ်
ရှုပ် ရတော့ သည်။ ဒါပေမယ့် ကျမ English တော့ တိုးတက် လာပါတယ်။
Internet ခေတ်ကျယ်ပြန် လာသောအခါ မြန်မာ နိုင်ငံ မှာ Internet သုံးစွဲသူ
လူဦးရေ ပိုမို များပြားလာပါတယ်။ ဒါပေမယ့် Burglish ကတော့ သုံးစွဲ ကြတုန်းပါပဲ ။
Chatting မှာတော့ Burglish ကပြဿနာ မရှိပေမယ့် ကိုယ်တိုင်စာရေး ချင်တယ် .
.ကဗျာ တွေ ၊၀တ္ထုတွေ ရှိနေတယ် မြန်မာ Font မရိုက်နိုင်တော့ ရေးလို့ မရဘူး ....
ကျမ လည်း အဲ့ဒီ ဒုက္ခ ကြုံခဲ့ဖူးတယ်။ ကျမ အကို ဆီ ကျမ သွားလည် တော့
ကျမ စာကလည်းရေးချင် ကျမ အကို ကွန်ပျူတာ ကလည်း မြန်မာ စာ ဖတ် လို့ ပဲ ရပြီး
ရေးလို့ မရ သူငယ်ချင်းတွေ နဲ့ ချပ်တော့လည်းအားမရ ကျမ မှာ ဒုက္ခတွေ ရောက်နေ
တာ ။
တစ်ရက် ကျတော့ စုဘူးဆိုဒ် မှာ ဆိုးကေလာက ဒီ ဆိုဒ် လေး ကိုတင်ထား
တာ တွေ့ တယ်။ ကျမလည်းတော် တော် ၀မ်းသာ သွားတယ် ။ အဆင်ပြေသွားတယ်
ဆို ပါတော့ .အခု ကျမ ဖြန့်ဝေ လိုက်တယ်နော် ။
ရေးပုံရေး နည်း က ဆိုဒ် ကို click လိုက်ရင် Box ကလေးကျလာပါလိမ့်မယ်။မိမိ
ရေးချင်သော စာ တစ်လုံးချင်းရိုက် ရှာပါ ။
ဥပမာ ...ka လို့ ရိုက်လိုက်ရင် ... က ..နဲ့ ပတ်သက်တာတွေ ကျလာမယ်
hote လို့ ရိုက် လိုက်ရင် ... ဟုတ် ..... ကျလာပါလိမ့် မယ်
လိုချင်သော စာလုံးကို click ၍ ရွေး နိုင်ပါတယ် ။ရေးပြီးလျှင် copy ၍ မိမိ နှစ်သက် ရာ
နေရာ တွင် paste ချနိုင်ပါတယ် ...။
http://burglish.my-mm.org/latest/trunk/web/testarea.htm
အားလုံးပျော်ရွင် ကြပါစေ..........။
သူကလေးများလန့်နိုးသွားမလားလို့ ကြည့်လိုက်တော့ သူမနဘေးမှာ
နှစ်ခြိုက်စွာအိပ်မောကျနေတယ် ..........။
နာရီ ကိုကြည့်လိုက်တော့မနက် ၃နာရီ ကျော်ကျော်.............
ပြတင်းပေါက် လိုက်ကာကြား မှ လရောင် တချို့ တဝက်သူ့မျက်နှာလေး
ပေါ်ကျနေတယသူမလက်ကလေးကို သူ့လည်ပင်း အောက် အသာအရာ
လျှို အလိုက်မှာ....
"အင်း" သူကလေး ကိုယ်လုံးလေး လူးလွန့်ရင်း လက်ကလေး တဖက်က
သူမ ရဲ့ ခါးကို လာဖက်တယ် ။ သူမ သူ့ရဲ့ ကျောပြင်လေး ကိုပွေ့ဖက်ရင်
သူ့နဖူးပေါ်ကျ နေတဲ့ဆံနွယ်ခွေလေးကို အသာအရာဖယ်လိုက်တယ်
သူမ ရင်ထဲမှာတော့ ချစ်ခြင်းတွေအ ပြည်,.......................။
မျက်လုံးလေးမှိတ်ထားပေမဲ့ မျက်တောင်ကော့လေးတွေ သူ့ပါးပြင်မှာ အရိပ်လေးထင်နေတယ်
နှာတံပေါ်ပေါ် နှုတ်ခမ်းထူထူလေးက ခပ်ဟ..ဟ
ဪ ........ချစ်လိုက်ရတာ ..............။
..................................................................................................
လွန်ခဲ့သော ခြောက် နှစ် သူမ ဘဝထဲ သူကလေးဝင်ရောက်လာတဲ့ အချိန် မှစ၍ ဒီနေ့ထိ
သူမကိုစိတ်ညစ်စေမှူ့ တစုံတရာ မပေးပဲ အစဉ်ထာဝရ အေးချမ်းစေခဲ့သူ
သူမအတွက် အလုပ်တွေဘယ်လောက် ပင်ပန်းပါစေ သူ့မျက်နှာ လေးမြင်လိုက်ရင်ပဲ
သူမရဲ့ဘဝ အမောတွေ ပြေစေခဲ့သူ သေဆုံးပြီးသော သူမဘဝ ကို တဖန် ပြန်လည်
ရှင်သန်စေခဲ့သူ...........................
လွန်ခဲ့သော ခြောက်နှစ်ကျော် သူမဘဝထဲ သူ,မရောက် ခင်ကသူမ စိတ်ဓာတ်တွေ အောက်ဆုံးထိကျဆုံးချိန်
မင်္ဂလာ ဆောင်ခါနီးမှ ရုတ်တရက် ဝေးလွင့် ခဲ့တဲ့ သူမရဲ့ ချစ်သူ ။ အချစ်, ပျော်ရွှင်ခြင်း, အနာဂါတ်, ဘဝ, အသက်ရှင်ခြင်း, အားလုံးအားလုံး..ရုတ်တရက် မီးလောင် တိုက်သွင်း ခံရသလို သူမတကိုယ်လုံးပူ လောင်လို့
သူမသက်ရှိဘဝကို စွန့် ခွါ ဖို့ ဆုံးဖြတ်ခဲ့တယ်......
ဒါပေမဲ့ ကံတရား ကသူမ ချစ်ရသူနောက်လိုက်ခွင့်မပေးခဲ့ဘူး
သူကလေး သူမဘဝထဲ ဝင်ရောက်လာလို့ပေါ့ .............
အားလုံး အားလုံး က သူ့ကို လက်မ ခံဖို့ သူမကို ကန့်ကွက်ကြတယ် ။ ပတ်ဝန်းကျင် ရဲ့ကဲ့ရဲ့မှူ့ကိုဆန့်ကျင် ပြီး
သူ့ကို သူမ ဘဝထဲ ဆွဲခေါ်ခဲ့တယ်ပြီးတော့အားလုံး သောသူတွေနဲ့ဝေး ရာဆီ သို့သူကလေးကို ခေါ်ဆောင်၍
သူမဘဝကို တဖန်ပြန်စခဲ့တယ်.......
သူကလေးကအမှန်အမှား စဉ်းစားခွင့်မပေးခဲ့ဘူး.........
သူမချစ်သူနဲ့သူမရဲ့ အမှတ်တရပေါင်းများ စွာ သူကလေးဆီ မှာ
သူမ ချစ်ခြင်းတွေသူမ ရဲ့ပြန်လည်ရှင်သန်ခြင်းတွေ
အားလုံး သူကလေးအပေါ် ပုံအပ်ရင်.......
သူမအတွေးလေးနဲ့ သူကလေးကိုတင်းတင်းလေးဖက်လိုက်တော့....
"မေမေ သားသား အသက်ရှူ ကြပ် တယ်"
သူမဝေ့လာတဲ့ မျက်ရည်လေးကိုသားမ မြင်အောင် ခတ် ရင်း
သူမလက်ကိုအသာအရာ လျှော့ လိုက်တယ်
သူမချစ်သူရဲ့ကိုယ်ပွါး သူမရဲ့ အားအင်းသစ်လေး ချစ်ရတဲ့ သားလေးနဖူးလေးကို
ကြင်ကြင်နာနာငုံ့မွှေးလိုက်တယ်
ပီတိ နှင့် ပျော် ခဲ့ရတဲ့နေ့ ( ဆည်းဆာရိပ် ဘိုးဘွား ရိပ်သာ သို့ လှူဒါန်းသော အောင်မြင် မှူ့မှတ်တမ်း ၅ . ၉ . ၂၀၁၀ )
Ma Aye Chan Phyu | | Labels: ဆောင်းပါး
ချိန်းဆို ထား သော နေရာမှ လူစုံသော အခါ ကိုသီဟ
ကား တစ်စီ ၊ နောက်ထပ် ကား ၂ စီး ငှား ၍ ဆည်းဆာ ရိပ် သို့ ချီတက် ခဲ့ပါတယ် ။ဟိုရောက်တော့ တာဝန် ရှိသူ များ စောင့်ကြိုနေ ပါတယ် ။
အခမ်းအနား စတင် ပုံလေး ပါ ။
အလှူငွေ ပေး အပ်စဉ် ............။
အလှူငွေ အားလုံး ၆၂၀,၀၀၀ ( ခြောက်သိန်း နှစ်သောင်းတိတိ ရ ရှိ ပါသည် ) ။
တာဝန်ရှိသူ အဘ မှကျေးဇူးတင် စကား ပြောကြား ပါသည် ။
ကိုစိုးဝင်းအောင် နှင့် ကိုသီဟ မှ တစ်ချပ် လျှင် ၁၅,၀၀၀ တန် ကော်ဇော တစ်ချပ် စီ သီးသန့် လှူဒါန်း ပါသည် ။
အေးချမ်းဖြူမှ Asia အချိုရည် ၂ ကဒ် ၊ ကော်ဘရာမှ Max အချိုရည် ၂ ဗူး ၊Ovaltine ၂ ဗူး ၊ ပေါင်မုန့် ၂ လုံး ၊ Kao ဆပ်ပြာခဲ ၊ ဖုန်းလေး မှ လင်ဇီး လိမ်းဆေး ၁ ဒါဇင် သီးသန့် လှူဒါန်း ။
ဂုဏ်ပြုမှတ်တမ်းလွှာ လက်ခံ ယူ စဉ် ။
သွားရောက် ခဲ့ ကြတဲ့ အဖွဲ့ ဖြစ် ပါသည် ။
ဂုဏ်ပြု လွှာ ဖြစ်ပါသည် ။
အလှူငွေ လက်ခံဖြတ်ပိုင်း ဖြစ် ပါသည် ။
ဆည်းဆာရိပ် ဘိုးဘွားရိပ်သာအတွက်
အလှူရှင်များထံမှကောက်ခံရရှိသော အလှူငွေစာရင်း
စဉ်............နေ့စွဲ.......................အမည်.................မြို့/နယ်................သင့်ငွေ
၁။.............၁၉-၆-၂၀၁၀............ပန်းသခင်..............ထိုင်ဝမ်.................၅၀၀၀၀ိ
၂။.............၁၃-၇-၂၀၁၀............အေးချမ်းဖြူ............ရန်ကုန်.................၃၀၀၀၀ိ
၃။.............၁၃-၇-၂၀၁၀...........စိုးဝင်းအောင်............ရန်ကုန်.................၂၀၀၀၀ိ
၎။.............၃၀-၇-၂၀၁၀............KoKi...................ရန်ကုန်..................၅၀၀၀ိ
၅။.............၃၁-၇-၂၀၁၀............THIHA.................ရန်ကုန်.................၂၅၀၀၀ိ
၆။.............၃၁-၇-၂၀၁၀............ယောယုဝ...............ရန်ကုန်..................၃၀၀၀ိ
၇။.............၃၁-၇-၂၀၁၀............ယုဝမ်....................ရန်ကုန်.................၂၀၀၀ိ
၈။.............၈-၈-၂၀၁၀..............shinnihnmoon......ရန်ကုန်................၁၀၀၀၀ိ
၉။.............၈-၈-၂၀၁၀..............zawminoo...........ရန်ကုန်................၂၀၀၀၀ိ
၁၀။...........၈-၈-၂၀၁၀...............phyulay..............ထိုင်ဝမ်................၁၀၀၀၀ိ
၁၁။...........၁၀-၈-၂၀၁၀.............အောင်အောင်(၈၄).....ရန်ကုန်.................၅၀၀၀ိ
၁၂။...........၁၀.၈.၂၀၁၀..............ရှင်းသန့်.................ရန်ကုန်...............၃၀၀၀၀ိ
၁၃။...........၁၂.၈.၂၀၁၀..............တောကူးကူးလေး........လားရှိုး...............၁၀၀၀၀ိ
၁၄။...........၁၂-၈-၂၀၁၀............ဦးတိက္ခာစရိယ............Australia.................။
၁၅။...........၁၂-၈-၂၀၁၀............ကိုအောင်လင်းကျော်......Australia.................။
၁၆။...........၁၂-၈-၂၀၁၀............ကိုဌေး.....................Australia.................။
၁၇။...........၁၂-၈-၂၀၁၀............ကိုမြတ်ရွှေ.................Australia.................။
၁၈။...........၁၂.၈-၂၀၁၀.............ကိုရဲဝင်း...................Australia........၁၁၀၀၀၀ိ
၁၉။...........၂၁.၈.၂၀၁၀.............phone...................ရန်ကုန်..............၁၀၀၀၀ိ
၂၀။............၂၄.၈.၂၀၁၀............ရွှေစင်ဦး...................မန်းလေး....................။
၂၁။............၂၄.၈.၂၀၁၀............လေးလေးခိုင်..............မန်းလေး.............၃၀၀၀၀ိ
၂၂။............၂၅.၈.၂၀၁၀............hnin setlin.............ဂျပန်.................၅၀၀၀၀ိ
၂၃။.............၂၇.၈.၂၀၁၀...........ဒေါ်ခမ်းရွှေမိသားစု........သီပေါ................၅၀၀၀၀ိ
၂၄။.............၁.၉.၂၀၁၀.............ဘေဘိုးတူနှင့်မောင်နှမများ(ရန်ကုန်)............၁၀၀၀၀ိ
၂၅။.............၁.၉.၂၀၁၀.............ဦးသက်ခိုင်..................ရန်ကုန်.............၁၀၀၀၀ိ
၂၆။.............၂-၉-၂၀၁၀...........လရောင်.....................ရန်ကုန်.............၁၀၀၀၀ိ
၂၇။..............၂-၉-၂၀၁၀...........ဘကြိုင်.....................ရန်ကုန်.............၁၀၀၀၀ိ
၂၈။......(၂-၉-၂၀၁၀)(မြန်မာသူငယ်ချင်းများနေ့ဝေယျာဝစ္စအသင်း)(မန္တလေး)........၃၀၀၀၀ိ
၂၉။.............၃-၉-၂၀၁၀..........ငြိမ်းငြိမ်းအေး................ရန်ကုန်................၂၀၀၀ိ
၃၀။.............၃-၉-၂၀၁၀..........လွင်မီညွန့်လှိုင်...............ရန်ကုန်................၂၀၀၀ိ
၃၁။.............၃-၉-၂၀၁၀..........ဆွေဆွေဝင်း..................ရန်ကုန်...............၁၀၀၀ိ
၃၂။.........၄.၉.၂၀၁၀(မြန်မာသူငယ်ချင်းများနေ့ဝေယျာဝစ္စအသင်း)(မန္တလေး)........၂၀၀၀၀ိ
၃၃။.............၅.၉.၂၀၁၀.......chocolatecupidလေး..ချောကလက်မြို့တော်....၁၀၀၀၀ိ
၃၄။.............၅.၉.၂၀၁၀.............ခင်မေခ...............ချောကလက်မြို့တော်....၁၀၀၀၀ိ
၃၅။.............၅.၉.၂၀၁၀.............လရောင်.....................ရန်ကုန်............၁၀၀၀၀ိ
၃၆။.............၅.၉.၂၀၁၀.............အိရင်း........................ရန်ကုန်............၁၀၀၀၀ိ
၃၇။.............၅.၉.၂၀၁၀.............တေဇထွန်း..................ရန်ကုန်..............၅၀၀၀ိ
၃၈။.............၅.၉.၂၀၁၀.............ကော်ဘရာ...................ရန်ကုန်..............၅၀၀၀ိ
၃၉။.............၅.၉.၂၀၁၀.............ပန်းသခင်.....................ထိုင်ဝမ်..............၅၀၀၀ိ
စုစုပေါင်း(၅-၉-၂၀၁၀)၆၂၀,၀၀၀ိ(ခြောက်သိန်းနှစ်သောင်း)
အလှူ ငွေများ လှူဒါန်း ပြီးသော အခါ တာဝန်ရှိသူ အဘ မှ
ကျေးဇူးတင် စကား ထပ် မံပြောကြား ၍ စကား စမြည် ပြောကြည့် ရာ တစ်ခါတစ်ရံVolunteer များလိုအပ်ကြောင်း ပြောပါ တယ် ။ ကျမ လည်း ဆက် သွယ်ရန် ဖုန်းနံပါတ် များ ပေး၍ တတ်နိုင် သလောက် လူ စုပြီး လာမည့် အကြောင်းပြောကြားခဲ့ ပါသည် ။ member များအနေဖြင့် အားလျှင် Volunteer အနေနှင့်လိုက်ပါစေချင် ပါသည် ။
ကျမ
ချောကလက် မြို့တော် ကိုကျေးဇူးတင် စကားပြောချင်ပါတယ် ။ အားလုံး သိ ကြ ပြီးတဲ့
အတိုင်း မြို့စားလေး သည် အရင် က ကျမ တို့ Myanmar Friends Day Adminဟောင်းတစ်ဦး ပါ ပဲ ။ လှူဒါန်း မည့် ရက် ရောက်တော့ Chocolate Myotaw မှ Adminတစ်ဦး ဖြစ်သူ Chocolate Cupid လေး နှင့် member တစ်ဦး ဖြစ်သူခင်မေခ တို့ ၂ဦးရောက် ရှိ လာပါတယ် ။ မြို့စား လေး မှ သွားရောက် ရန် request လုပ် ၍ ပါတဲ့ ။ ငွေများ ကိုလည်း လှူဒါန်း သွားပါ တယ် ။ အဲ့ဒီအတွက် Chocolate Myotaw ကို ကျေးဇူး အထူး တင်ကြောင်း ပြောကြားလို ပါတယ် ။နောင်ကို လည်း အခုလို ပဲလာရောက် ပူးပေါင်း ပေးပါလို့တောင်းဆို ပါ တယ် ။
ကျမ တို့ Myanmar Friends Day ရဲ့အောင် မြင်မှူ့ မှတ်တိုင် တစ်ခု စိုက် ထူ နိုင် ပြန်ပါပြီ။လိုအပ်သော နေရာ တွင် လှူဒါန်းရ ခြင်း ၊ ထူးခြားသည် မှာ တစ်ချို့ ကလေးများမတွေ့ဘူး ပဲ နှင့် ရောက်ရှိ လာ ကြပြီး တခဏ အတွင်း ခင်မင်ရင်းနှီးစွာ ပျော်ပျော် ရွှင် ရွှင် ဖြစ်သွား ကြတာ ပါ ပဲ ။ အရမ်းပျော် ဖို့ကောင်း ပါတယ် ။
သင် ပြုမူသော ဒါန ၊ သီလ ၊ ဘာဝနာ ၊ စိတ်စေတနာ ၊ သင့်ရဲ့ဖြူစင်မှူ့  ၊ သင် လုပ် ဆောင်ခဲ့ သော မွန်မြတ်ကောင်းမွန် မှူ့ များ ကိုတစ်ပါးသူ များ မှ နှူတ် နှင့်သော်လည်းကောင်း ၊ စာနှင့်သော် လည်းကောင်းဖျက်ဆီး လို့ မရ ပါဘူး ။ အချိန်တန် လျှင် ယိုယွင်း ပျက်စီး မည်ဖြစ်သောခန္ဓာကိုယ် ကို သာ ဖျက်ဆီး ၍ ရနိုင်ပါသည် ။ မိမိ ကောင်းမွန် စွာလုပ်ဆောင်ခဲ့ သော အရာ အားလုံးတို့ သည် သင် ၏ နောက် သို့ လင်းလက် တောက်ပ စွာ နှင့်လိုက်ပါနေ အုံးမည် ဖြစ်ပါသည် ။ သင်၏ နောက်သို့ ကောင်မွန် မှူ့လေး တွေ ခေါ်သွား မလာ၊ မကောင်းမှူ့လေးတွေ ခေါ် သွားမလား အရာအားလုံး က သင့်ရဲ့စိတ်ထားပေါ်မှာ ရှိနေပါတယ် ။