Pages

မေ့စိတ် တွေ နွေးထွေး
သူ နဲ့ စတွေ တဲ့ အချိန် လေးက
စကားတွေ ပြော
အတွေးတွေ ဖလှယ်
ကြာလာတော့ မေ့ ရင်မှာ
ထူးခြားစွာ ခင်တွယ် တာ
သံယောဇဉ် ပါ လို့
မေ ..မညာချင် ခဲ့ ဘူး
............................................
တစ်နေ့ လေး မှ မတွေ့ ရင်
တစ်နေ့ လေး သာ လွမ်း
မေ့ အလွမ်းတွေ ပြည့်နေတဲ့အခါ
သူ က တော့
ဘယ်သူ့ ကို လွမ်း
ဘာတွေ ခံစား နေရ မှန်း
မေ သိချင် ခဲ့
....................................
သူ ပေါ့ပေါ့လေး ပြောတယ်
“ချစ်တယ် ”တဲ့
မေ့ သွေးကြောတွေ ယှက်ဖြာ
ရင် တွေ ခုန် လို့ ကြည်နူး
မေပျော် မြူးခဲ့ တာ
သူ ကတော့
ဘာကြောင့်
မသိခဲ့တာ လဲ
...................................................
ရင် တွေ ကွဲ မတတ် လည်း မချစ် ဘူး
ရူးအောင် လည်း မချစ် ဖူး
သေလောက် အောင် လည်း မချစ် ဘူး
ဒါပေမယ့် ....
ခံစားမိတာ ရိုးရိုးလေး ပြော မယ်

“မေ ချစ် တယ် ”


“လူဆိုတာ သူတို့ရဲ့ အချစ်ဦးကို ဘယ်တော့မှ မမေ့တတ်ကြဘူးတဲ့”

ထိုစကားကိုကျမ ကောင်လေးတစ်ယောက်ထံမှ..ကြားဘူးသည်။ထိုကောင်လေး..၁၆နှစ်အရွယ်တုန်းက
ဖုန်းထဲမှ နေ၍၂၅နှစ်အရွယ်..ကျမအား ရီးစားစကား ပြောသောအခါကျမရီနေခဲ့မိတယ် ။ ၉နှစ်ကွာသော
ထိုကောင်လေးနှင့်ကျမ
ချစ်သူတွေ မဖြစ်ခဲ့ကြပါ..ဒါပေမယ့်ဒီနေ့ထိသူ့အကြောင်း နှင့် သူ၏ များပြား
လှသော ရီးစားတွေအကြောင်းကျမထံ လာရင်ဖွင့်တတ်သည်။

သူ့နာမည် က “ဇော်”
ထိုစကား ကိုကျမ မေ့နေရာမှinternetသုံးသောအခါ အချစ်ဦးအကြောင်း မကြာခနမေးခံရသောအခါ
ကျမစဉ်းစားဖို့ဖြစ်လာတယ် ။အချစ်ဦးအကြောင်း စဉ်းစားဖို့အချစ်ဦး ဆိုတဲ့အဓိပ္ပါယ်ကိုသိမှဖြစ်မှာပေါ့ အကိုတွေနှင့် ကြီးပြင်းရသောကျမ ယောင်္ကျားလေးတွေကို စိတ်ဝင်စားစရာအဖြစ်မမြင်ခဲ့။ အထက်တန်း
ရောက်တော့ကျမပထမဆုံးရည်းစားစာရရှိတယ်..
အိမ်ရောက်တော့သူ့ရည်းစားစာကိုလူကြီးတွေလစ်တုန်း
ဖတ်တယ်...ဖွဲ့နွဲ့လွန်းသောသူ့စာကိုကျမနားမလည်.။
၂ခါပြန်ဖတ်တယ်နားမလည်..ကပ်ကျေးနှင့်တစ်စစီ ဆုတ်ဖြဲ၍ အမှိုက်ပုံး ထဲထည့်လိုက်တယ် ။ ရှင်မှီးအင်္ကျီဝတ်ဆဲ ကျမအား မိန်းကလေးအဖြစ် ပထမဆုံး အသိအမှတ်ပြုပေးသော ထိုသူ သည်ကျမ၏ အချစ်ဦးမဖြစ်ခဲ့..
သူ့နာမည်က“နိုင်”

ဆယ်တန်းအောင်ပြီးသောအခါ တက္ကသိုလ်မတက်ခင် အားလပ်နေတယ်။မနက်တိုင်းနေမြင့်မှအိပ်ရာထ၍
မနက်၉နာရီခန့်ဆို ကော်ဖီခွက်လေးကိုင်ကာ အလုပ်သွား ကျောင်းသွားကြ ၍လွတ်နေသောအကိုတွေ
အခန်းဖက်သို့သီချင်းသွားနားထောင်လေ့ရှိတယ်။ ကျမတို့နေတာကဝန်ထမ်းတွေနေတဲ့တိုက်ခန်းရှည်..
ပြီးတော့အပေါ်ဆုံးထပ်..အကိုတွေနေတဲ့အခန်းရဲ့အနောက်တည့်တည့်မှာ ဘုန်းကြီးကျောင်းရှိတယ်။ တစ်နေ့သော မနက်ခင်းမှာ အကိုတွေရဲ့ကုတင်ပေါ်မှာ ထိုင်၍ ပြတင်းပေါက်ကို မေးတင်ပြီး သီချင်း

နားထောင်နေခိုက်.လူတစ်ယောက် ရေဖလားလေး ကိုင်ပြီးလမ်းလျှောက်လာတယ်..
ပုဆိုးသာဝတ်ထားပြီး
အင်္ကျီဗလာနှင့်တဘက်ကို လည်ပင်းမှာချရင်း လမ်းလျှောက်လာတယ်..ဆူညံသောသီချင်းသံ
ကြောင့်
ကျမရှိရာအပေါ်သို့တစ်ချက်မော့ကြည့်တယ်..ဝင်ဝါသောသူ့အသားနေရောင်တွင်ဝင်းလက်နေတယ်..

ပိန်ပါးပါးအရပ်ရှည်ရှည်လေးနှင့်..သူ့ခေါင်းမှာလှိုင်းတွန့်ဆံပင်လေးတွေရှိတယ်..ကျမကိုမော့ကြည့်တဲ့
မျက်ခုံးနက်နက်ထူထူလေးအောက်မှာလိုက်ဖက်ညီတဲ့ မျက်ဝန်းနက်နက်လေးတွေရှိတယ်..ချောလိုက်တာ
သူကိုကျမမမြင်ဖူးဘူး..အသစ်…
ပြောင်းလာတာဖြစ်မယ်..ထိုနေ့မှစ၍ ကျမ အလုပ်ရသည် သူ ရေချိုးသွားတာကို..သီချင်းနားထောင်ရင်းစောင့်နေမိတယ်.နေ့တိုင်းတော့မတွေ့။….တစ်ခါတစ်ရံ ကျမအောက်ကို ဆင်းသောအခါ တွေ့သည်။ ထိုအခါတိုင်း ကျမသည် သူ့ကိုဘယ်တော့မှ မကြည့်..
ရိပ်ကနဲသူ့ကို တွေ့
တာနဲ့ကျမ မြေကြီးကို ကြည့်လျှောက်သည်။ အသက်၁၇နှစ်သာ ရှိသေးသော အရွယ်ရောက်နောက်ကျ၍ ကလေးရုပ် မပျောက်သေးသော ကျမအားအသက်၂၅...၃၀ခန့်ရှိသော ထိုသူသည် ကလေး တစ်ယောက်ထက်ပို၍စိတ်ဝင်စားပုံမပေါ်တစ်ခါတစ်ရံဝရန်တာထွက်၍..အရုပ်များကို အင်္ကျီချုပ်ပေးရင်….ကျမ..အလုပ်ရှုပ် နေတတ်တာကိုမျက်စောင်းထိုးတစ်ဖက်ခန်းတွင်နေသော.သူမြင်ပေ
လိမ့် မည် ။နောက်တော့သူ အိမ်ပြောင်းသွားသည် ။ကျမတို့လည်းအိမ်ပြောင်းခဲ့သည်.
ဆန့်ကျင်ဖက်ကို ပထမဆုံးအနေနဲ့ စိတ်ဝင်စားခဲ့ပေမယ့် သူသည် ကျမ၏ အချစ်ဦး မဖြစ်ခဲ့..။
သူ့နာမည်က “ကျော်”

ဒီလိုနဲ့ တက္ကသိုလ်ပထမနှစ် ရောက်ခဲ့တယ်.. မိန်းကလေးသီသန့်ပေါင်းသော သူမတို့ အုပ်စုအား တော်ယုံလူမကပ်ရဲ..သူငယ်ချင်းများကလည်း တော်ရုံလူ လက်မခံ..ဒါပေမယ့်သူငယ်ချင်းများ ငြင်းစရာမရှိအောင် ပြည့်စုံသော သူတစ်ယောက် ကျမ အနားကို ရောက်လာတယ်..အပြစ်ပြောစရာ
မရှိအောင်တကယ်ပဲ ပြည့်စုံလွန်းတယ်.
ကျမမှ သူ့ကို “ချစ်လားမချစ်လား” သိပ်မသိ..သူငယ်ချင်းများ
က လိုက်ဖက်ညီသည် ဆိုကာအတင်းတိုက်တွန်းကြသည်။
မေမေ့ကို အစစအရာဖွင့်ပြောတတ်သော
ကျမ သဘောတူမည် ထင်ကာဖွင့်ပြောမိတယ် ။ ဒါပေမယ့်ကျမ ထင်တာ
မှားသွားတယ်..သမီးတစ်
်ယောက်တည်း ရှိသောမေမေသည် ကျမသူ့ထံမှာခွဲထွက်သွားမှာစိုးရိမ်ကာမျက်ရည်စတွေနှင့်

ပြင်းထန်စွာ ကန့်ကွက်သည်..။ ပန်းပွင့်လေးများ မပါပဲ ရိုးစင်းသော စာအိပ်လေးထဲတွင်သူ့အတွက်
်ပြန်စာလေး
ထည့်ရင်း သူငယ်ချင်းမှတစ်ဆင့်ပေးခိုင်းလိုက်တယ်။ သူသည်လည်းကျမ၏အချစ်ဦးမဖြစ်ခဲ့။
သူ့နာမည်က“စိုး”

ကျောင်းပြီးသွားတော့အလုပ်မလုပ်ဖြစ်သေး၍အိမ်မှာပဲနေဖြစ်သည်။အားရင်သူငယ်ချင်းများနှင့်ဖုန်း
ပြောဖြစ်သည်။
သူ့ကိုတော့ဖုန်းထဲ မှသိကျွှမ်းခဲ့သည်။ သူခေါ်ဆို သော နာမည်မရှိဘူး ပြော
သော်လည်း သူ ခနခနပြန်ခေါ်နေတယ် ။
ပထမတော့ နောက်နေတယ်ပဲထင်တာ..သူက ဖုန်းလိုင်း
တွေပူးနေကြာင်း နှင့်ဖုန်းနံပါတ်တစ်ခုပေး၍ဆက်ပေးရန်
တောင်းဆိုလာတယ်..ဒီလိုနဲ့ ကျမတို့ ခင်ခဲ့ ကြတယ်..သူနေသောမြို့နယ်နှင့်ကျမနေသောမြို့နယ်က ကပ်လျှက်..ဒါပေမယ့်မတွေ့ဖြစ်..သူက တောင်းဆိုသော်လည်း ကျမ ငြင်းပယ်ခဲ့တယ်...


မကြာခင် ကျမမွေးနေ့နီးလာခဲ့တယ်..မွေးနေ့ပွဲသို့လာရန်ဖိတ်သော်လည်း...သူက အပြင်သို့လိုက်
ကျွှေးရန်
တောင်းဆိုခဲ့တယ်..ကျမလည်းလက်ခံခဲ့တယ်..မွေးနေ့ညနေပိုင်းရောက်တော့သူငယ်ချင်း
ကိုခေါ်၍ထွက်လာခဲ့တယ်.
.ချိန်းသောအချိန်ထက် အနည်းငယ် နောက်ကျပြီးမှ ကျမတို့သွားကြတယ်…
.ချိန်းဆိုထား သောနေရာသို့ရောက်တော့ကျမ ရီချင်သွားတယ်..ကျမ စိတ်ကူးထဲမှသူပြောပြခဲ့ဘူး
သော သူ့ပုံစံနှင့်လွဲမှားစွာ
ခပ်ဝဝတစ်ယောက် ထိုင်နေသည် ။ မထူးတော့ပြီမို့ကျမ သူရှိရာသို့
လှမ်းလာခဲ့တယ်..ကျမက အဝတ်အစားကို သူ့ကို ပြောပြ ခဲ့သော
ပုံအတိုင်း ဝတ်ခဲ့သည်.
.ထိုလူက ကျမကို မကြည့်..ကျမကသူ့ကို ကြည့်ရင်းလျှောက်သွားတယ် ။ အနားရောက်ခါနီးမှ

ကျမနား “ဗြုန်း” ဆိုလူတစ်ယောက် လာရပ်တယ်..အရပ်၅ပေ ကျော်လေးသာရှိသော ကျမ
၆ပေ နီးပါးရှိသောသူ့ကို
မော့ကြည့်ရင်းပါးစပ်အဟောင်းသား ဖြစ်သွားတယ်..ဖုန်းထဲတွင် ရင်းနှီးပြီး
သောသူ့ပုံစံ .သူနှစ်လို့ဖွယ်ရာပြုံးပြတယ်......
ကျမတို့၂ပတ် တစ်ခါခန့်တွေ့ဖြစ်တယ်.
.ညတိုင်းနီးပါးဖုန်းပြောဖြစ်တယ်..ဒါပေမယ့်ကျမမှာ သူ့ဖုန်းနံပါတ်၊ကျမ
address book ထဲက
သူ့လက်ရေးနှင့်သူ့လိပ်စာ၊သူ့မွေးသက္ကရာဇ်ရယ်ကလွဲလို့ဘာမှမသိ..မေးလည်းမမေးခဲ..ပြော
ဖြစ်တဲ့
စကားတွေက အစား၊ သီချင်း၊ ရုပ်ရှင်..တခြားအကြောင်းတွေ၊ သူက ရုပ်ရှင်အရမ်းကြိုက်သည်။
ရုပ်ရှင် တူတူကြည့်
ဖြစ်တယ် ။ နိုင်ငံခြားဇာတ်ကားများကိုသူကဘာသာပြန်ပေးတယ်..ရုပ်ရှင်ရုံထဲရောက်ရင်သူ..
ကျမကို မေ့နေတတ်တယ်.
.အဲ့လောက်ထိသူ ရုပ်ရှင်ကြိုက်တယ် ။ရုပ်ရှင် မကြည့်အားတဲ့နေ့ တွေဆို
ကား လျှောက်မောင်းတယ်..တစ်ခုခုစားပြီး မှာ အိမ်နား နီးနီး ထိလိုက်ပို့ တယ်..
ကျမ အားချစ်တယ်လို့
လည်း တစ်ခါမှ မပြောခဲ့၍ကျမကလည်းချစ်တယ်လို့မပြောခဲ့။ ချစ်သူနှင့်တူသော အပြုအမူများ
လည်း
တစ်ခါမှ မပြုမူခဲ့။ ထို့ကြောင့်လည်း သူ့သိက္ခာကို ယုံကြည်စွာ နှင့်သူချိန်းဆိုတိုင်း တွေ့ဖြစ်သည်။
တစ်နေ့ ထိုတစ်နေ့ပေါ့သူ့ကို နောက်ဆုံးတွေ့ရမယ့် ရက် ဟုမထင်ခဲ့..ထိုနေ့က ကျမ သွားစရာ
ရှိ၍ ရုပ်ရှင်မကြည့်ဖြစ်.Snack..သွားစားကြသည်။……တစ်ချိန်လုံး အေးအေးချမ်းချမ်းပါပဲ..အပြန်ကျ
တော့ကျမ၏ ယောင်းမအိမ် သွားစရာရှိ၍ အိမ်နားအထိ လိုက်ပို့သည်။ ကျမကားပေါ်က ဆင်းခါနီးကျ
တော့ကျမလက်နှစ်ဖက်ကို
ရုတ်တရက်..ဆွဲ၍ ကျမလက်ဖမိုးကို ဖွဖွ နမ်းတယ်..ပြီးကျမ လက်ဖဝါးတွေ
ကို သူ့ပါးပြင်မှာ ကပ်ထားတယ်..ကျမလည်း
ရုတ်တရက် ဘာပြောရမှန်းမသိ ဖြစ်သွားတယ်..သူ့
လက်ဖမိုးလေးတွေကို ကျမ မျက်နှာနားကပ်ပေးတယ်..
ဘယ်ညာညီညာစွာ လှပတဲ့ကျမနှစ်သက်တဲ့ သူ့လက်ဖမိုးလေးတွေက ညင်သာစွာနမ်းမိတယ်..ကျမရင်ထဲ မှာ မပျော်ပဲတစ်မျိုးခံစားရတယ်...........
အဲ့ဒီ နောက်ပိုင်း သူနှင့်ကျမ မတွေ့ဖြစ်တာကြာခဲ့တယ်။ ကျမ ဖုန်းဆက်တော့လည်းသူနှင့်မတွေ့။ ကျမ ထံလည်း သူ ဖုန်းမဆက် ။ အရင်ကသူဖုန်းဆက်သည့် အခါတိုင်းကျမနှင့်တိုက်ရိုက်မတွေ့လျှင်
ဖုန်းကို ချပစ်တတ်သည်။

တစ်နေ့ဖုန်း လာသံကြားပြီး ကျမအကို၏ ပွစိပွစိသံကြားသောအခါ..ကျမ...ကျမအခန်းသို့ပြေး
တက်၍သူ့ထံ
ဖုန်းဆက်လိုက်တယ်..သူ့အသံကြာရသောအခါကျမပျော်သွားတယ်..
“ဒီတစ်ပတ်အားလား” သူမေးတယ်..

သူ့အတွက်အမြဲ…..အားနေသော ကျမ “အင်း”လို့ပြောလိုက်တော့သူက အချိန်ကိုပြောတယ်..
နေရာကတော့သူလာခေါ်နေကျနေရာ..ဒါပေမယ့်..ပျော်နေတဲ့အပျော်လေးကသူ့ရဲ့နောက်ဆက်တွဲ
စကားကြောင့်
ကြာရှည်မခံလိုက်..သူပြောတဲ့စကားက .
.“ဒီတစ်ခါတွေ့ရင်အရင်တုန်းကလိုပြန်မလွှတ်တော့ဘူး”….သူဖုန်းချသွားတယ်...
သူ့ စကားအဓိပ္ပါယ်က ကြောက်စရာကောင်းသလိုပဲ ကျမထင်မိတယ်...သူချိန်းဆိုတဲ့ရက်က

“ဧပရယ် ၁ ရက်”

ထိုရက်ကို မရောက်ခင်သွားသင့်လားမသွားသင့်လားကျမခေါင်းပူစွာစဉ်းစားရတယ်..ကျမတို့ချစ်သူတွေ
မဖြစ်သေး
.သူ့စကားကမကောင်းတဲ့…အဓိပ္ပါယ်ဆိုကျမသွားရင်ကျမအမှားဖြစ်လိမ့်မည်..ချစ်ကြောင်းဖွင့်
ပြောမှာဆိုရင် တော့ ကျမ မသွားလျှင် သူ့ ကိုဆုံးရှုံးရမည်....
သူနှင့် ချိန်းဆိုသောရက်မတိုင်ခင်
်ညမှာ ကျမပိုင်နိုင်သော ဆုံးဖြစ်ချက်ကိုချပြီး သူ့ကိုဖုန်းခေါ်လိုက်တယ်..
သူဖုန်းလာကိုင်တယ်
“မနက်ဖြန်ခရီးထွက်မှာမို့ မလာနိုင်တော့ဘူး”..သူက..
“ဘယ်လောက်ကြာမှာလဲ”..
“မသိသေးဘူး”
“ဟိုရောက်ရင်ဖုန်းဆက်ပေး”
“သွားမယ့် နေရာကဖုန်းမရှိဘူး” ..
“ဒါဆိုပြန်ရောက်ရင်ဆက်နော်”
“ဟုတ်” ....
သူမ နှုတ်ဆက်စကားမဆိုပဲ ဖုန်းချလိုက်တယ်..ပြီးသွားပြီ...ကျမလည်းတစ်ကယ်ပဲ ခရီးထွက်ခဲ့တယ်.ခရီးကပြန်ရောက်တော့သူ့ထံ ကျမဖုန်းမဆက်တော့ ....
လက်တွေ့ဘဝဆိုတာ ဝတ္ထုလိုကိုယ်လိုရာဆွဲလို့ မရတော့ ကျမ သွားလိုက်လို့မဖြစ်သင့်တာတွေ ဖြစ်ရင် ကျမဘဝ ဆုံးရှုံးလိမ့်မည်..မသွားဖြစ်တဲ့အတွက်သူ့ကိုဆုံးရှုံးရပေမယ့်ကျမမှာလှပတဲ့အမှတ်တယလေး
တွေရှိတယ်…..
ဖုန်းလာပြီး မပြောပဲချချ သွားလို့ ကျမ အကိုရဲ့ မကျေနပ်သံတွေ ကြားနေရပေမယ့်ကျမဖုန်းပြန်မဆက်တော့အိမ်ပြောင်းလာ၍အိမ်လိပ်စာအသစ်ကိုလည်းသူမသိ..
သူ့ကိုသတိယသော စိတ်ကို
သူ့စကားတစ်ခွန်းဖြင့်မေ့နိုင်အောင်ကြိုးစားခဲ့တယ်.

သတင်းစာဖတ်လျှင်နာရေးတွေအကုန်ဖတ်တတ်သော ကျမအကျင့် ..တစ်နေ့ အသက်၁၀၀ ရှိသော
အဖိုးအို၏နာရေး ကိုတွေ့သောအခါ ထိုအဖိုး၏ များပြားလှသော သားသမီးများနှင့်ဆန်းကျယ်သော
မြေးများ၏
နာမည်များ ထဲတွင်သူ့နာမည် ပါလာသည် ။ အိမ်လိပ်စာလည်းမှန်နေ၍ သူမှတစ်ပါးမဖြစ်နိုင်.
.အဲ့ဒီ ကျမှ
ကျမ သူ့ ဘွဲ့နှင့်အလုပ်အကိုင်ကို သိတော့တယ်...ကျမအံ့သြမှု့ ကဒီတင်မရပ်.
.နောက်ထပ် ထို အဖိုး၏ နောက်ထပ် သားသမီးတစ်ယောက်၏မြေးများရေးထားသော နာရေး ကိုကျမဖတ်တော့မှလန့်သွားခဲ့သည်..

ကျမတက္ကသိုလ်ပထမနှစ်ကငြင်းခဲ့မိသော “စိုး”……………
ဒုတိယနှစ်မှစ၍သူကျောင်းမတက်တော့ကျမစိတ်မကောင်းသော်လည်းမေ့သွားခဲ့သည်..
နံမည်ဆန်းတာရော ဘွဲ့တူတာရော လူမမှားနိုင်..ဒါဆို သူတို့နှစ်ယောက်က ညီအကို တစ်ဝမ်းကွဲ..နောက်ပြီး သူတို့နှစ်ယောက်လုံး ကျမ ထက်၃နှစ်ကြီးသည်..သူငယ်ချင်းလို ပေါင်းသော
ညီအကို တစ်ဝမ်းကွဲကျမကို သူတို့လက်စား
ချေတာလား ကျမ.မတွေးချင်တော့ သူတို့ ကိုယ်တိုင်ပဲ သိလိမ့်မည်..ကျမအတွက်တော့မစဉ်းစားတာကောင်းလိမ့်မည်..သူသည်စိတ်ဝင်စားစရာကောင်းခဲ့
သော်လည်း ကျမ ၏ အချစ်ဦး မဖြစ်ခဲ့ ..

သူ့နာမည်က “မိုး”
နောက်ပိုင်း မိဘ သဘောတူသူများ ၊ ကျမ နှစ်သက်နိုင်မည်ထင်သူများ ၊ လာရောက်ကမ်းလှမ်း
သူများနှင့် တွဲသွားတွဲလာလုပ်ခဲ့တယ်..ကျမ ရင်ထဲမှာသူတို့အားနှစ်သက်သဘောကျခြင်း မရှိခဲ့..နွေးထွေးပျော်ရွင်ခြင်း
လည်းမရှိခဲ့နောက်နောင်တွင် ကျမကို ကမ်းလှမ်းသူများကို တွေ့ဆုံခြင်း
မရှိတော့
ဒါဆိုလျှင် ကျမရဲ့ အချစ်ဦး သည် ပျောက်ဆုံးနေပါတော့ သည်..လူတွေ ပြောကြသော အချစ်ဦးသည်ကျမအတွက်တော့လုံးဝမရှိသောသို့မဟုတ်ပျောက်ဆုံးနေသောသူတစ်ယောက်ဖြစ်နေပါတော့တယ်.............
ဧပရယ် ၁ ရက်သည် April Fool ဖြစ်သော ကြောင့် ကျမ အရူး လုပ် ခံ ခဲ့ ရတာ လား မသိ ခဲ့
ဒါပေ မယ့် ကျမ အတွက်တော့  မေ့မရသော အမှတ်တယနေ့တစ်နေ့ဖြစ်သည်............
......................................................................................

ဒီPost လေး ကို ရေးချင်သော ဆန္ဒ ရှိ သူများ အား Tag ပါတယ် ...........း))))
ကျမ သည် ပူသော မည်သည့် အရာ ကို မှ မနှစ်သက် တတ် ။ ထမင်းပူ ၊ ဟင်းပူ ၊ ဟင်းချိုပူ၊ ကော်ဖီပူ ၊ ရေနွေး ပူပူ ၊ရာသီ ဥတု ပူ နောက် ဆုံး ကုန်ကုန်ပြော ရရင် မိန်းကလေး ဖြစ် သည့် အားလျှော်စွာ ဗိုက်ပူ ခြင်း ကို လည်း နဲနဲမှ မကြိုက် ပေ ။ အကယ်၍ မဖြစ် မနေ ရ ဗိုက်ပူရမယ် ဆိုရင်တောင် မိခင်လောင်း အဖြစ် နဲ့ သာ ပူချင်တယ် ။

တစ်နေ့ က ဘေးအိမ် က အန်တီ လာပြော သည် ။ လမ်းထဲမှာကောင်မလေး တစ်ယောက် သေ လို့ တဲ့ ။ ဘာဖြစ် တာ လဲ ဆို ကလေးဖျက်ချတာ ။ ကလေးဖျက်ချနည်း ကတော့ အမျိုးမျိုး ရှိတယ် ။ ကျမတော့ အကုန် မသိ ဘူး။ သိတာ ကတော့ ဘယ်နည်း နဲ့ဖျက်ဖျက် မိခင် မှာ အသက် အန္တရယ် ရှိ တာ ပါပဲ ။
ကျမ မှတ်မိ သေးသည် ။ တက္ကသိုလ် စတက်မယ် ဆိုတော့ တစ်ဦးတည်းသော သမီး လေး ကို မေမေ က ချိုချို သာသာပြော သည် ။ နားထောင် ကြည့် ..“ သမီး ကို မေမေ တို့ က နောက် ကနေ လိုက်မကြည့် ပေးနိုင်တော့ ဘူး ကိုယ့် ဘာသာ ကိုယ် ထိန်း ..အဲ...ကိုယ်ဝန်တွေ ဘာတွေ ရှိလာ တာမျိုး ဖြစ် ရင် ဘယ်လို အတန်းအစားမျိုး ဖြစ် ပါစေ ယူရမယ် ..ယောင်္ကျားလေး ဖက် က မယူ နိုင် ဘူး ဆိုရင် တောင် မေမေ ကတော့ ကလေး ဖျက် မချ ပေး ဘူး ...သမီးတစ်ယောက်တည်း မွေး ” တဲ့ ....
ကျမ က လည်း ထို အချိန် ကတည်း က ဆုံးဖြတ် ထား ပါတယ် ။ နောက် ဆုံး အလို မတူ ပဲ ဖြစ် လာ ခဲ့ ရင်တောင် ကလေးဖျက် ချ တဲ့ အလုပ် မလုပ် ဖူး လို့ ။

ဟိုတစ်လော က နယ် မှာနေ တဲ့ အမ ၀မ်းကွဲ လေ ကလေးဖျက်တာ မပျက်လို့ဆေးရုံတင်
ရတယ် ယောင်္ကျားလည်း ရှိတယ် စီးပွားရေး က ချောင် လည်တာထက်ပိုအောင်ချမ်းသာတယ်
ကလေး က ၃ ယောက် ရှိ ပြီ မို့ ဆို ပြီး ၄ ယောက်မြောက် ကိုဖျက် တယ် ။ ကျမ က အားပေး လိုက် ပါတယ် ..သေသွား အေးရောလို့ ။ ဘယ့် နှယ် ယောင်္ကျားလည်းရှိ ငွေ လည်း ရှိ လျှက် နဲ့ ရက်စက်တဲ့ အမ .........

အရင်က ကျမ တို့ အိမ် မှာ အ၀တ် လာ လာလျှော်တဲ့ အမကြီး တစ်ယောက် ရှိတယ် ။ သူ့မှာ ကိုယ် ပိုင် ကလေး က ၄ ယောက် ရှိတယ် ယောင်္ကျား က လက်သမား အရက် ကလည်း အရမ်းသောက်တယ် ။ လော က ကြီး ရဲ့ ဆန်းကျယ် ပုံ က သူ က သာ အရမ်းဆင်းရဲတာ သူ့အကို အရင်း က အထူးကု ဆရာဝန် ကြီး ။ ဒါပေမယ့် ကိုယ့် အိမ်ထောင် နဲ့ ကိုယ် ဆိုတော့ လည်း တော်ယုံ ပဲပေး နိုင်တာပေါ့ ..၂ ရက် တစ်ခါ သူ့ အကို အိမ် သွား သွား ရှင်းပေးတယ် ။အကို က ညီမ ကို မိန်းမ မသိအောင် ပိုပေး ချင်တယ် ။ အဲ့ဒီတော့ အမှတ် အသားလေး တွေ နဲ့ ငွေ ကို ထားထား သွား ပါတယ် တဲ့ ။

တစ်ရက် ကျ အဲ့ဒီ အမ ကြီး က ဒီက ပြန်ရင် ကလေး နို့ မှုန့် ၀ယ်ရ မယ် တဲ့ ။ ကျမ က “ဟင် အမ မှာ ကလေး ငယ် မရှိ တော့ ဘူးဆို ” ဆိုတော့ ။ မွေးစား ထားတာ တဲ့ ။ သူတောင် အနိုင် နိုင် ရှာနေ ရတာ။ ဘယ် လိုဖြစ်တာ လဲ ဆိုတော့ မှ ရာဇ၀င် ခင်းပြလေ တယ် သူ့ အကို ဆရာဝန်ကြီး ရဲ့ လူနာ အိမ် တစ် အိမ် မှာပေါ့ သမီးလေး က ၁၅ နှစ် ရှိသေးတယ် ကိုယ် ၀န် ရ လာ ပါတယ် တဲ့ ။ အမေ လုပ် တော့ သူ က သဘော မတူတော့ ရုပ်ရှင်တွေ ထဲ ကအတိုင်း ပဲတော မှာ သွား မွေးတယ် ။ ကလေး အမေ ပေါက်စလေး ကို တော့ ကလေး က သေသွားတယ် ပြော တယ် ပြီး တော့ ကလေး ကို ဖွားအေ က ဆရာဝန်ကြီး လက်ထဲလာထည့်တယ် ။ မွေးစားမည့် သူ လက် ထဲ ထည့် ပေးပါ ဆို ပြီးတော့ ပေါ့ ။ ဆရာဝန်ကြီး က လည်း သူ့ လက် ထဲ ထား မဖြစ် တော့ သူ့ ညီမ ကို ခန ကြည့်ပေး ဖို့ ပြော တယ် ။ ဒီလို နဲ့ သူဌေးမျိုး က အ၀တ် လျှော် တဲ့ သူ လက် ထဲ ရောက် လာ တယ် ။ ကလေး လေး က ဖြူဖြူ ဖွေးဖွေး နဲ့ချစ်စရာလေး တဲ့ ။ ဒါပေမယ့် မိခင် က အရမ်းငယ်နေ လို့ လား မသိ ဘူး ၂ နှစ် ခွဲ ထိ စကား မပြော လမ်းမလျှောက် တဲ့ Down (ညဏ်ရည် နိမ့် )ဖြစ်နေတယ် မိခင်ရင်း ကတော့ သူ့သမီးလေး တကယ် သေသွားပြီထင်နေတာ ။ လူသားမဆန်သော ဖွားအေ လက်ချက် ဖြင့် ဆင်းရဲ သူ လက် ထဲ ရောက်နေတာ သိရင် ..ရင်ကွဲ နိုင်တယ် ။

ကျမ အကို ၀မ်းကွဲတစ်ယောက် ဂျပန် က ပြန်လာတော့ သူ့ ဓါတ်ပုံတွေ ပြတယ် ။ ဂျပန် မ ကြီး တစ်ယောက် နဲ့ ရိုက်ထားတာ တွေ့တော့ ကျမ က ဘယ်သူ လည်း မေးတယ် ။ သူ့ ဆရာမ ပါ တဲ့ ။ အရမ်း သဘော ကောင်းပြီး နွေးထွေးကြင်နာတတ် သူ တဲ့ ။ ထူးခြား တာ က ကလေး ယူချင် လို့ ဆို ပြီး ရည်း စားထား ကိုယ်ဝန်ရှိတော့ ရည်းစား ကို ဖြတ် ပြီး တစ်ယောက်
တည်း ကလေး မွေး ပါတယ် ။ အဲ့ဒီ အချိန် မှာ သူမ အသက် ၅၂ နှစ် ရှိပါပြီ ။ မြန်မာ ဓလေ့ အရ ထို ဓလေ့ ကို လက်မခံ သင့် ပေမယ့်  သူတို့ တိုင်းပြည် မှာတော့ ဝေဖန် ကဲ့ ရဲ့ မည့်သူ မရှိ ။

မေမေ က ကျမ ကို သူတို့မြို့ က အမျိုးသမီးကြီးတစ်ယောက် အကြောင်းပြောပြတယ်။ အဲ့ဒီ အမျိုး သမီးကြီး က အိမ်ထောင် မရှိ ပဲ ကလေး ၂ ယောက်မွေး ပါတယ် ။ ကလေး အဖေ အမည် ကို လုံးဝ မဖေါ် ပါဘူး တဲ့ ။ အဲဒီ အချိန် တုန်း ကတော့ လက်သည်တွေ နဲ့ ပဲ မွေးရတော့ ကလေး မွေး တဲ့ အခါ ပြဿနာ မရှိ ခဲ့ ပါ ဘူး ။ ခုချိန် မှာတော့ ကလေး အဖေ အမည် မဖေါ် ရင် နပ်စ်တွေ က ကလေး မကောက်ဖူး လို့ လည်း ပြောကြတယ် ။ ဟုတ် မဟုတ်တော့ မသိ ဘူး ။ ဟုတ်နေတယ် ဆိုရင်တော့ တော်တော် လွဲမှား တဲ့ ဒဏ်ပေးခြင်း ပါ ပဲ ။ ထားပါတော့ ။ အဲ့ဒီ အမျိုးသမီး အဖေ မပေါ် ပဲ မွေးခဲ့ပေမယ့်  တစ်ရွာလုံး က ဂရုစိုက်ပါတယ် ။ ကလေး တွေ ကိုလည်း အဖေ မပေါ် တဲ့ ကလေး လို့ ဘယ် သူ မှ မပြော ခဲ့ ပါ ဘူး ။ သမီး အကြီး အရွယ်ရောက် လာတော့ တခြားဒေသ မှ လာအလုပ် လုပ်သော ခရစ်ယာန် ဘာသာ ၀င် နှင့်  အိမ်ထောင် ကျ ပါတယ် ။ ခု ထိ အဲ့ဒီ အမ က တော့ ခု ထိ ဗုဒ္ဓ ဘာသာဝင် ပါ ။ မြို့ မှာ သူဌေးစားရင်း ၀င် ပေါ့ ။ နောက် သား အငယ် ယောင်္ကျားလေး ကတော့ ဆံပင် ညှပ် သင်ပြီး ဆိုင် ဖွင့် ပါတယ် ။ မြို့ ကကောင်လေး တွေ ဆို သူ့ လက် ရာ မှ သူ့လက်ရာ ပါ ။ ပြောချင်တာ က အဖေ မဖေါ် ပဲ မွေး ခဲ့ ပေမယ့် အားလုံး ကနွေးထွေး စွာ ဆက်ဆံတဲ့ ကျမ တို့မြို့လေး က နိုင်ငံကြီး သားဆန် ပါတယ် ။

ကလေးဖျက်ချ သည် ဆိုသော သတင်း သည် မကြာခန ကြားနေရသော သတင်း တစ်ပုဒ် ဖြစ် သည် ။ ကလေး ဖျက်ချ ခြင်း သည် တကယ်တော့ လူသတ်မှူ့ ပဲမဟုတ်လား ။ ထို သတင်း တွေ ကြား ရတိုင်း ဘယ်မှာ လဲ“ မိခင်မေတ္တာ ” ။ အရင်က ..ကလေးဖျက် ရင်းသေ ဆုံးသည် ကြားတိုင်း ကျမ ..မသနားတတ် .....ဒါပေမယ့် သေချာ စဉ်းစား ကြည့်မိတယ် ။ သူတို့ ဘာ့ကြောင့် ဖျက် ချရ လဲ ..။ အဓိက အကြောင်းရင်း သည် ပတ်ဝန်းကျင်ကြောင့် ။
တခြား အကြောင်းတွေ လည်း ပါ ၀င် ပေမယ် ။ မြန်မာ မိန်းကလေး တွေဗိုင်းကောင်းကျောက်ဖိ နေ ပါ မိမိ ကိုယ်ကိုယ် တန်ဘိုး ထားပါ ...လို့ ကျမ က သူများတွေ ပြောသလို လိုက် ပြောနေ လည်း ရမည် မထင် ။ ခေတ် က ဗိုင်းကောင်းကျောက်ဖိ ခေတ် မဟုတ်တော့ ။

တိုင်းတပါး မှာ ကိုယ် ၀န်ဆောင်တယ် မလိုချင် ဆေးရုံတွေ မှာ တရားဝင် ဖျက် လို့ ရတယ် ။ လိုချင် လျှင် တစ်ယောက်တည်း မွေးလို့ ရတယ် ။ တရားဝင် ဖျက်တာ ကို ကျမ အားမပေး ပါဘူး ။ ဖျက် တာ ထက် စာ ရင်တော့ သတ္တိ ရှိစွာ မွေး သင့်တယ် လို့ ကျမ ထင်တယ် ။ ပတ်ဝန်းကျင် က လည်း ဝေဖန် ကဲ့ရဲ့ခြင်း မရှိ ပဲ စာနာ နားလည် ပေး ကြမယ် ဆို ကျမ တို့ နိုင်ငံ မှာ ကိုယ်ဝန်ဖျက်ချ ခြင်း ကြောင့် သေဆုံးသော မိခင်များ ကလေး များ လျှော့နည်း လာ လိမ့် မယ် ။ ကိုယ်ဝန်ဖျက်ချ ခြင်း ကြောင့် မိခင်ရော ကလေး ပါ အသက် ဆုံး ရှုံးမယ် ဆို အရွယ် ကောင်း လူ ၂ ယောက် ဆုံးရှုံး ရတာပါ ပဲ ။

မိန်းကလေး တစ်ယောက် က ဘယ်လောက် ပဲ လှတယ် ဆိုဆို သေပြီး ၂ နာရီဆို တောင့် သွား မယ် ၂၄ နာရီ ကျော်ရင် ပုတ် ပွလာ မယ် ။ သေရင် ဘာမှ ဒီခန္ဓာ ကြီး ကတန်ဘိုး မရှိတော့ ပါဘူ ။ ပျို တယ် ၊ အို တယ် ဆိုတာ သေပြီး ရင် ဘာမှ မဟုတ်တော့ ပါဘူး ။ ဒါပေမယ့် အသက်နဲ့ ခန္ဓာ မြဲ နေ ချိန်မှာတော့ မိမိ အသက် ၊သူတစ်ပါး အသက်ကို တန်ဘိုး ထား သင့် ပါတယ် ။
နောက်ဆုံး ကျမ ပြောချင် တာ က ဘယ်လို အကြောင်း ကြောင့် ပဲ ကိုယ်ဝန် ရှိရှိ ....သတ္တိ ကောင်းသော မိခင်လောင်းလေး တွေ ဖြစ် လာ နိုင်ကြပါစေ ။
တကယ်တော့သရဲဆိုငယ်ငယ်ကတည်းကတော်တော်ကြောက်တယ်။ခုလည်းကြောက်လား
မေးရင်ကြောက်တယ်။မြင်ဖူးလားမေးရင်“ဟင့်အင်း”တစ်ခါမှမြင်ဖူးဘူး....တကယ်လို့
သရဲခြောက်ခံ ရရင်လည်း အဲ့ဒါသေနေ့ပဲ ။ ပြောကြလိမ့်မယ် ...မမြင်ဖူး ပဲ ဘာလို့ ကြောက်နေလဲ ပေါ့ ။ဘာမှန်းမသိသရဲကငယ်နိုင်လိုဖြစ်နေတာ ။ အကိုတွေ က ခနခန ခြောက် လို့လေ ။
တကယ်တော့ သရဲဆိုတာ အပယ် ၄ ဘုံသား ပဲ ဒါပေမယ့် အမျှပေး တဲ့ အခါ “ငရဲ၊ တိရိစ္ဆာန် ၊ပြိတ္တာ ၊ အသူရကယ် ”သာ ပါ ပြီး သရဲ ရယ် လို့ မပါပေ ။ ဒါပေမယ့်သရဲ ဆိုတာ ပြိတ္တာ တစ်မျိုး ပါ ပဲ ။
ကျမ အရင် တုန်းက ကုမ္မဏီ တစ်ခု မှ အတူ အလုပ် လုပ် ဖူးတဲ့ သူငယ် ချင်း ရှိတယ် ။အဲ့ဒီ သူငယ်ချင်း က သူမ ခနခန သရဲခြောက် ခံ ရ ဖူးတယ် တဲ့ ။ ခြောက် ခံရတာ များလွန်းလို့ မကြောက်တော့ ဖူး တဲ့ ။ သူမ ၆ နှစ် အရွယ် က ၀န်ထမ်း တွေ နေ တဲ့ ၄ ထပ်တိုက် အပေါ် ဆုံး မှာ နေ ခဲ့ တယ် ။ သူမ မှာ ရွယ်တူ အခန်း နားနီး သူငယ်ချင်း ကောင်လေးရှိတယ် ။ ညနေ ဆို သူမ နဲ့ သူငယ်ချင်းကောင်လေး နဲ့ တစ်ဆက် တည်း သော ၀ရံတာ တွင် ဂေါ် လီ လှိမ့် ကြပါတယ် ။ စက္ကူ စွန်လေး တွေ လွတ် ကြတယ် ။ တစ်ရက် မှာ စက္ကူ စွန် လေး က အ၀တ် လှန်း ထားတဲ့ တန်းပေါ် ရောက်သွား တယ် ။ ထို ကောင်လေး တက်ယူတော့ ပြုတ်ကျရော ။
သေသွားတယ် ဆို ပါတော့ ။ ည ရောက်တိုင်း ...သူ့ အိမ်ရှေ့ ၀ရံတာ ကနေ ဂေါ်လီ လှိမ့် သံ ကြား ကြား နေ ရ ပါတယ် တဲ့ ။ နောက် ပိုင်း လည်း ကိုယ်ထင် ပြတာ မျို ၊ တခြား အရပ်ဒေသ သွား လည်း ခနခန မြင်တွေ့ ရပါတယ် တဲ့ ။
ကဲ .........တို့ သိ ချင်တာ က လေ ......
၁။ သရဲ ရှိတယ် ဆို တာ ယုံလား
၂။ ဘာလို့ ယုံ တာ လဲ ၊ ဘာလို့ မယုံ တာ လဲ
၃။ မြင်ရော မြင် ဖူးလား
၎။ မြင်ဖူးတယ် ဆို ဘယ်လို မြင် ခဲ့တာ လဲ ..

ဘာရယ် မဟုတ် ပါဘူး ....အားလုံး စိတ်ပြေ လက်ပျောက် ပေါ့ ။
အချစ်ဆိုတာ....

ချစ် နေတုန်းတော့ ပျားရည် ထက်ချိုတယ်

မုန်းပြီဆိုရင်တော့

ရသာ ၆ ပါးရောထားသလို ..အ၀င်ရ ခက်စေတယ်


အချစ်ဆိုတာ....
သူချစ်နေတုန်း တော့ ကိုယ်ရေသောက်တာတောင်
သူက အစာ မကြေမှာ ပူလိမ့်မယ်
မုန်းပြီ ဆိုရင်တော့
အဆိပ်ရည် သောက်တာ တောင် ပြုံးပြုံးလေး ကြည့်နေလိမ့်မယ်

အချစ်ဆိုတာ….
ချစ်နေတုန်းတော့
သူ့မျက်လုံး ထဲမှာ ကိုယ် က လောက မှာ ရှိတဲ့ ပန်းတွေ ထက် လှလိမ့်မယ်
မုန်းပြီဆိုရင်တော့
ရွက်ခြောက် ရေကြို
အမှိုက်တစ လို သူ့ အတွက်မြင်ရ ခက် တယ်

အချစ်ဆိုတာ….
ချစ်နေတုန်းတော့
ကိုယ့်စကား သံတွေ က သူ့ အတွက် နတ်စောင်း သံထက် နာပျော်ဘွယ် ဖြစ် လိမ့်မယ်
မုန်းပြီဆို ရင်တော့
ဂစ်တာ သင်စ တေးသွား လို
သူ့ အတွက် နားဝင်ဆိုးစေ လိမ့် မယ်

အချစ်ဆိုတာ....
ချစ်နေတုန်းတော့ ……..
သူက မတွေ့ ရင် ကိန္နရီ ချောင်းခြား ရက်ပေါင်း ၇၀၀ ဆွေး ရသလို
အလွမ်းတွေ စာစီ မဆုံး ဖြစ် လိမ့် မယ်
မုန်းပြီဆိုရင်တော့
သူက လမ်း မှာတောင် မတော် တဆ တွေ့ မှာ စိုးရိမ် မိလိမ့် မယ်


အချစ်ဆိုတာ….
ချစ်နေတုန်းတော့

သူ့ အတွက် လှပ တဲ့ စကား လုံးတွေ နဲ့
မရိုးနိုင်အောင် သူ တန်ဆာ ဆင် တတ်တယ်
မုန်းပြီဆိုရင်တော့ ………..
သူ့  အတွက် ဘာသာမတူ တဲ့ စာတွေ လို
စကားလုံးတွေ ဆွံ့ အ သွားတတ်တယ်

နောက်ဆုံးပြောမယ်………
အချစ်ဆိုတာ
ရင်ဘတ်ကြီး နဲ့ချစ်ရင်
ရင်ဘတ်ကြီး နဲ့ မဆန့် အောင် ခံစား ရတတ်လို့ …

ငါလေ…….. နောက် ဆို
နှုတ်ဖျားလေး နဲ့ ပဲ ချစ်တော့ မယ်...................
***
စူးစူးရှရှ အသံတခုကြောင့် ရုတ်တရက်သူမလန့်နိုးလာတယ်
သူကလေးများလန့်နိုးသွားမလားလို့ ကြည့်လိုက်တော့
သူမနဘေးမှာနှစ်ခြိုက်စွာအိပ်မောကျနေတယ်
နာရီ ကိုကြည့်လိုက်တော့မနက် ၃နာရီ ကျော်ကျော်
ပြတင်းပေါက် လိုက်ကာကြား မှ လရောင် တချို့ တဝက်သူ့မျက်နှာလေးပေါ်ကျနေတယ်
သူမလက်ကလေးကို သူ့လည်ပင်း အောက် အသာအရာ လျှို အလိုက်မှာ....
"အင်း" သူကလေး ကိုယ်လုံးလေးလူးလွန့်ရင်း လက်ကလေးတဖက်က သူမခါးကိုလာဖက်တယ်
သူမ သူ့ရဲ့ကျောပြင် လေး ကိုပွေ့ဖက်ရင် သူ့နဖူးပေါ်ကျ နေတဲ့ဆံနွယ်ခွေလေးကို
အသာအရာ
ဖယ်လိုက်တယ်
သူမ ရင်ထဲမှာတော့ ချစ်ခြင်းတွေအ ပြည်,.......................
မျက်လုံးလေးမှိတ်ထားပေမဲ့ မျက်တောင်ကော့လေးတွေ သူ့ပါးပြင်မှာ
အရိပ်လေးထင်နေတယ်
နှာတံပေါ်ပေါ် နှုတ်ခမ်းထူထူလေးက ခပ်ဟ..ဟ
ဪ ........ချစ်လိုက်ရတာ ..............။
..................................................................................................
လွန်ခဲ့သော ခြောက် နှစ် သူမ ဘဝထဲ သူကလေးဝင်ရောက်လာတဲ့ အချိန် မှစ၍ ဒီနေ့ထိ
သူမကိုစိတ်ညစ်စေမှူ့ တစုံတရာ မပေးပဲ အစဉ်ထာဝရ အေးချမ်းစေခဲ့သူ
သူမအတွက် အလုပ်တွေဘယ်လောက် ပင်ပန်းပါစေ သူ့မျက်နှာ လေးမြင်လိုက်ရင်ပဲ
သူမရဲ့ဘဝ အမောတွေ ပြေစေခဲ့သူ သေဆုံးပြီးသော သူမဘဝ ကို တဖန် ပြန်လည်
ရှင်သန်စေခဲ့သူ...........................
လွန်ခဲ့သော ခြောက်နှစ်ကျော် သူမဘဝထဲ သူ,မရောက် ခင်က
သူမ စိတ်ဓာတ်တွေ အောက်ဆုံးထိကျဆုံးချိန်
မင်္ဂလာ ဆောင်ခါနီးမှရုတ်တရက် ဝေးလွင့် ခဲ့တဲ့ သူမရဲ့ ချစ်သူ
အချစ်, ပျော်ရွှင်ခြင်း, အနာဂါတ်, ဘဝ, အသက်ရှင်ခြင်း, အားလုံးအားလုံး..
ရုတ်တရက်မီးလောင် တိုက်သွင်း ခံရသလို သူမတကိုယ်လုံးပူ လောင်လို့
သူမသက်ရှိဘဝကို စွန့် ခွါ ဖို့ ဆုံးဖြတ်ခဲ့တယ်......
ဒါပေမဲ့ ကံတရား ကသူမ ချစ်ရသူနောက်လိုက်ခွင့်မပေးခဲ့ဘူး
သူကလေး သူမဘဝထဲ ဝင်ရောက်လာလို့ပေါ့ .............
အားလုံး အားလုံး က သူ့ကို လက်မ ခံဖို့ သူမကို ကန့်ကွက်ကြတယ်
ပတ်ဝန်းကျင် ရဲ့ကဲ့ရဲ့မှူ့ကိုဆန့်ကျင် ပြီး သူကို သူမ ဘဝထဲ ဆွဲခေါ်ခဲ့တယ်
ပြီးတော့အားလုံး သောသူတွေနဲ့ဝေး ရာဆီ သို့သူကလေးကိုခေါ်ဆောင်၍
သူမဘဝကို တဖန်ပြန်စခဲ့တယ်.......
သူကလေးကအမှန်အမှား စဉ်းစားခွင့်မပေးခဲ့ဘူး.........
သူမချစ်သူနဲ့သူမရဲ့ အမှတ်တရပေါင်းများ စွာ သူကလေးဆီ မှာ
သူမ ချစ်ခြင်းတွေသူမ ရဲ့ပြန်လည်ရှင်သန်ခြင်းတွေ
အားလုံး သူကလေးအပေါ် ပုံအပ်ရင်.......
သူမအတွေးလေးနဲ့ သူကလေးကိုတင်းတင်းလေးဖက်လိုက်တော့
"မေမေ သားသား အသက်ရှူ ကြပ် တယ်"
သူမဝေ့လာတဲ့ မျက်ရည်လေးကိုသားမ မြင်အောင် ခတ် ရင်း
သူမလက်ကိုအသာအရာ လျှော့ လိုက်တယ်
သူမချစ်သူရဲ့ကိုယ်ပွါး သူမရဲ့ အားအင်းသစ်လေး ချစ်ရတဲ့ သားလေးနဖူးလေးကို

ကြင်ကြင်နာနာငုံ့မွှေးလိုက်တယ်
............................................................................................................................
အဟောင်းလေး ပါ ..အမေ များနေ့ အမှတ်တယ ပြန်တင် လိုက်တာ
တောင်တွေ ကြားထဲမှ မီးရောင်တွေ ၀င်းနေသော စီမံကိန်း နေရာကို မြင်လိုက် ရရင် ပဲ ဇင်လတ် က မွန်မေချမ်း ကို နှိုးလိုက်တယ် ။ မွန်
မျက်လုံးလေး ဖွင့် အကြည့်


“ဟယ် ..လှလိုက်တာ အကိုရာ ”


“ပြန်ဆင်းရ မှာမွန် တောင်အောက် ကို ”


“ ဟုတ် အကို သာ မနှိုးရင် မွန် ဒီလောက်လှတဲ့ ရှူ့ခင်း ကိုမြင်ရ မှာ မဟုတ်ဘူး”


“ အဲ့ ဒါကြောင့် မွန့် ကို နိုးလိုက်တာ ပေါ့ မွန် ရ …အော် ဒါနဲ့ မွန့် ကို မွန် လို့ ခေါ်တာရ ပါတယ်နော် ”


မွန်က ရီ၍


“ရ ပါတယ် အကို ကလဲ မွန့် ကို မွန် လို့ခေါ်တာ ကြိုက်ပါတယ် ပြီး မွန်စကားပြော ရင် လည်း မွန်က လို့ ပဲပြောဖြစ်တယ်လေ ”


သူပြုံး လိုက် ပြီး “ အိုကေ ” စီမံကိန်း ဂိတ်ဝ ကနေ ကားဝင် လာပြီး တော်တော် လေးရောက်တော့


“အကို ဒီတန်းလျှားကြီးက ………..”


“အကိုတို့နေတဲ့တန်းလျှားကြီးပေါ့ ၀န်ထမ်းပေါင်း ၄၀၀ ကျော်ရှိတယ်လေ …အလုပ် ကြမ်းသမားတွေ ကတော့ အောက်ဖက် မှာ အုပ်ချုပ်သူ ၃၀ ရှိတယ် သူ့ အပိုင်းနဲ့ သူလေ ဒီတန်းလျှားကတော့ တစ်ခန်း ကို ၂ ဦးနေလို့ ရတယ် တစ်ချို့ ကတော့ တစ်ဦးတည်းနေတယ် စုနေတဲ့ သူတွေ လည်းရှိတယ် အိမ်ထောင်သည်တွေကတော့ တစ်ဦးတည်းနေတယ် သူတို့ အမျိုးသမီးတွေ ကတော့ သွားလိုက်ပြန်လိုက်ပေါ့ ကိုယ်ရော ကိုကြီးငြိမ်းရော တစ်ဦးတည်း နေကြတယ် မွန်ရ..နောက် ပြီး ဒီ စီမံကိန်း ပြီးသွား ရင် မြိုရွာ တော်တော် များ များ ကို လျှပ်စစ်မီး ပေးနိုင် တော့ မှာ ”


မွန့်စိတ်ထဲက အမ်မယ် ဒီအကို သူက ကိုကို့ လိုပဲ လူပျိုကြီး လို့ ဆိုလိုချင်တာလား မသိ ဟုတွေးမိတယ်


“ရှေ့က အခန်းဆို ရောက်ပြီ မွန်ရ ကိုကြီးငြိမ်းက ဒီဘက်က အခန်း ကိုယ် က အစွန်ခန်းလေ ”


..သူက ကိုကို့ အခန်းလို့ ပြောတဲ့ အခန်း ရှေ့ ကားစက်ကိုသတ်လိုက်တယ် မွန်လှမ်းကြည့်လိုက်တော့ ကိုကို့ ကို မတွေ့ရ ဘူး ..


“ဗျို့ ကိုကြီးငြိမ်း လက်ဆောင်ပါတယ် ထွက် ခဲ့အုံး ”


“ဖိုးဇင် ပြန်လာပြီ လားကွ …အေး အေး လာပြီ လက်ဆောင် သေးသေးလေး ဆိုမရ ချင် ဘူးနော် ”


မွန်ငြိမ်းချမ်း ပြောပြောဆိုဆို ထွက် လာတယ် မွန်က ကားပေါ် မှဆင်းပြီး ကား ကိုကွေ့ သွားနေတော့ ကိုကိုက မွန့် ကို မတွေ့.. မွန့် ကို ဘွား ကနဲတွေ့ မှ ..


“ ဟာ……….မွန် …………ညီမလေး ”


“ကိုကို” မွန် ကိုကို့ ဆီ ကိုပြေး သွားပြီး ကိုကို့ ခါး ကိုဖက်လိုက်တယ် ကိုကို ကလည်း မွန့် ပုခုံးလေးပေါ် လက်တင် ပြီး


“ဖေဖေနဲ့မေမေ နေကောင်းရဲ့ လာ ”


“ကောင်းတယ်ကိုကို ” ပြီး မွန် အိမ် အကြောင်း တွေ ပြောပြနေတာ အိမ်မှာမွေး ထားသော ခွေးလေ သေ သွားတာပါ မကျန် …ဇင်လတ် မောင်နှမ ၂ ယောက်တွေ့ ပုံကို ကြည့် ပြီး အံ့ အားသင့်နေသည် ။ ဇင်လတ်တို့ မောင်နှမ ၇ ယောက်ရှိတာနယ်တွေသွားလိုက် ကျောင်းတွေ သွားတက်လိုက် အိမ်ပြန်လာ ပြန်တွေ့ တစ်ခါမှ အဲ့လို မဖြစ်ဖူးဘူးပြန်လာ ကိုယ့်အခန်း ကိုဝင်နေကြတာ တစ်ခါတစ်ရံ ခရီးထွက်သွားတာ တောင် မသိလိုက်ကြဘူး မနက်စာစားမတွေ့ မှမေးရတယ် မောင်နှမ ၇ယောက်လုံး ရန်မဖြစ် ကြသလို နွေးနွေးထွေးထွေး လည်းမရှိကြငယ်စဉ် ကတည်းက ကိုယ့်ပညာရေးနဲ့ ကိုယ် လုံးပန်းနေရတာ ဖေဖေနဲ့မေမေ ကလည်း သားသမီး ၇ယောက်ကို ကျွှေးနိုင် ဖို့ ပွဲရုံလုပ်ငန်း လုပ် နေရတာ။ မိသားစု အားလုံး ကိုယ့် အစီအစဉ်နဲ့ကိုယ် လုံးပမ်းနေကြတာ ဆိုးတဲ့ သူလည်း တစ်ယောက် မှ မပါ ဘူး။ ဒါပေမယ့် ဖေဖေ က ခရီးထွက်တဲ့သူမရှိလျှင် နံနက်အိပ်ရာထစာ ကို ၇ နာရီ ထိုးလျှင် အကုန်ဆင်းစားရ သည် ။ မိသားစု ဆုံဖြစ်အောင်ပါ ။ ကျန်တဲ့ စားချိန်တွေကိုတော့ အဆင်ပြေသလိုစား၍ ရသည်။ ဇင်လတ်ကတော့ အိမ်ရောက်လျှင်နံနက်စာ စားပြီးတာ နှင့် အပြင်ထွက်နေတာ များသည် ။ အပေါင်းအသင်း ကလည်းများတာမို့ ည မှပြန်လာတာ များသည် ။ အမ ၂ ယောက် အကို ၂ ယောက် ညီ ၂ယောက် ဇင်လတ်ဆိုတဲ့ အတိုင်း အလတ်ပေါ့။


“ဟေ့ ဖိုးဇင် ညီမလေး နဲ့ ဘယ်နားတွေ့ လာတာလဲ ”


“ကားကြုံ စီးတဲ့နေရာ တောင်နီရွာ အလွန်ပေါ့ အကိုကြီး ရာ”


“ဖိုးဇင် က ဟိုဘက်အခန်း ညီမလေး ရ ”


မွန်လှမ်းကြည့် လိုက်တော့ “ဒေါက်တာ ဇင်လတ်” သြော် အကို က ဆရာဝန်ကို နာမည်က ဇင်လတ် ဒါ့ကြောင့် ကိုကိုက ဖိုးဇင် လို့ ခေါ်တာ ဖြစ်မည်။


“ကိုကို ………..မွန့် အ၀တ်အိပ်တွေ ချအုံးမယ်”


သူမ ကားပေါ် လှမ်းကြည့်တော့ မတွေ့တာ နဲ့ ကိုကို့ အခန်းဝ လှမ်းကြည့် လိုက်တော့ အခန်းရှေ့ရောက်နေပြီ ။ ကိုဇင်လတ် ကတော့ သူ့ ပစ္စည်းတွေ သူ့ အခန်းထဲ သယ်နေသည်။


“အကို က မွန့် အိပ် ကြီး သယ် ထားတယ် ကန်တော့ကန်တော့ အကို ”


“ ဟာ ညီမလေး ကလည်း ရပါတယ် ကိုကြီးငြိမ်း ညီမလေး က ကိုယ့် ညီမလေးပေါ့”


“ ဟင် ဒါဆို လည်း မွန်တို့ နဲ့ ညနေစာ လာ စား နော် အကို မွန့် မှာဟင်းတွေ ပါတယ် ကိုကို ရေ ကိုဇင်လတ် ကို ထမင်းစားခေါ် လိုက် မယ်နော်”


“ဟင်…..ငါ့ ညီမလေး ကတော့ ခေါ်ပြီး မှခွင့် တောင်းတယ် ကိုကို က ခွင့်မပြု ရင် ဇင်လတ်က ကိုကိုနေ မကောင်းရင် ဆေးမကုပေး ပဲနေမှာပေါ့ ….ဟား…ဟား..ဟား”


“ဆေးတော့ ထိုး ပေးမှာ ပါ ကိုကြီးရ …အပ်တုံးတုံး နဲ့ …ဟား ဟား ”


သူတို့ အားလုံးရီ လိုက် ကြသည် ။ ကိုဇင်လတ်က သူ့ အခန်းထဲဝင်သွားသည် ။ မွန်တို့မောင်နှမ လည်းအခန်းထဲ ၀င်လိုက်ကြသည်။ ကိုကို့ အခန်းလေး က သန့်ရှင်းနေသည်။ ဧည့်ခန်းလေးက ကုလားထိုင် နှင့်စားပွဲ သူ့နေရာနဲ့သူ ကပ်လျှက် ထမင်းစားစားပွဲ ပြီးမီးဖို ဆက်လျှက် ၊ တစ်ဖက်ခြမ်းက တော့ အိပ်ခန်း ၂ ခန်း ဆက်လျှက်။


“ကိုကို တို့ စီမံကိန်း ပြီးရင် ဒီမှာတာဝန်ကျ ၀န်ထမ်းတွေ ဆက်နေ မှာလေညီမလေး ဒါ့ကြောင့် အိမ်တွေက ကျယ်ဝန်းတာ ”


“အော် ..ဒါ့ကြောင့် သပ်သပ်ရပ် ရပ် ဖြစ်နေတာနော် ကိုကို ”


မွန် အ၀တ်အိပ်ကို အတွင်ဖက်ခန်းတွင်နေရချ လိုက်သည်။ ပြီးမှ အိပ်ရာခင်းရမယ် ထမင်းစားဖို့အရင် လုပ်ရမယ် မွန်တွေးလိုက်ပြီး ဆံပင်ကို ဘီး လေးဖြင့် ပတ် လိုက်ရင်း မီးဖိုဖက် သို့ ထွက်လာခဲ့တယ်။ ပါလာတဲ့ ဟင်းတွေ ကို နွေးပြီးသုံးယောက်စာ ထမင်းစားပွဲ ပြင်လိုက်တယ် ။


“ကိုကို ရေ ….ကိုဇင်လတ် ကိုခေါ်လို့ ရပြီ”


“အေး …အေး ညီမလေး”


“လာပါပြီ ဗျာ မခေါ် ရ ပါ ဘူး ကျွန်တော် အခန်းရှေ့ ကနေ နားစွင့် နေတာ ”


ရီပြုံး၍ ၀င်လာသော ကိုဇင်လတ်ကို ကြည့်ပြီး တော်တော် မျက်နှာချိုတဲ့ အကို လို့ မွန့်စိတ်ထဲတွေးမိသည် ။ ၆ပေလောက်ရှိတဲ့ သူ့ကို ၅ပေ သာရှိသော မွန်က မော့ကြည့်ရင်း


“အကို က ၀က်သားစားလား”


“စားပါတယ် မွန် ရ မစားတဲ့ အသား မရှိပါဘူး”


“ဟုတ် ဒီနေ့တော့ အသားချည်း ပဲစားနော် ..ကိုကို နောက်နေ့ ညီမလေး ကို အသီးအရွက်ဝယ်ပေးနော် ကိုကိုက အသီး အရွက်ကြိုက်တော့ ”


“၀န်ထမ်းတွေ ရဲ့စိုက်ခင်းရှိတယ် မွန့်စိတ်ကြိုက်ဝယ်လို့ တယ် ”


“အော် ….ကောင်းတယ်နော် ..လတ်လတ်ဆတ်ဆတ် ”


ထမင်းစားပြီးတော့ အိမ်ရှေ့မှာထိုင်နေတဲ့ ကိုကိုတို့ ၂ ယောက် စားရန် ပန်းသီးခွဲလိုက်တယ်။ပန်းသီး ပန်းကန်ချရင်း …


“ကိုကို ..မွန် အိပ်ရာခင်းပြီး အိပ်တော့မယ်နော် ”


“အေး ညီမလေး နားတော့ ”


“ဟုတ် ကိုကို ….အကို ဇင်လတ် ဂွတ်နိုက်နော် ”


“ဂွတ်နိုက် ….မွန် ” ထုံးစံ အတိုင်း ပြုံး၍ အကို နှူတ် ဆက် သည်။



...........................................................................

ဇင်လတ် လိုအပ်သောပစ္စည်းများ ကို မန္တလေးသို့ ဆင်းဝယ်တာ မနက်စောစော က ဆင်းပြီး တောင်ပေါ် ပြန်တက်ဖို့ လုပ်ပေမယ့် ငယ်သူငယ်ချင်းနဲ့ မမျှော်လင့် ပဲတွေ့တာကြောင့် စကားကောင်းနေမိတာ ။ ဒါတောင် မနည်း စကားဖြတ်ခဲ့ရတယ် ။ အိမ်ကိုတောင် မရောက်ခဲ့ဘူး ။ ဖေဖေ နဲ့ မေမေ ကတော့လာနေကျ နေ့ ရောက်မလာ၍ မျှော်ချင်မျှော်နေမှာ ဖုန်းလည်း မဆက်ဖြစ်လိုက်ဘူး။ အသက် ၃၈ နှစ်ကျော်စ ပြု့နေပြီ ဖြစ်တဲ့ သူ့ကို “မင်း”က အသက်၄၀ ကျော် မှ ဘ၀စမှာလား ကွ ငါတို့ က စားချင်လှပြီ တော်ကြာ ငါ့ သမီး မင်္ဂလာဆောင်ကမင်း မင်္ဂလာဆောင် ထက် အရင်ဖြစ်တော့ မှာ ” လို့ ၁၆ နှစ် အရွယ် သမီးရှိတဲ့ သူငယ်ချင်းက စ လိုက်တာကို သူ ပြုံးမိသည်။


စီမံကိန်း ရှိရာတောင်ပေါ် တက်လမ်းသို့ စကွေ့ လိုက်တော့ ကားမှတ်တိုင် သဘောမျိုး အမိုးလေး နဲ့ ခုံတန်း ရှည် လေး ရှေ့တွင် အမျိုးသမီး တစ်ယောက်ရပ်နေတာ တွေ့လိုက်တယ်။ သူ့ ကားကိုမြင်တော့လူက ရှေ့တိုးလာပေမယ့် လက်မတားဘူး ။ ဒါပေမယ့် ကားကြုံ လိုက်စီးဖို့ ပဲနေမှာပါ ။ မေးရမှာက ကိုယ့် တာဝန်ပဲ ကားကို သူမ ရှေ့သို့ ရပ်လိုက်တယ်။


“ကားကြုံစီးမလို့ လားခင်ဗျ”


“ဟုတ်ကဲ့ … စီမံကိန်းနေရာ ကို လိုက်လို့ ရ မလား ရှင့်”


“ရပါတယ် ကျွန်တော် လည်း အဲ့ဒီသွားမှာ ပါ”


သူပြောပြောဆိုဆို ဆင်းလာပြီး သူမ ပစ္စည်းတွေ ကိုကားနောက်ခန်းသို့ နေရာချလိုက်တယ်။ သူမ တက်မည့် ဘက် အခြမ်းသို့ ကားတံခါး ကိုဖွင့် ပေးလိုက်တယ် ။ သူမက ညင်သာစွာပဲ ကားပေါ်သို့တက်ထိုင် လိုက်တယ်။ သူ က ကားကိုမောင်းထွက်ရင်းသူမ မျက်ခုံး နဲ့ မျက်လုံးများကို ရင်းနှီးသလို ခံစားမိတယ်။


“ညီမ က ဘယ်သူ့ ဆီကို သွားမှာ လဲ ”


“မွန့် အကိုဆီကို ပါ အကို့ နာမည်က ဦး မွန်ငြိမ်းချမ်း ပါ ”


“ဟာ ဒါဆို ညီမ က မွန်မေချမ်းပေါ့ ”


“ဟုတ်ကဲ့ အစ်ကို ”


“အော် …ဒါ့ကြောင့် ညီမ မျက်လုံး နဲ့ မျက်ခုံးတွေ ကိုမြင်ဖူးပါတယ် ထင်နေတာ မောင်နှမ နှစ်ယောက်က တော်တော် ဆင်တာပဲ ကိုငြိမ်း အခန်းထဲ မှာညီမလေး ဓါတ်ပုံတွေ့ ဖူးတယ်လေ ညီမ က အပြင်မှာ ပိုနုတာ ကို”


“မွန်က ကိုကို့ လောက် နှာတံ မလှ ဘူး ပြီး တော့ ကိုကို့ နှုတ်ခမ်း က ပိုပါးတယ် မောင်နှမ နှစ်ယောက် ကိုတော်တော် တူတယ်လို့တော့ ပြော ကြတယ် ဒါပေမယ့် ကိုကို က ပိုချောပါတယ်”


သူ မွန့် ကိုကြည့် ရင်းပြုံးပြီး ခေါင်းကို ငြိမ့် ၍ ထောက်ခံ လိုက်တယ်။ ဖက်ဖူးရောင် လုံချည် လေးနဲ့ ဖက်ဖူးရောင် အနွေးထည်လေးက သူမ အသားကို ပိုမိုဖြူဖွေးစေသည်။ ခန္ဓာ ကိုယ်က သွယ်လျှတယ်ပြောရ မှာထက် ပိန် ပါးပါးလေး ဖြစ်နေသည်။ ဘေးတိုက်ကြည့် လိုက်တော့ သူမ ပြောသလိုပဲ နှာတံ လေး က ကိုငြမ်းလောက် မလှဘူး ဒါပေမယ့်ဆည်းဆာချိန် လေး မှာမြင်ရ တဲ့ သူမ မျက်တောင်လေး တွေကတော့ ဆေးမကူပဲ ကော့ပျံနေသည်။ ချောမောလှပ လွန်းသူ မဟုတ်ပေမယ့် ချစ်စရာကောင်း တာတော့ အမှန် ပင် ခုလည်း မျက်တောင် လေးစဉ်းပြီးငိုက်နေပြီ ပင်ပန်းတော့ ငိုက်ပြီပေါ့ ။ သူ ကားကိုခနရပ်ပြီး


“ညီမ ခါးပတ် ပတ် လိုက်နော် နဲနဲမိုးချုပ်တော့ တောင်တက်လမ်း က သိပ် မမြင်ရ ဘူး အိပ်ချင်ရင် အကို ခုံကို နောက် ကိုချပေးမယ် ခရီးက သိပ်မဝေး ပေမယ့် တောင်တက်လမ်းကြောင့်ရော ည ဖြစ်တာကြောင့်ရော ၁ နာရီ ပတ်ဝန်း ကျင်လောက်မောင်းရမှာ ”


သူပြောပြောဆိုဆို ဖြင့် သူမ ကိုကျော်၍ ခုံကို နဲနဲ အောက်သို့ ချလိုက်တယ် ။ သူ့ ခန္ဓာကိုယ် ပြန် အရုတ် မှာ သူမ မျက်နှာ ကြည့်လိုက်တော့ မျက်လွာလေးချပြီး ပျက်တစ်ဝက်ရှိတစ်ဝက် သနပ်ခါး တွေကြားမှ ပါးရဲရဲ ကို လှမ်းတွေ့ လိုက်တယ်။ သူကတော့ ဘာရယ် မဟုတ် စိတ်မြန်ကိုယ်မြန်လုပ်ပေးလိုက်တာ။ ရှက်တတ်သော သူမ အားရုတ်တရက်အားနာသွားသည်။ ဒါပေမယ့် မသိသလိုပဲ နေလိုက်မိတယ် ။


“ကျေးဇူး”


သူမ နှူတ်က မပွင့် တစ်ပွင့် စကားဆိုလာတယ် ။ သူကတော့ ပြုံး၍ ခေါင်းငြိမ့်ပြ ပြီး ကားကိုဆက်လက်မောင်းထွက်ခဲ့တယ် တောင်တက်လမ်းဖြစ်တဲ့ အပြင် ကွေ့လမ်းတွေ များတာကြောင့် သူ ကား ကို ဂရုစိုက်မောင်းနေမိတယ် ။ တစ်ချက် တစ်ချက်သူမကို လှမ်းကြည့် လိုက်တိုင်း လရောင်လေးကြားမှ သူမျက်လုံးလေး မှိတ်နေတာ ကိုတွေ့ ရတယ်။အိပ်ငိုက်နေတာ နဲ့ တူတယ် ရန်ကုန် ကနေ တိုက်ရိုက် ဆိုတော့ သူမ ပင်ပန်းပြီပေါ့ ..ငိုက်နေတာလည်းကောင်းပါတယ် ဒါ မှ သူမ မကြောက်မှာ ..

Tags: ကိုယ်, တိုင်ရေး

Flagအအ

အခန်း(၁)


ရန်ကုန် မန္တလေး ကားကိုစီးခဲ့ ပြီး တောင်ပေါ်တက်တဲ့ ဒီကားကို ချင်ခြင်းပြောင်းစီးခဲ့ ရတာ ။

လူက အရမ်းပင်ပန်းနေပေမယ့် မတွေ့ ရတာ ကြာပြီဖြစ်တဲ့ ကိုကိုနဲ့ တွေ့ ရ မှာမို့ ပျော်ရွှင်နေမိတယ်။၁၅ နှစ်ကျော် ကွာပေမယ့် မောင်နှမ ၂ ယောက်တည်းရှိတာ မို့ တစ်ခါမှရန်မဖြစ် ဖူးပဲ နွေးနွေးထွေးထွေးရှိတဲ့ မောင်နှမ ၂ ယောက် ပါ ။ မေမေ က ကိုကို့ ကိုမွေးပြီး ကလေး မရ ပဲနေခဲ့ တာ။ ကိုကို၁၅ နှစ် လူပျို ပေါက် အရွယ် မှ မေမေ က မွန့် ကိုယ်ဝန် ထပ်ရခဲ့တာ။ မေမေ အသက်ကြီး မှမွန်းကို မွေးဖွား ခဲ့ရတဲ့ ဒုက္ခတွေကို သိတတ်နေပြီ ဖြစ်တဲ့ ကိုကို ကမြင်တွေ့ ခဲ့ရလို့သူ့တစ်သက် မိန်းမ မယူဖို့ ဆုံးဖြတ်ခဲ့ပါတယ် တဲ့။ ဖေဖေ နဲ့ မေမေ ကတော့ အသက်ကြီးမှရ တဲ့ကလေးမို့ မွန့် ကို အရမ်း အလို လိုက်ခဲ့ ပါတယ် ။

ဖေဖေ မေမေ ကိုကို တို့ ရဲ့ အလိုလိုက်မှု့ ကို အမိုက်စော်ကားချင်တဲ့ စိတ် မဟုတ်ပဲ နဲ့ မွန့်ရဲ့ ဆယ်ကျော်သက် တဒင်္ဂ အမှားလေး တစ်ခုကြောင့် မွန့် ဘ၀မှာ အမဲစက် ထင်ခဲ့ရတာ ။ မွန့် ကို အပြစ်မယူ ကြပဲ အချစ်တွေ ပိုပေး ခဲ့ ကြလို့မွန့် တစ်သက် ဖေဖေ မေမေ နဲ့ ကိုကို တို့ ကို ပဲ ပြုစုတော့မယ် လို့ ဆုံးဖြတ် ခဲ့ပါတယ်။ဖေဖေ က ပင်စင်စား ဆရာဝန်ကြီး မို့ ညနေ ဆိုမေမေ နဲ့ ဆေးခန်း ဖွင့်တယ် ။ရတဲ့ငွေ လေးနဲ့ ကိုကို လစာ တို့ ပေါင်း ပြီးမွန်တို့ မချမ်းသာပေမယ့်လူတန်းစေ့ တော့ နေနိုင်ခဲ့ကြတာ။


ကိုကိုက ဒီ စီမံကိန်းဒေသ မှာ တာဝန်ထမ်းဆောင်တယ် ။တာဝန်ကျတာ ၂ နှစ်ကျော်ပေမယ့် ကိုကို အိမ်ပြန်ခွင့် တစ်ကြိမ်သာ ရခဲ့တာ ။ ဒါလဲ တာဝန်နဲ့ ။ ဒီကြားထဲ လူကြုံ ရှိရင် ကိုကို့ အတွက် စားစရာလေး တွေ လုပ်ပေးရတယ်။ လူကြုံ ကလည်း အရမ်းရှားတယ် ။


“တောင်နီရွာ မှာ ဆင်းမည့် အမ ”


ကားစပယ်ယာလေး ရဲ့အော်သံကြောင့် သူမ အတွေးတွေ ကို ရပ်ပြီး သူ့ ကိုလှမ်းကြည့် လိုက်တယ် ။


“အမ တောင်နီရွာ အလွန်ဆို ဆင်းလို့ ရပြီ”


သူမ ခေါင်းငြမ့် ပြလိုက်တယ် ။ မွန် ဘေးတွေ ကိုကြည့် လိုက်တော့ တောင်နီရွာ ဆိုတဲ့ အတိုင်း ရွာလမ်းတစ်လျှောက် မြေနီတွေနဲ့ တောင်တွေ ကလည်း အနီရောင်သမ်း နေတယ်။ ရွာ အလွန်ရောက်တော့ ကားကို လမ်းခွဲ ၂ ခု မှာရပ်လိုက်တယ် ။ သူမ ကားပေါ်မှဆင်းလိုက်တယ် ။ ကားစပယ်ယာလေး က တောင်ပေါ်တက်မည့် လမ်း ဘက်အခြမ်းမှာ ရှိတဲ့ ကားဂိတ်လေး ဆီသို့ မွန့်ရဲ့ အ၀တ်အိပ် နဲ့ ခြင်း ကိုယူ သွားတယ် မွန်ကတော့ မွန့် ပိုက်ဆံအိပ်လေး ကိုလွယ်ပြီးသူ့နောက် ကလိုက်သွားတယ်။


“အမ စီမံကိန်း ဒေသ ကိုသွားတဲ့ လိုင်းကားဆိုတာ မရှိဘူး ဒီကနေ ကားကြုံတားစီးလို့ ရတယ် ဘာအန္တရယ် မှ မရှိပါဘူး တကယ်လို့ အမ ဒီနေ့ ကားကြုံ မရ ရင် တောင်နီရွာ ထဲ ကို လမ်းလျှောက် ပြန်ဝင်ပြီး တစ်ည တည်းလိုက် နောက်နေ့ မှ ကားကြုံပြန်စောင့် စီးပေါ့ တောင်နီရွာ ထဲ ကတည်းခိုခန်းတွေက လုံခြုံ စိတ်ချရ ပါတယ် ဒီဘက်တွေမှာဘာအမှူ့ အခင်းမှ မဖြစ် ဘူး အေးချမ်းတယ်”


“ကျေးဇူးပါပဲကွယ် နေ မ၀င်ခင်တော့ စောင့်လိုက် ပါအုံးမယ်”


“ဒါဆို သွားပြီ အမ ”


ပြောပြောဆိုဆို ပြေးထွက်သွားသော ကားစပယ်ယာလေး ရဲ့ကျောပြင်ကို ကြည့်ရင်း ဒီဒေသက လူတွေ သိပ်ယဉ်ကျေးတာပဲ လို့တွေးနေမိတယ် ။ ကားဂိတ်က ထိုင်ခုံလေးမှာ ထိုင်ချရင်း တောင်ပေါ်တက်လာမည့် ကားလမ်းရှိရာ သို့ ငေးနေမိတယ်။


မွန်လာမှာကို ကိုကို့ ကို လူကြုံ နဲ့စာရေးပေးလိုက်တာ ရက် အတိအကျ မရေးတော့ ကိုကို ဘယ်လာကြိုနိုင် မလဲ ။ ဘုရားစာလေးရွတ် လိုက် ၊ တွေးလိုက်တောလိုက် ၊ ပါလာတဲ့မုန့်လေး စားလိုက်နဲ့ နေ၀င်လုချိန် ကိုရောက်လာတယ် ။ ဒီမှာနေ၀င်ချိန်စောလိုက်တာ လို့ မွန်တွေးမိတယ်။ ဟုတ်တယ် လက် က နာရီကိုကြည့် လိုက်တော့ ၅ နာရီကျော်ပဲ ရှိသေးတာ ။ မှောင်လာရင် ရွာထဲတည်းခိုခန်း ရှာရ ခက်မှာမို့ မွန်ဒီတစ်ညတော့ တောင်နီရွာမှာပဲ အိပ်ဖို့ ဆုံးဖြတ်လိုက်တယ်။ ဆုံးဖြတ်ချက်နဲ့အတူ ပိုက်ဆံအိတ် ကိုလွယ် တစ်ဖက် က ခြင်းကို ဆွဲပြီး အ၀တ်အိတ် ကိုလှမ်းယူမယ် အလုပ် တောင်တက်လမ်း ထဲသို့ ဂျစ်ကားတစ်စီး တက်လာတာ လှမ်းမြင်လိုက်တာမို့ခြင်းကိုပြန်ချပြီး ကားလမ်း နဘေးသို့ အသာအယာ လှမ်းတက်လိုက်တယ် ။ လက်ပြ ပြီး ကားတားဖို့ကို မ၀ံ့ မရဲ ဖြစ်နေတယ် ။

.............................................................................................................................................

ဆက်ရန် .......


ဝန်ခံချက် ။ ။ ဒီဝတ္ထု လေး ကို ရေးထားတာ ၂ နှစ်ကျော် ပါပြီ ။ ဇာတ်လမ်း ၊နေရာ ၊ဇာတ်ကောင် တွေ အားလုံးက စိတ်ကူးယဉ် တွေ ချည်း ပါ ပဲ ။ ဒါ့ကြောင့် တိုက် ဆိုင် မှူ့ ရှိ ရင် ခွင့် လွှတ် ပါ ။

* မာန်မတက်ချင်ပါဘူး “ကို ”

အခံရတော့ ခက်တယ်

...................................................

* မြန်မာမလေးအတွက် သနပ်ခါးဆိုတာ

ရုပ်ဆိုးသူတောင် လှတယ်တဲ့

ကျမပါးမှာ သနပ်ခါး အမြဲရှိတာ

“ကို” ဘာလို့ သတိမထားမိတာလဲ

“ကို့” ပါးပြင်ထက် စပါးလုံးတစ်ထောက်စာ

မှဲ့ စိမ်းစိမ်းလေးရှိတာကျမသိတယ်

...............................................

*မြန်မာမလေးဆိုတာ ဆံရှည်လေးနဲ့

တင့်တယ် ..တယ်လို့ပြောကြတယ်

မလှပပေမယ့် ကျမခေါင်းမှာ

ပျော့ပြောင်းတဲ့ ဆံနွယ်လေးတွေရှိတာ

“ကို”ဘာလို့ သတိမထားမိတာလဲ

သွယ်ပျောင်းတဲ့ “ကို့”လက်ချောင်းထက်က

လက်ဖမိုးပေါ်မှာ မွေးညင်းနုလေးတွေရှိတာ

ကျမသိတယ်

..............................................

*ကျမပါးက သနပ်ခါး

ကျမခေါင်းက ဆံနွယ်

“ကို” သတိမထားမိချင်နေပါ

ကျမ မျက်ဝန်းမှ တဆင့်

နှလုံးသား နက်နက် အတွင်မှာ

“ကို့” ကို မြတ်နိုးနေတဲ့

ချစ်ခြင်း တစ်စုံရှိတာ

“ကို” ဖောက်ထွင်း မြင်တတ်ရင်ကောင်းမယ်

.........................................................

* မာန်မတက်ချင်ပါဘူး “ကို ”

အခံရတော့ ခက်တယ်

.............................................................

ကဗျာ ဟောင်းလေး ပါ .........

*အိပ်မက်တွေ တပ်ဖြန့်ခင်းထားတုန်းက
အရာအားလုံးကမှုန်ဝါးဝါး နဲ့ပဲ
ကစုန်ကလျားပြေးနေတဲ့
ငါ့စိတ်ကို ချွန်းသပ်

လှပတဲ့ အိမ်မက်နတ်သမီးရှေ အရောက်ဝယ်
အနည်းငယ်ဆိုရုံလေး............

အနည်းငယ်ဆိုရုံလေး..
ငါ၏စိတ်တို့မိန်းမောတွေဝေသွားခဲ့တယ်

* တိမ်းညွတ်မှုကြောင့်လား.......
အိမ်မက်နတ်သမီးရဲ့လှည့်စားချက်ကြောင့်လား

ငါ့အိမ်မက်မှာ ငါယိုင်လဲခဲ့ဘူးတယ်
ဒိုင်ပွဲရပ်နဲ့ နှလုံးသားတို့ ကျရှုံး
နင့်အမုန်းတွေအောက်မှာ

ပြားပြားဝပ်ခဲ့

နင်လှမ်းလာမဲ့ အကြင်နာလက်တကမ်း
ငါ တမ်းတမိနေတုန်း
အမုန်းကမ်းပါးကို နင်က
တက်လှမ်းလာတော့မှာမှ မဟုတ်တာ.....

*မျော်လင့်ချက်မဲ့ ငါ့အိမ်မက်
ငါဘယ်လိုဘယ်လိုရှေဆက်ရမလဲ
ငါ့ခြေထောက်တွေ အပိုင်းပိုင်းကျိုး
ငါ့ရာဇ၀င် ပုပ်သိုးသွားပါစေ.....
အလွမ်းတွေရင်မှာ သိုဝှက်တွေ သိမ်ဆည်း
မရနိုင်တဲ့နတ်သမီးကိုမျှော်လင့်
ငါ့ဘ၀မှာ......
ငါ့ကဗျာရယ်နင်ရယ်
မရမက တမ်းတဖူးတယ်
ပျောက်ဆုံးသွားတဲ့ အိမ်မက်နတ်သမီးရယ်
နောက်တစ်ခါအိမ်မက်မက် ခွင့်ရချင်တယ်
ငါ့ဝိညဉ်ကို မင်းအတွက် ပေးဆပ်ချင်တယ်....
ချစ်ခြင်းတစ်စုံပါပေအပ်ရင်းနဲ့ပေါ့





သူငယ်ချင်း တစ်ယောက် က gtalk ကနေ ကဗျာ ပြိုင် ရေးမယ် လို့
စိန်ခေါ် တာ နဲ့ ရေးဖြစ် သွားတာ ပါ ...........
အစိမ်းရောင်လေး က သူငယ်ချင်း ရေးတာ ဖြစ် ပြီး
ပန်းရောင်လေး ကတော့ အေးချမ်းဖြူ ရေးတာ ဖြစ် ပါတယ် ။

အပြင်မှာ အဆင်မပြေတဲ့အခါ ...မိသားစုမဟုတ် တဲ့
တခြားသူတွေ နဲ့ အဆင် မပြေ တဲ့ အခါ ကျယ်ဝန်းသော
ဤ ကျယ်ဝန်း သော ကမ္ဘာမြေ ထက် ပေ ၅၀ ရှိသော မြေ..
ထို မြေကြီး ထက် ဆောက်ထား သော ၃၄ ပေ ၂၄ ပေ ရှိသော အိမ်
ထို အိမ် ထက် ၁၀ ပေ ၁၂ ပေ ရှိ သော သူမ ရဲ့ အခန်း
ထို အခန်း ထဲ့ ရှိ ၄ ပေ ၆ ပေ သာ ရှိသော သူမ ရဲ့ အိပ်ရာ
ထိုနေရာ သည် ...သူမ ရဲ့ စိတ် အပန်းဖြေရာ နေရာ .........

ဒါပေမယ့် ..သူမ မိသားစု နဲ့ အဆင် မပြေ တဲ့ အခါ
အိမ် ကနေ ထွက် သွားချင် စိတ် ရှိတဲ့ အခါ
ဤကမ္ဘာ လော က ကြီး က ကျယ်ဝန်း သလောက်
အိမ် တံခါး ပေါက် က ထွက် ရင် သွား စရာ မြေ မရှိ ခဲ့ ။
မြေ တို့ အိမ် တို့ က မှ ကျယ်ဝန်းပါသေးတယ်
သူမ အတွက် ကတော့ ၁ ပေ ပတ် လည်
အေးချမ်းစွာ ကြိုဆို မည့် ရင်ခွင် နွေးတောင် မရှိ ခဲ့ ။

သူမ တစိမ်း တရံ တွေ နဲ့ ဘယ်လောက် ပဲ ပဋိပက္ခ ဖြစ်ပါစေ
သူမ အပေါ် ဘယ်လောက် ပင် ပုတ်ခတ် ကြပါစေ
မဟုတ် တာ ကို အဟုတ် လုပ် ပြီး မကောင်း သတင်းအဖြစ်ပြော ကြပါစေ
နောက် ဆုံး သူမ ကို တစ်သက် လုံး အတွက် ချစ် လှ ပါသည် ဆိုသော သူတို့ သူတို့ တွေ
ဘယ်လောက် ပင် စွန့် ခွါ သွားကြပါစေ .သူမ ကြိုးစား ဖြေ သိမ့် နိုင် ပါတယ်
သြော် ....လောက ကြီး မှာ ဒီလို လူတွေ ရှိ ကြတယ်
သူမ ကိုယ်တိုင် လည်း မတရား တာ မျိုး ရှိ ခဲ့ နိုင်တာ ပဲ .......
ဆို ပြီးတော့ ပေါ့ လေ

ဒါပေမယ့် .........................သူမ ကို
ဖခင်ရင်း က ........နားလည် မပေး တဲ့ အခါ
မိခင်ရင်းက ........နားလည် မပေး တဲ့ အခါ
အကိုတွေက.........နားလည် မပေး တဲ့ အခါ
ဒီ လူ့ လောက ကြီး က ပျော်စရာ တွေ ပျောက်ဆုံး ကုန်တယ် ။ တစ္ဆေတို့ မြွေတို့ မကြောက် အမှောင် ထဲ တောင် လျှောက် သွား ချင်တယ် ။ ထိုင် နေ လျှက် နဲ့ အငွေ ပျံ သွားချင်တယ် ။ဒါမှ မဟုတ် သေခြင်း တစ်မျိုး မျိုး နဲ့သေလိုက်ချင်တယ် ။ ဖြစ်လာ သမျှ ပြဿနာ တို့ သည် သေခြင်း ကြောင့် ပျောက် ပျက်မှာ မှ မဟုတ် တာ ။ ဒီဘ၀ မှာ မှ ဖြေ သိမ့် နိုင်သေးတယ် ။ နောက်ဘ၀ မှာ မဖြေ သိမ့် တတ် လျှင် ဖြေသိမ့် လို့ မရ နိုင်သော တိရိစ္ဆာန် လို ဘ၀ မျိုး ရ ရင် ကိုယ့် ကိုယ် ကို သတ်သေ ခြင်း က အလကား ပဲ မဟုတ် လား ။
နောက် ဆုံး သူမ ဖြေသိမ့် စရာ ကတော့ ......
၁ ပေ ၂ ပေ ပတ်လည် ခေါင်း အုံး ပေါ် မှောက်
မျက်ရည် တောက် ...တောက် ကျ နေ ရုံ ပါ ပဲ
*****************************************************

ငါ သေ သွားတဲ့ အခါ ...၀မ်းမနည်း ပါ နှင့်
သရဏ ဂုံ တင် ၍
ငါ့ နာမည်လေး တစ်ခါ ခေါ်
သာဓု လည်း ၃ ကြိမ် ခေါ် ပေးပါ

ငါ့ ၏ ရုပ်ကလပ် ကို ပြုပြင်တဲ့အခါ
ငါ မဟုတ် သော ငါ့ခန္ဓာ အတွက်
မပူဆွေး ပါနှင့်
သွား နှင့် သူ လို့ သံဝေဂ ယူပေး ပါ

ငါ့ အားနောက် ဆုံး
မီး သဂြိုလ် သော အခါ
မငိုကြွေး ပါနှင့်
ကောင်းရာ မွန်ရာ ဘ၀ မှာ
ရောက်ရှိ နေပါ ပြီး လို့ စိတ်ဖြေသိမ့် ပါ ။


*******************************************************
ဝန်ခံချက်။ ။ စာ နဲ့ ကဗျာ နဲ့ က တကယ်တော့ တခြားစီ ပါ။ ကောင်းမွန် သော ရသ မပါသော စာ ကို တင်လိုက် တဲ့ အတွက် စာဖတ်သူ တွေ အားလုံး ကိုတောင်းပန်ပါတယ် ။ ဘယ် လောက် ပဲ ၀မ်းနည်း စရာတွေ ရှိနေပါစေ ..ဒီဆိုဒ် ကလေး ကိုရောက် လာ ရင် ချပ်ရိုး မှာ ချပ် ရ ရင် မျက်ရည် ကျနေ ရင် တောင် ရီ မိ ပါတယ် ။ ကလေး တွေ အားလုံး ကို သံယောဇဉ် လည်း ရှိပါတယ် ။ချစ်လည်း ချစ်ပါတယ် ။ဒီဆိုဒ် ထဲ မှာ တို့ ကို မုန်းနေ တဲ့ သူ အမြင်ကပ်နေတဲ့ သူ လည်း ရှိ မှာ ပါ ။ ဒါပေမယ့် တို့ ကိုချစ်တဲ့ သူ က ပို များမယ် လို့ ထင်ပါတယ် ။ တို့ရဲ့ခေါင်းမာ မှူ့ ကြောင့်စိတ်မကောင်း စရာ ဖြစ်ရ ရင် လည်း အားလုံး ကို ဒီ ကနေ တောင်းပန်တယ် နော် ။ ငယ်ငယ် လေး ကတည်း က မျက်ရည် လွယ် သလောက် ခေါင်းမာ တာ ၊ မာန ကြီး တာ ဖျက်မရ တဲ့ ဗီဇ လို ဖြစ်နေ လို့ ပါ။ ပေါ့ပေါ့ လေး ပြော တာ မဟုတ် ပါ ဘူး တို့ ကိုခင်မင်လာတဲ့ မိန်းကလေး တွေ ရော ယောင်္ကျားလေး တွေ ရော ကို အရမ်း အရမ်း ချစ်ပါတယ် ။ တို့ အမြဲ ပြုံးပျော်နေ သလောက် တို့ ရင် ထဲ မှာ သောက တွေ ဖွင့် မပြော နိုင်သော သောက တွေ အရမ်း များ ပါတယ် ။ ခု စိတ်ညစ် စရာလေးတွေ များနေ လို့ ဒီ post လေး ကို ရေးမိတာ နားလည် ပေး ကြပါနော် ။ မိမိ နှစ်သက် သလို comment လေး တွေ ပေး နော် ။ နောက်တာ ဖြစ်ဖြစ် အတည်ဖြစ် ဖြစ် ......
ချစ်ခင်စွာ ဖြင့် ..............အေးချမ်းဖြူ
...........................................................................................................






သူနဲ့ စတင်ဆုံဆည်း ခဲ့ တာ က ဘာမှ ထူးထူးဆန်းဆန်း မျိုး
မဟုတ် ခဲ့ ၀ါသနာတူတွေ တွေ့ ဆုံ တဲ့နေရာ မှာ လူပေါင်းစုံ
အလွှာပေါင်းစုံ အသက် အရွယ် စုံ .... လူဦး ရေ သိပ် မများ လှ
ပေမယ့် ..သီးသန့်နေတတ်သောသူမ အတွက် ...သူ အား
သတိ မထား မိခြင်း သည် သိပ်တော့ ဆန်း သည့် အရာ မဟုတ် ။

အချိန် လေး ရ တာ နဲ့ သူမ စာဖတ် နေ မိသည် ။ သူမ အလွန်
ကြိုက်သောGone with the wind ...မနှစ် က ဖတ် ထား ပြီး ခု မှ
စိတ်ကူး ပေါက် ၍ ထပ်ဖတ်သည် ။သူမ စာအုပ်ရှေ့ ကို အအေးဗူး လေး ကိုင်ထားတဲ့လက်ဖြူဖြူ လေး တစ်ဖက် ..

သူမ မော့ ကြည့်လိုက်တော့ သူ ...

သူ နဲ့ သူမ ..လေရူးသုန်သုန် ..အကြောင်း ဆွေးနွေး ဖြစ် ကြတယ် ။ သူ က
“ရက်ဘတ်တလာ” ရဲ အချစ် ကြီး ပုံ ကို သဘောကျကြောင်း နဲ့ သူမ ကတော့
အပေါ်ယံ တစ်ကိုယ်ကောင်း ဆန်တယ် လို့ အသားပေး ရေးထား ပေမယ့် မိသားစုကို မပစ်ပယ်သော “စကားလက်အိုဟာရာ” ကို သဘောကျ ကြောင်း ပြော မိကြသည် ။

သူမ စာဖတ် တာ ၀ါသနာ ပါသလောက် သူမ မိသားစု နှင့် သူမ သူငယ်ချင်း များတွင် ဆွေးနွေး စရာ လူမရှိခဲ့ ။ သူ နဲ့ခင်မင်ရ ခြင်း သည် သူမ အတွက် ရေဆာနေချိန် တွင် ချိုချို ချဉ်ချဉ် အေးအေး လေး သောက်ရ သော အချိုရည် တစ်ခွက် ..

သူ နှင့် သူမ တူသည့် အချက် က စာပေ မှ လွဲ ၍ personal များ မပြောခြင်း ပင် ။ တွေ့ နေ ကျ နေ့ ရက် ရောက် လျှင် သူမ အရင် ရောက် လျှင် သူမ စောင့်နေတတ်ပြီး ..သူရောက် နေနှင့် လျှင် သူစောင့် နေတတ် သည် ။ တွေ့တိုင်း သူ့ လက်ဖြူဖြူ လေး နှင့် ကမ်းပေး သော အချို ရည် တစ်ဗူး ကိုသောက် ပြီး သူပြော သော စကားချိုချို လေး များ ကို နားထောင် နေကြ ။

ဒါပေမယ့် ..ခွဲခွာဖို့ ဆို တာ ....သူ့အချိန် နဲ့ သူ လာ ခဲ့ သည် ။ သူနဲ့ သူမ ဆက် လက် ၍ အဆက် အသွယ် မပြတ်စေ ဖို့ က ဖုန်း ကို သာ အားကိုး ဖို့ ဖြစ် လာ ခဲ့တာ ။
“ သူဘယ်လောက် ကြာ မှာ လဲ ဟင်” ....ပြန်လည် တွေ့ဆုံ ဖို့ ကတော့ အချိန် ကသာ အဖြေ........

အဝေး တစ်နေ ရာ ရောက် မှ ပွင့် အံကျလာသော သူ ၏ ချစ်ခြင်း ကို သူမ အသိ အမှတ် ပြု ဖို့ ရန် သူမ..တောင်းဆို ခဲ့ သည့် ရက် က ...သူမ မွေးနေ့ ...

ချစ်သူ မရှိ ခြင်း သည် သူမ အတွက် လွတ်လပ် ပေါ့ ပါး သည် လို့ အမြဲ ခံယူ ထားသော သူမ ...အိမ်ထောင် ပြု ခြင်း သည် မိမိ ကိုယ် ကိုယ် ထောင်ချခြင်း ဖြစ် သည် ဟူ ယူဆ သော သူမ ...သူအကြောင်းလေးတွေ တွေးမိရင် ...သူပြော စကား လေးတွေ တွေးမိ ရင် ပျော် ရွှင် ရသလောက် ...သူမ ၏ မူရင်း စိတ် များပေါ်လာ သော အခါ ...ညိုးငယ် စွာ စိတ် ပျက် မိတယ် ။
အဖြေပေး ခါ နီး နေ့ တိုင်း ဖုန်း ဆက် သော သူ့ ကို ပြော ပြတော့ သူမ စိတ်ရှိ တဲ့ အတိုင်း ဆုံးဖြတ် ဖို့ ..သူ ပြော လာတယ် ....

ဒီလို နဲ့ သူ ကို အဖြေပေး ဖို့ ၂ ရက် လို ..................

သူ မ စိတ်တွေ ဒွိဟ ဖြစ်တယ် ။ သူမ သည် လွတ်လပ် မှူ့ ကို တော်တော် ခုံ မင် သည် ။ တစ်နေ ကုန် သူမ မပျော် ရွှင် ... ....ည သူမ အိပ်ရာ ၀င်တော့ ..သူကို ငြင်း လိုက် တယ် လို့ စိတ်ထဲ မှာ ထား ပြီး ...စဉ်းစား တဲ့ အခါ သူမ ပါ ၀မ်းနည်း မှု့ တွေကူးစက် လာတယ် ။ သူ့ ကို လက်ခံ လိုက် ပြီ လို့ စဉ်းစား တဲ့ အခါ သူမ စိတ် ထဲ မှာ ပျော် ရွှင် လာ ခဲ့မိတယ် ။ ထို နေ့ က သူ ဖုန်း မဆက် ...
သူမ နှစ် ခြိုက် စွာ အိပ်ပျော် ခဲ့တယ် ..........

အဖြေ ပေး ရန် ၁ ရက် အလို ......
သူ ဖုန်း လာတော့ သူမ ထူးခြား စွာ ပျော်ရွှင် နေမိတယ် ....မနေ့ က ဘာလို့ ဖုန်း မဆက်တာ လဲ ဆိုတော့ .....ဘုန်းကြီး ကျောင်း သွား နေတာ တဲ့ ..
“အဝေးကြီး လားဟင် ”
“အင်း ...နဲနဲဝေးတယ် ”
“ ဘာသွား လုပ်တာ လဲ အလှူ ရှိ လို့ လား ”
သူမ ရယ် သံသော့သော့လေး နဲ့မေးတော့ ....
“ ဆွမ်း သွား ကပ်တာ ”
“ဟင် ...ဘာလို့ ”
“ဘုန်း ဘုန်း ကို မနက်ဖြန် ချစ်သူ မွေးနေ့ မို့ လို့လျှောက် ပြီးတော့ ပေါ့ ”
သူမ မရီ ဖြစ် ခဲ့ ..သူမ.. နှလုံး သား ထဲ ကို အရောင် မဲ့တဲ့ ကြိုးတစ်စ သူ ချည် လာ တယ် .............

မွေးနေ့ ........
သူသည် သူမ ချစ်သော သူ ဖြစ် လာ ခဲ့တယ် .........သူမ ဘာမှန်း မသိ ချစ်သူ တစ်ယောက် ရ လာ ခဲ့တယ် ..သူပျော်ရွှင် တာ သူမ သိတယ် ..မွေးနေ့ မို့ သူမ အလုပ် ရှုပ်တာ နဲ့ သူ နှင့်ကောင်းစွာ စကား မပြော နှိုင် ခဲ့ .....

သူမ ၏ မွေး နေ့ သည် ချစ်သူ တစ်ယောက် ရခဲ့ သလောက် ...ချစ်သူ နှင့် ဆင်နွဲ ခွင့် ဘယ် မှာ လဲ .....မွေးနေ့ ရောက်တိုင်း ချစ် သူ နှင့် ဘုရားတူတူ ဖူးချင်တယ် ....ဒါန လေး တစ်ခု ကို တူတူ ပြု ချင်တယ် ..... ချစ်သူ လက် ကို ကိုင် ပြီး လမ်း တူတူ လျှောက် ချင်တယ် .........

သူ နှင့် သူမ သည် ချစ်သူ ပါ ။ ဒါပေမယ့် ရွေးချယ် ခွင့် မရ သော ဘ၀ တွေ ကို ပိုင်ဆိုင် ထား ကြသူတွေ ....မွေး နေ့ ရောက် တိုင်း ချစ်သူ ဖြစ်သော အမှတ်တယ နေ့ ဒါပေမယ့် လည်း အနားမှာ သူ မရှိ သော ၀မ်းနည်းစရာ ကောင်းသော နေ့
ဘယ်အချိန် မှ ဆုံ နိုင်မယ် ဆို တာ မသိ နိုင်သရွေ့ ..မွေးနေ့တိုင်း သည် သူမ အတွက်တော့ .......အလွမ်းတွေ စီ ပြီး အလွမ်း တွေ နဲ့ ရီ နေ ရတဲ့ နေ့ .........
........................................................................

သူ့ အကြောင်းလေးများ
စဉ်းစား မိရင် ..........
မျက်နှာ မှာ ကြည် နူး
အပြုံး ရိပ် ကလေး တွေ ဖြည့်စွက်
ဘေးလူတွေ လည်း ရိပ် မိတော့ မယ်

တခန တာ တွေ့ ဆုံ မှူ့လေး က
တစ်ဘ၀ စာ ဖြစ်လာတော့
သူ့  ပခုံးပေါ် မေးစက်
ထာဝရ ပဲ ဖြစ်ချင် တယ်
ဘယ် အကြောင်း ကြောင့် အတွက် မှ
နောင်တ မရ ချင် ဘူး ....

တွေ့လည်း လွမ်းတယ်
မတွေ့ လည်း လွမ်းတယ်
အချိန် ပြည့် လွမ်း တယ် ........

ဘယ်လောက် ပဲ မရေရာ တဲ့
အခြေ အနေ တွေ နဲ့ စခဲ့ ...စခဲ့
တို့ ရင် ထဲ မှာသေချာစေချင် မိတယ်

သူရေ ..........
အချိန်တွေ တိုင်း
သူ့ အနား မှာနေ
သူ့ မျက်ဝန်း ကို ငေး
သူ့ လက် မောင်း ကို မှီတွယ် ရင်
နောက်ဆုံးချိန်တွေ ထိ
ထာဝရ အတူ ရှိချင်တယ် ...


ဒါပေမယ့် ...စိတ် နှင့် ကံကြမ္မာ ဆို တာ ပြောင်း လဲတတ် ပြီး မိမိ စီရင် ချင်တိုင်း ဖြစ်တဲ့ အရာ မဟုတ်တော့ ...
သူမ တို့ မှာ .......ထာဝရ ဆို တာ စိတ် နဲ့ ကြမ္မာ ပေး လာ တဲ့ ကံဇာတ်ဆရာ အလိုကျ တွေပါ ............

အချစ်အဓိ ပ္ပါယ်
အမျိုးမျိုး ဖွင့်ဆိုကြတယ်
“အ” ..လို့ ချစ်တာ လား
ချစ်လို့ ..“အ” .. တာ လား
“ချစ်ခြင်း အစ မျက်စေ့ က” ဆိုပြီး
မြင်မြင် ချင်း ချစ် ကြတာ လား
ဘာ မှတော့ ရေရေ ရာ ရာ မရှိ ဘူး

ကိုယ် လေ
ဘာမျောက် လဲတော့ မသိ ဘူး
တကယ် ပါ အမြီးတော့ မပေါက် ခဲ့ ဘူး

အချစ် သာ မသိတာ
ရေးမိတော့ အလွမ်း ကဗျာ
“၀ ”မရှိ ပဲ “၀ိ ”လုပ်နေရတာ

ကိုယ့် အတွက်တော့
အချစ်ဆိုတာ လေ
ရေ မျော ကမ်းတင် ဗေဒါ ပင် လိုပဲ
အသေအချာ မသိခင်မှာ ပဲ
ရေ အလာနဲ့ ဗေဒါရယ်
ပြန်ပါ သွားလေ တယ်

ကမ်းလင့် နေတဲ့ ကိုယ့်လက်ရယ်
ဖမ်းဆုတ် မိတယ် လေဟာ နယ်
ကိုယ်လေ ...........
လွမ်းစရာ မရှိသော
ကိုယ့် ကိုယ် ကို လွမ်းရင်း
အလွမ်း ကဗျာတွေ ရေး နေမယ်

နွေဆို ...သိတဲ့ အတိုင်း ပဲ ........
ဥသြ သံလေးတွေ ကြားနေ ရ ပြီ
တစ်ခါတစ်လေ
ဥသြ ငှက်လေး တွေ တစ်နေကုန် မြည်နေကြတာ
စိတ်ထဲမှာလေ ....သနားလိုက်တာ
လည်ပင်းတွေ နာ နေ မှာ ပဲဆို ပြီး ....
နွေ နဲ့ ဥသြ ဆိုတာ ခွဲ မရ ဘူးလေ
နွေကို မုန်းပေမယ့် ဥသြ လေးတွေ ကိုတော့
မမုန်း မိ ဘူး
ဥ သြ သံ လေးတွေ က နွေ ရဲ့ အပူ ဒဏ် ကို
လျော့ စေတယ် တောင် ထင် မိတယ်
...........................................
လွန်ခဲ့တဲ့ တစ်ပတ်လောက် က
ဥသြ ငှက် အကြောင်း TV ကနေလာတယ်
ဥသြ နဲ့ တော့ သိပ်မတူသလိုပဲ
ဒါပေမယ့် ဘာသာပြန်သူ က
ဥသြ ဆိုတော့ လည်း ...ဥသြ ပေါ့နော် ....
အဲ့ဒီ သနား စရာ ဥသြ အကြောင်း ပြောချင်လို့
ဥသြ ငှက်မ က သူ ဥ ..ဥ တော့
သူများ အသိုက် မှာ လာ ဥ တယ် ..
အသိုက် ရှင် ငှက် မလေး ကတော့ ..
သူဥ တွေ နဲ့ ရောပြီး ၀ပ်ပေးရှာ ပါတယ်
အမေ ဥသြ ငှက် မ က မလှမ်းမကမ်း ကနေ
အမြဲ ကြည့်နေ တယ် ....
ဥသြ ငှက် က အရင် ဆုံး
အကောင်ပေါက် လာတော့
အသိုက် ရှင် ငှက် မလေး က
သူ့ ကလေး မှတ်ပြီး ......
အစာ ကျွှေးတယ် အညစ်အကျေးတွေ
သန့် ရှင်းပေးတယ် ...........
မျက်လုံး လည်း မပွင့် သေး ဘူး
အမွေး လည်း မပေါက် သေး ဘူး
အဲ့ ဒီမှာ ဥသြ ငှက် က ဇာတိ ပြ လာတော့ တာ ပဲ
ငှက်ရှင် ရဲ့ အကောင် မပေါက် သေးတဲ့ ဥတွေ ကို
ကျော နဲ့ တွန်းတင် ပြီး ...အောက် ကို ပစ် ..ပစ် ချတယ်
တစ်ခါ ပစ် ချပြီး တိုင်း သူ့  မှာ မော လို့ (သနားဖို့ တော့ မကောင်းပါဘူး)
နောက် ဆုံး အသိုက် ရှင် ငှက် မလေး ရဲ
ဥ တွေ တစ်လုံး မှ မကျန် တော့ ဘူး
သူက ....အသိုက် ရှင် ဖြစ်လာတယ် ..
ဇာတိ ဆိုတာ အဲ့ ဒါ ပဲ ................
ဘယ်တော့ မှ ဖျောက် လို့ မရ ဘူး .................
ခုတော့ နွေ ကို လည်း မုန်းတယ်
အကျင့် မကောင်းတဲ့ ဥသြ ကို လည်းမုန်းတယ် ...
..............................................



တို့ က Admin Post ကနေ ပဲ ထွက်တာ ပါ
member အနေ နဲ့ ကတော့ ရှိနေ မှာ ပါ ..
ဒါ့ကြောင့် ဘာမှ မဖြစ် ကြ ပါနဲ့
အေးချမ်းဖြူ က ဒီလောက် နဲ့ ဆိုဒ် က မထွက် ပါဘူး ။
သံယောဇဉ်တွေ ဒီလောက် များတာ ...............

ကျမက..တိရိစ္ဆာန်ချစ်တတ်သူပါ။ မြန်မာလူမျိုးတော်တော်များများကထေရ၀ါဒဗုဒ္ဒဘာသာဖြစ်ရဲ့နဲ့...တစ်ခါတစ်လေ..

.တိရိစ္ဆာန်တွေကိုသနားကြင်နာခြင်းကိုမေ့လျှော့နေတတ်ကြတယ်။

တစ်ချို့လူငယ်တွေဆို..ခွေးတစ်ကောင်ကားရှေ့ဖြတ်ရင်တောင်.တိုက်ပြစ်လိုက်ဖို့ဝန်မလေးဘူး။

သူလည်းအသက်နဲ့ပဲကွယ်။စကားသာပြောတတ်ရင်..သူလည်းလူဖြစ်ချင်မှာပဲပေါ့...။

တိရိစ္ဆာန်တွေကိုသနားကြင်နာတတ်တဲ့နေရာမှာ..အနောက်နိုင်ငံသားတွေကိုမမှီဘူး...။

အရှေ့နိုင်ငံသားတွေကတော့..ဗုဒ္ဒဘာသာကိုးကွယ်ရက်နဲ့..အရှင်စားတယ်..

အထူးသဖြင့်...တရုပ်..ဂျပန်..ကိုရီးယာ..ထိုင်း.....ဟိုတလော က လေ metacafe ကြည့် မိတယ် ..ကိုရီးယား မှာပေါ့ ...ခွေးတွေ ကို စားဖို့ မွေးထားတာ ..ည ပိုင်း ပြထားတော့ မျက်လုံး လေးတွေ နဲ့ ကြောင်ကြောင် ..ပြီးတော့ ရက်ရက် စက်စက် သတ် တာ ။ ကြည့်ပြီးတော့  အိပ် မရ ဘူး ။ ရင် ထဲ မှာ ဘလောင်ဆူ ပြီး သနား လိုက်တာ အရမ်းပဲ.....။

ကိုရီယားတွေ အစား တော်တော် ပက်စက်တယ် ။ ရေသတ္တ၀ါ တွေ ဆို အရှင် စား တယ် ။

သူတို့ကိုစားနေတဲ့အချိန်မှာအဲ့ဒီရေသတ္တ၀ါလေးတွေရဲ့ နာကြင်မှု့ကိုတွေးသာကြည့်
ပါတော့။
ဂျပန် လည်း တူတူ ပါ ပဲ ။ ဒါပေမယ့် ဂျပန် က ကုန်းသတ္တ၀ါ အစား မကြူး ဘူး ။ ခွေးတို့ ကြောင် တို့ ကြ သိပ် ချစ်တာ ။ အိမ်ရှေ့ တော်တော် များများ မှာ ခွေးရုပ် လေးတွေ ရှိတယ် ။


အခု..လူဖြစ်နေတဲ့သူအားလုံးလူ့ဘ၀ကလာကြတာချည်းမဟုတ်ပါဘူး ..

ဖြစ်လိုက်..သေလိုက် နဲ့ဘ၀ဘ၀တွေရဲ့အရိုးတွေစုရင်...မြင့်မိုရ်တောင်ထက်မြင့်ပါတယ်တဲ့..။

သေရင်လည်းနောက်ဘ၀က..လူပြန်ဖြစ်ဖို့မသေချာပါဘူး..။အားလုံးဟာ..မိမိပြုလုပ်တဲ့

ကံ..ကံ၏အကျိုးပေါ်မှာမူတည်ပါတယ်...။တကယ်လို့..သတ်ချင်စိတ်..ဖြစ်နေတယ်ဆိုရင်.

ဒီတစ်ခါကိုယ့်အလှည့်လို့ဝမ်းမသာလိုက်နဲ့..နောက်တစ်ခါသူ့အလှည့်မဖြစ်အောင်..

စိတ်ကိုထိန်းထားလိုက်ပါကွယ်..။“တိရိစ္ဆာန်ဆိုတာလူချွှတ်မှကျွှတ်တယ်”လို့လည်း..

မပြောနဲ့နော်....တို့မြတ်စွာဘုရားတောင်ကျွှတ်ထိုက်သူကိုမှချွှတ်တာပါ..။

သတ္တ၀ါတွေရဲ့ရှင်ခြင်းသေခြင်းက..ထိုသတ္တ၀ါတွေရဲ့လုပ်ရပ်ပေါ်မှာမူတည်ပါတယ်။

ကျမလေ..လမ်းဘေးမှာခွေးလေခွေးလွင့်တွေမြင်ရင်အရမ်းသနားတယ်..

အိမ်ကကြောင်လေးတွေနေမကောင်းရင်ကျမလေအရမ်းခံစားရတယ်.....ကလေးလေးတွေ

နဲ့တိရိစ္ဆာန်လေးတွေနေမကောင်း ရင်အရမ်းသနားဖို့ကောင်းတယ်..သူတို့ဝေဒနာတွေကို

ပြောမပြနိုင်ကြဘူးလေ... ။ကြောင်ကိုစားတဲ့သူ..ခွေးကိုစားတဲ့သူ...ကျမမုန်းတယ်

ကျမငယ်ငယ်ကတော့..အသားတော်တော်များများစားပါတယ်။ခုတော့မစားတာများတယ်

အမဲသား...စားမယ်ဆိုကျမမျက်လုံးထဲနွားကိုမြင်တယ်...ဘယ်လောက်သနားဖို့ကောင်းလဲ

နွားကြီးတွေ..၀က်ဆိုလည်းဒီတိုင်းပဲ..လူကိုအန္တရာယ်မပေးတတ်ဘူး..ရွံ့ လူးဖို့လောက်ပဲ

သိတယ်.....ဘယ်သတ္တ၀ါမဆိုပါ..သူ့ဟာနဲ့သူတော့သနားဖို့ကောင်းတာပဲ...

သတ်သတ်လွတ်စားဖို့ပြောတာမဟုတ်ဘူးနော်.....ရက်စက်တဲ့စိတ်နဲ့အရှင်မစားပါနဲ့

ရက်စက်တဲ့စိတ်နဲ့သတ္တ၀ါတွေကိုမနှိတ်စက်ပါနဲ့လို့ပဲပြောချင်တာပါ...........

ခေတ်နဲ့အပြင်အဆင်


စကားပုံတောင် ရှိသေးတယ် ။

မြစ်ရေစီးကြောင်းကို တားလို့ရချင် ရမယ် ခေတ်ရေစီးကြောင်းကိုတားလို့မရဘူး တဲ့ ။ ၀တ်စားဆင်ယင်မှူ့တွေ အရမ်း ဆိုးလာတာတော့မှန်ပါတယ် ။ ဒါပေမယ့် တခြား အာရှ
နိုင်ငံတွေထက်စာရင်တော်တော်နှေးကွေးပါတယ်။ကျမအနေနဲ့ပြောရရင်ပိုတောင်လွတ်လပ်ခွင့် ပေးချင်သေးတယ် ။ ဒါမှနောက်ဆို အဆင့် အတန်းရှိသူ က ဘယ်လို ၀တ်တယ်အဆင့် အတန်း မရှိသူ က ဘယ်လို ၀တ်တယ်ဆိုတာ ကွဲ ပြား သိ လာကြမှာပါ ။ ဟိုပေါ် ဒီပေါ် ဟိုဟိုက် ဒီ ဟိုက် တွေ က တော့ ပိုက်ဆံရှိ သားသမီး ၊ အရာရှိသားသမီး၊ ခန္ဓာ နဲ့ ရင်းစားသူ များ နဲ့ ရုပ်ရှင် သရုပ်ဆောင် များသာ ၀တ်ကြ ပါတယ် ။လိုင်းကားတိုး စီး တဲ့ မိန်းကလေး တစ်ယောက် က အဲ့လို ၀တ်ရင် သူ ဘယ်လို ဖြစ် လာနိုင်တယ်ဆိုတာလောက်တော့ သိမယ် ထင်ပါတယ် ။ သိသိ ကြီးနဲ့ ၀တ်တယ် ဆို ရင်တော့ …… ။
တောင်းမှာ အကွတ် လူမှာ အ၀တ်။ တဲ့

နိုင်ငံ ခြားမှာ ရှိတဲ့ကျမ အသိုင်းအ၀ိုင်း ရှိ မြန်မာ အမျိုး သမီး တော်တော် များ များ ကဘောင်းဘီရှည် စကပ် ၀တ် သော် လည်း သရုပ်ပျက် အောင် ၀တ်စား ကြတာ ကျမ တစ်ယောက် မှ မတွေ့ ဘူး ပါဘူး။ သူများနိုင်ငံ မှာမြန်မာ ဆို အထင် မသေးအောင် နေထိုင်ကြ သူတွေ ချည်း ပါပဲ ။
ကျမ အိမ်နားလေး မှာ ဆရာဝန် ကောင်မလေး တစ်ယောက် ရှိတယ် ။ ကိုယ်ပိုင် ကား ကို ကိုယ်တိုင် မောင်းပြီး ကျောင်းတတ်ပါတယ် ။ ဒါပေမယ့် စကပ်ကတော့ ဘယ်တော့ မှ ပေါင်လည် မကျော် ပါဘူး ။ ကျမ အကို ကပြော တယ်ကောင်းပါတယ် လူနာတွေစိတ်ချမ်းသာတာပေါ့ တဲ့ ။ အင်း…ဒါ လည်း ဟုတ်တာပဲး))။ ဂျပန်နိုင်ငံ မှာဆိုကောင်လေး တွေ ကောင်မလေး တွေဘယ်လောက်ချောချော ဘယ်လောက်လှလှ ကြည့် လေ့ မရှိ ပါဘူး။ စေ့စေ့ကြည့် ရ မှာ ယောင်္ကျားလေး တွေက လည်းရှက်တတ်ပြီး ဂုဏ်သိက္ခာ မဲ့တယ် လို့ သူတို့ က ယူဆ ကြပါတယ် ။ မြန်မာမှာတော့မိန်းကလေးတစ်ယောက် ကို စေ့စေ့ ကြည့် ရုံ မက ဘူး တစ်ခါတစ်လေ မထိ တထိ တောင်ပြောကြသေးတယ် ။ မမြင်ဘူး မူးမြစ်ထင် တဲ့ ။ ကျမ ကိုယ်တိုင် လည်း လွတ်လပ်စွာဝတ်စားတတ်သူ ပါ ။ ဒါ ပေမယ့် ဘုရားပေါ် ကို ဘောင်းဘီဖင် ကျပ် နဲ့ တက် တဲ့ သူတော့မဟုတ် ပါဘူး ။ စည်ကမ်း ဆိုတာ နားလည် လာတာနဲ့ ၀တ်စားဆင်ယင် မှူ့ က သူ့ အလိုလို သဘောပေါက် သွား မည့် အရာ ပါ ။ ၀တ်စားဆင်ယင်မှူ့စည်းကမ်း ဆို တာ ရှိ ပါတယ် ။ သူ့နေရာနဲ့ သူ ၀တ်စား တတ်ခြင်း ကို ၀တ်စားဆင် ယင် မှူ့ စည်းကမ်း ရှိခြင်း ပါ။အပေါ်ယံကိစ္စတွေကအတွင်းစိတ်နေ သဘော ထားလောက် အရေး မကြီး ပါဘူး ။ ၀တ်စားဆင်ယင် မှူ့ ထက်ပိုအရေးကြီးတာ က စည်းကမ်းနဲ့ အကျင့်စာရိတ္တ ပါ ။ ဒါပေမယ့် ခေတ်ဆန်ချင် တာသာ သိပြီးသရုပ်ပျက်အောင် ၀တ်စား ထားရင်မြင်တာနဲ့အထင်သေးစရာ ကောင်းပါတယ်။ ပြီးရင်လုပ်သမျှ မတင့်တယ်တော့ ပါဘူး ။ စကပ်တိုဝတ်ပါဘောင်းဘီတို ၀တ်ပါ ကြည့်၍ တင်တယ်သောစမတ်ကျ သော အ၀တ်ကို ရွေးချယ် ၀တ်ပါ ။ လုံအောင်ထိုင် ပါ။ကျမအကိုလွန်ခဲ့သော၁၅နှစ်ဂျပန်ရောက်ခါစက(ထိုအချိန်ကမြန်မာမှာကလေးလောက်သာ
စကပ်ဝတ်သည်)ကျောင်းမှာဂျပန်မလေးတွေစကပ်တိုဝတ်ဖိနပ်အမြင့်စီးကြတယ်။အကိုကလည်း
ငယ်သေးတယ် ခပ်နောက်နောက် အရွယ် ဆို တော့ သူတို့သူငယ်ချင်းတွေဂျပန်ကောင်မလေး တွေလဲ ရင်း ပြေးကြည့် ကြတယ် တဲ့ ။ လဲတာတောင်ကွေးကွေး လေး ဘယ်တော့ မှ မပေါ် ပါဘူး တဲ့ ။

ပြောနေ လဲ မောရုံ ရှိမှာ မို့ ကျမတော့ ဒီကိစ္စတွေ မပြောချင်ပါ ။ ကိုယ့်ကိုယ် ကိုဝေဖန်ဖို့
က အရေးကြီးပါတယ် ။ မြန်မာလူ မျိုး ဖြစ်ရ တာ တော်တော် ကံကောင်း ပါတယ် ။
လဖက်ရည်..ဆိုင်ထိုင်လို့ ရတယ် ။အချိန်တွေ အရမ်း ပိုပါတယ် ။ မျက်စေ့ အစာကျွှေးချိန်
ရတယ်။ကျမအကိုအလုပ်ကိစ္စနဲ့ရန်ကုန်လာတုန်းကဂျပန်လူငယ်တစ်ယောက်ပါလာတယ်။လဖက်ရည် ဆိုင် ခေါ်သွားပါတယ် ။
ထိုင်ဖူး အောင် ထိုင်ချင်တယ် ဆို လို့ ပါ ။
“ကျနော် သာ..နောက် တစ်နာရီ ထပ်ထိုင် ရမယ် ဆို သေသွားလိမ့် မယ် ”တဲ့

သူ့  စကားကို ကြာရတော့ အကိုဘာပြော ရမှန်းမသိ ပါ တဲ့။


ရရှိ ဖူးသော FWD MAIL တစ်စောင် အကြောင်း

ကျမ မကြာသေးခင် က Fwd mail တစ်စောင်ရ ရှိပါသည်။ ထိုစာ အစ တွင်

(၁)ဂျပန်ရောက်နေတဲ့ မြန်မာအဖေအမေကမွေးတဲ့ ကလေးမှာဥာဏ်ဝီရိယမရှိပါ သူတွင်ကံတစ်ခုသာရှိသည်ဂျပန်သွားချင်လို့မြန်မာနိုင်ငံကနေကြိုးစားနေသူတွင်ဥာဏ်

(အလိမ်မခံရအောင်)၀ီရိယအားထုတ်မှုလိုပါသည်ကံလည်းလိုပါသည်။
ကျမအနေဖြင့် ယခု ဂျပန်နိုင်ငံတွင် အလုပ် လုပ် ကိုင် နေသော ကျမ အကို ၏ ကြိုးစား အားထုတ်မှူ့ ကို မျက်မြင် သိရှိသူပါ ။ လူတစ်ယောက် နဲ့ တစ်ယောက် မှာ ကံညဏ် ၀ိရိယ ခြင်း လုံးဝမတူ နိုင် ပါဘူး ။နိုင်ငံခြား ကို ရောက်ပုံ ခြင်းလည်း မတူကြပါဘူး ။ ဘယ် လို လူမျိုးတွေဘယ် လို စဉ်းစား ပြီး ဘာ သဘောနဲ့ ရေး လည်းတော့ ကျမ မပြောတတ် ပါဘူး ။

ကျမ အကို ဂျပန်နိုင်ငံကို မသွား ခင်က အစိုးရ ၀န်ထမ်းတစ်ယောက်ပါ ။ ကျမ ကတော့ ကလေး ပဲ ရှိသေးတာ ပါ ။ မနက် ဆို၅း၃၀ အိပ်ရာ ထ ပါတယ် ။ ပြီး လျှင်လေဖြတ်ထားသော အဖွား ကို တွဲ ၍ လမ်း ၁ နာရီ ထွက် လျှောက်ပါတယ်။ ပြန်လာလျှင်ရေချိုး မနက်စာ စား၍ မေမေ ထည့် ပေးသော ထမင်းချိုင့် ကို ယူပြီးUFL Japaneseအချိန်ပိုင်း သင်တန်း တက် ပါတယ် ။ ၄ နှစ် တက်ရ ပြီး Dipရတဲ့ကျောင်းပါ။ကျောင်းဆင်းတော့အလုပ်တန်းသွားပါတယ် အလုပ် ပြီး လျှင် အိမ် သို့တန်းပြန် လာတတ်ပြီး ဘယ်တော့ မှ လဖက်ရည် ဆိုင် မထိုင် တတ် ပါ ။စနေ တနင်္ဂနွေ တွင် အဘိဓမ္မာ သင်တန်း တက်ပါတယ် ။ အရပ်သား တတိယ ဆုရ ရှိ ပါတယ် ။ သူ သည် ပြင်ပ အစား အစာများလည်း အကျင့် လုပ်၍ မစား ပါဘူး ။ ငွေ နှင့် အချိန် ကို သူ ဘယ်တော့ မှ မဖြုန်းတီးတတ် ပါဘူး ။ ညပိုင်းတွင် Kenji ၁၀ လုံးကျက် ပါတယ် ။ ဒါကြောင့် ယခု ဂျပန်နိုင်ငံ မှာ ဂျပန် များ ပင် မသိသောkenji ကို သူ သိပါတယ် ။ ဂျပန် လူ မျိုး အများစုက kenji ၂၀၀၀ လောက် သာ သိ ပါတယ် တဲ့။ လုံးဝ kenji မတတ်သော သူ များ ပင် ရှိ ပါတယ် ။ကျမ အကို ကတော့ kenji အလုံး ၄၀၀၀ ကျော်ရပါတယ်။နောက်တော့ သူ အစိုးရ ၀န်ထမ်း မှ ထွက်၍ Japanese Guide လုပ် ပါတယ် ။ ရ သောငွေ ဖြင့် နိုင်ငံခြား ကို ကျောင်းတက် ရန်ထွက် သွားပါတယ် ။ မိဘငွေ လုံးဝ မပေး ခဲ့ရ ပါဘူး ။ ကျောင်း ၄ နှစ် တက် နေ သော ကာလအတွင်း အရမ်း ပင်ပန်း သော် လည်း မိသားစု အားဖွင့်ပြောခြင်း မရှိ ခဲ့ ပါဘူး ။ခုတော့ ကုမ္မဏီ မှာ ၀န်ထမ်း ဖြစ် နေပါ ပြီ။ မိသားစု အားသူတစ်ယောက် တည်း မညိုမငြင်ရှာကျွှေး ပါတယ် ။ ကျမ ထို FWD စာကြောင်းလေး ဖတ် ပြီးသောအခါ တော်တော် အံ့သြမိပါတယ်။ ကျမ အကို အား ကြွား လုံးထုတ်ခြင်း လည်းမဟုတ်ပါဘူး။ဒီဆောင်းပါးလေး နဲ့ ကျေးဇူးဆပ် တယ် လို့ သဘော ထားပေးပါ ။ ဘာအလုပ် မှလည်း မလုပ် ရောဂါသာ များနေသော ညီမ အား အပြစ်ပြောခြင်း မရှိ သော အကို အား ချစ်၍ ကျေးဇူး ဆပ် တဲ့post လေး အဖြစ် စာဖတ် သူများ ခံစားပေးပါ ။ ကျမ အနေ နှင့် မိသားစု အကြောင်း ကိုပြောပြချင်သောစိတ်ဆန္ဒ နဲနဲ လေး မှ မရှိ ပါဘူး ။ ခုတော့ ခံစားရ လွန်း၍ သာရေး ခြင်းဖြစ် ပါတယ် ။ နိုင်ငံခြား တွင် နေထိုင်သူ များ ဘောကြော့ တစ်ယောက် မှ မရှိ ပါဘူး ။ကြိုးစား နေထိုင် နေကြရတာ ပါ ။ အများစု ကတော့ မြန်မာ ပြန်လာ ချင်သူ များပါတယ် မိသားစု ကို ရှာဖွေ ကျွှေးချင် လို့ ကြိုးစားနေ ထိုင် ကြတာ ပါ ။ ကျမ အကိုနိုင်ငံခြား ထွက်တော့ ဖေဖေက ကျမ အကို အား ...အားမပေး တဲ့ အပြင် နိုင်ငံခြား ကို ကျွန်ခံချင်တဲ့ ကောင် လို့ ပြောပါတယ် ။ အခု တော့ ထို ကျွန်ခံ ချင် တဲ့ ကောင် က အိမ် မှာအလိမ္မာ ဆုံး ဟုပြောတတ် ပါတယ် ။ ကျမ အကို အမြဲ ပြောတယ် ..သူ အခု လို နေနိုင်တာ ဖွားဖွား ကို မနက် တိုင်း လမ်းလျှောက် ပို့ပေး သော ကြောင့် ပါတဲ့ ..ဖွားဖွား က သူ ကို စောင့်ရှောက် တာ လို့ သူ ခံယူထားတယ် ။

သေချာ တာ တစ်ခု ကတော့ ကျမ သည် အရာ အားလုံး ကို ပုံသေ သတ်မှတ် သော လူတစ်ယောက် (အားလုံး ကို သိမ်းကြုံး စွတ်စွဲတတ်သော )မဟုတ် တဲ့ အတွက် ကိုယ့် ကိုယ် ကို ကျေနပ်မိပါတယ် ။ ထို့ အတူ နိုင်ငံခြား ကိုအထင်ကြီး နေ သော သူလည်းမဟုတ်ပါဘူး။ အရာရာ တိုင်း က သူ့ သဘော အတိုင်း ဖြစ်နေတာ ကို အလိုက်သင့် လက်ခံ တတ်သူ တစ်ဦး သာဖြစ် ပါတယ် ။လူတိုင်း လူတိုင်း က ကိုယ့်ကိုယ် ကို ဆုံးမ ဝေဖန် တတ်ဖို့ က အဓိ ကလို့ခံယူ ထားသူတစ်ယောက် လည်း ဖြစ်ပါတယ်။

...........................................................................................................................

ပြောချင်တာ ရေးချင်တာရေး ပြီးပီ မို့ ………နောက်စိတ်ပါ မှ ပဲ ရေးချင်တာတွေ ရေးပါတော့ မယ် ။
...................................



ဒါကတော့ စဉ်းစားမိတာလေးတွေ ပါ။
........................................................
လူ့လောက မှ မသိခြင်းများ
မြတ်ဗုဒ္ဒကို မကြည်ညိုသူက ............ဗုဒ္ဓတရား ရဲ့ အဆီ အနှစ်ကို မသိဘူး ။
ကျေးဇူး ကန်းတတ် သူက ...............စေတနာ ကို မသိဘူး ။
မောက်မာသူက .............................နှိမ်ချခြင်း ကို မသိဘူး ။
အားမနာ တတ်သူ က ....................တောင်းပန်ခြင်း ကို မသိဘူး ။
မတရား အနိုင်ကျင့်တတ်သူ က ......ရှက် ရကောင်းမှန်း မသိဘူး ။
လေလွင့် သူ က ...........................အိမ်ပြန်ချိန် ကို မသိဘူး ။
ပျိုရွယ်သူက .................................လူအိုရဲ့ ခံစားချက် ကို မသိဘူး ။
ကံကောင်းသူက ...........................ကံဆိုးခြင်း ကို မသိဘူး ။
လှပချောမောသူက ........................ရုပ်ဆိုးသူ ရဲ့ ခံစားချက် ကို မသိ ဘူး ။
ချမ်းသာသူက .............................ဆင်းရဲ တွင်း ဘယ်လောက် နက် လဲ မသိဘူး ။
ဒေါသ ကြီးသူက ..........................သည်းခံခြင်း ကို မသိဘူး ။
ရိုင်းစိုင်းသူက ..............................ယဉ်ကျေးမှူ့ ကို မသိဘူး ။
ခေတ်နောက်ပြန် သူက ...............တိုးတက်ခြင်း ကို မသိဘူး ။
ကျန်းမာ သူက ...... ..................ဝေဒနာကို မသိဘူး ။
သွားလေ သူ က ........................ကျန်ရစ်သူ ရဲ့ ၀မ်းနည်း မှူ့ ကို မသိဘူး ။
တဏှာ ရမ္မက် ကြီးသူ က .............မေတ္တာရဲ့ အေးမြခြင်း ကို မသိဘူး ။