* ပင်မြင့်စံပန်းကလေးပါ...
တော်ဝင်တော့မဟုတ်ပါဘူး..
စိမ်းရောင်စို စိမ်းရွက်ကြား
ဝင့်ဝါနုရွေရောင်သွေး..
ပန်ချင်သူ မျှော်ကာလင့်တယ်
ပင့်သက်ရယ်ငေး...
*အချိန်ကျလာတော့
အသက်တငွေ့ လေအဝှေ့မှာ..
ကြွေလွင့်ကာ..
မြေမှာ“ခ”ပြန်တော့....
ဆင်းသက်လွင့်ဝေး.......
*အကြွေပန်းပေမို့
ရွေနန်းတော့မထိုက်ဘူး...
မြတ်နိုးသူမြေမှာကောက်လို့
ဆံမြိတ်မှာဆင် ယဉ်တယ်
သွေ့ခြောက်သော်...
တယုတယသိမ်းလို့
မွှေးရနံ့မပြယ် .......
* ပန်းလေးသီတယ်....
အလွမ်းလေးစီမယ်..
မြတ်နိုးမိတယ်
အနမ်းတွေ ဝေမယ့် .........
သြော်...ပန်းခရေ.........
ပြည့်ကံကျွေးမှသည်
13 years ago
0 comments:
Post a Comment