“ဖွား”
ဖေဖေ နဲ့မေမေ ပြင်းထန်စွာရန်ဖြစ်နေတော့ သူမ ဖွားအခန်းထဲဝင်လာခဲ့တယ်
ဖွားမျက်လုံးအစုံ ကိုမှိတ်ထားတယ် နားတွင် နားကြပ်လေးတပ်ထားတယ် ဖွားတရားနာနေလို့
တော်သေးတယ် ဖွားနဲ့ သူမ အတွက် ဒီအဖြစ်မျိုးက ပထမ ဦးဆုံးမှ မဟုတ်တာ …
ဖွားဘေးနား သူမ ၀င် အိပ်လိုက်တော့ ဖွားက နားကြပ်တစ်ဖက်ကို သူမ နား ကို တပ်ပေးတယ်
သူမ က ဖွား နား ကိုပြန်တပ်ပေးရင် ခေါင်းခါပြလိုက်တယ် ..သူမ ရင်ထဲက အပူ ကို တရားဖြင့်
ဖြေနိုင်လိမ့်မယ်မထင်ဖေဖေနဲ့မေမေ တရားဝင် ကွာရှင်းကြတော့မယ်ဆိုတဲ့ သူမ ရင်ထဲ က အပူ
ဒီနှစ် ၁၀ တန်းကို သူမ အမှတ်ကောင်းရ နိုင်ပါ့ မလား ဆိုတဲ့ ..ရင်ထဲ က အပူ
“သမီး ”
မေမေ ရုတ်တရက် အခန်းထဲ ၀င်လာတယ်
“မနက်ဖြန် မေမေ ပစ္စည်းတွေလာသယ် မယ် သမီးလည်း ပစ္စည်းတွေ သိမ်းထား”
မေမေ က မျက်လုံး မှိတ်ထားသောဖွားကိုတစ်ချက်ကြည့် ပြီး ထွက်သွားတယ် ..ဖွားမပါဘူးပေါ့
အင်းလေ ဖွား က ဖေဖေ့ရဲ့ အမေ ပဲ ….နောက်ပြီး ဖွား ကလေဖြတ်ထားတာ
“သမီး ”
ဖေဖေ ၀င်လာပြန်တယ် …
“နပ်စ် ရော ”
“ဒီနေ့ အိမ် ခန ပြန်သွားတယ်ဖေဖေ ညနေ ပြန်လာမယ်တဲ့ ”
ဖေဖေ လှည့် ထွက်သွားတော့ သူမ လှမ်းခေါ်လိုက်တယ်
“ဖေဖေ သမီး ဖွားနဲ့ ပဲနေမယ် ”
ဖေဖေ တချက် လှည်ကြည့် ကာ ခေါင်းငြိမ့်ပြ ပြီးထွက်သွားတယ် ဖေဖေ ဒီနေ့ ည
ပြန်လာတော့ မည် မဟုတ် .............................
ငွေဆိုတဲ့ အရာက လွဲ ရင် ဖွားနဲ့သူမ သည် ကျန်တာ ဆင်းရဲတယ် ….အရာရာ ပြည့်စုံပေမယ့်
စိတ်မချမ်းသာတဲ့ ဘ၀ ကို ပိုင်ဆိုင်ထား သူတွေ ………..
………………………………………………………………………………………………………………………………………….
“ညီမလေး”
သူမ စာကြည့် နေသော အခန်းသို့ ဖွားရဲ့နပ်စ် ၀င်လာတယ်
“ဟုတ်အမ”
“အဖွား နဲနဲ အမော ဖောက်နေတယ် ဆေးကလည်း ကုန်နေတယ် ဦးဦး ကို
ဝယ်ခိုင်းထားတာ ဒီနေ့လည်းပါမလာပါလား”
သူမ ဖွားအခန်း ကိုအပြေး လာလိုက်တယ် ဖွား ပါစပ်လေး ဟ ကာ အသက် အနိုင်နိုင် ရှုနေတယ်
“ဖွား” သူမ အသံ က ဆို့နစ်နစ် “ဖွားရေ…………ဖွား”
သူမ မျက်ရည်တွေ တွေတွေ စီးကျနေတယ် ….ရက်စက်ကြတဲ့ ဖေဖေနဲ့မေမေ
မိဘ ကိုအပစ် မတင်သင့်ပေမယ့် သူမ အပစ်တင်မိပြီ …..မေမေ သည်ဒီအချိန်တွင် သူမ ၏
နောက် အိမ်ထောင်နှင့် အတူရှိနေလိမ့်မယ်..ဖေဖေ ကတော့ စိတ်ညစ်တာကိုအကြောင်းပြပြီး
စားသောက်ဆိုင်တွင် အရက်သေစာ သောက်စားနေလိမ့်မည်။
“အမ ဖွားအတွက်ဆေးစာရွက်လေးရေးပေး ”
“ည ၁၂ နာရီ ရှိနေပြီ ညီမလေး”
“မတတ်နိုင်ဘူး အမ ရယ် ….ဖွား အသက်က အရေးကြီးတယ် အမ
ကလည်း ဖွားအနားမှာ ရှိမှဖြစ်မှာလေ”
အမ စာရွက်လေး လှမ်းပေးတော့ သူမ ပိုက်ဆံအိပ်လေး ယူကာပြေးထွက်ခဲ့တယ်
လမ်းမကြီးဖက်မှာ၂၄ နာရီဆေးဆိုင်ရှိတယ်
၁၂ နာရီဆိုတော့ ကားတွေ တစ်စီးစ နှစ်စီးစ သွားနေ ကြတယ် …သူမ ဆေးဝယ် ပြီးပြန်ခဲတယ် …ဆေးရလို့တော်သေးတယ် ဖွားရေခနစောင့် နော်…….
“အား”
လမ်းအကွေ့ မှာ ရုတ်တရက် သူမ ကားကို မမြင်လိုက် မြောက် ကနဲဖြစ်သွားတယ် ..ကား ကလည်းလှည်တောင်မကြည့်ဘူး
တော်သေးတယ် သူမ ထ ရပ်လိုက်တယ် နဲနဲ ရင်တုန်သလိုဖြစ်သွားတာနဲ့ ကားမှတ်တိုင်လေးမှာ
ခန ထိုင်လိုက်တယ်……
“မြေးလေး……”
“ဟင်..ဖွား ဘာလို့ လိုက်လာတာလဲ ဟယ်…ဖွား လမ်းလျှောက်လို့ ရသွားပြီ..
ဆေးထုတ် အော် ဟိုနား ကျနေတာကို ဖွား ခန သမီး သွားကောက်လိုက်အုံးမယ် ”
သူမ ပြေးသွားပြီး ဆေးထုတ်ကိုကောက်တယ် ဒါပေမယ့် ဆေးထုတ်က သူမ လက်ထဲပါပါ မလာ
နောက်ပြီး ဆေးထုတ်နားမှာ ကောင်မလေးတစ်ယောက်လဲနေတယ် သူမ နဲ့တူသလိုလို သူမ နဲနဲ
သဘောပေါက်လာပြီ
…ဖွား က သူမလက်ကို လာဆွဲ တယ် ဟုတ်သားပဲ သူမ သိလိုက်ပြီ ……
“ဖွား”
ဖွား ကခေါင်းငြိမ့် ပြတယ် ….၀မ်းမနည်းတော့ဘူး ..သူမ ၀မ်းမနည်းတော့ ဘူး …………
မနက်ဖြန် မှာ ဖေဖေ နဲ့မေမေ ဘာ တွေ ဖြစ်အုံးမလဲ သူမ တွေးမပူတော့ ဘူး ………
ကမ်းလာတဲ့ ဖွား လက်ကလေး ကို လှမ်းဆွဲလိုက်တော့ သူမ ခန္ဓာကိုယ် လေး
လေထဲ မှာဖွားနဲ့ အတူ လွင့် သွားတယ် ………………..
ပြည့်ကံကျွေးမှသည်
13 years ago
0 comments:
Post a Comment