“တောက်...တောက်...တောက်”
ဟာဒီငှက် စုတ်...အိပ်ရာထက်မှထထိုင်၍အော်ပြစ်လိုက်တယ်။
ခုတလော...မနက်တိုင်းဒီဒုက္ခတွေနေတယ်...၇း၀၀မှအိပ်ရာထနေကျကို...
ဒီငှက်၆နာရီဆို...ပြူတင်းပေါက်ကိုလာလာခေါက်နေလို့...အစောကြီး
နိုးနိုးနေတာ...ပြတင်းပေါက်နား..ကပ်ပြီးလိုက်ကာကိုဆွဲဖယ်လိုက်တယ်...
အမ်မယ်..ငတိက..မှန်ကမီးခိုးရောင်ဆိုတော့..ငါကိုမြင်ရဘူးပေါ......သူကဖြင့်
လက်မလောက်လေးရှိတယ်...နှတ်သီချွှန်းနဲ့..ဘာမှမရှိတဲ့မှန်ကိုမနက်တိုင်းလာလာခေါက်တယ်..
ဆက်နှပ်တတ်တဲ့အကျင့်မရှိတော့ ထပြီးလုပ်စရာရှိတာလုပ်ရတာပေါ့
အင်း..ပြာလောင်ပြာလောင်တော့မဖြစ်ဘူး
*********************
ဒီလိုနဲ့....တစ်ရက်...
“သမီးရေ...အားပေါင်(ကြောင်နာမည်) ငှက်ကလေးဖမ်း လာတယ်”
“လိုက်ဟ လိုက်ဟ..မိပြီ”...ဟင်.. ဟိုကောင်....မသေသေးဘူး...ဟ
လက်လေးထဲအသာထည့်ပြီးလေနဲ့မှုတ်ပေးတယ်....
အုပ်ဆောင်းလေးနဲ့အသာအုပ်ပေတယ်..
ဒါပေမယ့်....သေသွားတယ်...
*****************
ခုတလော... တောက် တောက် သံမကြားရတော့...
ငါလည် ၇း၀၀နာရီမှပဲနိုးတယ်........
အရင်လိုပဲ....ပြာလောင်ပြာလောင်ပြန်ဖြစ်တာပေါ့.........
နင့်ကိုအော်မိတာ...စိတ်တောင်မကောင်းဘူး ..ငှက်ကလေးရယ်
**********************
“တောက်..တောက်...တောက်”
“ဟင် .....ငှက်စုတ်...ငှက်ပြတ်”....အိပ်ချင်မူးတူနဲ့အော်လိုက်တယ်..........
မျက်စေ့နှစ်လုံးကိုဖွင်ကြည့်ပြီး.....ကမန်းကတန်းထလိုက်တယ်....
လိုက်ကာကိုဆွဲဖယ်လိုက်တယ်.........
ဟယ်.....နင်မသေဘူးပေါ့...ဆောရီးနော်..ငါခုနကအော်မိတာ ...
နောက်ကို နင့်ကိုမအော်တော့ဘူး..သိလား...
***************
ပြည့်ကံကျွေးမှသည်
13 years ago
0 comments:
Post a Comment