မမေ့နိုင်တဲ့ အကြောင်းလေးတွေ ပြောကြကြေးဆိုရင် တော်တော်များများကအချစ်အကြောင်းလို့
ပဲထင်ကြမှာ… ဒါပေမယ့်..ကျွှန်တော်ပြောချင်တာက ငယ်ငယ်တုန်းက စားခဲ့ရတဲ့
ထမင်းတနပ်အကြောင်း……
ငယ်ငယ်တုန်းက ဖေဖေတာဝန်ကျတဲ့ နေရာတွေကို လိုက်နေဖို့..မိသားစုဝင်တွေ များလွန်းတာကြောင့်
…မေမေက..အင်းစိန်ဘက်မှာ အိမ်ငှားနေဖို့ ဆုံးဖြတ်ခဲ့တယ်…ဖေဖေရတဲ့ဝန်ထမ်း လစာလေးကိုပဲ…
မေမေက ဖွားဖွားနဲ့ကလေးတွေ ကိုချွှေတာပေမယ့် .ဖွယ်ဖွယ်ရာရာနဲ့ ကောင်းမွန်စွာ ချက်ပြုတ်
ကျွှေးမွေးခဲ့တာ…..
ကျွှန်တော်ငယ်ငယ်က ဟင်းဆို အရမ်းဂျီးများတာ..အထူးသဖြင့်..ငရုပ်သီးရောင် ပါနေတဲ့ ဟင်းဆို
လုံးဝမစားဘူး အဖြူထည်ပဲစားတာ..အဲ….အချဉ်တော့အရမ်းကြိုက်တာ( မေမေ့ အခေါ်လူမိုက်လေးပေါ့..
ကျွှန်တော်လဲ အဲ့လိုပဲထင်တယ်..:P) မေမေကကျွှန်တော်ကို ထမင်းကျွှေးရင်. .စားချင်စဖွယ်ဖြစ်အောင်
ငရုပ်သီး မပါတဲ့ ဟင်းနဲ့ထမင်းကို နယ်ပြီးမှကျွှေးလေ့ ရှိတယ်.မေမေ့ လက်နဲ့နယ်ထားတဲ့ထမင်းဆိုရင်
ဘာမှမပါချင်နေ..ဆီနဲ့ဆားနဲ့ဆိုရင်ပဲ.. တော်တော်စားကောင်းနေပြီ……..
နေတာကြာလာတော့.. ကျွှန်တော့ထက် အတန်းကြီပေမယ့် .ပေါင်းလို့ရတဲ့… သူငယ်ချင်းတွေ
လမ်းထဲမှာရလာတယ်. ဖွားနဲ့မေ..က ခွင့်ပြုတဲ့အမြဲသွားကစားလို့ရတဲ့ အိမ်ပေါ့…..
ဒီလိုနဲ့..၆ တန်းစာမေးပွဲပြီးတော့..သင်္ကြန်ကျလာတယ်.. ခါတိုင်းနှစ်တွေဆိုငယ်သေးတယ် ဆိုပြီး
အိမ်ရှေ့မှာပဲရေပက်ရတာ ..ဒီနှစ်မှာ ..သူငယ်ချင်းအိမ်မှာပက်ခွင့်ရတယ်…အကျနေ့ ရေကစားပြီတော့.
သူငယ်ချင်းက အကြပ်နေ့ရောက်ရင်..သမိုင်းဘက်က သူတို့ အမျိုးအိမ်သွားမှာမို့..လိုက်ခဲ့ပါလားလို့
ဖိတ်ခေါ်တယ်…..အပြင်ထွက်ပြီးရေကစားခွင်တောင်ဒီနှစ်မှရတာဆိုတော့..လိုက်ရဖို့မလွယ်ဘူးဆိုတာ..
သိတယ်လေ…မနက်ဖြန်ကျ..ရေကစားရမယ်အိမ်မရှိတာရော..သူတို့နဲ့လိုက်ချင်တာရော..၂ခုပေါင်းပြီး ခေါင်းငိုက်စိုက်နဲ့အိမ်ပြန်ခဲ့တယ်…
ဒီလိုနဲ့..အကြပ်နေ့မနက်လဲရောက်ရော…အိပ်ရာထပြီးမနက်စာ..စားပြီချိန်ကျတော့..သူငယ်ချင်းအမေ
ရောက်လာတယ်..ကျွှန်တော့ကိုသုတို့နဲ့အတူထည့်လိုက်ဖို့နဲ့ ကောင်းမွန်စွာ ခေါ်သွားမယ့်အကြောင်း
မေမေထံလာခွင့်တောင်းတယ်.ကျွှန်တော့သူငယ်ချင်းတွေလည်းပါတာပေါ့…
မေလည်း အားနာလို့နဲ့တူတယ်..ကျွှန်တော့ကို ဘောင်းဘီရှည်နဲ့အင်္ကျီလက်ရှည်လေး လဲပေးတယ်..
လူကြီးတွေရဲ့လက်ကို မလွှတ်ဖို့ အထပ်ထပ်မှာရင်းနဲ့ပေါ့..ကျွှန်တော်ကလည်း.. ခေါင်းတွေငြိမ့်ငြိမ့်ပြီး
အထပ်ထပ် ကတိတွေပေးရင်း ပျော်နေမိတယ်…….ဒီလိုနဲ့ပေါ့သင်္ကြန်တွင်းမှာ..BUS…ကားကြီးကိုစီးပြီး
သမိုင်းဘက်ကိုရောက်လာခဲ့တယ်..
ဘယ်နေရာလဲတော့ကျွှန်တော် အတိအကျမမှတ်မိတော့ပါဘူး…လမ်းကြားတွေ လည်းဖြတ်ရတယ်..
ကုန်းလေးတွေလည်းတက်ရတယ်..ဘုန်းကြီးကျောင်းကိုလည်းဖြတ်ရတယ် နောက်တော့..ရေကန်ကြီးတခု
နားရောက်လာတယ်..ကန်ပတ်ပတ်လည်မှာရေတစ်ဝက်ကုန်းတစ်ဝက် ခြေတံရှည်အိမ်လေးတွေတန်းစီလို့.
.ကန်ဘောင်ကိုရောက်ပြီး..အိမ်အနည်းငယ်ကိုဖြတ်လိုက်တော့..သူငယ်ချင်းရဲ့အမျိုးအိမ်ကိုရောက်တယ်…
သူငယ်ချင်းအမေ နဲ့ အဲ့ဒီအိမ်မှာရှိတဲ့ လူကြီးတွေကတော့ ကလေးတွေအားလုံးကို ထားခဲ့ပြီးဘုန်းကြီး
ကျောင်းကို ပြန်ထွက်သွား ကြတယ်…သူငယ်ချင်းရဲ့ မောင်နှမ၀မ်းကွဲတွေ ကတော့ ကျွှန်တော်တို့ကို
ိုပျော်ရွုင်စွာကြိုဆိုကြတယ်…..
အိမ်ထဲက ရောက်တာနဲ့ ၀ါးခြမ်းပြားလေးတွေ ခင်းထားတဲ့ ကြမ်းပြင်ပေါ် ထိုင်ချလိုက်ရင်း..အော်…
တို့ထက်တောင် ဆင်းရဲးသေးတယ်လို့..စိတ်မကောင်းဖြစ်မိတယ်…သူငယ်ချင်းကတော့..သူ့မောင်နှမ
ဝမ်းကွဲတွေနဲ့ ရေပက်မ၀င်အောင် စကားတွေပြောနေတယ်..အိမ်လေးကိုလှည့်ပတ် ကြည့်လိုက်တော့
….လား…လား…အိမ်ရဲ့ထောင့်တနေရာမှာ၂နှစ်အရွယ်ကလေးတစ်ယောက်က.. ကျို့တို့ကျဲတဲ ဖြစ်နေတဲ့.
ဝါးခြမ်းပြားကြမ်းခင်းပေါ်ကနေအီ..အီး ပါချနေတယ်..ကြမ်းကြားပေါက်ကနေအောက်ကို ငုံ့ကြည့်လိုက်ရာ
ကလေးတွေ ရေကူးနေကြတယ်..အန်ချင်စိတ်တွေ လည်ပင်းဝကို ပျို့တက်လာတယ် ရေသောက်ချင်စိတ်
ဖြစ်လာတာနဲ့ ရေအိုးနားကိုသွားပြီး ရေခွက်ကိုကိုင်လိုက်တော့..ဆေးတွေကွာပြီး ရေချိုးတွေကပ်နေတဲ့
ကြွေရေသုတ်ရေခွက်ကိုတွေ့ရတယ်..မတတ်နိုင်တဲ့အဆုံးတော့မျက်စိကိုမှိတ်ပြီးရေကိုမော့ချလိုက်တယ်
..ဗိုက်ထဲကလည်းဆာသလိုလိုဖြစ်နေတယ်လေ…..
အိမ်ပေါ်မှာပဲကလေးတွေစကားပြောရင်းနဲ့အချိန်ကုန်လာတယ်…လမ်းမှာရေပက်ခံလာရလို့စိုနေတဲ့
အ၀တ်တွေလည်း ခြောက်ကုန်ပြီ…ဗိုက်ကလည်းဆာနေပြီ…အဲ့ဒီအချိန်မှာပဲ… ကျွှန်တော့ထက်အသက်
နည်းနည်းစီ ကြီးပုံရတဲ့အိမ်ရှင်မောင်နှမ၂ယောက်ကထမင်း ထခူးကြတယ် ကျွှန်တော်ကြည့်လိုက်တော့
ထမင်းကတော့ ခပ်နီနီပဲ..ဟင်းကတော့ အာလူးနဲ့ဝက်သားဟင်း အာလူးက အတုံးမမြင်ရဘူး…ဆီလည်း
သိပ်မပါတော့ ပျစ်ပျစ်ကြီး ဖြစ်နေတယ် နောက်ပြီး..ငရုပ်သီမှုံ့တွေနဲ့ ဖျော်ထားတဲ့ ငပိရေပန်းကန်.
.တို့စရာကိုတော့..ငှက်ပျောဖူးကိုလေးစိတ်..စိတ်ထားတယ်…
သူစိမ်းအိမ်မှာဆိုထမင်းမစားတတ်တော့..ထမင်းစားရအောင်ခေါ်တော့..ခေါင်းခါမိတယ် ဒါပေမယ့်..
ဗိုက်ထဲကဆာလောင်မှု့ကြောင့်”ဂွီ” ဆိုတဲ့အသံကကျယ်လောင်စွာထွက်လာတော့ သူငယ်ချင်းကရီပြီး
လက်လာဆွဲတယ်..ကျွှန်တော်လည်း ရှက်ရှက်နဲ့ ထမင်းဝိုင်းထဲဝင် လိုက်တယ်…၀ိုင်းဆိုပေမယ့်..
စားပွဲပါတာမဟုတ်ပါဘူး ကြမ်းပြင်ပေါ်မှာဘဲ ထမင်းအိုး ဟင်းအိုးတွေကိုချထားတာ ထမင်းပန်ကန်ကလည်း
လူအကုန်မရပါဘူး ကျွှန်တော်ကတော့.. သူငယ်ချင်းနဲ့တစ်ပန်းကန်တည်းစားလိုက်တယ်. သူငယ်ချင်းက
ဝက်သား..အာလူးဟင်းနဲ့ ငပိရေတွေကို ထမင်းနဲ့ရေနယ်ထားတယ် အဲ့ဒီ ထမင်းကိုမှ ငှက်ပျောဖူးပြုတ်
.မြုတ်စားတာ….ကျွှန်တော် ဇွန်းနဲ့ထမင်းတလုတ်ကို ယူစားလိုက်တယ်ဆိုရင်ပဲ..ငရုတ်သီးတန်ခိုးကြောင့်
မျက်ရည်တွေ ကျလာတယ်…ဒါပေမယ့် စားကောင်းတာတော့ ကျွှန်တော်မငြင်းနိုင်ဘူး…. မစားဘူးတဲ့
ငရုတ်သီးတန်ခိုးက ကျွှန်တော့ကို တော်တော်ဒုက္ခပေးတယ်..လက်တဖက်က ရေသောက်လိုက်တယ်
နောက်လက် တဖက်ကတော့ …ထမင်း နောက်တလုတ် အတွက် လက်လှမ်းနေပြီ ထမင်းစားလိုက်
ငရုတ်သီးစပ်လိုက်..ရေသောက်လိုက်နဲ့..ကျွှန်တော်ထမင်း..တော်တော်များများဗိုက်ထဲရောက်သွားတယ်
ငှက်ပျောဖူးပြုတ်ဆိုတာ ကျွှန်တော့ဘ၀မှာပထမဦးဆုံး စားဘူတာပါပဲဗျာ နောက်ဆုံးထမင်းအိုးဟင်းအိုး
ကုန်မှပဲ ကျွှန်တော် တို့ရဲ့ ထမင်းစားခြင်းကိုရပ်လိုက်ကြတယ် .ကျွှန်တော်တို့အားလုံး ကြမ်းပြင်ပေါ်မှာ
ပက်လက် ဖြစ်ကုန်တယ်..မကြာခင်မှာပဲ..လူကြီးတွေရောက်လာတယ် ထမင်းတွေကုန်အောင်စားထားလို့
ဆူတော့မလား ကျွှန်တော်..စိတ်ပူသွားတယ်….ဒါပေမယ့်..ကျွှန်တော့ အထင်လွဲသွားတယ်ဗျာ အိမ်ရှင်
အန်တီက..ထမင်းမှဝရဲ့လားလို့…ကျွှန်တော်တို့အားလုံးကိုမေးတယ်ဗျာ ကျွှန်တော်ကတော့ထမင်းဝတဲ့
အကြောင်း… ထမင်းစားကောင်းတဲ့အကြောင်း…ကျေးဇူးတင်ကြောင်း ပြောလိုက်ပါတယ်…. ပြီတော့..
အားလုံးကိုနှုတ်ဆက်ပြီးပြန်ခဲ့ကြတယ်…
အိမ်ရောက်ပြီး ညရောက်တော့ ငရုတ်သီးစားလေ့မရှိတဲ့ကျွှန်တော့်ဗိုက်တွေနာလာတယ်..မေမေက
ဆေးတိုက်ရင်းနဲ့ ဘာတွေစားလာတာလဲ လို့မေးတယ်…..ကျွှန်တော်..မပြောဘူး….ကျွှန်တော့ဘ၀မှာ
မမေ့နိုင်တဲ့ထမင်းကျွှေးလိုက်တဲ့အိမ်အကြောင်းကျွှန်တော်..မေမေ့ကိုမသိစေချင်ဘူး.. ကလေးတွေကို
ပစ်စလက်ခပ် ကျွှေးတယ်လို့သူတို့အပေါ်မေမေ စိတ်ကွက်သွားမှာကျွှန်တော်မလိုလားဘူး… ဒါပေမယ့်
ကျွှန်တော် အရွယ်ရောက်လာတဲ့ အခါ ကျရင်တော့…မေမေ့ကိုကျွှန်တော်ပြောပြမှာပါ……
နေ့စဉ်နှင့်အမျှ အချိန်တွေ ကုန်ဆုံးလာတယ်…အရွယ် ရောက်လာတာနှင့် အမျှ အစားအသောက်
ကောင်းတွေစားဘူးလာတယ်..ဂျပန်စာ..တရုတ်စာ..ကိုရီးယားစာ..အနောက်တိုင်းစာတွေက.အမြဲမဟုတ်
ပေမယ့်စားဘူးတယ်ဆိုယုံတော့…စားရပါတယ်..မေမေနဲ့ အစားအသောက်တွေ အကြောင်းပြောမိကြပြီ
ဆိုရင်…ကျွှန်တော်မေ့မရတဲ့…ထမင်းတနပ်အကြောင်းလေး ကတော့ပါမြဲပဲ….ကျွှန်တော့ရင်ထဲမှာလည်း
တကယ်ကိုမေ့မရခဲ့ပါဘူး….. အဲ့ဒီအိမ်ကလူတွေတော့ ကျွှန်တော်မမှတ်မိတော့ပါဘူး… ဒါပေမယ့်အဲ့ဒီ
အိမ်လေးကိုတော့ ကျွှန်တော်ခုထိ…မြင်ရောင်သေးတယ်…..အခွင့်အရေများ ရရင်ကျွှန်တော် သူတို့
မိသားစုကိုထမင်းဖိတ်ကျွှေးချင်ပါတယ်…ဒါပေမယ့်ကျွှန်တော်ကျွှေးတဲ့အခါ…ကျွှန်တော်…စားမြိန်ခဲ့သလို
မျိုးမှမှီပါ့မလားလို့တော့စိုးရိမ်မိတယ်ဗျာ………..
ပြည့်ကံကျွေးမှသည်
13 years ago
0 comments:
Post a Comment