ကွန်ပျုတာ ကိုဖွင့် လိုက်တိုင်း ကျမ အမြဲ အရင်ဆုံးဖွင့် တဲ့ ဆိုဒ်ကတော့ Myanmar friends day ဆိုဒ်ပါပဲ ။ Inbox ထဲ မှာ စာ (၃)စောင် ရောက်နေသည်။ အရင်ဖွင့် မကြည့်အားသေး ။ Approve လုပ်စရာ တွေကို အရင် ဖွင့်၍ စာတွေ ဖတ်ကြည့် ရသည် ။ ခွင့် ပြု့ သင့်တဲ့ post တွေကို လက်ခံ ။စည်းကမ်းနဲ့ မကိုက်ညီ တဲ့ post တွေ ကို စာပို့ အကြောင်းကြားခြင်း မပြု ပဲ တစ်ခါတည်း ဖျက် သည်။ ခနခန သတိပေးထား ပါလျှက်နှင့် ထပ်ထပ် ၍ စည်းကမ်း ဖေါက်ဖျက်သူများ ကို ကျမ အနေ နှင့် စာမပို့တော့ ပါဟု တရားဝင် ပြော ကြား ထားပြီး ဖြစ်ပါသည်။
ပြီး မှ စာ (၃)စောင် ကို ဖွင့် လိုက်တယ် ။ ပထမ ၂ စောင်ကတော့ ကလေးတွေ တစ်ယောက်နှင့် တစ်ယောက် သတိယကြောင်း ပေးပို့စာ နှင့် ပြန်စာ ဖြစ်သည်။ နောက်ပြောင်ပြီး ရေးထား ကြ၍ ကျမ ပြုံးရုံ မက အသံထွက်အောင်ရီ မိသည်။ တတိယ စာကို ဖတ် လိုက်ချိန် မှာတော့ ကျမ မရီ နိုင်တော့ ။ ကေခမ်း ဆီမှ ဖြစ်သည်။
သို့ ……….မကြီး ……………………..
မကြီး..
အားနာလိုက်တာ။
မကြီး စိတ်မညစ်နဲ့ဗျ။
ကေခမ်းက ဖရင့်ဒေးကိုရော ။ မကြီးတို့ အားလုံးကိုပါ လေးစားခင်မင် သံယောဇဉ်ရှိပါတယ်။
ဒါပေမယ့် လောလောဆယ် ကေခမ်း သိပ်စိတ်ရှုပ်ရတယ်ဗျာ.။
ကေခမ်းက ပြီးခဲ့တဲ့ နှစ်နှစ်လောက်ကတည်းက အသားနုမတက်သေးတဲ့ ဒဏ်ရာတွေချည်း ဆင့်ကဲ ဆင့်ကဲ သိမ်းဆည်းထားရသူပါ။ သိပ်ပြီးတော့ စိတ်ရှုပ်စရာတွေကို လက်ခံထားလို့ မရဘူး။
တရားစခမ်းကလည်း ၀င်မယ် ၀င်မယ်နဲ့ အလုပ်တွေကို ဒီတိုင်းပစ်ထားခဲ့လို့က မရပြန်တော့
မ၀င်ဖြစ် ဖြစ်နေတာ။ အားလပ်ရက်တွေကျတော့လည်း ကေခမ်းကို အားကိုးရှာတဲံ့ ဦးလေးလည်းဖြစ် ဆရာလည်း ဖြစ်သူကို အားနာပြီး သူအစား သူ့လုပ်ငန်းကို စောင့်ရှောက်ပေးနေရပြန်ရော..။ အဲဒီတော့ လုပ်ထားသမျှ စိတ်ပိုင်းဆိုင်ရာ တိုးတက်မှုလေးတွေက နည်းနည်းလောက် ညစ်ညူးမှုလေးကြုံတာနဲ့ ပျက်သွားပြန်တော့တာပါ့။
ထားပါတော့ မကြီးရာ...။ အဲဒါက ကေခမ်း ကိုယ်ရေးကိုယ်တာအကြောင်းသက်သက်တွေပါ။
ထွက်သွားခွင့်ပြုပါဆိုတာကတော့ .. ကေခမ်းက စိတ်ညစ်စရာတွေချည်း ဒီဆိုက်ထဲမှာ ရေးနေမိတယ်လေ.. အဲဒါကို အားနာတယ်.။ နောက် .. တချို့ အခက်အခဲလေးတွေလည်း တော်တော်များများရှိပါတယ်။
ရှင်းရှင်းပဲ ပြောမယ် မကြီးရယ်..။ ကေခမ်း နေရာကို ပြန်ဖျက်ပေးစေချင်တာပဲ...။
ကေခမ်း မကြီးတို့ မေတ္တာစေတနာကို ခံယူဖို့ အခွင့်အရေးက ဒီလောက်ပဲ ပါလာတယ်လို့သာ
လက်ခံပေးစေချင်ပါတယ်။ တကယ်ပဲ ကေခမ်း ပြောခဲ့ပါတယ်။ ကေခမ်း တသက်တာကာလများစွာထိ ဒီဆိုက်လေးထဲမှာ ပါဝင်မြူးထူးခဲ့ရတာကို မေ့နိုင်မယ်မထင်ပါဘူး။
နောက် ... ဒီဆိုက်လေးထဲမှာ နေထိုင်ရင်းရခဲ့တဲ့ အသိတရားနဲ့ သင်ခန်းစာတော်တော်များများကိုလည်း ကျေူးဇူးတင်စွာနဲ့ သတိတရ ဖြစ်နေဦးမှာပါ။
ဒီလောက်ပဲ ကေခမ်း ပြောပါရစေတော့ .. ဒိလောက်ပဲ ကေခမ်းပြောနိုင်တယ် ထင်ပါတယ်။
ကေခမ်း အစက စည်းကမ်းတစ်ခုခုဖောက်ပစ်ပြီး အထုတ်ခံရအောင်လုပ်မလို့ဗျ။ ဒါပေမယ့်
မကြီးတို့ကို လေးစားလို့ ဒီလို ပွင့်ပွင့်လင်းလင်းပြောပြီး ခွင့်တောင်းတာပါ။
ခွင့်ပြု မပြုဆိုတာတော့ မကြီး သဘော အတိုင်းပါ။ တစ်ခုပဲ တနေ့နေ့တော့ ကေခမ်း ပြန်လာမယ် ဆိုတာပဲ..။ အရာရာကို ပြင်ဆင်မြှင့်တင်ပြီးတော့ပေါ့...။တကယ် ပြန်လာမှာပါ မကြီးရာ.. ။
မကြီး တစ်ခုခု ပြန်ပြောစေချင်ပါတယ်....။
(အခြားအက်ဒမင်များအပါအ၀င် တစုံတစ်ယောက်ကိုမှ မတိုင်ပင်ပဲ မကြီး ဆန္ဒနဲ့သာ ဆုံးဖြတ်ပါ။ ကေခမ်း သက်ဝင် လက်ခံပါ့မယ်...)
ခင်မင်လေးစားခြင်းများနဲ့..။
မိုးကေခမ်း
နောက်ဆုံး တော့ ကျမ မည်သူ့ ဆီ က မှ လက်မခံ ချင်သော စာဖြစ်သည်။
မောင်လေး ………..ကေခမ်း လူ့ဘ၀မှာ အမြဲပျော်နေတဲ့ သူ မရှိဘူး ဆိုတာ ကေခမ်း လို စာဖတ်ကောင်းတဲ့ သူတစ်ယောက်က သိပြီးဖြစ်မှာပါ။ စိတ်ညစ်စရာ နည်းတာ နဲ့ စိတ်ညစ်စရာ များတာပဲ ကွာတာ ပါ ။ မကြီး လည်း စိတ်ညစ်စရာ ရှိတာပေါ့။ မကြီး ကတော့ စိတ်ညစ်စရာ ရှိလာရင် အရင် အားရ ပါးရ စိတ်ညစ်ပေးလိုက်တယ်။ ငိုစရာ ရှိရင် ငိုလိုက်တယ် ။ လူမှူ့ ရေးကြောင့် စိတ်ညစ်တာဆိုရင် ငါပြောတာ ဘာမှားသွား လဲအပြန်ပြန် သုံးသပ်ပါတယ် ။ မှားရင်လည်းတောင်းပန်သင့် ရင် တောင်းပန်ရ တာပေါ့ ။ အလုပ် အကိုင်ကြောင့်တော့ စိတ်မညစ် ဖူးဘူး ။မကြီး မှ အလုပ် မလုပ်တာ ။ အဲ့ဒါတော့ ဘယ်လိုပြောပေးရမလဲ ။ ဒီတစ်ခု မရ နောက် ကောင်းတဲ့ အလုပ် လာမှာ လို့ စဉ်းစားကြည့် ပါလား။ ငွေရေး ကြေးရေး ကြောင့် စိတ်ညစ်ရင်တော့ ခြွေတာ နေလိုက်တာပဲ ။ တစ်ခါတစ်လေ မကြီး လက်ထဲ ၁၀၀၀ ပြည့်အောင် မရှိတာ မျိုး လည်း ကြုံ ရတယ် ။ အဲ့ဒီ အချိန် ဆို ၁၀၀ လောက် ကို နှမြော နေတတ်တယ် ။ အချစ်ကြောင့် စိတ်ညစ်တာ ဆိုရင်တော့ မောင်လေး ရေ ..ကိုယ် လည်း ကိုယ့် စိတ် ကိုယ့် သဘောနဲ့ ချစ်နိုင် သလို သူလည်း သူ့စိတ်သူ့သဘော မို့ တုန့်ပြန် မလာ လည်း ကိုယ်က ချစ်နေရ ရင် ကျေနပ်စရာ ပဲ မဟုတ်လား ။ တကယ်လို့ အလုပ် မှာ ကိုယ့် အထက်လူကြီး က ကိုယ့် အပေါ် ဆိုးလာရင် ဘာမှပြန် မပြောနဲ့ ။
တတ်နိုင်သရွှေ့ သည့် ခံ လိုက်နော် ။ ပြန်ပြောရင် မပြီး တော့ ပဲနောက်ဆုံး ကိုယ်ပဲ အနိုင်ကျင့် ခံရ တယ် ။ ဒါ ထုံးစံ ပဲလေ ။ မကြီး ကတော့ အရမ်း စိတ်သဘောထား သေးသိမ် တဲ့ သူတွေ ကိုတွေ့ ရင် သင်ခန်းစာ ၂ ခု ယူ ပါတယ် ။ (၁) သူ့ လို စိတ်ထား မျိုး ကိုယ့်မှာ မရှိ လို့ ။(၂) ငါလည်း သူ့လို မဖြစ်အောင် ဆင်ချင်ရမယ် ။ မောင်လေး …လူဆိုတဲ့ အမျိုး က ကိုယ့် ကိုယ် ကိုတော့ မှန်တယ် ထင်ကြတာပဲ ။မကြီး လည်း ကိုယ့် ကိုယ် ကိုတော့ မှန်တယ် ကောင်းတယ် ထင်တာ ပဲလေ ။ အရေးကြီး တာ က ကိုယ်နဲ့ ပတ်သက်နေတဲ့ သူတွေ နဲ့ အဆင်ပြေ အောင်နေတတ် ဖို့ ကြိုးစား ရ တာ ပါပဲ ။ ကိုယ့် ကိုယ် ကို တတ်နိုင် သရွှေ့ ကောင်းအောင်နေ ပြီး လုပ်စရာ ရှိတာ လုပ်ပေါ့။ စိတ်ညစ်စရာတွေ ပဲတွေးနေရင် ပျော်စရာ နဲ့ ဝေးလိမ့်မယ် ။ မကြီး ကတော့ လေ စိတ်ညစ်စရာ ကို အိပ်ရာထိ သယ် သွားတယ် ။ တစ်ညလုံး စိတ်ညစ် တယ် ။ မိုးလင်းရင် ဦးနှောက် က ထုပ် ရီစရာ လုပ် ပစ်တယ်။ တစ်ခါတစ်လေ အခြေ အနေ ဆိုးရင် တော့ ၁ ရက် နဲ့ မရ ဘူး ….း))))) ။ မကြီး လည်း ကိုယ် မဟုတ် ပဲ အပြောခံရ ရင် ခေါင်းတွေ ကြီး ပြီး ဆံပင်တွေ ထောင် အောင် ဒေါသ ဖြစ်တာပေါ့ ။ သူတော် ကောင်း မှ မဟုတ်တာ ။ ခန္ဒီစ ကျင့်နေတာ လည်း မဟုတ် ဖူးလေ ။ ခွင့် လွှတ်နိုင်တာမျိုး ခွင့် လွှတ် ပေမယ့် ခွင့် မလွှတ်နိုင်တာ မျိုးဆို Neglect လုပ် ပြီး လစ်လျှူရှူ့လိုက်တယ် ။ ပြီးမှ တွေးတွေးပြီး ရီစရာ လုပ်ပစ်တယ် ။
ကေခမ်းရေ …………မကြီး ဒီဆိုဒ် ကိုရောက်လာ ပုံလေး ကေခမ်း သိ မလား မသိ ဘူး ။ ပြန်ပြော ပြမယ်နော် ။ မောင်နီကိုး ကြောင့် ပေါ့ ကွယ် ။ သူများတွေ က နီကို လို့ ခေါ်ပေမယ့် မကြီး ကတော့ နီကိုး လို့ခေါ်တယ် ။ မောင်လေး လို ချစ်ရ တဲ့သူပေါ့ ။ သူက ဒီဆိုဒ်မှာ စာလာ ဖတ်ပေး ဖို့ စာစစ်ပေးဖို့ အကူအညီ တောင်းတာပါ။ မကြီး လည်း အားနေတာ..သုံးနေ ကျ ဆိုဒ်တွေ ဖွင့် မရ တာ နဲ့ လက်ခံ ခဲ့ တာပါ ။ မကြီး က စာဖတ်ပေး တယ် ပြီး ရင် ဘယ် Post က FWD ဖြစ်တယ် ၊ ဘယ် post က နိုင်ငံရေး ပါတယ် ။ နေ့တိုင်း သူ့ ဆီ mail ပို့ပေးရပါတယ် ။ နောက်တော့ Admin post ကို ချော့တစ်ခါ ခြောက် တစ်လှည့် နှင့် အတင်းပေးပါတယ် ။ ဒါနဲ့ မကြီးလည်း အင်းလေ လုပ်နိုင်သလောက်ပေါ့ ဆိုပြီး တာဝန်ယူ ခဲ့တာပါ ။ Post အားလုံး ကို တစ်ခု မကျန် ဖတ်ပေး ရပါတယ်။ မကြီး က အရင် ဆိုဒ် တုန်း ကတော့ ရိုးရိုး member ပါ ။ ဒါပေမယ့် post အားလုံး ကို ဖတ်တဲ့အကျင့် ရှိ ပါတယ် ။ ၀ါသနာ ကို ပါတာ။ နောက် Admin ဖြစ်လာတော့ လည်း တာဝန်ကျေအောင် လုပ် ပါတယ် ။ မကြီး ရဲ ရေးပြီး သား post ၊ အသစ်ရေး တဲ့ Post လေးတွေ တင်ပါတယ် ။ အံ့သြ စရာ ကောင်း အောင် ကလေးတွေ ရဲ့ ဝေဖန်ချက်လေးတွေ တုန့်ပြန်မှူ့လေးတွေ ရတယ်။ မကြီး လည်း မှားတာလေး တွေ ကိုဝန်ခံ ရင်းပြင်ပါတယ် ။ ပထမ တော့ တာဝန် အရ ပေမယ့် နောက်တော့ ပျော်လာတယ် ။ ခုဆို သမီးတွေ တောင်ရ နေပြီ ။ မကြီး ထင်တာ မမှား ဘူး ဆိုရင် ကေခမ်း လည်း ပျော် တယ် မဟုတ်လား ။
ကေခမ်းရေ ….မကြီး ပြောဖူးပါတယ် ။ အပြစ် မရှိတဲ့ ဘယ် နေရာ ကို မှ မကြီး မဖျက်ပါဘူး ။အပြစ် မရှိ တဲ့ မကြီး ရဲ့ သားသမီးတွေ ကို မကြီး လက်နဲ့ မသတ်ဘူး ။ အပြစ် လုပ်ရင် ban မှာ မဟုတ်လား ဆို ပြီး အပြစ်တော့ မလုပ် နဲ့ ကွဲ့ ။ သိက္ခာ ကျတယ် ။
ကေခမ်းရေ ……….အမှန် အတိုင်း ၀န်ခံ ရရင် မကြီး အပြင်စာ အုပ်ဖတ်တာ နည်းပါတယ် ။ ဒါ့ကြောင့် ကေခမ်းရေး တဲ့ မော်ဒန်တွေ ကို မကြီး လိုက် မမှီ ဘူး ။ ဒါပေမယ့် နားလည်တဲ့ ကလေးတွေ အများကြီးရှိတယ် ။ နာမည်တွေ ရေး ချင်တာတောင် များလွန်း လို့ မရေးပြတော့ ဘူး ။ ကေခမ်း လည်း ပါတာပေါ့ ။ ကေခမ်းရေ ….ကျောင်းတစ်ကျောင်း မှာ စာအသင်အပြကောင်းတဲ့ ဆရာမ တစ်ယောက် (သို့) စာတော်တဲ့ကျောင်းသား တစ်ယောက် လျှော့ သွားရင် ကျောင်းအတွက် နစ်နာတယ် ။ ဆေးရုံ တစ်ရုံ မှာ စေတနာ ၊မေတ္တာ၊ ပညာ ပြည့်ဝ တဲ့ ဆရာဝန်တစ်ယောက် လျှော့သွားရင် လူနာတွေ အတွက်နစ်နာ တယ် ။ လုပ်ငန်းရှင် တစ်ယောက် အတွက် ရိုးသားကြိုးစား တဲ့ ၀န်ထမ်းတစ်ယောက် လျှော့ သွားရင် အလုပ်ရှင် အတွက် နစ်နာတယ် ။ နိုင်ငံ တစ်နိုင်ငံ မှာ ပညာရှင်တစ်ယောက် လျှော့ သွားရင် တိုင်းပြည် အတွက် နစ်နာတယ် ။ ကေခမ်း လို စာရေး ကောင်းတဲ့ သူတစ်ယောက် လျှော့ သွားရင် ဒီဆိုဒ် နစ်နာတယ် ။ ၂ ယောက် ၃ယောက် ၄ယောက် များများ လာရင် ပိုပို နစ်နာတယ် ။ ဒီဆိုဒ် ထဲကနေ မသိ မသာ ထွက်သွားကြတဲ့ သူတွေ ရှိတယ် ။ သိတာပေါ့ ။ ရေးတဲ့ သူ ပဲဖြစ်ဖြစ် ဖတ်တဲ့သူပဲဖြစ်ဖြစ် တတ်နိုင် ရင် ထွက် မသွားကြပါနဲ့ ။ ဖျက်ဖို့ လည်း မတောင်းဆို ပါနဲ့ ။ မအားရင် မလာနိုင် ရင် မလာ ပါနဲ့ ။ အားတဲ့ အခါ စိတ်ပါတဲ့ အခါ အချိန် မရွှေး လာ ခဲ့ ပါ ။
ကေခမ်းရေ …………Admin ဆိုတာ တက်ကြွ ပြီး ပရဟိတ လုပ် နိုင်တာ ကောင်းတယ် ။ မကြီး က အသက်ကြီး ပြီ နောက်ပြီး ကျန်းမာရေးချို့တဲ့ တယ် ။ အပြင် အလုပ်တွေ က မကြီး နဲ့ သိပ် မလိုက်ဖက် ပါဘူး ။ ဆိုဒ် ကလေး ကို စေတနာ နဲ့ အပြည့် အ၀ တာဝန်ယူ နိုင် တဲ့ သူ ရှိရင် ရိုးရိုး member ဘ၀ နဲ့ သမီးတွေ နဲ့ ပဲ ပျော်ပျော် နေချင်ပါတယ် ။ တစ်နေ့တစ်ခြား သံယောဇဉ် များတယ် ။ မုန်းတဲ့ သူတွေ လည်း ရှိလာတယ် ။ များလာတဲ့ သံယောဇဉ်တွေ က ခင်တွယ် စရာကောင်း တော့ မုန်းနေ တဲ့ သူတွေ ကိုမေ့ထား နိုင်သေးတယ်။ တွေ့ ဆုံ ချိန် က ခန လေး ပါ ။ ဒါ့ကြောင့် ကေခမ်း နှင့် ကျန်တဲ့ မောင်လေး ညီမလေး သားတို့ သမီး တို့ အာလုံး တစ်ယောက်နဲ့ တစ်ယောက် ရန်ဖြစ် ပြီး လည်း ပြန်ခေါ် ကြ ။ မှားရင်လည်း တောင်ပန် ကြ ဒါမှ ပျော်စရာကောင်းတာ။ ဆိုဒ် ထဲ က ဖျက်ပေး ဖို့တော့ မေဖြူ့ ဆီ စာ မပို့ ကြ ပါနဲ့ ။
ကဲ ……….အားလုံး တတ်နိုင် သရွှေ့ ပျော်ပျော် နေကြ ပါစို့ …………….
ပြည့်ကံကျွေးမှသည်
13 years ago
0 comments:
Post a Comment