တကယ်တော့ သူမ (၂) ဆိုတာ သူမ (၁) ရှိလို့ ဖြစ်လာရတာ ပါ ။ ကမ္ဘာပေါ်တွင် သူမ (၂) တိုင်း အတွက် မူ သူမ(၁) ဆို တာ ၂ ယောက် ဘယ်သူ မှမရှိ ။ တခြားသော သူမ (၁)တွေ အတွက် သူမ (၂)ဆိုတာ များများ ရှိနိုင်ပေမယ့် ဒီသူမ (၁)အတွက်တော့ သူမ (၂)တစ်ယောက်တည်း သာ ရှိသည်။ ဒီတော့ ဘယ်သို့ ပင်ဖြစ်စေ သူမ (၂) အတွက်အချစ် ဆုံး သူ ကိုပြပါ ဆို သူမ(၁) သာ ဖြစ် သည်။
စုန်ရေသာ ရှိပြီး ဆန်ရေ မရှိဘူး လို့ ပြောကြပေမယ့် တစ်ခါတစ်လေ သူမ (၁) သည် သူမ (၂) အပေါ်တွင် အေးစက် လွန်းသည် သူမ (၁)သည် သူမ ၏ သူ(၂) များပေါ်တွက် ပိုမို နွေးတွေး သည် ဟု ၀မ်းနည်းစွာ ခံစားရတတ် သည် ။ မိသားစုဦးရေ များ ပြား သော်လည်း သူမ (၂) သည် အမြဲတမ်း အထီးကျန် သလို ခံစား ရသည်။ အပြင် ကမ္ဘာဆိုတာ သူမနဲ့ ခနခန မသက် ဆိုင်တာ မို့ ကြာလာတော့ သူမ သည် အခန်းအောင်း သတ္တ၀ါ ဖြစ် လာ သည်။ သူမ ၏ အခန်းသည် သူမ ၏ ချစ်သူ ဖြစ် ပြီး စာအုပ် များ သည် သူမ ၏ သူငယ်ချင်း များ ဖြစ်သည် ။
ဝမ်းနည်းမှူ့ ပေါင်း များစွာ ကို ကြိမ်ဖန် များစွာ ခံစား လာရသော အခါ သူမ (၂) သည် ခေါင်း မာသော ၊ လစ်လှူ ရှု့တတ်သော ၊ အေးစက်စက်နိုင်သော သွေးအေး သတ္တ၀ါ အဖြစ် ပြောင်းလဲ လာ၏ ။ သူမ သည် မျက်ရည် ကျ လွယ် သလောက် အသဲမာသောသူ ဖြစ် လာ သည် ။ လူတွေ ပြော နေ ကြတဲ့ “ သွေးက ရေထက် ပစ်တယ် ”ဆိုသော စကား သည် သူမအတွက်တစ်နှစ် မှ တစ်ခါပေါ် သော စတော်ဘယ်ရီ သီးလောက် ချို မြန် မှု့ မရှိ။
သူမ(၂) ၏ အပေါ်ယံ ဘ၀ လေး သည် အင်မတန် လှပ ၏ ။ ဒါပေမယ့် သူမ ရဲ့ ရင်ထဲမှာ ဒဏ်ရာ ပေါင်းများစွာ ရခဲ့တာ ထို ဒဏ်ရာ များ ခု ထိမကျက်နိုင်သေးသော ၊ ကျက် သော်လည်း ရုပ်ဆိုး သော အမာရွတ်များ ရှိနေတာ ဘယ်သူမှ မသိ။ သူမ သည် ထို ခနခန ဆွ ခံရသော အနာ ကိုရင် မှာ ပိုက်ပြီး လူတစ်ကာ ကို ပြုံးပြ နိုင်လိုက်အောင် ဟန်ဆောင် ကောင်းသော လိမ်ညာမှု့ကို မသင်ယူ ပဲ တတ် လာသည်။ သူမ (၂) အပြုံး ရဲ့ နောက် ကွယ် မှာ သူမရဲ့ အားနည်းချက်ပေါင်းများ စွာ က လည်း တစ်ခါတစ် ရံ လစ်ရင် လစ်သလို ဒုက္ခတွေ ပေးနေတတ် သည်။
နာကျင်ပါတယ် ……….သူမ (၂) ရင် တွေ နာ ကြင် တိုင်း သူမ ပြုံးတတ် လာ တယ် ။ အဲ့ဒီ လိမ်ညာ မှူ့ ကိုပဲ သူမ က “ငါ …ကိုယ့် ကိုယ်ကို ဖြေသိမ့်တတ်တယ်” ဆို ပြီး ….၀ဋ်ကြွေး မှန်း မသိ ဂုဏ် ယူနေတတ် ပြန်တယ်။
သူမ (၁) အတွက် သူမ (၂) ကြောင့် ဘယ်တော့ မှ ဂုဏ်မငယ် ခဲ့ ဘူး ၊ အရှက် မရခဲ့ဘူး ။ တခြားသော သူမ (၁) များ က သူမ ရဲ့ သူမ(၂)လိမ္မာကြောင်း ချီးကျူးတဲ့ အခါ သူမ ဂုဏ်ယူတတ်တဲ့ မျက်နှာမျိုး မဖြစ်တာ ဘာ့ကြောင့် လဲ………..တစ်ခါတစ်ရံ သူမ (၁) က သူမ (၂) အပေါ် ချစ်တယ် လို့ ခံ စားမိတတ် သော် လည်း အဆိုးဝါးဆုံး အချိန် များ ကိုရောက် လာ တဲ့ ခါ ထို အတွေးများ အစ ရှာ မရအောင် ပျောက်ဆုံးနေတတ်ပြန်ရော ။ အကယ်၍ သူမ (၁) သာ မရှိရင် သူမ (၂) လည်း လိုက်သေနိုင် သည် ။ သူမ (၂) အရင်သေသော် သူမ (၁) အတွက် သူ (၂) များ ရှိသေး သည် ။ သူမ (၁) အသက်ရှည်စေချင်သော ဆန္ဒ သည် သူမ၏ အကြီးမား ဆုံး ဆန္ဒ ပါ ပဲ ။
သူမ (၂) သည် အမြဲ တမ်း ကြားကောင်း သော စကားများ ကိုသာ ပြော တတ် သော် လည်း ..သူမ(၁) စိတ်ဆိုးသော အချိန်တွင် ထို စကားလုံးများ ကို ဘယ်တော့မှ ထုတ်မသုံးခြင်း က သူမ(၂) ရဲ့ အကြီးမားဆုံး အားနည်ချက်ဖြစ်သည်။တော်တော်များများ စိတ်ရှည်သလောက် ချော့ခြင်းအတတ်ပညာ သည် သူမ(၂) အတွက်တော်တော် ခက်ခဲသောဘာသာ ရပ် ဖြစ် သည်။
သွေးရင်း သားရင်း …သူ(၁) ၊ သူမ(၁) ၊ သူ (၂) တို့ ရဲ့ မိသားစု မေတ္တာကို အပြည့်အ၀ မရသော အခါ သူမ (၂) အတွက် သူစိမ်း လူတစ်ယောက် နှင့်မိသားစု ဖြစ်ဖို့ ကံကောင်းလိမ့် မည် ဟု ဘယ်တော့ မှ မထင် ခဲ့။ (၅၂၈) မှတ်ပေး သော စာမေးပွဲ မအောင်မြင်သောသူမ (၂) အတွက် (၁၅၀၀) အမှတ် ပေးသော စာမေးပွဲသည် မဖြေသင့်သော စာမေးပွဲ ဖြစ်သည်။ မကောင်းသော ကံများ ကို ကောင်းသော ကံများ ဖြင့် ဖြည့်ရင်း သူမ အရင် အနာ ဟောင်း ထပ် မတိုးအောင် ၊ နောက် ထပ် ဒဏ်ရာတွေ မရအောင် ကြိုးစား ကုသနေရတယ် ။ သူမ ရဲ့ ၀မ်းနည်း စရာကောင်းတဲ့ အရာတွေ ကို ဖုံးကွယ် ထားတယ် ………
.....................................................................................................................................................
ခံစားမှု့ သက်သက်
0 comments:
Post a Comment