“လူဆိုတာ သူတို့ရဲ့ အချစ်ဦးကို ဘယ်တော့မှ မမေ့တတ်ကြဘူးတဲ့”
ထိုစကားကိုကျမ ကောင်လေးတစ်ယောက်ထံမှ..ကြားဘူးသည်။ထိုကောင်လေး..၁၆နှစ်အရွယ်တုန်းက
ဖုန်းထဲမှ နေ၍၂၅နှစ်အရွယ်..ကျမအား ရီးစားစကား ပြောသောအခါကျမရီနေခဲ့မိတယ် ။ ၉နှစ်ကွာသော
ထိုကောင်လေးနှင့်ကျမ ချစ်သူတွေ မဖြစ်ခဲ့ကြပါ..ဒါပေမယ့်ဒီနေ့ထိသူ့အကြောင်း နှင့် သူ၏ များပြား
လှသော ရီးစားတွေအကြောင်းကျမထံ လာရင်ဖွင့်တတ်သည်။
သူ့နာမည် က “ဇော်”
ထိုစကား ကိုကျမ မေ့နေရာမှinternetသုံးသောအခါ အချစ်ဦးအကြောင်း မကြာခနမေးခံရသောအခါ ကျမစဉ်းစားဖို့ဖြစ်လာတယ် ။အချစ်ဦးအကြောင်း စဉ်းစားဖို့အချစ်ဦး ဆိုတဲ့အဓိပ္ပါယ်ကိုသိမှဖြစ်မှာပေါ့ အကိုတွေနှင့် ကြီးပြင်းရသောကျမ ယောင်္ကျားလေးတွေကို စိတ်ဝင်စားစရာအဖြစ်မမြင်ခဲ့။ အထက်တန်း
ရောက်တော့ကျမပထမဆုံးရည်းစားစာရရှိတယ်..အိမ်ရောက်တော့သူ့ရည်းစားစာကိုလူကြီးတွေလစ်တုန်း
ဖတ်တယ်...ဖွဲ့နွဲ့လွန်းသောသူ့စာကိုကျမနားမလည်.။၂ခါပြန်ဖတ်တယ်နားမလည်..ကပ်ကျေးနှင့်တစ်စစီ ဆုတ်ဖြဲ၍ အမှိုက်ပုံး ထဲထည့်လိုက်တယ် ။ ရှင်မှီးအင်္ကျီဝတ်ဆဲ ကျမအား မိန်းကလေးအဖြစ် ပထမဆုံး အသိအမှတ်ပြုပေးသော ထိုသူ သည်ကျမ၏ အချစ်ဦးမဖြစ်ခဲ့..
သူ့နာမည်က“နိုင်”
ဆယ်တန်းအောင်ပြီးသောအခါ တက္ကသိုလ်မတက်ခင် အားလပ်နေတယ်။မနက်တိုင်းနေမြင့်မှအိပ်ရာထ၍
မနက်၉နာရီခန့်ဆို ကော်ဖီခွက်လေးကိုင်ကာ အလုပ်သွား ကျောင်းသွားကြ ၍လွတ်နေသောအကိုတွေ
အခန်းဖက်သို့သီချင်းသွားနားထောင်လေ့ရှိတယ်။ ကျမတို့နေတာကဝန်ထမ်းတွေနေတဲ့တိုက်ခန်းရှည်..
ပြီးတော့အပေါ်ဆုံးထပ်..အကိုတွေနေတဲ့အခန်းရဲ့အနောက်တည့်တည့်မှာ ဘုန်းကြီးကျောင်းရှိတယ်။ တစ်နေ့သော မနက်ခင်းမှာ အကိုတွေရဲ့ကုတင်ပေါ်မှာ ထိုင်၍ ပြတင်းပေါက်ကို မေးတင်ပြီး သီချင်း
နားထောင်နေခိုက်.လူတစ်ယောက် ရေဖလားလေး ကိုင်ပြီးလမ်းလျှောက်လာတယ်..ပုဆိုးသာဝတ်ထားပြီး
အင်္ကျီဗလာနှင့်တဘက်ကို လည်ပင်းမှာချရင်း လမ်းလျှောက်လာတယ်..ဆူညံသောသီချင်းသံကြောင့်
ကျမရှိရာအပေါ်သို့တစ်ချက်မော့ကြည့်တယ်..ဝင်ဝါသောသူ့အသားနေရောင်တွင်ဝင်းလက်နေတယ်..
ပိန်ပါးပါးအရပ်ရှည်ရှည်လေးနှင့်..သူ့ခေါင်းမှာလှိုင်းတွန့်ဆံပင်လေးတွေရှိတယ်..ကျမကိုမော့ကြည့်တဲ့
မျက်ခုံးနက်နက်ထူထူလေးအောက်မှာလိုက်ဖက်ညီတဲ့ မျက်ဝန်းနက်နက်လေးတွေရှိတယ်..ချောလိုက်တာ
သူကိုကျမမမြင်ဖူးဘူး..အသစ်… ပြောင်းလာတာဖြစ်မယ်..ထိုနေ့မှစ၍ ကျမ အလုပ်ရသည် သူ ရေချိုးသွားတာကို..သီချင်းနားထောင်ရင်းစောင့်နေမိတယ်.နေ့တိုင်းတော့မတွေ့။….တစ်ခါတစ်ရံ ကျမအောက်ကို ဆင်းသောအခါ တွေ့သည်။ ထိုအခါတိုင်း ကျမသည် သူ့ကိုဘယ်တော့မှ မကြည့်..
ရိပ်ကနဲသူ့ကို တွေ့တာနဲ့ကျမ မြေကြီးကို ကြည့်လျှောက်သည်။ အသက်၁၇နှစ်သာ ရှိသေးသော အရွယ်ရောက်နောက်ကျ၍ ကလေးရုပ် မပျောက်သေးသော ကျမအားအသက်၂၅...၃၀ခန့်ရှိသော ထိုသူသည် ကလေး တစ်ယောက်ထက်ပို၍စိတ်ဝင်စားပုံမပေါ်တစ်ခါတစ်ရံဝရန်တာထွက်၍..အရုပ်များကို အင်္ကျီချုပ်ပေးရင်….ကျမ..အလုပ်ရှုပ် နေတတ်တာကိုမျက်စောင်းထိုးတစ်ဖက်ခန်းတွင်နေသော.သူမြင်ပေ
လိမ့် မည် ။နောက်တော့သူ အိမ်ပြောင်းသွားသည် ။ကျမတို့လည်းအိမ်ပြောင်းခဲ့သည်.ဆန့်ကျင်ဖက်ကို ပထမဆုံးအနေနဲ့ စိတ်ဝင်စားခဲ့ပေမယ့် သူသည် ကျမ၏ အချစ်ဦး မဖြစ်ခဲ့..။
သူ့နာမည်က “ကျော်”
ဒီလိုနဲ့ တက္ကသိုလ်ပထမနှစ် ရောက်ခဲ့တယ်.. မိန်းကလေးသီသန့်ပေါင်းသော သူမတို့ အုပ်စုအား တော်ယုံလူမကပ်ရဲ..သူငယ်ချင်းများကလည်း တော်ရုံလူ လက်မခံ..ဒါပေမယ့်သူငယ်ချင်းများ ငြင်းစရာမရှိအောင် ပြည့်စုံသော သူတစ်ယောက် ကျမ အနားကို ရောက်လာတယ်..အပြစ်ပြောစရာ
မရှိအောင်တကယ်ပဲ ပြည့်စုံလွန်းတယ်.ကျမမှ သူ့ကို “ချစ်လားမချစ်လား” သိပ်မသိ..သူငယ်ချင်းများ
က လိုက်ဖက်ညီသည် ဆိုကာအတင်းတိုက်တွန်းကြသည်။ မေမေ့ကို အစစအရာဖွင့်ပြောတတ်သော
ကျမ သဘောတူမည် ထင်ကာဖွင့်ပြောမိတယ် ။ ဒါပေမယ့်ကျမ ထင်တာမှားသွားတယ်..သမီးတစ်
်ယောက်တည်း ရှိသောမေမေသည် ကျမသူ့ထံမှာခွဲထွက်သွားမှာစိုးရိမ်ကာမျက်ရည်စတွေနှင့်
ပြင်းထန်စွာ ကန့်ကွက်သည်..။ ပန်းပွင့်လေးများ မပါပဲ ရိုးစင်းသော စာအိပ်လေးထဲတွင်သူ့အတွက်
်ပြန်စာလေးထည့်ရင်း သူငယ်ချင်းမှတစ်ဆင့်ပေးခိုင်းလိုက်တယ်။ သူသည်လည်းကျမ၏အချစ်ဦးမဖြစ်ခဲ့။
သူ့နာမည်က“စိုး”
ကျောင်းပြီးသွားတော့အလုပ်မလုပ်ဖြစ်သေး၍အိမ်မှာပဲနေဖြစ်သည်။အားရင်သူငယ်ချင်းများနှင့်ဖုန်း
ပြောဖြစ်သည်။ သူ့ကိုတော့ဖုန်းထဲ မှသိကျွှမ်းခဲ့သည်။ သူခေါ်ဆို သော နာမည်မရှိဘူး ပြော
သော်လည်း သူ ခနခနပြန်ခေါ်နေတယ် ။ ပထမတော့ နောက်နေတယ်ပဲထင်တာ..သူက ဖုန်းလိုင်း
တွေပူးနေကြာင်း နှင့်ဖုန်းနံပါတ်တစ်ခုပေး၍ဆက်ပေးရန်တောင်းဆိုလာတယ်..ဒီလိုနဲ့ ကျမတို့ ခင်ခဲ့ ကြတယ်..သူနေသောမြို့နယ်နှင့်ကျမနေသောမြို့နယ်က ကပ်လျှက်..ဒါပေမယ့်မတွေ့ဖြစ်..သူက တောင်းဆိုသော်လည်း ကျမ ငြင်းပယ်ခဲ့တယ်...
မကြာခင် ကျမမွေးနေ့နီးလာခဲ့တယ်..မွေးနေ့ပွဲသို့လာရန်ဖိတ်သော်လည်း...သူက အပြင်သို့လိုက်
ကျွှေးရန် တောင်းဆိုခဲ့တယ်..ကျမလည်းလက်ခံခဲ့တယ်..မွေးနေ့ညနေပိုင်းရောက်တော့သူငယ်ချင်း
ကိုခေါ်၍ထွက်လာခဲ့တယ်..ချိန်းသောအချိန်ထက် အနည်းငယ် နောက်ကျပြီးမှ ကျမတို့သွားကြတယ်…
.ချိန်းဆိုထား သောနေရာသို့ရောက်တော့ကျမ ရီချင်သွားတယ်..ကျမ စိတ်ကူးထဲမှသူပြောပြခဲ့ဘူး
သော သူ့ပုံစံနှင့်လွဲမှားစွာ ခပ်ဝဝတစ်ယောက် ထိုင်နေသည် ။ မထူးတော့ပြီမို့ကျမ သူရှိရာသို့
လှမ်းလာခဲ့တယ်..ကျမက အဝတ်အစားကို သူ့ကို ပြောပြ ခဲ့သော ပုံအတိုင်း ဝတ်ခဲ့သည်.
.ထိုလူက ကျမကို မကြည့်..ကျမကသူ့ကို ကြည့်ရင်းလျှောက်သွားတယ် ။ အနားရောက်ခါနီးမှ
ကျမနား “ဗြုန်း” ဆိုလူတစ်ယောက် လာရပ်တယ်..အရပ်၅ပေ ကျော်လေးသာရှိသော ကျမ
၆ပေ နီးပါးရှိသောသူ့ကိုမော့ကြည့်ရင်းပါးစပ်အဟောင်းသား ဖြစ်သွားတယ်..ဖုန်းထဲတွင် ရင်းနှီးပြီး
သောသူ့ပုံစံ .သူနှစ်လို့ဖွယ်ရာပြုံးပြတယ်......ကျမတို့၂ပတ် တစ်ခါခန့်တွေ့ဖြစ်တယ်.
.ညတိုင်းနီးပါးဖုန်းပြောဖြစ်တယ်..ဒါပေမယ့်ကျမမှာ သူ့ဖုန်းနံပါတ်၊ကျမ address book ထဲက
သူ့လက်ရေးနှင့်သူ့လိပ်စာ၊သူ့မွေးသက္ကရာဇ်ရယ်ကလွဲလို့ဘာမှမသိ..မေးလည်းမမေးခဲ..ပြောဖြစ်တဲ့
စကားတွေက အစား၊ သီချင်း၊ ရုပ်ရှင်..တခြားအကြောင်းတွေ၊ သူက ရုပ်ရှင်အရမ်းကြိုက်သည်။
ရုပ်ရှင် တူတူကြည့်ဖြစ်တယ် ။ နိုင်ငံခြားဇာတ်ကားများကိုသူကဘာသာပြန်ပေးတယ်..ရုပ်ရှင်ရုံထဲရောက်ရင်သူ..
ကျမကို မေ့နေတတ်တယ်..အဲ့လောက်ထိသူ ရုပ်ရှင်ကြိုက်တယ် ။ရုပ်ရှင် မကြည့်အားတဲ့နေ့ တွေဆို
ကား လျှောက်မောင်းတယ်..တစ်ခုခုစားပြီး မှာ အိမ်နား နီးနီး ထိလိုက်ပို့ တယ်..ကျမ အားချစ်တယ်လို့
လည်း တစ်ခါမှ မပြောခဲ့၍ကျမကလည်းချစ်တယ်လို့မပြောခဲ့။ ချစ်သူနှင့်တူသော အပြုအမူများ လည်း
တစ်ခါမှ မပြုမူခဲ့။ ထို့ကြောင့်လည်း သူ့သိက္ခာကို ယုံကြည်စွာ နှင့်သူချိန်းဆိုတိုင်း တွေ့ဖြစ်သည်။
တစ်နေ့ ထိုတစ်နေ့ပေါ့သူ့ကို နောက်ဆုံးတွေ့ရမယ့် ရက် ဟုမထင်ခဲ့..ထိုနေ့က ကျမ သွားစရာ
ရှိ၍ ရုပ်ရှင်မကြည့်ဖြစ်.Snack..သွားစားကြသည်။……တစ်ချိန်လုံး အေးအေးချမ်းချမ်းပါပဲ..အပြန်ကျ
တော့ကျမ၏ ယောင်းမအိမ် သွားစရာရှိ၍ အိမ်နားအထိ လိုက်ပို့သည်။ ကျမကားပေါ်က ဆင်းခါနီးကျ
တော့ကျမလက်နှစ်ဖက်ကို ရုတ်တရက်..ဆွဲ၍ ကျမလက်ဖမိုးကို ဖွဖွ နမ်းတယ်..ပြီးကျမ လက်ဖဝါးတွေ
ကို သူ့ပါးပြင်မှာ ကပ်ထားတယ်..ကျမလည်း ရုတ်တရက် ဘာပြောရမှန်းမသိ ဖြစ်သွားတယ်..သူ့
လက်ဖမိုးလေးတွေကို ကျမ မျက်နှာနားကပ်ပေးတယ်..ဘယ်ညာညီညာစွာ လှပတဲ့ကျမနှစ်သက်တဲ့ သူ့လက်ဖမိုးလေးတွေက ညင်သာစွာနမ်းမိတယ်..ကျမရင်ထဲ မှာ မပျော်ပဲတစ်မျိုးခံစားရတယ်...........
အဲ့ဒီ နောက်ပိုင်း သူနှင့်ကျမ မတွေ့ဖြစ်တာကြာခဲ့တယ်။ ကျမ ဖုန်းဆက်တော့လည်းသူနှင့်မတွေ့။ ကျမ ထံလည်း သူ ဖုန်းမဆက် ။ အရင်ကသူဖုန်းဆက်သည့် အခါတိုင်းကျမနှင့်တိုက်ရိုက်မတွေ့လျှင်
ဖုန်းကို ချပစ်တတ်သည်။
တစ်နေ့ဖုန်း လာသံကြားပြီး ကျမအကို၏ ပွစိပွစိသံကြားသောအခါ..ကျမ...ကျမအခန်းသို့ပြေး
တက်၍သူ့ထံဖုန်းဆက်လိုက်တယ်..သူ့အသံကြာရသောအခါကျမပျော်သွားတယ်..
“ဒီတစ်ပတ်အားလား” သူမေးတယ်..
သူ့အတွက်အမြဲ…..အားနေသော ကျမ “အင်း”လို့ပြောလိုက်တော့သူက အချိန်ကိုပြောတယ်..
နေရာကတော့သူလာခေါ်နေကျနေရာ..ဒါပေမယ့်..ပျော်နေတဲ့အပျော်လေးကသူ့ရဲ့နောက်ဆက်တွဲ
စကားကြောင့်ကြာရှည်မခံလိုက်..သူပြောတဲ့စကားက .
.“ဒီတစ်ခါတွေ့ရင်အရင်တုန်းကလိုပြန်မလွှတ်တော့ဘူး”….သူဖုန်းချသွားတယ်...
သူ့ စကားအဓိပ္ပါယ်က ကြောက်စရာကောင်းသလိုပဲ ကျမထင်မိတယ်...သူချိန်းဆိုတဲ့ရက်က
“ဧပရယ် ၁ ရက်”
ထိုရက်ကို မရောက်ခင်သွားသင့်လားမသွားသင့်လားကျမခေါင်းပူစွာစဉ်းစားရတယ်..ကျမတို့ချစ်သူတွေ
မဖြစ်သေး.သူ့စကားကမကောင်းတဲ့…အဓိပ္ပါယ်ဆိုကျမသွားရင်ကျမအမှားဖြစ်လိမ့်မည်..ချစ်ကြောင်းဖွင့်
ပြောမှာဆိုရင် တော့ ကျမ မသွားလျှင် သူ့ ကိုဆုံးရှုံးရမည်.... သူနှင့် ချိန်းဆိုသောရက်မတိုင်ခင်
်ညမှာ ကျမပိုင်နိုင်သော ဆုံးဖြစ်ချက်ကိုချပြီး သူ့ကိုဖုန်းခေါ်လိုက်တယ်..သူဖုန်းလာကိုင်တယ်
“မနက်ဖြန်ခရီးထွက်မှာမို့ မလာနိုင်တော့ဘူး”..သူက..
“ဘယ်လောက်ကြာမှာလဲ”..
“မသိသေးဘူး”
“ဟိုရောက်ရင်ဖုန်းဆက်ပေး”
“သွားမယ့် နေရာကဖုန်းမရှိဘူး” ..
“ဒါဆိုပြန်ရောက်ရင်ဆက်နော်”
“ဟုတ်” ....
သူမ နှုတ်ဆက်စကားမဆိုပဲ ဖုန်းချလိုက်တယ်..ပြီးသွားပြီ...ကျမလည်းတစ်ကယ်ပဲ ခရီးထွက်ခဲ့တယ်.ခရီးကပြန်ရောက်တော့သူ့ထံ ကျမဖုန်းမဆက်တော့ ....လက်တွေ့ဘဝဆိုတာ ဝတ္ထုလိုကိုယ်လိုရာဆွဲလို့ မရတော့ ကျမ သွားလိုက်လို့မဖြစ်သင့်တာတွေ ဖြစ်ရင် ကျမဘဝ ဆုံးရှုံးလိမ့်မည်..မသွားဖြစ်တဲ့အတွက်သူ့ကိုဆုံးရှုံးရပေမယ့်ကျမမှာလှပတဲ့အမှတ်တယလေး
တွေရှိတယ်…..ဖုန်းလာပြီး မပြောပဲချချ သွားလို့ ကျမ အကိုရဲ့ မကျေနပ်သံတွေ ကြားနေရပေမယ့်ကျမဖုန်းပြန်မဆက်တော့အိမ်ပြောင်းလာ၍အိမ်လိပ်စာအသစ်ကိုလည်းသူမသိ..
သူ့ကိုသတိယသော စိတ်ကိုသူ့စကားတစ်ခွန်းဖြင့်မေ့နိုင်အောင်ကြိုးစားခဲ့တယ်.
သတင်းစာဖတ်လျှင်နာရေးတွေအကုန်ဖတ်တတ်သော ကျမအကျင့် ..တစ်နေ့ အသက်၁၀၀ ရှိသော
အဖိုးအို၏နာရေး ကိုတွေ့သောအခါ ထိုအဖိုး၏ များပြားလှသော သားသမီးများနှင့်ဆန်းကျယ်သော
မြေးများ၏နာမည်များ ထဲတွင်သူ့နာမည် ပါလာသည် ။ အိမ်လိပ်စာလည်းမှန်နေ၍ သူမှတစ်ပါးမဖြစ်နိုင်.
.အဲ့ဒီ ကျမှ ကျမ သူ့ ဘွဲ့နှင့်အလုပ်အကိုင်ကို သိတော့တယ်...ကျမအံ့သြမှု့ ကဒီတင်မရပ်.
.နောက်ထပ် ထို အဖိုး၏ နောက်ထပ် သားသမီးတစ်ယောက်၏မြေးများရေးထားသော နာရေး ကိုကျမဖတ်တော့မှလန့်သွားခဲ့သည်..
ကျမတက္ကသိုလ်ပထမနှစ်ကငြင်းခဲ့မိသော “စိုး”……………
ဒုတိယနှစ်မှစ၍သူကျောင်းမတက်တော့ကျမစိတ်မကောင်းသော်လည်းမေ့သွားခဲ့သည်..
နံမည်ဆန်းတာရော ဘွဲ့တူတာရော လူမမှားနိုင်..ဒါဆို သူတို့နှစ်ယောက်က ညီအကို တစ်ဝမ်းကွဲ..နောက်ပြီး သူတို့နှစ်ယောက်လုံး ကျမ ထက်၃နှစ်ကြီးသည်..သူငယ်ချင်းလို ပေါင်းသော
ညီအကို တစ်ဝမ်းကွဲကျမကို သူတို့လက်စားချေတာလား ကျမ.မတွေးချင်တော့ သူတို့ ကိုယ်တိုင်ပဲ သိလိမ့်မည်..ကျမအတွက်တော့မစဉ်းစားတာကောင်းလိမ့်မည်..သူသည်စိတ်ဝင်စားစရာကောင်းခဲ့
သော်လည်း ကျမ ၏ အချစ်ဦး မဖြစ်ခဲ့ ..
သူ့နာမည်က “မိုး”
နောက်ပိုင်း မိဘ သဘောတူသူများ ၊ ကျမ နှစ်သက်နိုင်မည်ထင်သူများ ၊ လာရောက်ကမ်းလှမ်း
သူများနှင့် တွဲသွားတွဲလာလုပ်ခဲ့တယ်..ကျမ ရင်ထဲမှာသူတို့အားနှစ်သက်သဘောကျခြင်း မရှိခဲ့..နွေးထွေးပျော်ရွင်ခြင်း လည်းမရှိခဲ့နောက်နောင်တွင် ကျမကို ကမ်းလှမ်းသူများကို တွေ့ဆုံခြင်း
မရှိတော့ဒါဆိုလျှင် ကျမရဲ့ အချစ်ဦး သည် ပျောက်ဆုံးနေပါတော့ သည်..လူတွေ ပြောကြသော အချစ်ဦးသည်ကျမအတွက်တော့လုံးဝမရှိသောသို့မဟုတ်ပျောက်ဆုံးနေသောသူတစ်ယောက်ဖြစ်နေပါတော့တယ်.............
ဧပရယ် ၁ ရက်သည် April Fool ဖြစ်သော ကြောင့် ကျမ အရူး လုပ် ခံ ခဲ့ ရတာ လား မသိ ခဲ့
ဒါပေ မယ့် ကျမ အတွက်တော့  မေ့မရသော အမှတ်တယနေ့တစ်နေ့ဖြစ်သည်............
......................................................................................
ဒီPost လေး ကို ရေးချင်သော ဆန္ဒ ရှိ သူများ အား Tag ပါတယ် ...........း))))
ပြည့်ကံကျွေးမှသည်
13 years ago
0 comments:
Post a Comment