“မဖြူရေ မဖြူ ……မဖြူ သမီးကြီး တစ်အိမ်ကျော် မှာရန်ဖြစ်နေတယ် ”
ဘေးအိမ် က အမ လာအော် တော့ ကျမ ကမန်းကတန်း ပြေးထွက် ခဲ့တယ် …
သမီးကြီး က ကျမ ကိုမြင်တော့ ကျမရင်ခွင်ထဲ ၀င် ပြီး ငိုတယ် …
.သမီးအငယ် ဆုံး လေး နဲ့ ၂ယောက် လုံးငိုကြသည်။
“မေမေဖြူ ..သူ က မီး ကို ဖေဖေ က ကျန်နရာတော့ ၀ူး ကြောတယ် နောက်မိန်းမ ယူ တွားတာ ဒဲ့”
ထုံးစံ အတိုင်း မောင်ထွန်းဇော်ဦး က စ တာဖြစ် သည်။
“အင်းယေ ချိရင် နင့်ချီ လာ မှာပေါ့ ထု မချိ လို့ပေါ့”
မောင်ထွန်းဇော်ဦး အမေ က ကမန်း ကတန်း ပြေးထွက်လာပြီး တောင်းပန်သည် ။ပြီး သူ့ သားကိုခေါင်းခေါက်ခေါ် သွားသည် ။
ကျမ သမီးငယ်လေး ကိုချီ သမီးကြီး ကို လက်ဆွဲ ပြီး အိမ်ပြန်ခဲ့တယ်။ သမီးတို့ က ဖေဖေ ဘယ်မှာလဲ မေးတိုင်း ကျမမှာ အဖြေ မရှိ။ ကျမ ကိုယ်တိုင် သူတို့ အဖေတွေမသိ။ အဲ့လိုပြောလိုက် လို့ တမျိုး မထင် ပါနဲ့ရှင် ..တကယ်တော့ ကျမ က သူတို့ ကို မွေးစားထားတာ ပါ။ဒါ့ကြောင့် သူတို့ မိဘတွေ ကို မသိတာပါ ..သမီးကြီး ကိုတော့ ကျမ နာမည်လေးပါအောင် ဖြူလေး ..လို့မှည့်ထားတာ ဒါပေမယ့် သမီးက ခိုင်သင်းကြည်ကြိုက်တော့ သူ့ကိုယ်သူစာချိုးလေးနဲ့ “ကိုယ့်နာမည်ကဖြူလေး စိတ်နေထားက ဖြူဖွေး အပျင်းက လည်းထူသေး ခိုင်သင်းကြည်နဲ့တူသေး ...” လို့ ချစ်စဖွယ်ကောင်းအောင် အမြဲဆိုတတ်သည်။ သမီးလတ်ကတော့ မျက်နှာ ၀ိုင်းဝိုင်း လေးနဲ့ အမြဲ ပြုံးနေတတ်သည် ဒါ့ကြောင့် “လရောင်” ။လရောင်လေး က စာဖတ် အရမ်း ၀ါသနာ ပါသည်။ စကားသိပ်မပြောပဲ စာအုပ် ၀ယ်ပေးထားရင် ဘာမှ မပူဆာ တတ် ..အသက်က ၈ နှစ်သာ ရှိသေးပေမယ့် စာအုပ် ဟူသမျှ အကုန်ဖတ်ကာ ကျမ ကို ပြန်ပြန်ပြော ပြတတ်သည်။ ဒါ့ကြောင့် တချို့ ရင်းနှီးသူ တွေက ကျမ ကို “အပျိုကြီး” လို့ခေါ် ကြတဲ့ အဓိပ္ပါယ်ကိုသိသည်။ ၂ ယောက်ထဲ ရှိ လျှင် ကျမ ပါးကို နမ်း ၍ “မေမေဖြူ သမီး လည်း မေမေဖြူ့ လို အပျိုကြီး လုပ်မှာ ” ပြောတတ်သည်။
သမီးလေး ကော်ဘရာ ကတော့ ၄ နှစ်ရှိ ပြီ…သူက တော့ ပျော်ပျော်နေတတ်သည်။အမြဲတမ်း သီချင်း ဖွင့်ပြီး ဂါဝန်ကားကားလေး ၀တ်ကာ “က” နေတတ်သည်။ ကျမက ကလေးတွေ များ နောက်ပြီးသစ်ခွခြံ အလုပ်တွေ မနိုင် ဘူးလေ…အဲ့ဒါနဲ့ တစ်ခါတစ်ရံ တောက်တိုမယ်ရ လုပ်တဲ့ မောင်ဘကြိုင် ကို လက်တိုလက်တောင်းခေါ်ခေါ် ခိုင်းရ တာ။ မောင်ဘကြိုင် က လေ ပိုက်ဆံတော့ ဘယ်တော့ မှ မယူပါဘူး ဒါပေမယ့် သူက
“အီမား ငွေယူချင် ဘူးဂျာ …ကော်ဘရာ ကြီးလာရင် အနော်နဲ့ပေးချား ပါ”
အဲ့လို တောင်းတယ် လေ ကျမ ကလည်းငွေ လည်းသက်သာ သူက လည်းအားကိုးရ တော့ ကျမ သမီးလေး ကော်ဘရာ ကိုပေး ထားရတာပါရှင် တကယ်ပါပဲ။.သမီးငယ်ဆုံးလေး ကတော့ ပန်းသခင်တဲ့ သူက ခုမှ ၂ နှစ်ရှိသေးတာ …အသက် က ၂ နှစ် စကားတတ်တာတော့ မပြောနဲ့ တော့ စကား ကလည်းမပီ ဘူး ကျမ သာ အတူတူ နေလို့ နားလည်တာ သူများတွေ ဆို နားမလည်ဘူး မဖြူ သမီးအငယ် ဘာပြောမှန်း မသိဘူး ပြော ကြတယ်
.“မေမေခြူ နော့် ကို မှန် ဂျီးဂျီး နဲ့ တနပ်ထား ကျောက်ကြင် ၀ယ်ပေးဂျာ ”
မှန်ရှေ့ က ကို မခွာ ဘူး …တော်ကြာ မှန်ပေါက် သွားရင် ကျမ အသစ် ၀ယ်ပေးရ မှာ စိုး လို့ ချော့ချော့ ပြီး သိပ်ရတယ် ….ဘယ်လောက်အေးအေး အင်္ကျီ ၀တ်ပေးလို့ မရ ဘူး လုံချည်ရင် ရှား နဲ့ ပဲနေ လို့ မနဲ အ၀တ် ၀တ်ပေးရတာ ဒါတောင် လစ်တာနဲ့ လုံချည်ရင်ရှား တာ ပဲ ..း))
**************************************************************************
ဆောင်းဝင် ခါနီး မို့ ကျမ ကုတင်ပေါ်တွင် ခေါင်းအုံးကို မှီလျှက် သူတို့ လေးတွေ အတွက် တစ်ချောင်းထိုးဖြင့်ဆင်တူ ဦးထုပ် လေးတွေ ထိုးပေးနေတာ သမီးကြီးဖြူလေး က ကျမ ပေါင်ပေါ်အိပ်ရင် အရုပ်နဲ့ ကစားနေသည်။ သမီးငယ် ပန်းပန်း က ကျမ ဗိုက်ကို ဖက် အိပ်ရင် ချည်လုံး ကို ကစားရင် မပီကလာ သီချင်းလေးတွေ ဆိုနေသည် ကော်ဘရာလေး ကတော့ ထုံးစံအတိုင်း “က”နေသည်။ လရောင်လေး ကတော့ ကျနဘေးတွင် ခေါင်းဦး ကိုမှီလျှက် စာဖတ်နေသည်။။ရုတ်တရက် သမီးကြီး က
“မေမေဖြူနဲ့ ပန်းပန်း နောက်တစ်ခါချို ဒွန်းဂျော်ဦး ကို အရေခွံချုပ် လိုက်ရမလား ဒါမှမဟုတ် အုပ်နီခဲ နဲ့ကောက်ထုလိုက်ရမရား”
“ရုပ်နဲ့နေ ခြူယေး ကရဲ တော် ကြာတူ့ အမေ က နာတို့ နဲ့ ပေး မကဂျားပဲနေ ရိမ့် မယ် နော် မေမေခြူ”
“အင်းပေါ့ သမီးကြီး က ထွန်းဇော်ဦး နဲ့မကစားပဲနေနိုင် လို့ လား”
ကျမ သူတို့ အတွက်ဦး ထုပ်လေးတွေ ထိုးပေးရင်း မေးလိုက်တယ်။ ဖြူလေး နှုတ်ခမ်း ကိုမဲ့ ရင်…….
“ဒါချို ဖေဖေ က ဘယ်တော့ ကျန်ရာ မှာ ရဲ ..တူ က ခနခန ကြောတယ် မေမေဖြူ ရဲ့ မီး ကိုအဲ့လိုကြောရင် ၀မ်းနည်း လို့ ပါ မေမေဖြူ ရဲ့ ”
ပန်းကလေး က ပါ သူ့ မမ ကိုကြည့် ရင် လိုက်မဲ့လာတယ်..
“လာမှာပေါ့ သမီးတို့ ရယ် ”
ကျမ ဦးထုပ်လေး နဲ့ ချည်လုံး လေး ကို ချရင်း …ဖြူလေးကို ရင်ထဲပွေ့ရင်း ပန်းကလေးကို ပေါင်ပေါ်တင်လိုက်တယ် …ကလေး ၂ ယောက် ငိုလေပြီ …စာဖတ်နေသော လရောင်လေး နှင့် ကနေသော ကော်ဘရာလေး ပါ ကျမ ရင်ခွင်ထဲ ၀င်ပြီး ငို ကြတယ်…
“သမီးတို့ ဖေဖေ ရော မေမေ ရော လာကြမှာပါကွယ် အဲ့ဒီ အချိန် ကိုမေမေဖြူ ကရင်တထိတ်ထိတ် နဲ့ စောင့်နေရတာ ပါ”
ကျမ တိုးတိုးလေရေ ရွတ်တာကို လရောင်လေး က နားလည်စွာ မျက်ရည်ဝိုင်း နေသော မျက်လုံးရွဲ ကြီးဖြင့် မော့ ကြည့် သည်။ အချိန်တန် လို့ သူတို့ မိဘတွေ သူတို့ကို လာခေါ် ရင် ကျမ ဘယ်လိုများနေ ခဲ့ ရ ပါလိမ့်….ကျမ မျက်လုံး အိမ်က မျက်ရည် များ ပိုးပိုးပေါက်ပေါက် ကျလာတယ်။ လရောင် လေး တစ်ယောက်သာ ကျမ သည် သူတို့ မိခင်ရင်း မဟုတ်မှန်းသိ သည်။ ကျမ ရဲ့ ဘယ်ဖက်ဘေးတွင် သမီကြီး ဖြူလေး..ညာဖက်တွင် သမီးလေး ကော်ဘရာ ရင်ဘတ်ပေါ်တွင် သမီးငယ်လေး…..ပန်းပန်း ငိုရင်း အိပ်ပျော် သွားကြသည်။ ကျမ က တော့ အိပ်မပျော်နိုင် ….လရောင်လေး က ပန်းပန်း လေး ကိုကျော်ပြီး ကျမ မျက်ရည် များ ကို လာ သုတ်ပေး ရင်း
“မေမေဖြူ …မီးလေ မိဘရင်းတွေ ဆီ ရောက်လဲ မေမေဖြူ့ ဆီ ခနခန လာ မှာ ပါ ဖြူလေး ကော်ကော်နဲ့ ပန်းပန်းလည်း မီး လိုပဲ ဖြစ်မှာ ပါ ဒါ့ကြောင့် မို့ မေမေဖြူ တစ်ယောက်တည်း လို့ ဘယ်တော့ မှ မတွေးရ ဘူး မငိုရ ဘူးနော်”
ကျမ လည်း ပိတိမျက်ရည်လေးတွေ ကျရင်း သမီး လရောင် ပါး လေးကို နမ်း လိုက်တယ် …သမီး လေးတွေ အားလုံး ကို မွေးမွေး ပေး ရင်း ကျမ ရင် မှာ နောက်နေ့ အတွက် အားသစ် တွေ ဖြစ် လာတော့ တယ်။
**************************************************************************
မနက်ဆို ကလေး တွေ ကို ရေမိုးချိုး ထမင်းကျွှေး ပြီးရင် သူတို့ ကို အောက်ဆင်း မကစား ခိုင်းတော့ ဘူး ..ပြီးမှ ကျမ သူတို့ နေ့လည်စာ အတွက် သွားဝယ်ရ သည်။ ကျမ ပြန်လာတော့ စကားပြောနေ သံလေးတွေ ကြားရ တယ် မောင်ထွန်းဇော်ဦး အသံ ပါ ကြားရသည်။
“တိုဒွန်း နောက်ဆို နာ့ကို ဖေဖေအကြောင်း မမေး နဲ့ ..နာ့မေမေဖြူ က နာတို့ ကို တစ်ယောက်တည်းမွေးထားတာ နင် မတိဘူး မဟုတ်လားခေတ်မှ အမှီတာ”
“အမ်မယ် တစ်ယောက်တည်း ဘယ်ရို ရုပ် မွေးမှာလဲ ရှောက်ကြော မနေ နဲ့”
“ဒီမယ်ကြည့် တွေ့ရာ တစ်ယောက်တည်း ကရေးမွေးတဲ့ အကြောင်း ”
ဘယ်က ဂျာနယ် ရှာလာ လည်းမသိ ကြည့်ရတာ လရောင်လေး လက်ချက် ဖြစ်မည် ။လရောင်လေး ကို လှမ်းကြည့်လိုက်တော့ ထွန်းဇော်ဦးနောက် မှ နေ၍ လက်ညိုး နှင့် လက်မ ၀ိုင်းပြ သည် ..အိုကေ တယ်ပေါ့ ..ပန်းပန်း ကလည်း လက်ပိုက်၍ ဘာတတ်နိုင်သေး လဲ ဆို တဲ့ပုံမျိုး နှင့် မောင်ထွန်းဇော်ဦး ကို မေးလေး ငေါ့ ပြသည်။ ကော်ကော်လေး က “က”နေရာ မှ..ထွန်းဇော်ဦး နှင့် တူတူ စာလုံးပေါင်း ဖတ်၍ ….
“ဒါဆို မေမေဖြူ က တို့ ကို ဒီလို မွေးတာ ပေါ့”
“အင်းပေါ့ ” လရောင်လေး က ထောက်ခံသည်။
“တွေ့ရာ ကိုဒွန်း နင် နောက်ကို နာ့ကို မစ နဲ့ ..နင့် ကို clone လုပ်ပစ် လိုက်မယ်။ပြီးရင် နင့် clone တွေကို အလုပ်တွေခိုင်းကျစ်မယ်”
ကျမ အသံ ထွက်အောင်ရီ မိ သည်။
“ကဲ ကဲ မုန့် စား ကြမယ် ”…သမီးကြီး ကဘိန်းမုန့် ကြိုက်တော့ ဘိန်းမုန့် စားသည်။လရောင်လေး ကတော့ အစုံ လျှောက်မြည်းနေတယ်။
“ကော်ကော် ရေ သမီး …မောင်ဘကြိုင် ကို မုန့်စားရအောင်ခေါ် လိုက်အုံး…”
“ဟုတ် မေမေဖြူ”
“မောင်ရေ…… အဲလေ……တိုတို ရေ …မေမေခြူ က မုန့်ချားမယ်တဲ့..တိုတို့ သစ်ခွပန်း တွေ ခန ထားခဲ့အုံး”
မောင်ဘကြိုင် ပြေးတက် လာသည်။
“အီမား အနော့ ဖို့ မုန့်လင်မယား ပါလားဂျ”
ကြည့်ပါလား ကြိုက်တာ ကို က မုန့် လင်မယားမှ အဲ့လို ….ကျမ ပန်းပန်းလေး ကို ရွှေရင်အေး ခွံ့ ကျွှေးနေရာမှ
“ပါ ပါတယ်ရှင် …ရော့ စား”
“သစ်ခွ ပန်းတွေ ထပ်ဝယ်အုံး ဂျ ..ဒါမှ ငွေ များများရ ပြီး အီမား သမီးတွေ ကို များများ ကျွှေးနိုင်မှာ ပွင့် ဖို့ အတွက် ကတော့ အနော်တာဝန်ယူတယ်”
“အင်း ပါ ”
“မေမေဖြူ နောက်ကို အနော် ခြူလေး ကို ဖေဖေ နဲ့ ပတ်သက် ပြီး မစ တော့ ဘူးနော် ”
“ကောင်း တာပေါ့ သားရဲ့”
“ဒါပေမယ့် တခြားအကြောင်းအရာ နဲ့ တော့ စလို့ ရတယ်မဟုတ် လား”
“အယ်”
“ဒေါက် ဒေါက် ဒေါက် ” ဖြူ လေးမှ စိတ်မြန် လက်မြန်ဖြင့် မောင်ထွန်းဇော်ဦး ခေါင်း ကို ၃ ချက်ဆင့် ခေါက် ပစ်လိုက်သည်။
“စရင် နင့် ကို အဲ့လိုခေါက်မှာ”
ပြော ပြောဆိုဆို ဖြင့် လိုက်ရိုက် သဖြင့် မောင်ထွန်းဇော်ဦး ခမျာ ဧည့်ခန်းထဲ ပတ်ပြေး နေရ တော့ သည် ။ အားလုံးရီသံ ဆည်းလည်း သံလေး များဖြင့် တအိမ်လုံး ဆူညံသွားတော့ သည်။ လရောင်လေး က လက်မအားသော ကျမ အား မုန့် လိပ်ပြာလေး လာခွံ့ကျွှေးရင် ….
“မေမေဖြူ မွ” ပါးကလေး ကို လာ မွေးတော့ သည်။
တကယ်တော့ ကျမ မှာ သမီး ၅ ယောက် ပါ ..၁၀နှစ် အရွယ် ဖြူလေး ၈ နှစ်အရွယ် လရောင်လေး ၄ နှစ်အရွယ် ကော်ကော် ၂ နှစ် အရွယ် ပန်းပန်း အပြင် ၆ နှစ် အရွယ် သမီး တစ်ယောက် ရှိသေးတယ် ….အဲ့ဒါ ဘယ်သူ များ လဲနော် …ဒီထဲ မှာ ရှိ တာတော့ သေချာသည်။ ……………..
***************************************************************************
အပျော်ဖတ် အနေနဲ့ ရေးထားတာမို့ အပျော်ပဲ နားလည်ပေးနိုင်ကြပါစေ...
.ဒါပေမယ့် မျက်ရည်လေး ၀ဲလိုက် ရီလိုက်နဲ့ရင်နဲ့ ခံစားပြီးရေးထားပါသည်။
ပြည့်ကံကျွေးမှသည်
13 years ago
0 comments:
Post a Comment