ခေတ်နဲ့အပြင်အဆင်
စကားပုံတောင် ရှိသေးတယ် ။
မြစ်ရေစီးကြောင်းကို တားလို့ရချင် ရမယ် ခေတ်ရေစီးကြောင်းကိုတားလို့မရဘူး တဲ့ ။ ၀တ်စားဆင်ယင်မှူ့တွေ အရမ်း ဆိုးလာတာတော့မှန်ပါတယ် ။ ဒါပေမယ့် တခြား အာရှ
နိုင်ငံတွေထက်စာရင်တော်တော်နှေးကွေးပါတယ်။ကျမအနေနဲ့ပြောရရင်ပိုတောင်လွတ်လပ်ခွင့် ပေးချင်သေးတယ် ။ ဒါမှနောက်ဆို အဆင့် အတန်းရှိသူ က ဘယ်လို ၀တ်တယ်အဆင့် အတန်း မရှိသူ က ဘယ်လို ၀တ်တယ်ဆိုတာ ကွဲ ပြား သိ လာကြမှာပါ ။ ဟိုပေါ် ဒီပေါ် ဟိုဟိုက် ဒီ ဟိုက် တွေ က တော့ ပိုက်ဆံရှိ သားသမီး ၊ အရာရှိသားသမီး၊ ခန္ဓာ နဲ့ ရင်းစားသူ များ နဲ့ ရုပ်ရှင် သရုပ်ဆောင် များသာ ၀တ်ကြ ပါတယ် ။လိုင်းကားတိုး စီး တဲ့ မိန်းကလေး တစ်ယောက် က အဲ့လို ၀တ်ရင် သူ ဘယ်လို ဖြစ် လာနိုင်တယ်ဆိုတာလောက်တော့ သိမယ် ထင်ပါတယ် ။ သိသိ ကြီးနဲ့ ၀တ်တယ် ဆို ရင်တော့ …… ။
တောင်းမှာ အကွတ် လူမှာ အ၀တ်။ တဲ့
နိုင်ငံ ခြားမှာ ရှိတဲ့ကျမ အသိုင်းအ၀ိုင်း ရှိ မြန်မာ အမျိုး သမီး တော်တော် များ များ ကဘောင်းဘီရှည် စကပ် ၀တ် သော် လည်း သရုပ်ပျက် အောင် ၀တ်စား ကြတာ ကျမ တစ်ယောက် မှ မတွေ့ ဘူး ပါဘူး။ သူများနိုင်ငံ မှာမြန်မာ ဆို အထင် မသေးအောင် နေထိုင်ကြ သူတွေ ချည်း ပါပဲ ။
ကျမ အိမ်နားလေး မှာ ဆရာဝန် ကောင်မလေး တစ်ယောက် ရှိတယ် ။ ကိုယ်ပိုင် ကား ကို ကိုယ်တိုင် မောင်းပြီး ကျောင်းတတ်ပါတယ် ။ ဒါပေမယ့် စကပ်ကတော့ ဘယ်တော့ မှ ပေါင်လည် မကျော် ပါဘူး ။ ကျမ အကို ကပြော တယ်ကောင်းပါတယ် လူနာတွေစိတ်ချမ်းသာတာပေါ့ တဲ့ ။ အင်း…ဒါ လည်း ဟုတ်တာပဲး))။ ဂျပန်နိုင်ငံ မှာဆိုကောင်လေး တွေ ကောင်မလေး တွေဘယ်လောက်ချောချော ဘယ်လောက်လှလှ ကြည့် လေ့ မရှိ ပါဘူး။ စေ့စေ့ကြည့် ရ မှာ ယောင်္ကျားလေး တွေက လည်းရှက်တတ်ပြီး ဂုဏ်သိက္ခာ မဲ့တယ် လို့ သူတို့ က ယူဆ ကြပါတယ် ။ မြန်မာမှာတော့မိန်းကလေးတစ်ယောက် ကို စေ့စေ့ ကြည့် ရုံ မက ဘူး တစ်ခါတစ်လေ မထိ တထိ တောင်ပြောကြသေးတယ် ။ မမြင်ဘူး မူးမြစ်ထင် တဲ့ ။ ကျမ ကိုယ်တိုင် လည်း လွတ်လပ်စွာဝတ်စားတတ်သူ ပါ ။ ဒါ ပေမယ့် ဘုရားပေါ် ကို ဘောင်းဘီဖင် ကျပ် နဲ့ တက် တဲ့ သူတော့မဟုတ် ပါဘူး ။ စည်ကမ်း ဆိုတာ နားလည် လာတာနဲ့ ၀တ်စားဆင်ယင် မှူ့ က သူ့ အလိုလို သဘောပေါက် သွား မည့် အရာ ပါ ။ ၀တ်စားဆင်ယင်မှူ့စည်းကမ်း ဆို တာ ရှိ ပါတယ် ။ သူ့နေရာနဲ့ သူ ၀တ်စား တတ်ခြင်း ကို ၀တ်စားဆင် ယင် မှူ့ စည်းကမ်း ရှိခြင်း ပါ။အပေါ်ယံကိစ္စတွေကအတွင်းစိတ်နေ သဘော ထားလောက် အရေး မကြီး ပါဘူး ။ ၀တ်စားဆင်ယင် မှူ့ ထက်ပိုအရေးကြီးတာ က စည်းကမ်းနဲ့ အကျင့်စာရိတ္တ ပါ ။ ဒါပေမယ့် ခေတ်ဆန်ချင် တာသာ သိပြီးသရုပ်ပျက်အောင် ၀တ်စား ထားရင်မြင်တာနဲ့အထင်သေးစရာ ကောင်းပါတယ်။ ပြီးရင်လုပ်သမျှ မတင့်တယ်တော့ ပါဘူး ။ စကပ်တိုဝတ်ပါဘောင်းဘီတို ၀တ်ပါ ကြည့်၍ တင်တယ်သောစမတ်ကျ သော အ၀တ်ကို ရွေးချယ် ၀တ်ပါ ။ လုံအောင်ထိုင် ပါ။ကျမအကိုလွန်ခဲ့သော၁၅နှစ်ဂျပန်ရောက်ခါစက(ထိုအချိန်ကမြန်မာမှာကလေးလောက်သာ
စကပ်ဝတ်သည်)ကျောင်းမှာဂျပန်မလေးတွေစကပ်တိုဝတ်ဖိနပ်အမြင့်စီးကြတယ်။အကိုကလည်း
ငယ်သေးတယ် ခပ်နောက်နောက် အရွယ် ဆို တော့ သူတို့သူငယ်ချင်းတွေဂျပန်ကောင်မလေး တွေလဲ ရင်း ပြေးကြည့် ကြတယ် တဲ့ ။ လဲတာတောင်ကွေးကွေး လေး ဘယ်တော့ မှ မပေါ် ပါဘူး တဲ့ ။
ပြောနေ လဲ မောရုံ ရှိမှာ မို့ ကျမတော့ ဒီကိစ္စတွေ မပြောချင်ပါ ။ ကိုယ့်ကိုယ် ကိုဝေဖန်ဖို့
က အရေးကြီးပါတယ် ။ မြန်မာလူ မျိုး ဖြစ်ရ တာ တော်တော် ကံကောင်း ပါတယ် ။
လဖက်ရည်..ဆိုင်ထိုင်လို့ ရတယ် ။အချိန်တွေ အရမ်း ပိုပါတယ် ။ မျက်စေ့ အစာကျွှေးချိန်
ရတယ်။ကျမအကိုအလုပ်ကိစ္စနဲ့ရန်ကုန်လာတုန်းကဂျပန်လူငယ်တစ်ယောက်ပါလာတယ်။လဖက်ရည် ဆိုင် ခေါ်သွားပါတယ် ။
ထိုင်ဖူး အောင် ထိုင်ချင်တယ် ဆို လို့ ပါ ။
“ကျနော် သာ..နောက် တစ်နာရီ ထပ်ထိုင် ရမယ် ဆို သေသွားလိမ့် မယ် ”တဲ့
သူ့  စကားကို ကြာရတော့ အကိုဘာပြော ရမှန်းမသိ ပါ တဲ့။
ရရှိ ဖူးသော FWD MAIL တစ်စောင် အကြောင်း
ကျမ မကြာသေးခင် က Fwd mail တစ်စောင်ရ ရှိပါသည်။ ထိုစာ အစ တွင်
(၁)ဂျပန်ရောက်နေတဲ့ မြန်မာအဖေအမေကမွေးတဲ့ ကလေးမှာဥာဏ်ဝီရိယမရှိပါ သူတွင်ကံတစ်ခုသာရှိသည်ဂျပန်သွားချင်လို့မြန်မာနိုင်ငံကနေကြိုးစားနေသူတွင်ဥာဏ်
(အလိမ်မခံရအောင်)၀ီရိယအားထုတ်မှုလိုပါသည်ကံလည်းလိုပါသည်။
ကျမအနေဖြင့် ယခု ဂျပန်နိုင်ငံတွင် အလုပ် လုပ် ကိုင် နေသော ကျမ အကို ၏ ကြိုးစား အားထုတ်မှူ့ ကို မျက်မြင် သိရှိသူပါ ။ လူတစ်ယောက် နဲ့ တစ်ယောက် မှာ ကံညဏ် ၀ိရိယ ခြင်း လုံးဝမတူ နိုင် ပါဘူး ။နိုင်ငံခြား ကို ရောက်ပုံ ခြင်းလည်း မတူကြပါဘူး ။ ဘယ် လို လူမျိုးတွေဘယ် လို စဉ်းစား ပြီး ဘာ သဘောနဲ့ ရေး လည်းတော့ ကျမ မပြောတတ် ပါဘူး ။
ကျမ အကို ဂျပန်နိုင်ငံကို မသွား ခင်က အစိုးရ ၀န်ထမ်းတစ်ယောက်ပါ ။ ကျမ ကတော့ ကလေး ပဲ ရှိသေးတာ ပါ ။ မနက် ဆို၅း၃၀ အိပ်ရာ ထ ပါတယ် ။ ပြီး လျှင်လေဖြတ်ထားသော အဖွား ကို တွဲ ၍ လမ်း ၁ နာရီ ထွက် လျှောက်ပါတယ်။ ပြန်လာလျှင်ရေချိုး မနက်စာ စား၍ မေမေ ထည့် ပေးသော ထမင်းချိုင့် ကို ယူပြီးUFL Japaneseအချိန်ပိုင်း သင်တန်း တက် ပါတယ် ။ ၄ နှစ် တက်ရ ပြီး Dipရတဲ့ကျောင်းပါ။ကျောင်းဆင်းတော့အလုပ်တန်းသွားပါတယ် အလုပ် ပြီး လျှင် အိမ် သို့တန်းပြန် လာတတ်ပြီး ဘယ်တော့ မှ လဖက်ရည် ဆိုင် မထိုင် တတ် ပါ ။စနေ တနင်္ဂနွေ တွင် အဘိဓမ္မာ သင်တန်း တက်ပါတယ် ။ အရပ်သား တတိယ ဆုရ ရှိ ပါတယ် ။ သူ သည် ပြင်ပ အစား အစာများလည်း အကျင့် လုပ်၍ မစား ပါဘူး ။ ငွေ နှင့် အချိန် ကို သူ ဘယ်တော့ မှ မဖြုန်းတီးတတ် ပါဘူး ။ ညပိုင်းတွင် Kenji ၁၀ လုံးကျက် ပါတယ် ။ ဒါကြောင့် ယခု ဂျပန်နိုင်ငံ မှာ ဂျပန် များ ပင် မသိသောkenji ကို သူ သိပါတယ် ။ ဂျပန် လူ မျိုး အများစုက kenji ၂၀၀၀ လောက် သာ သိ ပါတယ် တဲ့။ လုံးဝ kenji မတတ်သော သူ များ ပင် ရှိ ပါတယ် ။ကျမ အကို ကတော့ kenji အလုံး ၄၀၀၀ ကျော်ရပါတယ်။နောက်တော့ သူ အစိုးရ ၀န်ထမ်း မှ ထွက်၍ Japanese Guide လုပ် ပါတယ် ။ ရ သောငွေ ဖြင့် နိုင်ငံခြား ကို ကျောင်းတက် ရန်ထွက် သွားပါတယ် ။ မိဘငွေ လုံးဝ မပေး ခဲ့ရ ပါဘူး ။ ကျောင်း ၄ နှစ် တက် နေ သော ကာလအတွင်း အရမ်း ပင်ပန်း သော် လည်း မိသားစု အားဖွင့်ပြောခြင်း မရှိ ခဲ့ ပါဘူး ။ခုတော့ ကုမ္မဏီ မှာ ၀န်ထမ်း ဖြစ် နေပါ ပြီ။ မိသားစု အားသူတစ်ယောက် တည်း မညိုမငြင်ရှာကျွှေး ပါတယ် ။ ကျမ ထို FWD စာကြောင်းလေး ဖတ် ပြီးသောအခါ တော်တော် အံ့သြမိပါတယ်။ ကျမ အကို အား ကြွား လုံးထုတ်ခြင်း လည်းမဟုတ်ပါဘူး။ဒီဆောင်းပါးလေး နဲ့ ကျေးဇူးဆပ် တယ် လို့ သဘော ထားပေးပါ ။ ဘာအလုပ် မှလည်း မလုပ် ရောဂါသာ များနေသော ညီမ အား အပြစ်ပြောခြင်း မရှိ သော အကို အား ချစ်၍ ကျေးဇူး ဆပ် တဲ့post လေး အဖြစ် စာဖတ် သူများ ခံစားပေးပါ ။ ကျမ အနေ နှင့် မိသားစု အကြောင်း ကိုပြောပြချင်သောစိတ်ဆန္ဒ နဲနဲ လေး မှ မရှိ ပါဘူး ။ ခုတော့ ခံစားရ လွန်း၍ သာရေး ခြင်းဖြစ် ပါတယ် ။ နိုင်ငံခြား တွင် နေထိုင်သူ များ ဘောကြော့ တစ်ယောက် မှ မရှိ ပါဘူး ။ကြိုးစား နေထိုင် နေကြရတာ ပါ ။ အများစု ကတော့ မြန်မာ ပြန်လာ ချင်သူ များပါတယ် မိသားစု ကို ရှာဖွေ ကျွှေးချင် လို့ ကြိုးစားနေ ထိုင် ကြတာ ပါ ။ ကျမ အကိုနိုင်ငံခြား ထွက်တော့ ဖေဖေက ကျမ အကို အား ...အားမပေး တဲ့ အပြင် နိုင်ငံခြား ကို ကျွန်ခံချင်တဲ့ ကောင် လို့ ပြောပါတယ် ။ အခု တော့ ထို ကျွန်ခံ ချင် တဲ့ ကောင် က အိမ် မှာအလိမ္မာ ဆုံး ဟုပြောတတ် ပါတယ် ။ ကျမ အကို အမြဲ ပြောတယ် ..သူ အခု လို နေနိုင်တာ ဖွားဖွား ကို မနက် တိုင်း လမ်းလျှောက် ပို့ပေး သော ကြောင့် ပါတဲ့ ..ဖွားဖွား က သူ ကို စောင့်ရှောက် တာ လို့ သူ ခံယူထားတယ် ။
သေချာ တာ တစ်ခု ကတော့ ကျမ သည် အရာ အားလုံး ကို ပုံသေ သတ်မှတ် သော လူတစ်ယောက် (အားလုံး ကို သိမ်းကြုံး စွတ်စွဲတတ်သော )မဟုတ် တဲ့ အတွက် ကိုယ့် ကိုယ် ကို ကျေနပ်မိပါတယ် ။ ထို့ အတူ နိုင်ငံခြား ကိုအထင်ကြီး နေ သော သူလည်းမဟုတ်ပါဘူး။ အရာရာ တိုင်း က သူ့ သဘော အတိုင်း ဖြစ်နေတာ ကို အလိုက်သင့် လက်ခံ တတ်သူ တစ်ဦး သာဖြစ် ပါတယ် ။လူတိုင်း လူတိုင်း က ကိုယ့်ကိုယ် ကို ဆုံးမ ဝေဖန် တတ်ဖို့ က အဓိ ကလို့ခံယူ ထားသူတစ်ယောက် လည်း ဖြစ်ပါတယ်။
...........................................................................................................................
ပြောချင်တာ ရေးချင်တာရေး ပြီးပီ မို့ ………နောက်စိတ်ပါ မှ ပဲ ရေးချင်တာတွေ ရေးပါတော့ မယ် ။
...................................
ဒါကတော့ စဉ်းစားမိတာလေးတွေ ပါ။
........................................................
လူ့လောက မှ မသိခြင်းများ
မြတ်ဗုဒ္ဒကို မကြည်ညိုသူက ............ဗုဒ္ဓတရား ရဲ့ အဆီ အနှစ်ကို မသိဘူး ။
ကျေးဇူး ကန်းတတ် သူက ...............စေတနာ ကို မသိဘူး ။
မောက်မာသူက .............................နှိမ်ချခြင်း ကို မသိဘူး ။
အားမနာ တတ်သူ က ....................တောင်းပန်ခြင်း ကို မသိဘူး ။
မတရား အနိုင်ကျင့်တတ်သူ က ......ရှက် ရကောင်းမှန်း မသိဘူး ။
လေလွင့် သူ က ...........................အိမ်ပြန်ချိန် ကို မသိဘူး ။
ပျိုရွယ်သူက .................................လူအိုရဲ့ ခံစားချက် ကို မသိဘူး ။
ကံကောင်းသူက ...........................ကံဆိုးခြင်း ကို မသိဘူး ။
လှပချောမောသူက ........................ရုပ်ဆိုးသူ ရဲ့ ခံစားချက် ကို မသိ ဘူး ။
ချမ်းသာသူက .............................ဆင်းရဲ တွင်း ဘယ်လောက် နက် လဲ မသိဘူး ။
ဒေါသ ကြီးသူက ..........................သည်းခံခြင်း ကို မသိဘူး ။
ရိုင်းစိုင်းသူက ..............................ယဉ်ကျေးမှူ့ ကို မသိဘူး ။
ခေတ်နောက်ပြန် သူက ...............တိုးတက်ခြင်း ကို မသိဘူး ။
ကျန်းမာ သူက ...... ..................ဝေဒနာကို မသိဘူး ။
သွားလေ သူ က ........................ကျန်ရစ်သူ ရဲ့ ၀မ်းနည်း မှူ့ ကို မသိဘူး ။
တဏှာ ရမ္မက် ကြီးသူ က .............မေတ္တာရဲ့ အေးမြခြင်း ကို မသိဘူး ။
ပြည့်ကံကျွေးမှသည်
13 years ago
0 comments:
Post a Comment