ကဲ ..ဘယ်လိုလဲ ........
“ဘ၀” ဆိုတာက ဇာတ်နာ ကြီးလား
သူတစ်ပါး စော်ကားတာကို
“လူမှူ့ ရေး ”ဆိုတာနဲ့
ခေါင်းငုံနေရတာလောက်
ပင်ပန်းတာ မရှိ ဘူး
..........................................
ငါ့ ထမင်း ငါစားနေတဲ့ သူ ကို
ကိုယ်ထမင်း ကိုယ်စား နေ ပါတယ်
ဆိုတဲ့ သူတွေ က
လာ...လာ ရမ်းကား နေတာက ခံ ရတွေ ခက်ပါ့
ခန တွေ့ ရ တဲ့ ဘ၀ တစ်ကွေ့ မှာ
ကိုယ့် လူတို့ရေ ..............
စာ နာ မှူ့ တွေ ထား
..................................................
အဆင်း အတက် အနိမ့်် အမြင့်
လျှောက် တဲ့ လမ်း မှာ
လက်တွဲ မခေါ် ပါနဲ့
လက်ညိုးတစ်ချက်တောက် ရုံ
လက်ဖျောက် တစ် ချက် တီးရုံ
စကားလေး တစ်ခွန်း ထွက် ရုံ နဲ့
သူတစ်ပါး ချောက်ထဲ ကျအောင်
ဘာ ကြောင့် ဖန်တီး ကြတာလဲ
...................................................
အငိုဇာတ် အလွမ်းဇာတ်
အရူးဇာတ် အနှမ်းဇာတ် တွေနဲ့
ငါ့ ရဲ့ ကောင်းခန်းလေး က
ဘယ်တော့ လဲ
ဟေ့ ဒီမှာ .........
“ပွင့် ” တိုင်း သာ “လင်း” မယ်ဆို
အမှောင် ထဲ မှာ ငါ ထိုင်မနေဘူး
ခုတော့ ......ခံစားရ တိုင်း
မှန် ရှေ့ မှာ ခနခန ရပ်
ငါ ......ရန်ဖြစ် နေမိတယ်
...................................................
ပြည့်ကံကျွေးမှသည်
13 years ago
0 comments:
Post a Comment