***သူကလေ
“ချစ်တယ်”ဆိုတဲ့စကား
လွယ်ကူစွာပြောတတ်တဲ့သူ
“မချစ်ဘူး”ဆိုတာ
ကိုယ့်ရင်ထဲမှာသေချာစွာသိနေပေမယ့်
“မယုံဘူး”ဆိုတဲ့စကားကိုတော့
သူသိအောင်ပြောမထွက်ခဲ့ဘူး
အထူးသဖြင့်
သူ့ မျက်နှာလေးမြင်နေချိန်မှာပေါ့.........
***သူကလေ
“လွမ်းတယ်”လို့ဆိုလာရင်
ဒါသူပြောနေကျ လက်သုံးစကား
“မလွမ်းဘူး” ဆိုတာ
ကိုယ့်ရင်ထဲမှာသေချာစွာသိနေပေမယ့်
“မယုံဘူး”ဆိုတဲ့စကားကိုတော့
သူသိအောင်ပြောမထွက်ခဲ့ဘူး
အထူးသဖြင့်
သူ့ အသံလေးကြားနေချိန်မှာပေါ့.......
***ကိုယ်ကလေ
“မုန်းတယ်”ဆိုတဲ့စကား
ကိုယ် ပြောမယ်ကြံလိုက်တိုင်း
“မမုန်းဘူး”ဆိုတာ
ကိုယ့်ရင်ထဲမှာ နာကျင်စွာသိနေခဲ့တော့
သူသိအောင်ပြောမထွက်ခဲ့ဘူး
အထူးသဖြင့်
သူနဲ့ဝေးနေတဲ့အချိန်တွေတိုင်းမှာပေါ့.......
*******************************************
ပြည့်ကံကျွေးမှသည်
13 years ago
0 comments:
Post a Comment