ပြောင်းလဲခြင်း တရားတွေ
မပြောင်းလဲပဲ ရှိနေတဲ့အခါ
ရင်မောနေရတယ်
ဒီနေ့ပြီးရင် နောက်နေ့ဘာလာနိုင်မလဲ
ဖြစ်ချင်တဲ့ အရာတွေ
သူ့အချိန်နဲ့သူ ဖြစ်မလာတဲ့ အခါ
ငါ……. ၀မ်းနည်းကြေကွဲ ခဲ့ရတယ်
လိုချင်တဲ့အရာတွေ
သူ့အချိန် နဲ့ သူရောက်မလာတဲ့ အခါ
ငါ……..ပူပန်ခဲ့ ရတယ်
ကြိမ်ဖန်များစွာ ကြုံလာတဲ့အခါ
ခေါင်းမာစွာနဲ့ ငါ မငိုချင်တော့ ပါဘူး
ကျောက်ခင်းသော လမ်းမှာ
ပန်းကလေးတွေ ခြွေချတယ်
ပန်းတစ်ခင်းသာ ကုန်သွားတယ်
လမ်းတော့ ဖြစ်မလာခဲ့ ဘူး
မျော်လင့်ထားတဲ့ အရာတွေ
ဆန့်ကျင်ဖက် ဖြစ်ကုန်တဲ့အခါ
စိတ်ပျက် အားလျှော့လေမလား
ရည်ရွယ်ထားတဲ့ အကြောင်းအရာတွေ
သဲထဲရေသွန် ဖြစ်ကုန် တဲ့အခါ
ဒေါသ တကြီး ပေါက်ကွဲ နေမလား
အရာရာ သုံည ပါလို့ သိသွားတဲ့ အခါ
မုန်းတီးစွာ နဲ့ ကျောခိုင်း လိုက်မလား
ကျေနပ် စွာ နဲ့ ငါမငိုချင်တော့ ပါဘူး
ဆူးခင်းသောလမ်းထက်
ပန်းကလေးတွေ ခြွေချတယ်
ပန်းတစ်ခင်းသာ ကုန်သွားတယ်
လမ်းတော့ဖြစ်မလာခဲ့ ဘူး
တစ်ယောက်ယောက်တွေ နဲ့
နောက်ဆုံးတစ်နေ့ ဆိုတာရှိခဲ့ရင်
အပြုံးလေးနဲ့ ခွဲခွာပါရစေ……………….
ပြည့်ကံကျွေးမှသည်
13 years ago
0 comments:
Post a Comment