ကိလေသာအမှောင်တွင်း
လောင်မြိုက်တဲ့ ပုထုဇဉ်
ပဋိစ္စသမုပ္ပါဒ် လည်တဲ့ တရား
အကြောင်းကြောင့် ဖြစ်တဲ့ အကျိုး
နားမလည်လေတော့
သည့်မခံတတ်သော ဒေါသ စိတ်ဝင်
မသိမှူ့ “အ၀ိဇ္ဇာ”
လိုချင်တာ “တဏှာ”
ရ အောင်ကွယ် ကြိုးစား
မတရား တဲ့ဖြစ် အင်
ငါ့ကိုယ် ငါပင် ငါကောင်ထင်၍
ငါ့သား ငါ့မယား ငါ့လင်သားနှင့်
ပုတ်မည့် ကိုယ် ကို ငါ့ ခန္ဓာ ဟု
ငါ ဥစ္စာ စွဲ ငါ ဖက်တွယ် ၏
ထို ငါ..ငါ ..နှင့် ငါသေသော အခါ
အပယ် လမ်းသွား သံသရာ ဆက်၏
ခန္ဓာ ၅ ငါးပါး ရုပ် နာမ် ၂ ပါး
ဖောက်ပြန် ခံစား မှတ်သား ပြုပြင်
သိဝိညဏ် ကို မတွယ် တာ နှင့်
သည့်ခံစိတ်မွေး ..ဒေါသပြေး၏
ရောင့်ရဲ စိတ်မွေး …လောဘပြေး ၏
သတိ စိတ်မွေး …မောဟ ပြေး၏
သမုဒ္ဒရာ ရေပွက် ပမာ
အလည်ရောက်လာ လူ့ ဘ၀ ၀ယ်
“ဖြစ် - ပျက် ” ကို မြင်အောင်ကြည့် လေမှ
ခွါနိုင် မည် ဒိဌိ အစဉ်
*******************************************
ဝန်ခံချက် ။ ။ တရားအကြောင်း များ ကို အများကြီး သိ၍ တရားပြည့်ဝ ၍ ဒီကဗျာ ကို
ရေးသားထားခြင်း မဟုတ်ပါ ။ နှမ်းစေ့ လေး လောက်သိသောညဏ် ဖြင့်
ရေးထားခြင်း ဖြစ် ပါသည် ။ အမှား အယွင်းရှိသော် အေးချမ်းဖြူ ၏
ချို့ယွင်းချက် သာ ဖြစ် ပါသည်။
ပြည့်ကံကျွေးမှသည်
13 years ago
0 comments:
Post a Comment