တကယ်တော့ ကျနော်က ရေမှာပျော်တဲ့ကောင်ဗျ…ဘယ်လောက်ထိ ရေမှာ ပျော်သလဲဆို
ရေတောင် ရေကြည်ရေသန့်မှ မဟုတ်ဘူး….ရေနောက်နောက်ရေညစ် မှာလည်းပျော်တယ်…
ဒီရေနောက်ထဲမှာ ကျနော့လိုကောင်တွေ လည်းရှိတယ်..ကျနော့သူငယ်ချင်းတွေလည်းရှိတယ်
…သူတို့နဲ့ကျနော် ရေကူးကြတယ် အစာလုစားကြတယ် ပျော်စရာကြီးပေါ့ဗျာ..ကျနော်က
အသားကခပ်မဲမဲ...နှုတ်ခမ်းမွေး....စ....စ...နဲ့ကျနော်ပြုံးရင် လှတယ်နဲ့တူတယ်ဗျ….လူတွေက
ပြောကြတယ် “ငါးခူပြုံး”တဲ့..ဟုတ်တယ်လေ. ..ကျနော်က..ငါးခူလေးပါ.
.ကျနော်..သိတတ်တော့ ဒီကန်ထဲရောက် နေပြီ ဗျ ကျနော် သိပ်ပျော်တာပဲ ဒါပေမယ့်ကျနော် စိတ်ညစ်တဲ့
အချိန်ရှိတယ်..လူတွေပေါ့..ဗျာ..ပိုက်ကိုင်ပြီး..ဆင်းလာ..ကြရင်..ကျနော်ပြေးရတာပဲ..ဗျ...
..လူတွေပြောတဲ့ခွေးပြေးဝက်ပြေးပေါ့ ဗျာ ...........
ကျနော် ကုန်းပေါ် မရောက်ဘူးတော့ ခွေး တွေ ဝက်တွေ ဘယ်လိုပြေးလဲ မသိဘူး ..
ကျနော်ကတော..ဗွက်တွေထဲ..အတင်းတိုးရ..တာပေါ့….သူတို့..ပြန်သွားပြီး..ရင်.ကျနော့
သူငယ်ချင်းတွေ....ပါ....ပါကုန်တယ်…ကျနော်..စိတ်မကောင်းဘူးဗျာ……....သူငယ်ချင်းအသစ်တွေ
ရှာရှာ ပေါင်း ရတာပေါ့ ………..
သြော်.....ဒါနဲ့....ကြွားရ..အုံးမယ်….ခုတစ်လော...ကျနော်..ချစ်သူရနေပြီဗျ….ကျနော် ထက်တော့
ငယ်တာပေါ့ ဗျာ ......ကျနော်နဲ့ ရွယ်တူတွေ က လူတွေနောက် ..ပါကုန်ပြီဗျ ….ကျနော့ ချစ်သူလေး
က ချစ်ဖို့ ကောင်းတယ်ဗျာ …သူ နဲ့ ကျနော် ..အမြဲ တစ်တွဲတွဲ ပေါ့
.နောက် ပြီးကျနော် ...တိုးတိုးလေး..ပြောမယ်..နော်…ရှက်စရာ…အဟဲ…သူ့မှာ..
ကျနော့...မျိုးဆက်လေး..တွေနဲ့ဗျ.သူပိုလှလာတယ်.ဗျ….သူမွေးဖွားပြီးရင်ကလေးတွေကို
ဂရုစိုက်ရအုံးမှာ.ကျနော်တို့...အမျိုးက..ဇာတ်တူသားစားတယ်လေ….ဒီကောင်တွေနဲ့ဖိုက်ရ
အောင်ကျနော် အားမွေးရအုံးမယ် ….....
....ဒီလိုနဲ့....ကျနော့ချစ်သူလေး....မနိုင်မနင်းဖြစ်နေပြီ ......ဟောဗျာ..........လူတွေ
ဆင်းလာသံကြားတယ်…ကျနော်….သူမဆီအပြေးသွားတယ်…..မြန်မြန်ပုန်းရအောင်ပေါ့
သူမပြေးနိုင်ရှာဘူးဗျာသနားပါတယ်…ကျနော်သူ့ကိုစောင့်ခေါ်နေရတယ်…အဲ့ဒီအချိန်မှာ
....ပဲပိုက်ကွန်ကကျနော်တို့အပေါ်...ကျလာတယ်ဗျာ…ကျနော့သူငယ်ချင်းတွေရော..
ကျနော်တို့၂ကောင်ရော..ဖမ်းမိသွားတယ်ဗျာ...
ရေလွတ်ရာ..ရောက်တော့…ကျနော်ကအသက်အောင့်နေနိုင်တယ်ဗျာ…သူမကို...
လှမ်းကြည့်လိုက်တော့......သူမအသက်ကိုအနိုင်နိုင်ရှူနေတယ်…ကျနော်သနားလိုက်တာဗျာ...
ကျနော့သူငယ်ချင်းတွေကတော့ပိုက်ထဲမှာရုန်းကြတာပေါ့ဗျာ…….ကျနော့ကိုယ်ကိုလည်း...
သူတို့ဆူးတွေ...ဆူးတယ်ဗျ...ကျနော်..ကျနော်ကတော့.စိတ်လျှော့လိုက်တယ်.အဲ့ဒီအချိန်မှာပဲ.
.လူတစ်ယောက်က..ကျနော့်ချစ်သူကို..ကိုင်ကြည့်ပြီး..“ငါးရစ်ပဲ”ဆိုပြီး..ပြန်လွှတ်လိုက်တယ်ဗျ..
.ကျနော်...ပျော်လိုက်တာဗျာ...အဲ့ဒီအချိန်မှာ ကျနော့ချစ်သူက...အဲ့ဒီလူရဲ့ လက်ထဲကနေ..
မျက်ရည်..၀ဲဝဲလေးနဲ့..လှမ်းကြည့်တယ်..ကျနော်က..ပြုံးပြီး.အားပေးလိုက်တယ်
လူတွေပြောတဲ့ ငါးခူပြုံးလေး နဲ့ပေါ့ဗျာ...............
.........ဒီလိုနဲ့ကျနော်လည်း...ဈေးထဲကိုရောက်ခဲ့တယ်..ဗျ..မသေရုံတမယ်ခေါ်လာတာပါ ..ဗျာ
ကျနော့သူငယ်ချင်းတွေ…..ကတော့ခုန်နေတာပဲဗျာ…အဲ့ဒီအချိန်ဆိုငါးရောင်းတဲ့...မိန်းမကြီးက…
ဗျစ်တောက်ဗျစ်တောက်နဲ့..“ခွပ်”.ဆိုခေါင်းကိုရိုက်ပြစ်လိုက်တာပဲ…သွေးတွေကျနော့ဆီကို.....
လာစင်ရင်ကျနော်.ကြောက်လိုက်တာဗျာ…ကျနော်မလှုပ်ရဲဘူးဒါပေမယ့်..ကျနော်အသက်ရှူ..
မဝတော့ကျနော့အသားတွေ…..တစ်ဆတ်ဆတ်နဲ့ပေါ့…
အဲ့ဒီအချိန်မှာပဲ..ကောင်မလေးတစ်ယောက်.....ကျနော့ရှေ့လာရပ်တယ်..သူမျက်နှာမှာစိတ်မကောင်း
တဲ့ပုံနဲ့..ကျနော့ကို..လက်ညိုးထိုးပြီး...
..“ဒီငါးယူမယ်”
တဲ့…..အဲ့ဒီအချိန်မှာ…ငါးရောင်းတဲ့မိန်းမကြီးကကျနော့ကို.....ဒုတ်နဲ့ရွယ်ရော.သူမက
“မလုပ်နဲ့အရှင်ယူမှာ”
……..အမလေးဗျာ…တော်ပါသေးရဲ့ကျနော်..သက်ပြင်းမောကြီးချလိုက်တယ်.…အဲ့ဒီကောင်မလေးက
အရှင်တွေအကုန်ဝယ်တယ်ဗျာ…ကျနော့သူငယ်ချင်းတွေလည်းပါတယ်ဗျ…..ဒါပေမယ့်...ရဲရဲ..မပျော်ရဲ
သေးပါဘူးဗျာ..တစ်ချို့တွေက...လတ်လတ်ဆတ်ဆတ်စားချင်လို့....အရှင်ဝယ်ပြီးကိုယ်တိုင်သတ်ကြတာတဲ့
...........ဒါပေမယ့်ကျနော်အထင်လွဲသွားတယ်ဗျ….ကောင်မလေးက….ကျနော်တို့အားလုံးကို
ဘုရားဝင်းထဲက......ငါးကန်ထဲကိုပစ်ချလိုက်တယ်….ကျနော်ကျေးဇူးတင်တဲ့မျက်လုံးလေးနဲ့
သူမကိုကြည့်ရင်း.ရေထဲကိုအားရပါးရခုန်ချလိုက်တယ်.ကောင်မလေးမျက်နှာကလည်းပြုံးလို့ဗျ
...................“နောင်ကိုဒီဘဝမျိုးကဝေးပါစေ”...တဲ့......တိုးတိုးလေးပြောတယ်….
............ကျနော်တို့အားလုံးနေရာသစ်မှာပျော်ကြတယ်ဗျာ
ကျနော့ချစ်သူလေးကိုလွမ်းတာကလွဲလို့ပေါ့…..သူမလည်းအဆင်ပြေပါစေဗျာ
**************************************************************
တကယ်တော့ ငါးခူ က ပိုက်နဲ့ဖမ်းတာ ဟုတ်ချင်မှ ဟုတ် မှာပါ..........
ဒီလို ပဲ စိတ်ထဲ ထင် သလို ဖတ်ကောင်းအောင် ရေးလိုက်တာ .........
ပြည့်ကံကျွေးမှသည်
13 years ago
0 comments:
Post a Comment