အခန်း(၁)
ရန်ကုန် မန္တလေး ကားကိုစီးခဲ့ ပြီး တောင်ပေါ်တက်တဲ့ ဒီကားကို ချင်ခြင်းပြောင်းစီးခဲ့ ရတာ ။
လူက အရမ်းပင်ပန်းနေပေမယ့် မတွေ့ ရတာ ကြာပြီဖြစ်တဲ့ ကိုကိုနဲ့ တွေ့ ရ မှာမို့ ပျော်ရွှင်နေမိတယ်။၁၅ နှစ်ကျော် ကွာပေမယ့် မောင်နှမ ၂ ယောက်တည်းရှိတာ မို့ တစ်ခါမှရန်မဖြစ် ဖူးပဲ နွေးနွေးထွေးထွေးရှိတဲ့ မောင်နှမ ၂ ယောက် ပါ ။ မေမေ က ကိုကို့ ကိုမွေးပြီး ကလေး မရ ပဲနေခဲ့ တာ။ ကိုကို၁၅ နှစ် လူပျို ပေါက် အရွယ် မှ မေမေ က မွန့် ကိုယ်ဝန် ထပ်ရခဲ့တာ။ မေမေ အသက်ကြီး မှမွန်းကို မွေးဖွား ခဲ့ရတဲ့ ဒုက္ခတွေကို သိတတ်နေပြီ ဖြစ်တဲ့ ကိုကို ကမြင်တွေ့ ခဲ့ရလို့သူ့တစ်သက် မိန်းမ မယူဖို့ ဆုံးဖြတ်ခဲ့ပါတယ် တဲ့။ ဖေဖေ နဲ့ မေမေ ကတော့ အသက်ကြီးမှရ တဲ့ကလေးမို့ မွန့် ကို အရမ်း အလို လိုက်ခဲ့ ပါတယ် ။ဖေဖေ မေမေ ကိုကို တို့ ရဲ့ အလိုလိုက်မှု့ ကို အမိုက်စော်ကားချင်တဲ့ စိတ် မဟုတ်ပဲ နဲ့ မွန့်ရဲ့ ဆယ်ကျော်သက် တဒင်္ဂ အမှားလေး တစ်ခုကြောင့် မွန့် ဘ၀မှာ အမဲစက် ထင်ခဲ့ရတာ ။ မွန့် ကို အပြစ်မယူ ကြပဲ အချစ်တွေ ပိုပေး ခဲ့ ကြလို့မွန့် တစ်သက် ဖေဖေ မေမေ နဲ့ ကိုကို တို့ ကို ပဲ ပြုစုတော့မယ် လို့ ဆုံးဖြတ် ခဲ့ပါတယ်။ဖေဖေ က ပင်စင်စား ဆရာဝန်ကြီး မို့ ညနေ ဆိုမေမေ နဲ့ ဆေးခန်း ဖွင့်တယ် ။ရတဲ့ငွေ လေးနဲ့ ကိုကို လစာ တို့ ပေါင်း ပြီးမွန်တို့ မချမ်းသာပေမယ့်လူတန်းစေ့ တော့ နေနိုင်ခဲ့ကြတာ။
ကိုကိုက ဒီ စီမံကိန်းဒေသ မှာ တာဝန်ထမ်းဆောင်တယ် ။တာဝန်ကျတာ ၂ နှစ်ကျော်ပေမယ့် ကိုကို အိမ်ပြန်ခွင့် တစ်ကြိမ်သာ ရခဲ့တာ ။ ဒါလဲ တာဝန်နဲ့ ။ ဒီကြားထဲ လူကြုံ ရှိရင် ကိုကို့ အတွက် စားစရာလေး တွေ လုပ်ပေးရတယ်။ လူကြုံ ကလည်း အရမ်းရှားတယ် ။
“တောင်နီရွာ မှာ ဆင်းမည့် အမ ”
ကားစပယ်ယာလေး ရဲ့အော်သံကြောင့် သူမ အတွေးတွေ ကို ရပ်ပြီး သူ့ ကိုလှမ်းကြည့် လိုက်တယ် ။
“အမ တောင်နီရွာ အလွန်ဆို ဆင်းလို့ ရပြီ”
သူမ ခေါင်းငြမ့် ပြလိုက်တယ် ။ မွန် ဘေးတွေ ကိုကြည့် လိုက်တော့ တောင်နီရွာ ဆိုတဲ့ အတိုင်း ရွာလမ်းတစ်လျှောက် မြေနီတွေနဲ့ တောင်တွေ ကလည်း အနီရောင်သမ်း နေတယ်။ ရွာ အလွန်ရောက်တော့ ကားကို လမ်းခွဲ ၂ ခု မှာရပ်လိုက်တယ် ။ သူမ ကားပေါ်မှဆင်းလိုက်တယ် ။ ကားစပယ်ယာလေး က တောင်ပေါ်တက်မည့် လမ်း ဘက်အခြမ်းမှာ ရှိတဲ့ ကားဂိတ်လေး ဆီသို့ မွန့်ရဲ့ အ၀တ်အိပ် နဲ့ ခြင်း ကိုယူ သွားတယ် မွန်ကတော့ မွန့် ပိုက်ဆံအိပ်လေး ကိုလွယ်ပြီးသူ့နောက် ကလိုက်သွားတယ်။
“အမ စီမံကိန်း ဒေသ ကိုသွားတဲ့ လိုင်းကားဆိုတာ မရှိဘူး ဒီကနေ ကားကြုံတားစီးလို့ ရတယ် ဘာအန္တရယ် မှ မရှိပါဘူး တကယ်လို့ အမ ဒီနေ့ ကားကြုံ မရ ရင် တောင်နီရွာ ထဲ ကို လမ်းလျှောက် ပြန်ဝင်ပြီး တစ်ည တည်းလိုက် နောက်နေ့ မှ ကားကြုံပြန်စောင့် စီးပေါ့ တောင်နီရွာ ထဲ ကတည်းခိုခန်းတွေက လုံခြုံ စိတ်ချရ ပါတယ် ဒီဘက်တွေမှာဘာအမှူ့ အခင်းမှ မဖြစ် ဘူး အေးချမ်းတယ်”
“ကျေးဇူးပါပဲကွယ် နေ မ၀င်ခင်တော့ စောင့်လိုက် ပါအုံးမယ်”
“ဒါဆို သွားပြီ အမ ”
ပြောပြောဆိုဆို ပြေးထွက်သွားသော ကားစပယ်ယာလေး ရဲ့ကျောပြင်ကို ကြည့်ရင်း ဒီဒေသက လူတွေ သိပ်ယဉ်ကျေးတာပဲ လို့တွေးနေမိတယ် ။ ကားဂိတ်က ထိုင်ခုံလေးမှာ ထိုင်ချရင်း တောင်ပေါ်တက်လာမည့် ကားလမ်းရှိရာ သို့ ငေးနေမိတယ်။
မွန်လာမှာကို ကိုကို့ ကို လူကြုံ နဲ့စာရေးပေးလိုက်တာ ရက် အတိအကျ မရေးတော့ ကိုကို ဘယ်လာကြိုနိုင် မလဲ ။ ဘုရားစာလေးရွတ် လိုက် ၊ တွေးလိုက်တောလိုက် ၊ ပါလာတဲ့မုန့်လေး စားလိုက်နဲ့ နေ၀င်လုချိန် ကိုရောက်လာတယ် ။ ဒီမှာနေ၀င်ချိန်စောလိုက်တာ လို့ မွန်တွေးမိတယ်။ ဟုတ်တယ် လက် က နာရီကိုကြည့် လိုက်တော့ ၅ နာရီကျော်ပဲ ရှိသေးတာ ။ မှောင်လာရင် ရွာထဲတည်းခိုခန်း ရှာရ ခက်မှာမို့ မွန်ဒီတစ်ညတော့ တောင်နီရွာမှာပဲ အိပ်ဖို့ ဆုံးဖြတ်လိုက်တယ်။ ဆုံးဖြတ်ချက်နဲ့အတူ ပိုက်ဆံအိတ် ကိုလွယ် တစ်ဖက် က ခြင်းကို ဆွဲပြီး အ၀တ်အိတ် ကိုလှမ်းယူမယ် အလုပ် တောင်တက်လမ်း ထဲသို့ ဂျစ်ကားတစ်စီး တက်လာတာ လှမ်းမြင်လိုက်တာမို့ခြင်းကိုပြန်ချပြီး ကားလမ်း နဘေးသို့ အသာအယာ လှမ်းတက်လိုက်တယ် ။ လက်ပြ ပြီး ကားတားဖို့ကို မ၀ံ့ မရဲ ဖြစ်နေတယ် ။
.............................................................................................................................................
ဆက်ရန် .......
ဝန်ခံချက် ။ ။ ဒီဝတ္ထု လေး ကို ရေးထားတာ ၂ နှစ်ကျော် ပါပြီ ။ ဇာတ်လမ်း ၊နေရာ ၊ဇာတ်ကောင် တွေ အားလုံးက စိတ်ကူးယဉ် တွေ ချည်း ပါ ပဲ ။ ဒါ့ကြောင့် တိုက် ဆိုင် မှူ့ ရှိ ရင် ခွင့် လွှတ် ပါ ။
0 comments:
Post a Comment