*ခြောက်ခြောက်သွေ့သွေ့နဲ့
ငါ့ရင်မှာ"နှင်း "မကျ ခဲ့တာကြာပြီ
သက္ကရာဇ် တွေအိုမင်း ယိုယွင်းလို့
ငါလည်:"မပျိုမျစ်တော့ပြီ "ပဲ
ပန်းမပွင့်နိုင်တော့တဲ့ ချယ်ရီကိုင်းတွေ
အပြိုင်းပြိုင်း အရိုင်းရိုင်းနဲ့
တဖြိုင်းဖြိုင်း ကျိုးကျနေ တယ်
တကယ်တော့ငါက... ပန်းမပွင့်ရာသီတိုင်းမှာ
ပန်းပျိုးမိ ခဲ့သူ......
...........................................
*"ခဏ ခဏ အဝေး မ သွားပါနဲ့
လွမ်းဆွေးရလို့ပါ" ငါတောင်းဆိုလို့
တခါတည်း အပြီးပိုင် နင်ထားရစ်ခဲ့ တယ်
အင်း ပေါ့......
နင့်ရင်ခုန်သံ “မှတ်တမ်း "မှာ
ငါက "စာကြမ်း" တောင်မပါခဲ့ပဲ
နင်ပစ် ခွင်းမဲ့ မျှား တွေကို
မျက်နှာလို အားရ အဆိပ် သုတ်ပေးခဲ့တာ
မျှားချက်ပေါင်းများစွာ ငါ့ရင်မှာထိုးစိုက်လို့
ငါအခါခါသေခဲ့ပြီ နင်ကျေနပ်ပါတော့
...............................................
*အိပ်မ ပျော်တဲ့ငါ့ညတွေ
အိမ်မက်ဆိုတာဘယ်ဆီမှာနေ
တစ်ခါတစ်ခါ မက်တိုင်းငါလန့်လန့်နိုးတယ်
အိမ်မက်တွေ..............အိမ်မက်တွေ
အိမ်မက်တွေ..."ကျ..ကျ"ပျောက်တိုင်း
ငါ့ရင်တွေ "နောက်..နောက်"သွားတယ်
နှင်းခါး သောက်ရတဲ့ရာသီတိုင်း
အလွမ်းတွေနဲ့အခါခါ"သတ်"
အိမ်မက် တစ္ဆေ တွေချောက်လှန့်
ငါ့ရင်ဘတ် လည်း သင်းချိုင်း ဖြစ်နေ ပြီ
...............................................
*တကယ်တော့ငါက
နင့်အကြောင်းအိမ်မက်ဖို့
အိမ်မက်ကို အိမ်မက်နေသူပဲ............
***************************************
သောတ နဲ့ စုဘူး မှာ အမှတ်တယ ရေးခဲ့တဲ့ ကဗျာလေးပါ
ပြည့်ကံကျွေးမှသည်
13 years ago
0 comments:
Post a Comment