*အချစ်က
တသွင်သွင်စီးဆင်းနေတဲ့ မြစ်ရေ
ကောင်းကင်က ကျလာတဲ့မိုးရေ
ပင်လယ်ထဲအားလုံးပေါင်းဆုံလို့
ပျောက်ဆုံးနေတယ်..........
အချစ်ကို ပင်လယ်နဲ့နှိုင်းရင်တော့
တခါတရံ မြစ်ရေလို ချိုတယ်
မိုးရေလို ခါးတယ်
ပင်လယ် ရေလိုပဲ ...ငန်လည်းငန်တယ်......
.................................................
*အချစ်ကို
ပူလောင်တဲ့ နေမင်းအောက်မှာ
အေးမြစေလိုလို့
ငါမိုးပေးခဲ့တဲ့ သစ်ရိပ်က
နင် ချိုးသွားတဲ့ အကိုင်းအခက်တွေကြောင့်
မလုံခြုံတော့ဘူး........
.....................................
*အပူဒါဏ်တွေ မခံနိုင်လို့
ပြင်ဆင်နေတဲ့ နင့်ခြေလှမ်းတွေ
ခြောက်သွေ့နေတဲ့ ဒီသစ်ပင် က
ဘယ်လိုခွန်အားမျိုးနဲ့ ဆွဲထားနိုင်မှာလဲ
သွားပါ နင်ထွက် သွား
ငါနဲ့ အဝေးဆုံးကို နင်သွားပါ......
............................................
*လောက ကြီးက လက်မခံလို့
ကျယ်ဝန်တဲ့ကောင်းကင်အောက်
နင်လျှောက်လှမ်းစရာ မရှိရင်
ဒီသစ်ခြောက်ပင်က
နင့် ကိုအေးမြစေမယ့် ရင်ခွင်သစ်နဲ့
ထာဝရ ကြိုလင့်နေမယ်.....
****************************************
ပြည့်ကံကျွေးမှသည်
13 years ago
0 comments:
Post a Comment