ချစ် နေတုန်းတော့ ပျားရည် ထက်ချိုတယ်
မုန်းပြီဆိုရင်တော့
ရသာ ၆ ပါးရောထားသလို ..အ၀င်ရ ခက်စေတယ်
အချစ်ဆိုတာ....
သူချစ်နေတုန်း တော့ ကိုယ်ရေသောက်တာတောင်
သူက အစာ မကြေမှာ ပူလိမ့်မယ်
မုန်းပြီ ဆိုရင်တော့
အဆိပ်ရည် သောက်တာ တောင် ပြုံးပြုံးလေး ကြည့်နေလိမ့်မယ်
အချစ်ဆိုတာ….
ချစ်နေတုန်းတော့
သူ့မျက်လုံး ထဲမှာ ကိုယ် က လောက မှာ ရှိတဲ့ ပန်းတွေ ထက် လှလိမ့်မယ်
မုန်းပြီဆိုရင်တော့
ရွက်ခြောက် ရေကြိုအမှိုက်တစ လို သူ့ အတွက်မြင်ရ ခက် တယ်
အချစ်ဆိုတာ….
ချစ်နေတုန်းတော့
ကိုယ့်စကား သံတွေ က သူ့ အတွက် နတ်စောင်း သံထက် နာပျော်ဘွယ် ဖြစ် လိမ့်မယ်
မုန်းပြီဆို ရင်တော့
ဂစ်တာ သင်စ တေးသွား လိုသူ့ အတွက် နားဝင်ဆိုးစေ လိမ့် မယ်
အချစ်ဆိုတာ....
ချစ်နေတုန်းတော့ ……..သူချစ်နေတုန်း တော့ ကိုယ်ရေသောက်တာတောင်
သူက အစာ မကြေမှာ ပူလိမ့်မယ်
မုန်းပြီ ဆိုရင်တော့
အဆိပ်ရည် သောက်တာ တောင် ပြုံးပြုံးလေး ကြည့်နေလိမ့်မယ်
အချစ်ဆိုတာ….
ချစ်နေတုန်းတော့
သူ့မျက်လုံး ထဲမှာ ကိုယ် က လောက မှာ ရှိတဲ့ ပန်းတွေ ထက် လှလိမ့်မယ်
မုန်းပြီဆိုရင်တော့
ရွက်ခြောက် ရေကြိုအမှိုက်တစ လို သူ့ အတွက်မြင်ရ ခက် တယ်
အချစ်ဆိုတာ….
ချစ်နေတုန်းတော့
ကိုယ့်စကား သံတွေ က သူ့ အတွက် နတ်စောင်း သံထက် နာပျော်ဘွယ် ဖြစ် လိမ့်မယ်
မုန်းပြီဆို ရင်တော့
ဂစ်တာ သင်စ တေးသွား လိုသူ့ အတွက် နားဝင်ဆိုးစေ လိမ့် မယ်
အချစ်ဆိုတာ....
သူက မတွေ့ ရင် ကိန္နရီ ချောင်းခြား ရက်ပေါင်း ၇၀၀ ဆွေး ရသလို
အလွမ်းတွေ စာစီ မဆုံး ဖြစ် လိမ့် မယ်
မုန်းပြီဆိုရင်တော့
သူက လမ်း မှာတောင် မတော် တဆ တွေ့ မှာ စိုးရိမ် မိလိမ့် မယ်
အချစ်ဆိုတာ….
ချစ်နေတုန်းတော့
သူ့ အတွက် လှပ တဲ့ စကား လုံးတွေ နဲ့မရိုးနိုင်အောင် သူ တန်ဆာ ဆင် တတ်တယ်
မုန်းပြီဆိုရင်တော့ ………..
သူ့  အတွက် ဘာသာမတူ တဲ့ စာတွေ လိုစကားလုံးတွေ ဆွံ့ အ သွားတတ်တယ်
နောက်ဆုံးပြောမယ်………
အချစ်ဆိုတာ
ရင်ဘတ်ကြီး နဲ့ချစ်ရင်
ရင်ဘတ်ကြီး နဲ့ မဆန့် အောင် ခံစား ရတတ်လို့ …
ငါလေ…….. နောက် ဆို
နှုတ်ဖျားလေး နဲ့ ပဲ ချစ်တော့ မယ်...................
0 comments:
Post a Comment