ထိန်းမရ တဲ့ စိတ္တ အပိုင်း (၁)
ခုတလော စာကလည်း ရေးချင် ဘာရေးရမှန်း မသိ ။ တစ်ခုရေးလိုက် စိတ်တိုင်းမကျ နောက်ခေါင်းစဉ် တစ်ခုပြောင်းလိုက်နဲ့ တန်းလန်း တွေ အများ ကြီး ဖြစ်နေရော။
အဲ့ဒါနဲ့အားလုံးကိုပေါင်းပြီးမိမိစိတ်ထဲရှိတာရေးမှာမို့“စိတ္တ”လို့ပဲခေါင်းစဉ်ပေးလိုက်တယ်။
myanmar friends day ကလည်းဝင်မရဘူးဖွင့်လိုက်တိုင်း your IP has been blocked ပဲပြောနေတယ်။ တာဝန်တွေလစ်ဟင်းတော့ စိတ်တောင်ပျက်တယ်။
ကျန်တာတွေ ထက်စာရင် Post တွေကို comment ပေးမရတာ တော်တော် ကို စိတ်ညစ်မိတယ်အားလုံးကို ပစ်ထားသလိုဖြစ်မိတယ်။ နောက်ပိုင်း ဖွင့်မရတော့ ဘူးဆို Admin
လုပ်ဖို့တော်တော်ခဲယဉ်းသလို ခံစားမိလာတယ်။
ကျမရဲ့စိတ်
ကိုအောင်ပိုင်ရဲ့ဦနှောက်ဖေါက်စားသူများအကြောင်းကိုဖတ်ပြီးတော့တော်တော်သဘောကျမိ
တယ်။ကျမ...မရေးသောစာ..အမျိုးအစား၃မျိုးရှိတယ်။(၁)တက်ကျမ်း(၂)ဆုံးမစာ၊
(၃)လူတွေမကောင်းကြောင်းဘာ့ကြောင့်လဲရှင်းပြရရင်(၁)တက်ကျမ်းဆိုတာဆရာတော်များ
(သို့မဟုတ်)ကျောင်းဆရာများဒဿနပညာရှင်များရေးတာပိုသင့်တော်သည်ထင်သည်။
နောက်ပြီးတက်ကျမ်းရေးရလောက်အောင်ကျမကိုယ်တိုင်ကစိတ်ဓါတ်မမြင့်မား။
(၂)ဆုံးမစာလည်းထို့အတူပါပဲဆရာတော်များ(သို့မဟုတ်)ကျောင်းဆရာများ၊
ဒဿနပညာရှင်များရေးတာပိုသင့်တော်သည်။သူများကိုဆုံးမရလောက်အောင်
ကျမအရည်အချင်းမရှိ။(၃)လူမကောင်းကြောင်းရေးမယ်ဆိုအကြောင်းအရာများစွာရှိသည်။ သို့သော်ထိုစာများကိုရေးသောအခါအရင်ကထွက်ခဲ့ဖူးသောဒေါသကိုပြန်ပွားစေသည်။
ဒေါသဆိုတာ..ချိုးနှိမ်ထားရမည့်အရမို့အစပြန်မဖေါ်ချင်တော့နောက်ပြီးအကြောင်းကြောင့်
အကျိုးဖြစ်သောကိစ္စရပ်တိုင်းတွင်ကိုယ့်မှာသာတာဝန်ရှိသည်။ဒီလိုလူမျိုးများသည်လည်း
အမြဲရှိနေအုံးမှာဖြစ်တဲ့အတွက်လစ်လျူရှု့ထားတာအကောင်းဆုံးပဲလို့မှတ်ယူထားတယ်။
နောက်တစ်ခုကတော့အတတ်နိုင်ဆုံးရှောင်တဲ့Post။မိမိအကြောင်းကိုတစ်စွန်းတစ်စဖေါ်
ပြသောစာများကို အတတ်နိုင် ဆုံးရှောင် ရေးသည် ။ (မှတ်ချက် ။ ။ကဗျာမပါ)။ဒီpost ကတော့ရေးချင်ရာရေးမှာမို့ကျမကိုယ်တိုင်ချမှတ်ထားသောစည်းကမ်းများကိုဖေါက်ချင်
ဖေါက်မိ ပေလိမ့် မည်။
အပျိုကြီးဆိုတာ
အသက်၂၅နှစ်လောက်ကျော်လာတာနဲ့အပျိုကြီးခေါ်ကြတော့သည်။ပြောကြတဲ့စကားတွေ ကတော့အပျိုကြီးဆိုတာဇီဇာကြောင်သူ၊ရတာမလိုလိုတာမရသူ၊ယောင်္ကျာတွေကိုတစ်ဖက်
သတ်မုန်းနေသူ၊အချစ်ဦးနှင့်လွဲခဲ့၍အချစ်ဦးကိုတသတသဖြစ်နေသူ၊ကိုယ်တိုင်ပညာတတ်၍ ယောင်္ကျားတွေကိုအထင်မကြီးအားမကိုးချင်သူအများကြီးရှိသေးတယ်အကုန်မမှတ်မိ။အရမ်း
ရက်စက်တဲ့စကားလုံးတွေပါပဲ။ဘယ်သူကများဒီလောက်ရှာဖွေစုဆောင်းတတ်တာလဲမသိ။
ငွေသာအဲ့လိုရှာဖွေစုဆောင်းမယ်ဆိုအချမ်းသာဆုံးစာရင်းဝင်နိုင်သည်။သို့သော်ကျမမှာအဲ့ဒီ
အကြောင်းအရာတစ်ခုမှမရှိ။ဇီဇာကြောင်တယ်ပြောရရင်ကျမမေမေကပိုဇီဇာကြောင်သေးတယ်။
သူ့စည်းကမ်းတွေကိုလိုက်မမှီ။တရက်နေ့လည်ဖက်မေမေနဲ့ကော်ဖီသောက်နေကြတော့
“သမီး ရေ မေမေ့ တဘက်တွေ ကို ကြမ်းတိုက် ၀တ် အရင် မလုပ် နဲ့နော်”
“ဘာလို့ လဲမေမေ”
“အော်……….ကြောင်လေးတွေအိပ်တာအရင်လုပ်ပြီးမှကြမ်းတိုက်လေမေမေ့ကမျက်နှာသုပ်ထား
တဲ့ တဘက်မို့ ”
တကယ်တော့ မေမေ က သူ့ နာမ် နှိမ်သလိုဖြစ် မှာစိုးတာလေ ။ ဒါပေမယ့် ကျမ
က လည်း ကျမ လေ ။
“မေမေရယ် ဘုရားလက် ထက်က ရဟန်းတွေဆိုရင်လေအမှိုက်ပုံကအစအစုတ်တွေ ကို လိုက် ကောက် ပြီးမှစပ်ချုပ်သစ်ခေါက်ဆိုးပြီးသင်္ကန်းအဖြစ်သုံးရတာမဟုတ်လား”
လျှာရှည်တာ လေ ……….
“ဟင် …..ငါက ညည်းတို့ ငရဲ ကြီးမှာစိုးလို့ပြောနေတာ အမေ က ဒါဆို ဟုတ်ကဲ့
မပြော ဘူး”
ဆိုပြီး ကျမ ကို စိတ်ဆိုး တာ ၂ ပတ်ကြာတယ်…:Dနောက်ပြီးကျမယောင်္ကျားမုန်းဝါဒသမားမဟုတ်ပါဘူး။ချစ်စရာကောင်းရင်
အကုန်ချစ်ပါတယ်။ဒါပေမယ့်မိန်းကလေးတွေကိုချစ်ရတာပိုပါတယ်။အိမ်ထောင်သည်တိုင်း
ကစရိုက်မတူသလိုအပျိုကြီးတိုင်းကလည်းအတူတူမဟုတ်ပါဘူး။အပ်ျိုကြီးတွေကိုအပျိုကြီး
ဆိုပြီးဝေဖန်တဲ့သူတွေရိပ်သာမှာတရားအားထုပ်နေကြသောအပျိုကြီးများကိုငွေလှူဖူး
ပါသလား။ကိုယ့်နောက်ပါအောင်တရားအားထုပ်တာတောင်“သားသေလင်ဆုံးကုန်ရှုံး
ကြွေးတင် လိုချင်တာမရ (အပျိုကြီး များ ကို ဆိုလို ခြင်း) လို့ ဟူ၍ ပြော
ကြပါတယ်။
ပြောတဲ့ သူတွေ ရှက်စရာ ကြီးနော် ဦးနှောက်ရှိတဲ့သူဆို ဦးနှောက်လေး နဲ့ ခြင့်ချိန် စဉ်းစား သင့်ပါတယ် ။ မူလ ပင်ကိုဗီဇနှင့်လူ့ စိတ် က သာ အဓိက ပါ ။
ယောင်္ကျား နဲ့မိန်းမ
ဘယ်လိုပဲစဉ်းစားစဉ်းစားလောကမှာယောင်္ကျားနဲ့မိန်းမ၂မျိုးသာရှိသည်။ယောင်္ကျားတို့
တွင်ဘုန်းရှိသည်ဆိုသောအယူအဆသည်..မြန်မာ..လူမျိုးဗုဒ္ဓဘာသာတွင်..ရှိသည်။
တခြားဘာသာတွေကမိန်းမကိုမမြင့်မြတ်ဘူးဆိုတာထက်လူရာမသွင်းခြင်းဖြစ်သည်။
လူထုဦးစိန်ဝင်းရေးသောစာမှာအာရှတွင်မြန်မာအမျိုးသမီးတို့သည်ကံအကောင်းဆုံးပါတဲ့။
အိမ်ထောင်ပြုတဲ့အခါမှာ..နှိမ်ချဆက်ဆံခံ..ရတာမျိုးမရှိပါဘူးတဲ့။သို့သော်အိမ်ထောင်ပြုပြီး
လျှင်တော့အမျိုးသားများသည်ငွေရှာသောတာဝန်မှတစ်ပါးကျန်သော..တာဝန်များ ကိုမသိသလိုနေတဲ့သူကများပါတယ်တဲ့။ငွေရှာတတ်တဲ့မိန်းမ..ဆိုရင်တော့ငွေလည်းရှာ..၊
ချက်ပြုတ်တာ၊လျှော်ဖွတ်..၊..ကလေးကိစ္စ..ဈေးဝယ်တာကအစနဲ့အမျိုးသမီးကပိုပင်ပန်းပါ
တယ်တဲ့။ကျမက..၀ါးလုံးရှည်နှင့်ရမ်းတတ်သူ..မဟုတ်ပါဘူး..။..ကံကောင်းသောအမျိုးသမီး
တွေလည်းရှိပါတယ်။ကျမရဲ့..ဖွားဖွားကိုယ်တိုင်ပါ။..အိမ်ထောင်ကျသည့်အချိန်မှစ၍..
သေသည့်တိုင်အောင်..လက်ရေ..မဆွတ်သောကံကောင်းသောအမျိုးသမီးတစ်ယောက်..ပါ။
အမျိုးသားဘ၀ကမြင့်မြတ်တယ်ဆိုတဲ့အယူအဆကိုကျမ..၁၀၀%လက်ခံပါတယ်။
ဒါပေမယ့်အမျိုးသားတိုင်းမြင့်မြတ်တယ်ဆိုတာကိုတော့၁%တောင်လက်မခံပါဘူး။
..ဘုရား ၊ ပစ္စေကဗုဒ္ဓါ ၊ ရဟန္တာ ၊ အနာဂမ် ၊ သက္ကဓါဂမ် ၊ သောတာပန်ဖြစ်မှသာလျှင်
်မြင့်မြတ်သောယောင်္ကျားစာရင်း..၀င်မှာပါ။ မိန်းမများ ယောင်္ကျားများ ထက်...
တစ်ဆင့်နိမ့်ရခြင်းမှာဘုရားနှင့်ပစ္စေကဗုဒ္ဓါ..ဖြစ်ခွင့်မရခြင်းပါ....။သို့သော်လည်း
အမျိုးသမီးများအနေဖြင့်ရဟန္တာ၊အနာဂမ်၊သက္ကဓါဂမ်၊သောတာပန်..ဖြစ်လျှင်သာမန်.
.ပုထုဇဉ် အမျိုးသားတွေထက် မြင့်မြတ်သူဖြစ်သွားပါတယ်။ တစ်ခါတစ်လေ လုံးဝ
ယောင်္ကျားမဆန်သောမိန်းမထက်ပင်ဆိုးသောအမျိုးသားများကိုတွေ့တိုင်းကျမ..
စိတ်ထဲတွင် ငါသူတို့ ထက်..မြင့်မြတ်အောင်နေရမယ်..လို့ ဆုံးဖြတ် ပါတယ်။
အမျိုးသား တစ်ယောက်က မိန်းမတွေကို အထင်မကြီးခြင်း ၊ အပြစ်ရှာခြင်းပြုလုပ်မည်
ဆိုပါ က ထိုအမျိုးသား၏ စိတ်သည် အမျိုးသမီး ထက်ပင် မိန်းမဆန် သွားတာမို့
ကိုယ့်စိတ်ကိုဆင်ခြင်တွေးတောကြပါ။
နောက်တစ်ခုက ဘ၀တိုင်းဘ၀တိုင်း ယောင်္ကျားဘ၀ ရကြတာ မဟုတ်ပါဘူး။
ကံကောင်း၍ရရှိလာသောယောင်္ကျားဘ၀ကိုတန်ဘိုးထားမြင့်မြတ်အောင်နေမှ သာ
ယောင်္ကျားလေးဖြစ်ရကျိုးနပ်..မှာပါ။
ယောင်္ကျားတို့ ဘုန်း လက်ရုံး မိန်းမ တို့ ဘုန်းဆံထုံး
ယောင်္ကျားတို့ဘုန်းလက်ရုံးကတော့အားလုံးသိပြီးကြတဲ့အတိုင်းပါပဲ။ကျမစဉ်းစားမိတာ က မိန်းမတို့ဘုန်း ဆံထုံးပါ ။ ကျမ အထင်ပြော ရ ရင် ဆံပင်ရှည် ခြင်း ကို ပြော တာ လို့ မထင် မိ။ ဆံပင် ဆိုတာ ဦးခေါင်း မှာ ပေါက်တာ ပါ ။ ဦးနှောက်
ကို ဆို လို တာ
ဖြစ်မည်ထင်မိတယ်။မိန်းမတွေကယောင်္ကျားတွေထက်ညဏ်ပိုကောင်းတယ်၊အဆိုးမြင်
ပြောရရင်တော့ညဏ်နီညဏ်နက်များတယ်ပေါ့။ယောင်္ကျားတို့ဘုန်းလက်ရုံးမိန်းမတို့
ဘုန်းဦးနှောက်လို့ပြောမကောင်း၍ယောင်္ကျားတို့ဘုန်းလက်ရုံးမိန်းမတို့ဘုန်းဆံထုံး ဖြစ် လာ ဟန်တူပါတယ်။ဟိုရှေ့အခါကပိန္နဂုတ္တရလုလင်နှင့်ဥဒုန္တမရဒေ၀ီကြားဖူးမယ် ထင်ပါတယ် ။ သူမအရွယ်ရောက်လာတော့မိဘတွေကအိမ်ထောင်ချပေးတယ်။သူမ ရဲ့ ဘုန်းကံက
သူမခင်ပွန်းထက်မြင့်နေတော့ခင်ပွန်းဖြစ်သူကမိန်းမနားမကပ်နိုင်ဘူး။
မိန်းမ က ကုတင်ပေါ် အိပ်ရင် သူက ကြမ်းပေါ်ဆင်းအိပ်ရတယ်ပူလို့။မိန်းမကသူ့နား
ဆင်းအိပ်လျှင် သူက ကုတင်ပေါ် တက် အိပ်ရတယ် ။ သူမ ရဲ့ ကံ ကိုယ် က မိဖုရား
ဖြစ် မဲ့ ကံလေ။ ဘုန်းတန်းခိုး ကြီးတော့ ခင်ပွန်း က အနားတောင် ကပ်မရ ဘူး ။ ကဲလေ
..ခုစကားကတော့ဝါးလုံး ရှည် နဲ့ သိမ်းရမ်း အုံးမယ် ။အမျိုးကောင်းသားတွေ
တောင်ရမ်းသေးတာပဲ၊တို့ကနိမ့်ကျတဲ့ အမျိုးသမီးပဲ။ဘာပြောချင်တာလဲဆိုတော့ လောဘ
ဒေါသ မောဟ အကြောင်းပါ။
စဉ်းစားမိ တာလေးက ယောင်္ကျားလေး တွေက ဒေါသ ကြီး ပြီး မိန်းကလေး တွေက လောဘကြီးတာ ပါ ။မောဟ ကတော့ ၂ မျိုးလုံး မကင်း ကြ ဘူး ။
ဘာ့ကြောင့် ဒီ လိုပြောတာ လဲဆိုတော့ ဒေါသ ကြောင့်ဖြစ်တဲ့ အမှူ့
အခင်းတွေမှာအမျိုးသားတွေ
များလို့ပါ။မိန်းကလေးတွေကတော့လောဘကြောင့်ငွေကြောင့်ပျက်စီးတတ်ကြတယ်။
ဒါကြောင့် အမျိုးသားတွေ တတ်နိုင် သလောက် ဒေါသ ထိန်း ၊အမျိုးသမီးလေးတွေ တတ် နိုင် သလောက် လောဘထိန်း ။ ဒါပေမယ့် ပင်ကို ဗီဇ နဲ့ လူ့စိတ်သာအဓိက
မို့ အားလုံးတူတူ လို့ မဆိုလိုပါဘူး ။ ဦးနှောက် လေးနဲ့ခြင့်ချိန်စဉ်းစားသင့်ပါတယ်။
....................................................
မဆန့် ၍ ၂ ပိုင်း ခွဲ တင် ခြင်း ပါ
ပြည့်ကံကျွေးမှသည်
13 years ago
0 comments:
Post a Comment