ကျမက..တိရိစ္ဆာန်ချစ်တတ်သူပါ။ မြန်မာလူမျိုးတော်တော်များများကထေရ၀ါဒဗုဒ္ဒဘာသာဖြစ်ရဲ့နဲ့...တစ်ခါတစ်လေ..
.တိရိစ္ဆာန်တွေကိုသနားကြင်နာခြင်းကိုမေ့လျှော့နေတတ်ကြတယ်။
တစ်ချို့လူငယ်တွေဆို..ခွေးတစ်ကောင်ကားရှေ့ဖြတ်ရင်တောင်.တိုက်ပြစ်လိုက်ဖို့ဝန်မလေးဘူး။
သူလည်းအသက်နဲ့ပဲကွယ်။စကားသာပြောတတ်ရင်..သူလည်းလူဖြစ်ချင်မှာပဲပေါ့...။
တိရိစ္ဆာန်တွေကိုသနားကြင်နာတတ်တဲ့နေရာမှာ..အနောက်နိုင်ငံသားတွေကိုမမှီဘူး...။
အရှေ့နိုင်ငံသားတွေကတော့..ဗုဒ္ဒဘာသာကိုးကွယ်ရက်နဲ့..အရှင်စားတယ်..
အထူးသဖြင့်...တရုပ်..ဂျပန်..ကိုရီးယာ..ထိုင်း.....ဟိုတလော က လေ metacafe ကြည့် မိတယ် ..ကိုရီးယား မှာပေါ့ ...ခွေးတွေ ကို စားဖို့ မွေးထားတာ ..ည ပိုင်း ပြထားတော့ မျက်လုံး လေးတွေ နဲ့ ကြောင်ကြောင် ..ပြီးတော့ ရက်ရက် စက်စက် သတ် တာ ။ ကြည့်ပြီးတော့  အိပ် မရ ဘူး ။ ရင် ထဲ မှာ ဘလောင်ဆူ ပြီး သနား လိုက်တာ အရမ်းပဲ.....။
ကိုရီယားတွေ အစား တော်တော် ပက်စက်တယ် ။ ရေသတ္တ၀ါ တွေ ဆို အရှင် စား တယ် ။
သူတို့ကိုစားနေတဲ့အချိန်မှာအဲ့ဒီရေသတ္တ၀ါလေးတွေရဲ့ နာကြင်မှု့ကိုတွေးသာကြည့်ပါတော့။ဂျပန် လည်း တူတူ ပါ ပဲ ။ ဒါပေမယ့် ဂျပန် က ကုန်းသတ္တ၀ါ အစား မကြူး ဘူး ။ ခွေးတို့ ကြောင် တို့ ကြ သိပ် ချစ်တာ ။ အိမ်ရှေ့ တော်တော် များများ မှာ ခွေးရုပ် လေးတွေ ရှိတယ် ။
အခု..လူဖြစ်နေတဲ့သူအားလုံးလူ့ဘ၀ကလာကြတာချည်းမဟုတ်ပါဘူး ..
ဖြစ်လိုက်..သေလိုက် နဲ့ဘ၀ဘ၀တွေရဲ့အရိုးတွေစုရင်...မြင့်မိုရ်တောင်ထက်မြင့်ပါတယ်တဲ့..။
သေရင်လည်းနောက်ဘ၀က..လူပြန်ဖြစ်ဖို့မသေချာပါဘူး..။အားလုံးဟာ..မိမိပြုလုပ်တဲ့
ကံ..ကံ၏အကျိုးပေါ်မှာမူတည်ပါတယ်...။တကယ်လို့..သတ်ချင်စိတ်..ဖြစ်နေတယ်ဆိုရင်.
ဒီတစ်ခါကိုယ့်အလှည့်လို့ဝမ်းမသာလိုက်နဲ့..နောက်တစ်ခါသူ့အလှည့်မဖြစ်အောင်..
စိတ်ကိုထိန်းထားလိုက်ပါကွယ်..။“တိရိစ္ဆာန်ဆိုတာလူချွှတ်မှကျွှတ်တယ်”လို့လည်း..
မပြောနဲ့နော်....တို့မြတ်စွာဘုရားတောင်ကျွှတ်ထိုက်သူကိုမှချွှတ်တာပါ..။
သတ္တ၀ါတွေရဲ့ရှင်ခြင်းသေခြင်းက..ထိုသတ္တ၀ါတွေရဲ့လုပ်ရပ်ပေါ်မှာမူတည်ပါတယ်။
ကျမလေ..လမ်းဘေးမှာခွေးလေခွေးလွင့်တွေမြင်ရင်အရမ်းသနားတယ်..
အိမ်ကကြောင်လေးတွေနေမကောင်းရင်ကျမလေအရမ်းခံစားရတယ်.....ကလေးလေးတွေ
နဲ့တိရိစ္ဆာန်လေးတွေနေမကောင်း ရင်အရမ်းသနားဖို့ကောင်းတယ်..သူတို့ဝေဒနာတွေကို
ပြောမပြနိုင်ကြဘူးလေ... ။ကြောင်ကိုစားတဲ့သူ..ခွေးကိုစားတဲ့သူ...ကျမမုန်းတယ်
ကျမငယ်ငယ်ကတော့..အသားတော်တော်များများစားပါတယ်။ခုတော့မစားတာများတယ်
အမဲသား...စားမယ်ဆိုကျမမျက်လုံးထဲနွားကိုမြင်တယ်...ဘယ်လောက်သနားဖို့ကောင်းလဲ
နွားကြီးတွေ..၀က်ဆိုလည်းဒီတိုင်းပဲ..လူကိုအန္တရာယ်မပေးတတ်ဘူး..ရွံ့ လူးဖို့လောက်ပဲ
သိတယ်.....ဘယ်သတ္တ၀ါမဆိုပါ..သူ့ဟာနဲ့သူတော့သနားဖို့ကောင်းတာပဲ...
သတ်သတ်လွတ်စားဖို့ပြောတာမဟုတ်ဘူးနော်.....ရက်စက်တဲ့စိတ်နဲ့အရှင်မစားပါနဲ့
ရက်စက်တဲ့စိတ်နဲ့သတ္တ၀ါတွေကိုမနှိတ်စက်ပါနဲ့လို့ပဲပြောချင်တာပါ...........
0 comments:
Post a Comment