မောင့်ထာဝရ
*ညအခါတွင်
လမင်းကြီးကိုတိုင်တည်
ပြောလိုက်မယ်
ချစ်သူ့ပါးပြင်
မောင်နမ်းလျှင်
ပန်းပွင့်ဖြစ်စေ.........
*နေ့အခါတွင်
နေမင်းကြီးကိုတိုင်တည်
ပြောလိုက်မယ်
ချစ်သူ့စကား
မောင်ကြားလျှင်
နားဝင်ငြိမ့်အေး
ချိုတေးဖြစ်စေ.............
*လောကကြီးကိုတိုင်တည်
ပြောလိုက်မယ်
ချစ်သူသည်သာ
မောင့်ဘဝအတွက်
သာမညမဟုတ်တဲ့
ထာဝရဖြစ်စေ.........................
**************************************************
“ကြင်သူသိစေ”
* ဖြူဖြူစင်စင်ပါ..... ကြင်သူကို မညာခဲ့ဘူး
ဝေးကွာခြင်း အချစ်ရဲ့ ရန်သူကြောင့်
ချစ်တတ်သူ ဒီရင်မှာ နွေတစ်ရာပူပြင်းတာ
ကြင်သူသိပါလေစ...........
* မြတ်မြတ်နိုးနိုးပါ.....အနတ္တတန်ဘိုးနဲ့
ခိုကိုးရာမဲ့အောင် “ချစ်တယ်”
လွမ်းတတ်သူ အပူရုပ်ဟန်လုပ်လို့
အပြုံးတုတွေနဲ့ ရင်မှာငို...ငိုနေတာ
ကြင်သူသိပါလေစ............
* တမ်းတမ်းတတပါ.....
နွမ်းနွမ်းလျှလျှ အိမ်ပြန်ချိန်တိုင်း
အထီးကျန်စိတ်တစ်ချမ်းနဲ့
မင်းကို စက္ကန့်တိုင်းလွမ်း...လွမ်းနေတာ
ကြင်သူသိပါလေစ.............
ပြည့်ကံကျွေးမှသည်
13 years ago
0 comments:
Post a Comment