ကောင်လေးရေ ..
ဘယ်တော့ မှ မကွဲဘူး လို့
ကြွေးကြော် ထား တဲ့
ငါ့ အသဲ .........ဓား ထက်ထက် ကို ဆွဲ
အစိမ်းလိုက် ခွဲ ပါ
ငါ ....အရှုံးတွေ နဲ့နေချင် လို့
....................................
ရီဝေေ၀ မျက်လုံး
ဟန်ဆောင် မာယာ အပြုံးတွေ နဲ့
ငါ့ ရင်ကို ထွင်းဖေါက်
ခပ် နက်နက် လေး နင်မွှေနှောက် ပါ
ငါ ....အသဲကွဲ ချင် လို့
....................................
စူးရှ ပြင်အက် ၀ိုင်ချိုချို တစ်ခွက် လို
နင့် အချစ်အတု တွေ ကြား
ငါ ရစ်မူး တဲ့ အခါ
အောင်နိုင်သူ တစ်ယောက်လို
နင် ပျော်မြူးပါ
ငါ.... အသဲကွဲ ချင် လို့
.............................................
ပန်းပွင့် ကြွေအောင်
မုသားပြည့် စကားလုံးတွေကို
ကာရန်တွေ စီချယ်လို့
နင် တတ်သလောက်
အလှဆုံး သုံးပါ
ငါ....အသဲ ကွဲ ချင် လို့
...........................................
ကောင်လေးရေ ..............
သံမဏိ လို မာတယ်ဆို တဲ့ အသဲ
ငါ့ ရင်အုံ ကို ခွဲ ပြီးတဲ့ အခါ
နောက်ဆုံး အနေ နဲ့
အသဲကွဲ ကဗျာလေး စပ်
နင့် ကို ပေး အပ်မယ်
ငါ .....အလွမ်းတွေ နဲ့ နေချင် လို့
............................................
ပြည့်ကံကျွေးမှသည်
13 years ago
0 comments:
Post a Comment