“မ” က…
ရထားကြီးစီးပြီး…
ခရီးသွားရတာကိုပျော်တဲ့သူ..
“ကို” ကတော့
မြန်တဲ့လေယာဉ်ပျံစီးပြီးမှ
ခရီးသွားချင်တဲ့သူ…
“မ” နဲ့”ကို”..
စတွေ့ခဲ့ကြတာက…
Highway Express ကားကြီးပေါ်မှာလေ….
……………………….
“မ” က…
ပန်းဆိုဆူးလေးတွေနဲ့
နှင်းဆီနီကိုမှထာဝရနှစ်သက်သူ
“ကို”ကတော့
ပန်းဆိုဖြူလွလွ
ပွင့်စံပယ်မှ တင့်တယ်တာတဲ့…
“မ”နဲ့”ကို”
အတူလမ်းလျှောက်ဖြစ်ခဲ့တာက
ခရေပင်တန်းလေးမှာပေါ့……
……………………..
“မ” က….
မိုးတွေ တဖွဲဖွဲရွှာနေတဲ့
စိမ့်အေးတဲ့ မိုးရာသီကို နှစ်သက်သူ
“ကို”ကတော့
မြူနှင်းတွေ ကျနေတဲ့
ဆောင်းရာသီကို နှစ်သက်သူ
“မ”နဲ့”ကို”
စတွေ့ခဲ့ကြတာက
အင်မတန် ပူပြင်းတဲ့ နွေရာသီမှာနော်…
…………………………….
“မ”က…
ကော်ဖီခါးကိုမှ
ခုံမင်စွာသောက်တဲ့သူ
“ကို”ကတော့
လဖက်ရည်ချိုကိုမှ
နှစ်သက်စွာသောက်တဲ့သူ
“မ” နဲ့”ကို”
အမြဲတွေ့ခဲ့ကြတာက
Ice cream ဆိုင်လေးမှာပဲ…
…………………………….
“မ”က
အရောင်ဆို
အ၀ါလေးကိုမှနှစ်သက်သူ
“ကို”ကတော့
အရောင်ဆို…….
အပြာရောင်ကိုမှကြိုက်တာပါတဲ့
“ကို” သိရဲ့လား…….
အ၀ါနဲ့အပြာပေါင်းရင်
အစိမ်းရောင်ဖြစ်တယ်နော်..
ဒါ့ကြောင့်………
“မ”နဲ့”ကို”….
စိမ်းကားသွားကြတာလား..ကွယ်…….
**********************************
အသဲကွဲသွားပါတယ်ဆိုတဲ့ ညီမလေးအတွက်
ပြည့်ကံကျွေးမှသည်
13 years ago
0 comments:
Post a Comment