“သတ်သတ်လွတ်စားတာ ဘုရားဟောမဟုတ်ဘူး”
ဒီစကားက ကျမ အတွက် ကြားရတာ ရိုးနေပါပြီ ။ ကျမ ကိုယ်တိုင် ဗုဒ္ဓဟူးနေ့တိုင်း သတ်သတ်လွတ်စားတာ ၁၅ နှစ်ကျော်ပါပြီ ကျောင်းသူ ဘ၀ ကတည်း က ပါ ။ မေမေ လည်း ဗုဒ္ဓဟူး သမီး ဖြစ်နေတဲ့ အတွက် သားအမိ နှစ်ယောက် တူတူ စားပါတယ် ..အသားစားချင်စိတ်ကို မြိုသိပ်ပြီး သတ်သတ် လွတ်စားနေခြင်း မျိုး မဟုတ်ပါဘူး အသားစားတဲ့နေ့ တွေမှာလည်း တပ်မက်စွာ စားသုံးခြင်း မျိုး မရှိလှပါဘူး ။ ကုန်းသတ္တ၀ါ ဆို ကြက်သား တစ်မျိုး တည်း သာစားသုံးပါတယ် ..ရေသတ္တ၀ါတော့ စား ပါတယ်။
အဓိက ပြောချင်တာ က ကျမ ဘာ့ကြောင့် သတ်သတ်လွတ်စား သလဲ ဆိုတာပါ။ အစွဲအလန်း ကြောင့်လည်းကောင် ၊ တစ်ခုခု ကို ရလို မှူ့ ကြောင့် လည်းကောင်း လုံး ၀ မဟုတ်ပါဘူး။ အသားများ ကို စားသုံးတဲ့ အခါ ထိုသတ္တ၀ါ အရှင် များ ကို မြင်ယောင် မိပါတယ် ၊အသံများ ကိုလည်း ကြားယောင် မိပါတယ်။သတ္တ၀ါလေး တွေ သားသတ်ရုံ ရောက်တဲ့ အခါ အလွန်သနား စရာ ကောင်းပါတယ် ၊ ကျမ ငယ်ငယ် က အမဲသတ်ရုံးနား ရောက်ဖူးပါတယ် ၊ အရိုးပုံ ကြီး ကိုတွေ့ တဲ့ အခါ ကျမ အလွန် တုန် လှူပ် ပါတယ် ၀က်များကို ကြိုးတုတ်၍ ခေါ်ဆောင်သွားသော အခါ ကျမ ကြောက်ရွံ့ မိပါတယ်၊ ဆိတ် ကလေး တွေ ကျမ အိမ်ရှေ့ မြက် ခင်း ပြင် မှာ တပဲ ပဲ နှင့်  ကျမ မေမေ စိုက်ထားသော အပင် များ ကို လာစားသော အခါ ကျမ မမောင်း ရက် ။ ထမင်း ပွဲရောက်သော် ထို သတ္တ၀ါ အရှင် များမြင် ကာ မစားချင်တော့ ။ ဒါဆို ငါးရော လို့ စောဒက တက် လို့ ရ ပါတယ် ..ငါး ကိုတော့ စားသာ စားတယ် ကျမ မကြိုက်ပါ..နောက်ပြီး ငါး သည် တိတွေ့ ကိုင်တွယ် ၍ ရသော ၊လက်ပွန်း တတီး နေ ၍ ရသော သတ္တ၀ါ မဟုတ် ပါဘူး ၊ သူတို့ အသံလည်း မကြားဖူး ပါဘူး ။ဒါပေမယ့် ငါးကို လည်း ကျမ မိန်ရေ ရှက်ရည် မစား ပါဘူး ။ အသားတွေ ကို မစားရ မနေ နိုင်တာ မျိုး လည်း မရှိပါဘူး ။ ကျမ အစား ရွေးတော့ ဟင်းချက် ရတာ ဒုက္ခများတော့ မိသားစု ကို အားနာ ရပါတယ်။ ဒါက ကျမ အသား စားခြင်း၊မစားခြင်း အကြောင်းပါ။
ကျမ သည် မိုးကုတ်ဝိပဿနာ ယောဂီ ဖြစ် ပါတယ်။ မိုးကုတ် တရားများ ကလည်း သတ်သတ် လွတ်စားသုံးခြင်း များ ကို အား မပေးပါဘူး။ သတ်သတ်လွတ် စားသုံးခြင်း က ဘုရားဟော မဟုတ်မှန်း ကျမ သိပါတယ်။ ထို့အတူ သတ်သတ် လွတ်စား ခြင်း ကလည်း ကုသိုလ် အကုသိုလ် နဲ့ မဆိုင်ပါဘူး ။ အသားပဲစားစား ၊ သတ်သတ်လွတ်ပဲ စားစား အစားအပေါ်မှာ တပ်မက်မှု့ရသတဏှာ ဖြစ်ရင် အကုသိုလ်ဖြစ်တာပါပဲ ။
အသားစားနေတဲ့ အချိန် မှာ ရသတဏှာ မဖြစ် ဖို့ ဆိုတာ ပို ခဲယဉ်း ပါတယ်။ ဥပမာ .. ၀က်သားဟင်း ..လူကြိုက် များတဲ့ အသားဟင်းပါ ..ကျမ ငယ်ငယ် က လည်း အရမ်းကြိုက်ပါတယ်။ထိုဟင်း ကို မစားခင်ရော စားနေတုန်းရော စားပြီးရော အင်မတန် တဏှာ ဖြစ် ပါတယ်.။ မဖြစ်တဲ့ သူ မရှိပါဘူး ။ အသားစားနေတဲ့ အချိန်ကအသီးအရွက် စားနေတဲ့ အချိန်ထက် ရသ တဏှာ ပိုဖြစ်ပါတယ် ။ဘာ့ကြောင့် လဲဆိုတော့ အရသာ ပို ရှိလို့ပါ ။သို့ဆိုလျှင် သတ်သတ်လွတ်စား သူ များ ကို အပြစ် ပြောချင်ပါသေးသလား။
သာမညတောင် ဆရာတော် ဘုရား ကို သတ်သတ် လွတ်စားသူအဖြစ် လူတိုင်းသိကြမှာ ပါ ။ဆရာတော်ဘုရားကြီး သည် ဘုရားဟောကို ဆန့်ကျင်၍ သတ်သတ်လွတ် စားခြင်း မဟုတ်ပါဘူး မေတ္တာစိတ်ကြောင့် ပါ ။သတ်သတ်လွတ်စား ၍ လည်း ဆရာတော်အား မည်သူ မှ မကဲ့ရဲ့ ကြပါ ။ ဆရာတော် သက်တော်ထင်ရှား ရှိစဉ်က အသားစား သူရော မစားသူ ရော သွားရောက်ဖူးမျှော် ကြရပါတယ် ။ ဘုရားဟော မဟုတ်ဘူး ဆို၍ ဆရာတော့် သာမည တောင် တွင် မည်သူ မှ အသား မစား ခဲ့ ကြပါဘူး ။
တကယ်တော့ အသားစားခြင်း မစားခြင်း သည် တရားသဘော ဖြင့် ကြည့် လျှင် အဓိက ပြဿနာ မဟုတ်ပါ။အစား အစာအပေါ် မှာ စွဲလန်းမှု့ က သာ အဓိက လို့ ထင်ပါတယ်။ ကျမ သည် သတ်သတ်လွတ်ရော အသား ပါ စားသုံးသူဖြစ်ပါတယ်။ ကျမ အမြင် ပြောရင် သတ်သတ်လွတ်စား သူ က လည်း အသားစား သူများ ကို အပြစ် မပြော သင့် သလို ၊ အသားစားသူ များက လည်း “ဘုရားဟော မဟုတ်ဘူး ”ဆိုတဲက စကား လုံး ဖြင့် မဝေဖန်သင့် ပါဘူး။ ဘယ်သူက ဘာလုပ်လုပ် ကိုယ့် အလုပ် ကိုယ်လုပ်ရ မှာပါ။ တစ်နေ့ တစ်ခြား အကုန်မြန်လာတဲ့ အချိန် ၊ဘယ်တော့ မှ မဆုံးနိုင်တဲ့ သံသရာ ၊ တစ်နေ့တစ်ခြား အိုမင်း ယိုယွင်း လာတဲ့ ခန္ဓာ ၊မမြဲ တဲ့ သင်္ခါ ရ သဘော တရားတွေ က အသားစားခြင်းမစားချင်း၊ သတ်သတ်လွတ်စားခြင်းမစားခြင်း ထက် ကြောက်စရာကောင်းပါတယ် ။
ဒီ post က မည်သူ့ ကို မှ တိုက်ခိုက် လိုခြင်း မရှိပါဘူး ။ ကျမ ရဲ့ ထင်မြင်ချက် ကို ရေးခြင်းဖြစ်ပါတယ် ။တစ်စုံ တစ် ခု မှား ယွင်းနေတယ် ဆို ရေးသူ ကျမ ရဲ့ ညဏ်ပညာ ချို့ယွင်း မှူ့ ကြောင့် ပါ ...။
ဒါန၊ သီလ၊ ဘာဝနာ ထဲ မှာ ဘာဝနာ က အမြတ်ဆုံး မို့ ဘာဝနာ ပွားနိုင်ကြပါစေ။
ပြည့်ကံကျွေးမှသည်
13 years ago
0 comments:
Post a Comment