ကံကြမ္မာရေ
တစ်နေ့ တစ်မျိုးနဲ့ မရိုး ရလေအောင်
အငြိုးတွေ နဲ့  ပါဝါပြ
ငါ ငိုချင်းချ နေရတော့ မှာ
လျှောက်သောလမ်းတွေ က
ပျောက်သောလမ်း တွေလား
ဝင်္ကပါ ထဲ ခြေရာထပ်
ငါကတော့ မတ်တပ်ရပ် လျှက် ပဲ
ကံကြမ္မာရေ
ချိုပါတယ် ဆိုတဲ့
နင် လက်ဆောင်ပေးခဲ့ တဲ့ “အချစ်”လေ
နာနာ ၀ါး လို့လား
ကြာကြာ ထား လို့လား
ငါ့ အတွက်တော့ “ခါး... ခါး” သွား တယ်
ဖြစ်ချင်တာတွေလည်း မဖြစ်ခဲ့
ဖြစ်သင့်တာတွေ လည်း မဖြစ်ခဲ့
ဖြစ်ဖြစ်လာ သမျှငါ့ ကံ ပဲရယ် လို့
ငါ့ စိတ်ကို ဒုန်းဒုန်းချ
ငါဆုံးမ
ဘယ်သူ့ ကို မှ အပြစ် မတင်ချင်တော့ ဘူးကွယ်
ကံကြမ္မာရေ
နင်ကြိုးတွေနဲ့ နင်ရှုပ်
နင့်ဇာတ်ထုတ်ကို နင် မနိုင်တဲ့ နေ့
နင့် လက်နဲ့ ငါ့ ကို သတ်
မြေလေး ဆန်ကုန်ဘ၀ က
လွတ်မြောက် ခွင့်လေး ပေးပါတော့ ကွယ်
...................................
ပြည့်ကံကျွေးမှသည်
13 years ago
0 comments:
Post a Comment