ချိန်းထား ကြတဲ့နေ့က ၂၀၁၀ ဖေဖေါ်ဝါရီ ၂၁ ရက် …နေရာ က ဘုန်းကြီးလမ်း နဲ့ မဟာဗန္ဓုလ လမ်းထောင့်ရှိ Ice Berry အအေးဆိုင် အချိန် က နေ့ လည် ၃ နာရီ တိတိ ……..အဲ့ဒီနေ့ကစောစော သွားမလို့ ပါ ပဲ ညီမလေးကလည်းရောက် လာ ထမင်း ကလည်းချက်ရ မီးကလည်း သဘောကောင်းပြီး ၁၁ ခွဲ ထိ လာနေတော့ ချပ်ရွန်း ကနေ မထွက် ဖြစ် ဖူး ။ခေါင်းကလည် မလျှော်တာ ကြာတော့ သွားလျှော်ချင်သေးတယ် ညီမလေး ကလည်းမင်္ဂလာဒုံ သွားရ မှာ ဆိုတာ နဲ့ သူ့ကို တူတူ ထွက်ရင်း ကားငှားလိုက်တယ် ..ကိုယ်က တော့ခေါင်းလျှော် ဖို့ ဆင်းနေ ခဲ့လိုက်တယ် ။ ခေါင်းလျှော် ပြီးတော့ ၂ နာရီ ခွဲ ..ကားငှားလိုက်တယ်။ ကားသမား ကို နေရာ ပြောလိုက်တော့ ကား က အဲ့ဒီ ဘက် အခြမ်း ရပ် မရဘူး တဲ့
လမ်းကူးသွားပါတဲ့။ မရဘူး ဆိုင်ရှေ့ရောက်အောင်ပို့ပေးပါလို့ ပြောလိုက်ရ တယ် ။ ဆိုင်ရှေ့ ရောက်ကားပေါ်က ဆင်းခါနီး လှမ်းကြည့် လိုက်တော့ မိန်ကလေး ၂ ယောက်ကိုတွေ့တယ် ။ တစ်ယောက် ကတော့ချက်ခြင်းရီ ပြပြီး နောက် တစ်ယောက် လက်ကို ဆွဲ လာကြို တယ် ။ ရီပြ မှာပေါ့ သွေးစကားပြောတယ်လေ
…ဟဲ ….သမီးလေး လရောင် …နောက်တစ်ယောက် ကတော့ နောက် တိုး သမီးလေး ရှင်း @ရှင်နှင်းမွန်@ shinning moon ။ သမီးတွေ ကတော့ အချော လေးတွေ ချည်းပဲ ။အဲ့ဒါနဲ့ လရောင်လေး က
“ အင်း…အင်း”
ဆို ပြီး စားစရာတွေ မှာတယ် ..နေရာ ကြည့် လိုက်တော့ လူအပြည့်။လရောင်လေး က
“မီးမီး တို့ အပေါ် တက် နှင့် မယ် ”တဲ့ရေခဲမုန့် ကလည်း မရသေးဘူးလေ ။ လရောင်လေးတို့အပေါ်တက်သွားတော့ ဆိုင်က ကလေးတွေက လာပို့မယ် ဆိုလို့ လိုက်တက်သွားတော့ အပေါ်မှာ လည်း နေရာ က မရှိ ..ဒါနဲ့ အောက်ပြန်ဆင်း ဗန်းလေးတွေ ကိုင် လို့ ..:P နောက်တော့ အပြင်သွားမယ် ဆိုပြန်တော့ လည်း အပြင် မှာလည်းနေရာကမရှိ ။ဆိုင်ထဲ ပြန်ဝင်ပြီး ၀န်ထမ်းတွေ ကိုနေရာပေး ဖျု့ ပြောရတယ် ……ဆိုင်က စားပွဲတွေ ဆက်ပေးတော့ အဆင်ပြေ သွားပါတယ်စားပွဲ ၂ လုံးဆက် ပြီးတော့ ခုံ က လည်း ၂ လုံး ။ ဘယ် ဘက် မှာ ရှင်း က လရောင်လေး က
“မီး မီး ကမေဖြူ့ နား ထိုင် မှာ”
ဆို ပြီး ၃ ယောက် သား နေရာယူ လိုက်တယ် ။ လရောင်လေး က ကျမ လက်မောင်းကို ကိုင် ပြီး စကားတွေ ထု မှပြောရတာ ..:D ....သမီးတွေ နဲ့ထု မှတွေ့ ရတာ Intro ထု မှ ၀င်ရတာ ။ခနနေတော့ အရပ် ကလန် ကလား နဲ့ အသဲလေးခေါ် ကော်ကော် ၀င်လာ တယ် ၀ိုင်း က လွဲ ရင် အကုန် ကျော် ရှာ နေတယ် တတ်နိုင် ဘူး
“ အသဲလေး ”
နဲ့ အော်လိုက် တော့ မှာ သူ့ ရှေ့ က ၀ိုင်း ကို မြင်တယ် ။
“ဟီ…” ဆို ပြီး“မောင်ဘကြိုင်ရောက်သေးဘူးလား” တဲ့သူကပြန်မေးနေတယ်။ဖုန်းထွက်ဆက်တယ်
“မေဖြူ ခုပဲ ထွက် သွားပြီတဲ့ ”
နောက်တော့ လူတစ်ယောက် က လူလိုက်ရှာနေ သလိုမျိုး Myanmar Friends Day က လို့ မထင်မိလိုက်ဖူး ။ နောက် တော့ အပြင် ထွက် သွားတယ် ပြန်ဝင်လာတော့ တခြားတစ်ယောက် နဲ့ ။ အဲ့တစ်ခြား တစ်ယောက် က လေ သိတယ် မဟုတ် လား ရေငုတ် သင်္ဘော ...........
အသဲလေး က
“ကို ဂျော် မြင်း အူး ”တဲ့ ခု န က ရှာနေ တဲ့ သူ ပါ ပါလာတယ် ။ Friends Day ဆိုဒ် ရဲ့အားအကိုး ရ ဆုံး ရှင်းသန့် တဲ့ ။
ဆိုင် က လမ်းထောင့် ဆိုတော့ ၀င်ပေါက် က ၂ ဖက်လေ ။ ကျမ စီး လာတဲ့ ကား က တည့်တည့် မသွားပဲကွေ့ ရပ်ပေးတော့ လရောင်လေး တို့ နဲ့ တန်းတွေ့တာ ။ ကားသမား သာ တည့်တည့်မောင်း ရင်ဇော်မင်းဦး စောင့် နေ တဲ့ ဘက်ရောက် သွား မှာ ….အဲ့ဒါပေါ့ တစ်ဦးမေတ္တာ တစ်ဦးမှာ ဆိုတာ …..(အခွင့် ရတုန်းလေး နှက် ထား မှ ရေငုတ်သဘောင်္ အပြော ပဲ ခံနေရတာ)..ဒါတောင် ပြောလိုက်သေးတယ် ထိုင်ထိုင် ချင်း
“မသိဘူးလေ အသက်ကြီး ပြီ ဆိုတော့ ဆံထုံး ကြီး နဲ့ ရင် ဖုံးအင်္ကျီ ချတ် ထမိန် နဲ့ လာမယ်မှတ်နေတာ ”
တဲ့တကယ်တော့ သူက အဲ့လိုပုံစံ တွေ ပဲ စိတ်ဝင်စားတာနေ မှာ ကို ...ဒါတောင် စောင့်နေတုန်း က အဲ့ ပုံစံ မျိုး မတွေ့လို့ သူ့ရှေ့ က အဲ့လိုပုံစံမျိုး ဖြတ်သွားတာတွေ့ ရင် လိုက် ချင်လိုက် သွား မှာ ( အခွင့် ရတုန်းလေးပါ )
ရေငုတ် သင်္ဘော က အအေး မှာမယ် ဆိုပြီး ထွက် သွားတော့ ကော်ဖီ ၂ ခွက် ရှင်းသန့် က ကော်ဖီသောက် လို့ မရ ဘူး ဆိုတော့ ရပါတယ် တဲက ။ တကယ် ပဲ ...နောက်တော့ ....အအေး တစ်ခွက် ထပ် ၀ယ်တယ် ....မောင်လေးတော် ဘကြိုင် လည်း ရောက် လာ တယ် ....ကော်ကော် က ရောက်ရောက် ခြင်း “ဘယ်လိုဖြစ်တာလဲ ” ဆိုပြီး အော် ရော ....ဒါမှ အမေ့ သမီး ပီသ တာ တာ အော် သာ အော် (………..:P )
အသဲလေး က လူစုံရင် နေရာ ပြောင်းမယ် တဲ့ ….ဘယ်သွားချင်တာ လဲ ဆိုတော့ Happy World တဲ့ မေဖြူရောက်ဖြင့် ရောက်ဖူး ဘူး ဆိုတော့ ….“
“မေမေ ဆို သမီးသွားချင်တဲ့ နေရာ ပို့ပေး ”
“အေးပါ ပို့ပေး မှာပါ …လူစုံတော့ သွားကြတာပေါ့ ”
ဘယ်သူ လာဖို့ ကျန်သေးလဲ ဆိုတော့ ...ကော်ကော် က ဖေဂျီး စိုးဝင်းအောင် တဲ့ ကြည့် လိုက်တော့ ၄နာရီ ထိုး ခါနီး …ရွှေပြည်သာ ကနေ လာရ မှာ ဆိုတော့ ဝေးတယ်လေ ဆို ပြီးစောင့်နေ ကြတာ ။ တော်တော် နဲ့ မလာ ဘူး …။ နောက်တော့အသဲလေး ကော်ကော် က ၄း၃၀ ထိ စောင့် မယ် ဆို ပြီး စကားတွေ ပြော နေ လိုက် ကြတယ် ။၎း၃၀ထိရောက် မလာ သေးဘူး ..နောက် ဆို ခေါ်တော့ ဘူးလို့ ချိန်း ကတည်း က ကိုစိုးဝင်းအောင် မလာရလို့ပြောမယ် ….အသဲလေး က လည်း အိမ်သွား မီး နဲ့ ရှို့ မယ် ဆို ကျိန်း ၀ါး ပြီး …..မိန်းကလေး၎ ယောက် သား …ထုံးစံ အတိုင်း …..အယ် ….အာသိန် သွားနေတုန်း ပြန် ထွက် လာတော့ကိုစိုးဝင်းအောင်သူ့ ညီမလေး ၂ ယောက် နဲ့ ရောက် နေတော့ တယ် ။ ညီမ အကြီး ကတော့ ကိုစိုးဝင်းအောင် နဲ့သိပ်မကွာပါဘူး အငယ် လေး က ၁ နှစ် ၂ လ တဲ့ …(…………..ဟိ …………) ကလေး ၀ိုင်းချီ ကြ တာ….ကလေးက ချစ်စရာလေး …….ရှင်းသန့် ကတော့ မလိုက်တော့ ဘူး ဆို ပြီး ပြန်သွားတယ် ။
အဲ့ဒါ နဲ့ က မြေနီကုန်း Happy World ကို သမီး ၃ ယောက်နဲ့ မေဖြူ တို့ က အရင် ငှား ပြီးကျန်တဲ့ သူတွေ ကနောက် တစ်စီးနဲ့ လိုက်လာ ကြတယ် .လရောင်လေး က ကားထွက်တော့မွှေးမွှေးပေးချင် လှပြီ ဆို ပြီး ဂါထာ ရွတ်ကြတာပေါ့ ….ဟိ မေဖြူ ကလည်းလရောင်နဲ့ သမီးအသစ် ရှင်း တို့ ကို ဂါထာ ပြန်ရွတ် လိုက်တယ် …အသဲလေး ကတော့ဘယ်နှစ်ခါမှန်းတောင် မမှတ်မိ ဘူး သတိယတိုင်း မေဖြူက ကို ဂါထာ လာလာ ရွတ်နေတာ ….ကာကို တွေ့တွေ့ချင်း ၀င်ပေါက်နား ပဲ ရပ် ခိုင်းလိုက်တယ် ..၀င်ပေါက်နား ၄ ယောက်သား ရပ်စောင့်နေတာ ရေဆာ တာနဲ့ ရေဗူး ပါ ၀ယ် …မလာဘူးကြာလိုက်တာပေါ့…ရေငုတ်သင်္ဘောဆီ က ဖုန်း က၀င် လာရော ..ဘယ်ရောက်နေတာ လဲတဲ့ …ကျနော် တို့ က HappyWorld ၀င်ပေါက် မှာတဲ့ ..ရေသန့်ဗူးရောင်းတဲ့ လူ က ၀င်ပေါက် က ဟိုဘက်တဲ့ ..အဲ့ဒါနဲ့လျှောက်ပေါ့ပေ ၂၀၀ လောက် ..
Happy World ထဲ လည်းရောက်ရော အသဲလေး က
“သရဲ အိမ်ထဲ ၀င်မယ်” တဲ့
“မေဖြူ မလိုက်ဖူး ”..........လို့ သတ္တိကောင်းကောင်း နဲ့ အရင် ဆုံး ငြင်းတယ် ..ဟိ ..အသဲလေး က မရဘူး လိုက်ရမယ် ဆိုပြီး ဂျီ ကျရော ဇွတ်ကိုငြင်းပြီးကိုစိုးဝင်းအောင် ညီမ၂ယောက်ရယ်တို့ရယ်ကျန်ခဲ့တယ်…..ဟို၆ယောက်တော့ဝင်သွားတယ်…
ပြန်ထွက် လာတော့ ….ရီနေကြတယ် …တော်တော်ကြောက်ခဲ့ပုံရတယ် အသဲလေး က …..
“သရဲ တွေ ကြောက်အောင် ပြန်အော်ခဲ့တယ် ဒီသရဲလောက်တော့ ပျင်းတောင် ပျင်းသေး” ဆိုပြီး သူ့ ပုံစံလေး အတိုင်း လက်ဖျောက်လေး တီးပြီး ပြောတယ် …..ကောင်းရော
နောက်တော့ အသဲလေး က နို့ဆီခွက် ပစ်မယ် ဆိုပြီး ပစ်တယ် …လက်တံ ရှည် ကြီး နဲ့လေ မှန်တာ ပေါ့ …ဘူဘောင်းတွေ ကို မျှားပစ်ဖေါက်တယ် ..တစ်လှည့် စီ အသဲ လေး ကတော့ အများ ဆုံး ကစားတယ် ကူပွန်တွေ အများကြီး ရတယ် အသဲလေး ရှူံးတာ ကတော့ ဘောလုံး ကန်တာ ပဲ ...လုံးဝ မ၀င် ဘူး ..။ လရောင် လေး ကတော့ သူ့ ပုံစံလေး အတိုင်း ခပ်အေးအေး ပဲ ..ရှင်း ကတော့ ဘယ်သူ ဘာပြောပြော ရီနေတာ ....အသဲလေး ကို ကြည့် ပြီး သမီး ကြီး ဖြူလေး နဲ့ သမီးငယ်လေး ပန်းပန်း ကို သတိ ယတယ် ၃ ယောက်သာ ဆို ကစား လိုက် ကြမဲ့ ဖြစ် ချင်း ကျန်တဲ့ သမီးတွေ နဲ့လည်း တူတူ သွားချင်တယ် .........နောက်တစ် ခါ ဆို ဒီ့ ထက်ကောင်းတဲ့ ကစားကွင်း သွားမယ်
အသဲလေး ကစားတာ ကူပွန် ၈၄ စောင် ရတယ် ..ကိုစိုးဝင်းအောင် ညီမအငယ် လေး ကို အရုပ်ကလေး က ၁၅ကူပွန် နဲ့ လက်ကောက်လေး က ၅ ကူပွန် လဲလိုက်တယ် ..ကျန်တဲ့ ကူပွန် ၇၇ စောင်ကို ၉စောင်တန် စာအုတ် ၈ အုပ်နဲ့ လဲ လှယ် ပြီး တစ်ယောက် တစ် အုတ် စီအမှတ်တယ လက်ဆောင် ….
နောက်တော့ လရောင်လေး က ပြန် မယ် ဆို လို့ မေဖြူ ရယ် အသဲလေးရယ် ရှင်း ရယ် ကားဂိတ်လိုက်ပို့တယ် ..ကျန်တဲ့ သူတွေ ကို တော့ မြေနီကုန်း က ရှမ်းဆိုင် မှာ ထားခဲ့တယ်..ကားက ချက်ချင်းရောက်လာလို့ မွ တောင် မလုပ် လိုက်ရဘူး ….၃ ယောက် သားလမ်းပြန်လျှောက်ခဲ့ ရတယ် …ဆိုင်ရောက်တော့ စားစရာတွေ မှာစားတယ် ..တို့ကကပ်ကျေးကိုက်စားတယ်…ဘ၀ မှာ ဒီလောက် အရသာဆိုးတဲက ကပ်ကျေးကိုက်မစားဖူးဘူး ….ဇော်မင်းဦး က ချိန်းထားတာလေး ရှိလို့ အရင် ပြန်နှင့် မယ် တဲ့ …(ဘယ်သူနဲ့လည်းတော့ ပြောမသွားဘူး ….သူ့ အကြိုက် ဟို ဆံထုံးနဲ့ တောပုံ များလား …အခွင့်ရတုန်းလေးပါ………..:D …)…စားပြီး ရင် ရှင်းရအောင်တဲ့ ငွေ ၅၀၀၀ အတင်း ချ သွားတယ် ..အားနာ စရာကြီး…တကယ်ဆို ဆိုင် ကို bill တောင်းပြီး အကုန် ရှင်း သင့် တာ …ဟ ….ဟ
စားပြီးတော့ လမ်းခွဲ ခဲ့ ကြတယ် ကိုစိုးဝင်းအောင် က ကားငှားပြန်မယ် ဆိုပြီး တစ်လမ်း ၄ ယောက် တစ်လမ်း ….မောင်ဘကြိုင် က စံပယ် ၃ ကုံး စီ ၃ ယောက် ကို လက်ဆောင် ပေးတယ်…အသဲလေး ကလမ်းခွဲ ကာနီး အာဘွားပေး တော့ မောင်ဘကြိုင် က လေ …ဟွန်း တဲ့……ကိုယ့် အမ ကို မနာ လို တာ အဲ့လောက် ထိ ……………:P ……………
ရှင်းလေး လည်း ဟို ဘက် က ကားစီးမယ် ဆို လမ်းကူးသွားတယ် ………..ကြည့် ရ တာ မ၀ ဘူး လှလို့ အရပ်ကလည်း ၅ ပေ ၈ လောက် ရှိမယ် …ခရမ်းရောင် ၀မ်းဆက်လေး နဲ့ …လရောင်လေး ကတော့ အင်္ကျီအစိမ်းလေး ကိုဂျင်း အနက်လေး နဲ့ လှလှလေး ……….ပြုံးချို နေတာ ပဲ ….ကော်ကော် ကတော့ အညိုရောင် အင်္ကျီ
ီခါးစီးလေး ကို အသားကပ် အညိုလေး နဲ့ ချစ်စရာလေး …….သမီးတွေ ကိုချစ် မ၀ ဘူး
………..း)))))
အိပ်ရောက်တော့ ဟာတာတာ နဲ့ …………
0 comments:
Post a Comment