တရုတ်စကား
ဒီအညာမြို့လေး ကို ဒီတရုတ်မိသားစုပြောင်းလာတော့ မြန်မာ လူမျိုးတွေပီပီ ကောင်းမွန်စွာ ကြိုဆိုကြတယ်
နောက်ပြီး သူတို့ က လက်ဖက်ရည်ဆိုင်လေ ..အီကြာကွေး ပလာတာ စတဲ့ မုန့်တွေ က လည်း
စုံတော့ မနက် ဆို လူအရမ်း စည်တာ
သူတို့ပြောတဲ့ တရုတ် စကား ကို မကြားဖူး တော့ နားထောင်ချင်ကြတာလည်း ပါတာပေါ့
တခုသော မနက် ကျတော့ ………………
တရုတ် အဖိုး ကြီး က ဓါး ကြီး ကိုင်ပြီး ဒေါသတွေ ထွက်နေတယ်
နောက် သူ့သား ကို လည်း မြင်ရော …………..
“အားရှောင် ……ချူံ ခုတ်ချီ ” ဆိုပြီး ဓါးမ ကြီးကို သူ့ သားလက်ထဲ ထည့်ရော
လူတွေ က ထင်ကြတာ ..တရုတ်တွေ က သိုင်းတတ်တယ် မဟုတ် လား
ဘယ်သူ့ ကို သတ်ခိုင်း လည်း မသိ ၀ူးပေါ့ ………………………….
သူ့ သားလည်း ဓါးမ ကြီး ကိုင် ပြီး ဒေါသ တကြီး ထွက် သွားတယ်
ဆိုင် ထဲ က လူတွေ က လည်း ဘာ သံ ကြားမလဲ …ဘယ်သူ့ ကို သွားသတ်တာလဲ
အားလုံးက စိတ်ဝင်တစား ရင်တထိတ်ထိတ် နဲ့ စောင့် ကြည့် နေကြတာ
ခန နေ ကျ တော့ ကိုအားရှောင် ခြုံ ပင် ကြီး ထမ်းပြီး ပြန်လာတယ်
တကယ်တော့ သူ့သား ထင်း မခုတ်လို့ ဒေါသ တွေ ဖြစ်ပြီး ခြုံ ခုတ် ခိုင်းတာ ကို………….:D
**********************************************************************************
လျှာထုတ်စီး..........
အင်း..ဒီဟာသလေးကတော့ကြားဘူးတာကြာပြီ...
ကြားဘူးပြီးရင်လဲ သည်းခံပြီးဖြန်ဖတ်လေးနော်......:D
အညာဒေသမှာwalking shoe တွေခောတ်စားတော့..
ရွာဘက်ကတောသားလေးတစ်ယောက်ကမြို့မှာ...
walking shoe လာဝယ်တယ်...ဈေးရောင်းတဲ့သူက
မအားတော့သင့်တော်မဲ့တစ်ရံထုတ်ပေးလိုက်တယ်....
ကောင်လေးကမတော်ဘူးပြောတော့..ဆိုင်ရှင်က...
“လျှာထုတ်စီး”လို့လှမ်းပြောလိုက်တယ်........
အဲဒါတော်တော်ကြာ..ဘာသံမှမကြားရဘူး
ဆိုင်ရှင်ကထွက်ကြည့်လိုက်တော့....
လျှာတော့ထုတ်စီးပါတယ်....ဖိနပ်ကလျှာတော့ဟုတ်ဘူး
ပါးစပ်ကလျှာ............
*************************************************************************
ဒေါ်လှရာ ခြင်ထောင်ရက်
ရွာတစ်ရွာ မှာပေါ့ ….ညဖက် ရောက်တော့ ဆီမီးခွက်လေး ထွန်း ပြီး
ဒေါ် လှရာ နဲ့ သူ့ယောင်္ကျားတို့ စကားပြောနေကြတာ ကလေး ၃ ယောက် က
သူတို့ စကားပြောတဲ့ နား ထုရိုက် ကစားနေကြတာပေါ့
“ယောင်္ကျားရေ ဒီ တစ် ခါ ၀ါ စိုက် ပြီး ရင်တော့ ခြင်ထောင် တစ်လုံးလောက် ၀ယ်အုံးမှ”
“တစ်လုံး နဲ့ မဖြစ်ဖူး ရှင်မ ရ ကလေး တွေ က ကြီးလားတော့ မှာ ”
“၃ ယောက် လုံး အတွက် တော့ မတတ်နိုင်သေးဘူး တော့
နောက် မှ ပေါ့ တော် …ခုတော့ ကြီးကြီး တစ်လုံး ချုပ် ပြီး ကျူပ်တို့
မိသားစု ၅ ယောက် အိပ် ရ မှာပဲ”
အဲ့ဒီ အချိန် မှာ ကလေးတွေက
“အမေ ခြင်ထောင် ချုပ် ပြီး ရင် သားတို့ ခြင်ထောင်ထဲ ကစားမယ်နော်”
“ မကစားရ ဘူးလေ ခြင်ထောင် ဆိုတာ ခြင် လုံအောင် အတွက် ”
“မရဘူး ကစား မှာပဲ ”
“မကစား ရ ဘူး ခြင် ထောင် ပြဲ လိမ့် မယ် ”
“ ကစား မှာပဲ ကစားမှာပဲ ”
“ ခြင်ထောင်ပြဲ အောင် ကစားအုံး ဟယ် ကစားအုံးဟယ် ”
ဒေါ် လှရာ သူ့ ကလေး ၃ ယောက် ကို ရိုက်ရော …..
အီး …………..ဟီး ………ဟီ ……..
ကလေး ၃ ယောက် လည်း ငို ရောပဲ
ခြင်ထောင် က ဘယ်နေ မှန်း မသိ …………..
အဲ့ဒါနဲ့ အဲ့ဒီ ရွာလေး မှာ လေ ……………..
“မုန့်ဆီကျော် ဘယ်နေ မှန်း မသိ ” အစား
“ဒေါ်လှရာ ခြင်ထောင်ရက်တယ် ”ပြောကြလေ သတည်းတဲ့
****************************************************************
မရီရ ဘူးနော် ......................:D
ပြည့်ကံကျွေးမှသည်
13 years ago
0 comments:
Post a Comment