မျက်လုံးလေး ဖွင့် အကြည့်
“ဟယ် ..လှလိုက်တာ အကိုရာ ”
“ပြန်ဆင်းရ မှာမွန် တောင်အောက် ကို ”
“ ဟုတ် အကို သာ မနှိုးရင် မွန် ဒီလောက်လှတဲ့ ရှူ့ခင်း ကိုမြင်ရ မှာ မဟုတ်ဘူး”
“ အဲ့ ဒါကြောင့် မွန့် ကို နိုးလိုက်တာ ပေါ့ မွန် ရ …အော် ဒါနဲ့ မွန့် ကို မွန် လို့ ခေါ်တာရ ပါတယ်နော် ”
မွန်က ရီ၍
“ရ ပါတယ် အကို ကလဲ မွန့် ကို မွန် လို့ခေါ်တာ ကြိုက်ပါတယ် ပြီး မွန်စကားပြော ရင် လည်း မွန်က လို့ ပဲပြောဖြစ်တယ်လေ ”
သူပြုံး လိုက် ပြီး “ အိုကေ ” စီမံကိန်း ဂိတ်ဝ ကနေ ကားဝင် လာပြီး တော်တော် လေးရောက်တော့
“အကို ဒီတန်းလျှားကြီးက ………..”
“အကိုတို့နေတဲ့တန်းလျှားကြီးပေါ့ ၀န်ထမ်းပေါင်း ၄၀၀ ကျော်ရှိတယ်လေ …အလုပ် ကြမ်းသမားတွေ ကတော့ အောက်ဖက် မှာ အုပ်ချုပ်သူ ၃၀ ရှိတယ် သူ့ အပိုင်းနဲ့ သူလေ ဒီတန်းလျှားကတော့ တစ်ခန်း ကို ၂ ဦးနေလို့ ရတယ် တစ်ချို့ ကတော့ တစ်ဦးတည်းနေတယ် စုနေတဲ့ သူတွေ လည်းရှိတယ် အိမ်ထောင်သည်တွေကတော့ တစ်ဦးတည်းနေတယ် သူတို့ အမျိုးသမီးတွေ ကတော့ သွားလိုက်ပြန်လိုက်ပေါ့ ကိုယ်ရော ကိုကြီးငြိမ်းရော တစ်ဦးတည်း နေကြတယ် မွန်ရ..နောက် ပြီး ဒီ စီမံကိန်း ပြီးသွား ရင် မြိုရွာ တော်တော် များ များ ကို လျှပ်စစ်မီး ပေးနိုင် တော့ မှာ ”
မွန့်စိတ်ထဲက အမ်မယ် ဒီအကို သူက ကိုကို့ လိုပဲ လူပျိုကြီး လို့ ဆိုလိုချင်တာလား မသိ ဟုတွေးမိတယ်
“ရှေ့က အခန်းဆို ရောက်ပြီ မွန်ရ ကိုကြီးငြိမ်းက ဒီဘက်က အခန်း ကိုယ် က အစွန်ခန်းလေ ”
..သူက ကိုကို့ အခန်းလို့ ပြောတဲ့ အခန်း ရှေ့ ကားစက်ကိုသတ်လိုက်တယ် မွန်လှမ်းကြည့်လိုက်တော့ ကိုကို့ ကို မတွေ့ရ ဘူး ..
“ဗျို့ ကိုကြီးငြိမ်း လက်ဆောင်ပါတယ် ထွက် ခဲ့အုံး ”
“ဖိုးဇင် ပြန်လာပြီ လားကွ …အေး အေး လာပြီ လက်ဆောင် သေးသေးလေး ဆိုမရ ချင် ဘူးနော် ”
မွန်ငြိမ်းချမ်း ပြောပြောဆိုဆို ထွက် လာတယ် မွန်က ကားပေါ် မှဆင်းပြီး ကား ကိုကွေ့ သွားနေတော့ ကိုကိုက မွန့် ကို မတွေ့.. မွန့် ကို ဘွား ကနဲတွေ့ မှ ..
“ ဟာ……….မွန် …………ညီမလေး ”
“ကိုကို” မွန် ကိုကို့ ဆီ ကိုပြေး သွားပြီး ကိုကို့ ခါး ကိုဖက်လိုက်တယ် ကိုကို ကလည်း မွန့် ပုခုံးလေးပေါ် လက်တင် ပြီး
“ဖေဖေနဲ့မေမေ နေကောင်းရဲ့ လာ ”
“ကောင်းတယ်ကိုကို ” ပြီး မွန် အိမ် အကြောင်း တွေ ပြောပြနေတာ အိမ်မှာမွေး ထားသော ခွေးလေ သေ သွားတာပါ မကျန် …ဇင်လတ် မောင်နှမ ၂ ယောက်တွေ့ ပုံကို ကြည့် ပြီး အံ့ အားသင့်နေသည် ။ ဇင်လတ်တို့ မောင်နှမ ၇ ယောက်ရှိတာနယ်တွေသွားလိုက် ကျောင်းတွေ သွားတက်လိုက် အိမ်ပြန်လာ ပြန်တွေ့ တစ်ခါမှ အဲ့လို မဖြစ်ဖူးဘူးပြန်လာ ကိုယ့်အခန်း ကိုဝင်နေကြတာ တစ်ခါတစ်ရံ ခရီးထွက်သွားတာ တောင် မသိလိုက်ကြဘူး မနက်စာစားမတွေ့ မှမေးရတယ် မောင်နှမ ၇ယောက်လုံး ရန်မဖြစ် ကြသလို နွေးနွေးထွေးထွေး လည်းမရှိကြငယ်စဉ် ကတည်းက ကိုယ့်ပညာရေးနဲ့ ကိုယ် လုံးပန်းနေရတာ ဖေဖေနဲ့မေမေ ကလည်း သားသမီး ၇ယောက်ကို ကျွှေးနိုင် ဖို့ ပွဲရုံလုပ်ငန်း လုပ် နေရတာ။ မိသားစု အားလုံး ကိုယ့် အစီအစဉ်နဲ့ကိုယ် လုံးပမ်းနေကြတာ ဆိုးတဲ့ သူလည်း တစ်ယောက် မှ မပါ ဘူး။ ဒါပေမယ့် ဖေဖေ က ခရီးထွက်တဲ့သူမရှိလျှင် နံနက်အိပ်ရာထစာ ကို ၇ နာရီ ထိုးလျှင် အကုန်ဆင်းစားရ သည် ။ မိသားစု ဆုံဖြစ်အောင်ပါ ။ ကျန်တဲ့ စားချိန်တွေကိုတော့ အဆင်ပြေသလိုစား၍ ရသည်။ ဇင်လတ်ကတော့ အိမ်ရောက်လျှင်နံနက်စာ စားပြီးတာ နှင့် အပြင်ထွက်နေတာ များသည် ။ အပေါင်းအသင်း ကလည်းများတာမို့ ည မှပြန်လာတာ များသည် ။ အမ ၂ ယောက် အကို ၂ ယောက် ညီ ၂ယောက် ဇင်လတ်ဆိုတဲ့ အတိုင်း အလတ်ပေါ့။
“ဟေ့ ဖိုးဇင် ညီမလေး နဲ့ ဘယ်နားတွေ့ လာတာလဲ ”
“ကားကြုံ စီးတဲ့နေရာ တောင်နီရွာ အလွန်ပေါ့ အကိုကြီး ရာ”
“ဖိုးဇင် က ဟိုဘက်အခန်း ညီမလေး ရ ”
မွန်လှမ်းကြည့် လိုက်တော့ “ဒေါက်တာ ဇင်လတ်” သြော် အကို က ဆရာဝန်ကို နာမည်က ဇင်လတ် ဒါ့ကြောင့် ကိုကိုက ဖိုးဇင် လို့ ခေါ်တာ ဖြစ်မည်။
“ကိုကို ………..မွန့် အ၀တ်အိပ်တွေ ချအုံးမယ်”
သူမ ကားပေါ် လှမ်းကြည့်တော့ မတွေ့တာ နဲ့ ကိုကို့ အခန်းဝ လှမ်းကြည့် လိုက်တော့ အခန်းရှေ့ရောက်နေပြီ ။ ကိုဇင်လတ် ကတော့ သူ့ ပစ္စည်းတွေ သူ့ အခန်းထဲ သယ်နေသည်။
“အကို က မွန့် အိပ် ကြီး သယ် ထားတယ် ကန်တော့ကန်တော့ အကို ”
“ ဟာ ညီမလေး ကလည်း ရပါတယ် ကိုကြီးငြိမ်း ညီမလေး က ကိုယ့် ညီမလေးပေါ့”
“ ဟင် ဒါဆို လည်း မွန်တို့ နဲ့ ညနေစာ လာ စား နော် အကို မွန့် မှာဟင်းတွေ ပါတယ် ကိုကို ရေ ကိုဇင်လတ် ကို ထမင်းစားခေါ် လိုက် မယ်နော်”
“ဟင်…..ငါ့ ညီမလေး ကတော့ ခေါ်ပြီး မှခွင့် တောင်းတယ် ကိုကို က ခွင့်မပြု ရင် ဇင်လတ်က ကိုကိုနေ မကောင်းရင် ဆေးမကုပေး ပဲနေမှာပေါ့ ….ဟား…ဟား..ဟား”
“ဆေးတော့ ထိုး ပေးမှာ ပါ ကိုကြီးရ …အပ်တုံးတုံး နဲ့ …ဟား ဟား ”
သူတို့ အားလုံးရီ လိုက် ကြသည် ။ ကိုဇင်လတ်က သူ့ အခန်းထဲဝင်သွားသည် ။ မွန်တို့မောင်နှမ လည်းအခန်းထဲ ၀င်လိုက်ကြသည်။ ကိုကို့ အခန်းလေး က သန့်ရှင်းနေသည်။ ဧည့်ခန်းလေးက ကုလားထိုင် နှင့်စားပွဲ သူ့နေရာနဲ့သူ ကပ်လျှက် ထမင်းစားစားပွဲ ပြီးမီးဖို ဆက်လျှက် ၊ တစ်ဖက်ခြမ်းက တော့ အိပ်ခန်း ၂ ခန်း ဆက်လျှက်။
“ကိုကို တို့ စီမံကိန်း ပြီးရင် ဒီမှာတာဝန်ကျ ၀န်ထမ်းတွေ ဆက်နေ မှာလေညီမလေး ဒါ့ကြောင့် အိမ်တွေက ကျယ်ဝန်းတာ ”
“အော် ..ဒါ့ကြောင့် သပ်သပ်ရပ် ရပ် ဖြစ်နေတာနော် ကိုကို ”
မွန် အ၀တ်အိပ်ကို အတွင်ဖက်ခန်းတွင်နေရချ လိုက်သည်။ ပြီးမှ အိပ်ရာခင်းရမယ် ထမင်းစားဖို့အရင် လုပ်ရမယ် မွန်တွေးလိုက်ပြီး ဆံပင်ကို ဘီး လေးဖြင့် ပတ် လိုက်ရင်း မီးဖိုဖက် သို့ ထွက်လာခဲ့တယ်။ ပါလာတဲ့ ဟင်းတွေ ကို နွေးပြီးသုံးယောက်စာ ထမင်းစားပွဲ ပြင်လိုက်တယ် ။
“ကိုကို ရေ ….ကိုဇင်လတ် ကိုခေါ်လို့ ရပြီ”
“အေး …အေး ညီမလေး”
“လာပါပြီ ဗျာ မခေါ် ရ ပါ ဘူး ကျွန်တော် အခန်းရှေ့ ကနေ နားစွင့် နေတာ ”
ရီပြုံး၍ ၀င်လာသော ကိုဇင်လတ်ကို ကြည့်ပြီး တော်တော် မျက်နှာချိုတဲ့ အကို လို့ မွန့်စိတ်ထဲတွေးမိသည် ။ ၆ပေလောက်ရှိတဲ့ သူ့ကို ၅ပေ သာရှိသော မွန်က မော့ကြည့်ရင်း
“အကို က ၀က်သားစားလား”
“စားပါတယ် မွန် ရ မစားတဲ့ အသား မရှိပါဘူး”
“ဟုတ် ဒီနေ့တော့ အသားချည်း ပဲစားနော် ..ကိုကို နောက်နေ့ ညီမလေး ကို အသီးအရွက်ဝယ်ပေးနော် ကိုကိုက အသီး အရွက်ကြိုက်တော့ ”
“၀န်ထမ်းတွေ ရဲ့စိုက်ခင်းရှိတယ် မွန့်စိတ်ကြိုက်ဝယ်လို့ တယ် ”
“အော် ….ကောင်းတယ်နော် ..လတ်လတ်ဆတ်ဆတ် ”
ထမင်းစားပြီးတော့ အိမ်ရှေ့မှာထိုင်နေတဲ့ ကိုကိုတို့ ၂ ယောက် စားရန် ပန်းသီးခွဲလိုက်တယ်။ပန်းသီး ပန်းကန်ချရင်း …
“ကိုကို ..မွန် အိပ်ရာခင်းပြီး အိပ်တော့မယ်နော် ”
“အေး ညီမလေး နားတော့ ”
“ဟုတ် ကိုကို ….အကို ဇင်လတ် ဂွတ်နိုက်နော် ”
“ဂွတ်နိုက် ….မွန် ” ထုံးစံ အတိုင်း ပြုံး၍ အကို နှူတ် ဆက် သည်။
...........................................................................
0 comments:
Post a Comment