ဖြစ်နေမလားထင်မိတယ် ဘာလို့ လည်းဆိုတော့ မွေး ကင်းစ က
မေမေ ပြန်ပြောပြတဲ့ကိုယ့် အကြောင်းတွေအားလုံးက ကောင်းတာ
တွေများနေ လို့ပါယောင်္ကျားလေးတွေချည်း မွေးလို့စိတ်ညစ်နေတဲ့
ဖေဖေနဲ့မေမေက ၉ ပေါင်တိတိ ရှိတဲ့တို့ကိုမွေးတော့ဖေဖေ နဲ့မေမေ
အပြင် အကြောင်းသိ ဆရာဝန်ကြီး နဲ့ နပ်စ်တွေ ပါပျော်ကြတယ်တဲ့။
ဆရာဝန်ကြီး ကနောက်ထပ်ယောင်္ကျားလေးထပ်မွေးမှာ စိုးတာကြောင့်
မေမေ့ ကိုတစ်ခါတည်း သားကြောဖြတ်လိုက်တော့ ပိုမိုကံကောင်းစွာ
အငယ်ဆုံးဖြစ် သွားတယ်။ ဒါပေမယ့် ခုတော့ တို့ မောင်လေးဖြစ်ဖြစ်
ညီမလေးဖြစ်ဖြစ်လိုချင်မိတယ်ဖြူဖြူဖွေးဖွေး၀၀လေးမို့မြင်တဲ့သူတိုင်းမချီရရင
်မနေနိုင်ဘူးတဲ့။ မနက်မိုးလင်းရင် ထိန်းချင်တဲ့သူတွေ က လာလာခေါ်ကြတာ
မထိန်းရ လို့ရန်ဖြစ်ကြတယ်လို့မေမေ ကပြောဖူးတယ် ။ အကိုအငယ်ဆုံးက ကိုယ့်နားမှာ အမြဲနေတတ်တယ်ဆိုပဲ ။
အသက်ကလည်း ၁နှစ် နဲ့၁၀ လပဲ ကွာတာလေ။ တို့က ငိုခဲတယ်တဲ့ ။တစ်ရက် တို့ အရမ်းငိုတော့ မေမေ နဲ့ အဖွားလည်းအလန့်တကြားပြေးတက်လာတာပေါ့ ။
ကြည့်လိုက်တော့ အကို အငယ်လေ တစ်ကိုယ်လုံး ပရုပ်ဆီတွေ လိမ်းထားတာ
ပိုတာတွေ ကို ခြင်ထောင်မှာ သုတ်ထားပြီး ပရုပ်ဆီ တစ်ပုလင်းလုံးကုန်ရော .
အဲ့ဒါပဲ အငယ်ဖြစ်ရ တာ အကြီး နှိပ်စက်တာ ခံရတာ ဒါ အစ ရှိသေးတယ်
တစ်ခါ တစ်ခါ တကိုယ်လုံးပေါင်ဒါတွေ လိမ်း ထားတတ်သေးတယ် …
သူကလိ ဖို့ လူဖြစ်လာရ သလိုပဲ …..
တို့ လမ်းလျှောက်တတ်တဲ့ အရွယ်မှာ ပိန်ပိန်လေး ဖြစ်သွားတယ်။ ၉လ နဲ့ စကားစပြော တာတဲ့ဘာက စလဲတော့မသိဘူး စကားကလည်းအရမ်းတတ် အမေးကထူ သေးတယ်။
ဖေဖေက စ ရင် “ဟုတ်ပဲရဲ့” လို့ ပြောတာဖေဖေ က တို့ကြီးလာသည် အထိပြောပြတုန်း ။
လမ်းလျှောက်တာ က နဲနဲ အရမ်း အချီခံချင်တာ ကျောင်းတက်တဲ့ အရွှယ် ရောက်တော့
ကျောင်းဆင်းရင် ဖေဖေ့ တပည့် လေး ကအမြဲလာကြိုတယ် ဘယ်တော့ မှ ကြောပိုး
မခံဘူး ဂုတ်ပေါ် ပဲ တင်ရတာ …ဖေဖေ ကငယ်ကတည်း က အဲ့လိုချီတော့ အကျင့် ဖြစ်နေတာ ..မှတ်မိသေးတယ် သူငယ်တန်း မှာလေပတ်ဝန်းကျင်ကျက် ရတာ ။
ဆရာမတွေ က ပိုပိုလိုလို ၁၀ ခု ကျက်ခိုင်းတာလေ ။စာမေးပွဲ မှာ ပတ်ဝန်းကျင် က နှုတ်မေး ဖြေရတာ။ဆရာမ က ၅ ခုဖြေပါဆို ။တို့ က ၁၀ ခုဖြေတာတဲ့
ဆရာမ ကတော်ပြီ ပြောလည်း မရ ဘူး “ သမီးပြီးအောင်ဆို ပါရစေ ဆရာမ ”
ပြောပြီး ပြီးအောင်ဆိုတယ် ပြောမဆုံး ပေါင်ဖြစ်ခဲ့တာပေါ့ ..
အဲ့ဒီတုန်းက ရှမ်းပြည်မှာလေ အိမ်ဝင်းက ပေ ၂၀၀ ပတ်လည် ရှိတယ် ဖွား က စိုက်ပျိုးတာဝါသနာပါတော့ ငှက်ပျောပင်တွေ စိုက်တယ်
ရာသီစာတွေ စိုက်တယ် ခြံထဲတင် ဒညင်းပင်၊သရက်ပင်၊ မရမ်းပင်၊ငါးဥသီး ၊သလဲသီး၊
နှင်းဆီပင် ၊ တခြားပန်းတွေ အပင်တွေ လည်း အစုံပဲ၊ ပျော်ဖို့ကောင်းတယ်
ကျောင်းနေတဲ့ အရွယ် မရောက်သေးတော့ အကိုအငယ် ၂ယောက်နဲ့ပဲဆော့ ရတာ…
ရီစရာပြောရအုံးမယ်ပြောရမှာတော့ရှက်သား..ဟဲ.....မေမေကနေ့လည်အားရအောင်
ကစားပြီးရင် ရေချိုးပေးတယ် ပြီးရင် အောက်မဆင်းရတော့ဘူး
အဲ့ဒီတော့ မောင်နှမ ၃ ယောက်သံဇကာ ကွက်လေးတွေ ကိုင် လို့ သနားစရာ ။
အဲ့ဒီ အချိန် ဆို အကို၂ယောက်က ရူးရူး ပေါက် အဝေး ပြိုင်ကြတယ် …
တို့ က ပြိုင်မရ လို့ “နာ က နင်တို့ လို လည်းရဘူး” ဆို ပြောတတ်တယ်တဲ့.ဟိ..
နောက်ပြီး မြွေဆိုး တွေက အရမ်းပေါတာ ဖမ်းမိပြီဆို သတ်ကြတယ် ..အိမ်က
ကြောင်လေးတွေ ကလည်းဖမ်းတယ် မြွေ ကသေပေမယ့် အမြီး က ရမ်းနေတာ အဲ့ဒီအချိန် ဆို အကို ၂ ယာက်က ရူးရူး နဲ့ကောင်းကောင်း ပန်း ကြတာပေါ့
တို့ ကတော့ အဝေး ကနေ ပဲ ကြည့် နေရတာ ကြောက်ကလည်းကြောက်
သူတို့ လိုလည်း လုပ် မရတော့ လေ….:P ....အကိုတွေ ကစားသလို လိုက်လိုက် ကစားတိုင်း မေမေ က သူတို့ လို မကစားရ ဘူးပြောတယ် “မေမေ ဘာလို့လဲ ”
ဆိုတော့ “သူတို့ ကယောင်္ကျားလေး သမီး က မိန်းကလေး ”လို့ ပြောရင်
ဘာကွာမှန်း မသိပေမယ့် ယောင်္ကျားလေး ဖြစ် ချင်ခဲ့တာ အရမ်းပဲ …
ဖေဖေ နဲ့မေမေ ရဲ့ ကလေးဖြစ်တာချင်းတူတူ ဘာ့ကြောင့် မရ မှန်းမသိခဲ့ ဘူး
အကိုအငယ်ဆုံးက အမြဲစတယ် သူ့ကြောင့် ပဲ ခနခန ငိုရတော့ အငိုသန်တဲ့ သူ
ဖြစ်လာခဲ့တယ် “နင်က မွေးစားသမီး လှည်းလမ်းကြောင်းက ကောက်လာတာ”
ပြော လဲ မဟုတ်မှန်းသိရက် နဲ့ ငိုတာ ပဲ ..ဖွား က “မျက်ရည် က မျက်တောင်ဖျား မှာ
ငိုနေတာပဲ ပြန်ပြောပါလား” သင်တော့ ပြန်ပြောတတ်လာ လိုက်တာ နောက်ဆုံးတော့ အိမ်က လူတွေ အကုန်လုံးကို ပြန်ပြော လို့ တို့ ကို လက်မြှောက်ထားရတော့တယ် …
ဖေဖေ ကတော့ သူ့ ကိုပြန်ပြောရင် ပြုံးပြုံး ကြီးသဘောကျနေတတ်တယ် ............
တို့ ငယ်ငယ် ကအကြောင်းတွေ က ထူးထူးခြားခြား စိတ်ဝင်စားစရာ သိပ် မရှိ ပါဘူး မှတ်မှတ်ရရ တစ်ခု ကတော့ ၃နှစ်လောက် က မေမေစားတဲ့ ဖြူရာမင်းဘီစီ ဆိုတာ
ခါးလို့sugar coated လုပ်ထားတာ လေ ဆေးလုံးနီနီ လေးတွေ စားရင်ချိုတယ် …
.အချိုကုန်တော့ ထွေးထုတ် လိုက် စားရင်း စားရင်း နဲ့ တစ်ပုလင်း ကုန်သွားတယ်
ဗိုက်ထဲရောက်တာလည်းရောက်ပေါ့ညကျတော့ အန်ပါလေရော …အဲ့ဒါနဲ့
ဆေးရုံရောက်သွားတယ် ဆရာဝန်ကြီင်္းက မေမေ ကိုဆူတာ အရမ်း ပဲ တို့လည်းမြော့မြော့ ပဲကျန်တော့တယ် ကံကောင်းလို့ မသေတာ …..း)))))
နောက်ကျောင်းတက်တဲ့ အရွယ်ရောက်လာတော့ ဒုတိယ အကို ကရေချိုးပေးတယ် သနပ်ခါးလိမ်းပေး ခေါင်းဖီးအ၀တ်လဲ အကုန်လုပ်ပေးတယ် ။နောက် ၇တန်း ၈တန်း ထိ
စကပ်တွေ ဘောင်းဘီ အင်္ကျီ မီးပူတိုက်ပေးတယ် တို့ကိုတော့ သူ က အပြုစု ဆုံးပဲ
တက္ကသိုလ် တက်သည် အထိ တို့ အင်္ကျီတွေ ကိုမီးပူတိုက်ပေးတုန်း ................
နှူတ် ကတော့ ချိုချိုသာသာ ပြောလေ့ မရှိ ပါဘူး …
၈နှစ်ပြည့်တော့ရန်ကုန်ပြောင်းလာတယ်ရန်ကုန်ရောက်ကတည်းကသိပ်မကျန်းမာတော့
ဘူး ခနခန ဖျားတယ် တစ်လ တစ်ခါ ပုံမှန် ပဲ ..ကျောင်းက ဆင်းလာလို့မျက်နှာနီ လာရင် မေမေ ကသိပြီ … သိပ်ထားလိုက်တော့တာ ..အာသီးရောင်တာလေ…၆တန်း ၇တန်း ထိဖျား ပြီ ဆို ဒုတိယ အကို က ကျောပိုး ထားတော့ တာ .. နောက်တော့ ဘေးအိမ်က ကရင်မ က သင်္ဘောသီး နုနု သေးသေးလေး ၃ လုံးကို ရေဆေး ပြီးမှ အညှာဖြတ် ၀ါးစားရင်
မရောင်တော့ ဘူးပြောတော့  တို့ လည်းစားလိုက်တယ် အစီးတွေ ပေါက်လို့ ထမင်း မစားနိုင်ဘူး ဒါပေမယ့်တကယ်ပဲ မဖျားတော့ ဘူး …ဒါပေမယ့်တိုက်ဖွိုက်ဖြစ်လာပြန်ရော
.တိုက်ဖွိုက် ပိုးက ခုထိ သွေး ထဲ ရှိတုန်း...........................
မှတ်မှတ်ယယ ၄တန်း စာမေးပွဲနောက်ဆုံးနေ့က ကစားနေလို့စာမေးပွဲချိန်ကျော်မှရောက်
သွားတယ် အတန်းပိုင်ဆရာကြီးက အရမ်းချစ်တာလေ တစ်ရပ်ကွက်လုံးလိုက်ရှာတာ
မေမေ ကလည်းစိတ်ပူပေါ့ …တို့သူငယ်ချင်းမှာ အမွာညီမလေး၃ယောက် ရှိတယ်
ကောင်မလေးတွေချည်းပဲ။အဲ့ဒီတုန်းကသူတို့နဲ့သွားကစားနေတာလေအန်တီတစ်ယောက်
က သမီး ဆရာကြီး လိုက်ရှာနေတယ် ပြောမှ ပြေးတာ နာရီဝက်ရှိနေပြီ တော်သေးတယ်
ပေးဝင်လို့အိမ်ရောက်တော့ မေမေ ရိုက်ပြီထင်နေတာ မရိုက်ဖူး
၅ တန်း နှစ်တုန်း ကတော့ ကျောင်း က ၄ နာ ရီ လွှတ်တာအိမ်မပြန် ပဲ နတ်ကနား ပွဲ ၀င်ကြည့်နေတာ ၆ နာရီကျော်သည်အထိ ပြန်မလာ လို့ အိမ်ကတစ်ရပ် ကွက်လုံးလိုက်
ရှာ ကြတာ အဖွား လေ ရိုက်ရော “နတ်က ချစ်ရင် ခေါ်သွား မှာ နတ်ကတော် ဖြစ်ချင် လို့
လား ”ဆိုပြီးတော့ လေ တို့လည်း ကြောက်လို့လေ နတ်ကနားဆိုဝေးဝေးရှောင်တော့တာ
ငယ်ငယ် ကတည်း က အတွေးသမားလေ …၅ တန်း ၆ တန်း လောက်က နေ့လည် မေမေ က အပြင်သွားပြီ ဆို အိပ်ခိုင်းခဲ့တာ အိပ်ဖူး တွေးတာဘာတွေးလည်းဆိုတော့
သေခြင်းတရား အကြောင်းလေ .နေ့တိုင်းတွေးတာ …သေပြီးရင် လူ ပြန်ဖြစ် ပြီး ရင် ပြန်သေ ..ကမ္ဘာ တစ်ခု ပျက်တော့ နောက်ကမ္ဘာ သစ်တစ်ခုပေါ် ငါ့ ဘ၀ကြီး က
ဘယ်တော့ ဆုံး မှာ လဲဆို ပြီး တွေး မရ လို့တစ်ယောက်တည်း ကြိတ် ကြိတ်ငိုတာ
( ဟိ............. ကြံကြံဖန်ဖန်နော် )
ခု မှ ၀ိပဿနာ တရားအကြောင်းတွေ သိတော့ မှ“နိဗ္ဗာန်” ဆို တဲ့ အဆုံး လွတ်လမ်း ရှိတာ ကို သိပြီး ငယ်ငယ် က အဖြေ မတွေ့ ခဲ့တာတွေ့  ရတော့ မှ ကျေနပ် သွားတယ်
.တို့အကြောင်း က အဲ့လောက်ပါပဲ …..သိပ်လည်းစိတ်ဝင်စားစရာ မရှိပါဘူး …………
.ထူးခြားတာတွေ ရှိခဲ့ပေမယ့် ဆက်စပ် မှူ့ က သိပ် မရှိတော့ လို့
ဖြူလေး အချစ်ရေ ….ဒီလောက် နဲ့ ပဲကျေနပ်တော့ နော် ………………
(မောင်လေး ကေခမ်း ကရေး ချင်တယ်ဆို လို့ ဒီကနေ တဂ် လိုက်ပြီ)
ငယ်ငယ်က ပုံလေးလေ ..မတ်တပ် မရပ်တတ်သေးဘူး ....
.scan ဖတ်ထားတာ ဒီတစ်ပုံတည်း ရှိလို့ ......း)))))))
0 comments:
Post a Comment