လူတွေ လူတွေ
ကိုယ့်လမ်းကိုယ်သွား နေကြတယ် ..
ကျမ နဘေးမှာတော့ ကျမ ကိုချစ်တဲ့သူ ကျမ ကချစ်တဲ့သူ
တူတူ သွား နေကြ တယ် ...
ကျမ နဲ့ မလှမ်းမကမ်း မှာ လည်း ကျမ ကို ချစ်တဲ့သူ
ခင်တဲ့သူ မုန်းတဲ့သူ ပါနိုင်ပါတယ်
ကျမ မမြင်နိုင်သော နေရာ မှာလည်း
ကျမ ကို ချစ်တဲ့သူ ကျမ ကိုမုန်းတဲ့ သူ
သူတို့လည်း ကိုယ့် လမ်းကို သွားနေကြတာ ပါပဲ
ဝေးလွန်းတော့
ကျမ လိုသာမန် လူတစ်ယောက်က
ဘယ်သူ က ကျမ ကိုမုန်းနေ သလဲ ဆိုတာ မသိနိုင် ခဲ့ပါဘူး
အချိန် က မျက်နှာ မလိုက်ဘူးလေ...
ဘယ် လူတန်းစား ကို မဆို
ဆင်းရဲချမ်းသာ အယုတ်အလတ် အမြတ် မရွေး
ပညာတတ် ပညာမဲ့ မရွေး
နောက်ပြန်လှည့်ခွင့်မပေး.....
************************************
ကျမ ကိုချစ်တဲ့ သူ
ကျမ ကို ချစ်တဲ့ သူတွေကတော့
ကျမ အား
စိတ်ဆိုးသော်လည်း နာကျင်မှာစိုးသောကြောင့်
သူတို့ ဒေါသ ဖြစ်သော အခါ ကျမ အား ပန်းဖြင့်ပေါက် ၏
ကျမ သည် ကျမ ကို ချစ်တာ သေချာသော သူတို့အား
ပန်းဖြင့် ပြန်ပေါက် ၏ .....
ကျမ တို့ အချင်း ချင်း မွေးပျံသော ပန်း
လှပသော ပန်းများ ဖြင့် ပေါက် ၍
မိမိ တို့ ၏ ဒေါသ ကို ဖြေကြ သည်
တို အခါ ကျမ တို့ ပတ်ဝန်းကျင် တွင်
ပန်းရနံ့ တို့ သင်း ပျံ့ ၍
ကျမ ချစ်သော သူများနှင့်
ပန်းခင်း လမ်း ကို ဆက်လျှောက် ကြသည်။
ထိုသူများသည် ကျမ ကို ချစ်သောသူများဖြစ် သည် ။
ကျမ တို့ အား ချစ်သော အဝေးမှ ပွဲကြည့် ပရိသတ် များသည်
သက်ပြင်ချ ၍ ပြုံး ကာ သူတို့ လမ်း ကို ဆက်လျှောက် ကြ၏
ကျမ တို့ အား မုန်းသော အဝေးမှ ပွဲကြည့် ပရိသတ်များသည်
သူတို့ ထင်သလို ပွဲ ကြီး ပွဲ ကောင်းဖြစ် မလာသော အခါ
တောက် ခေါက်ကာ မကျေမနပ် ဖြင့် သူတို့ လမ်း ကို ဆက်လျှောက် ကြ၏
*************************************************
ကျမ ကိုမုန်းသောသူ
ကျမ ကို မုန်းသောသူ သည်
ဒေါသ ဖြစ်သော အခါ ကျမ အား
ချွန်ထက်သော ဆူးလုံး ဖြင့် ပစ်ပေါက် ၏
မမျှော် လင့် သော ကြောင့် ကျမ အသားတို့ နာကျင်၏
ကျမ အားမုန်းသော သူ သည် ရန်သူ တစ်ယောက်လို
ပေါ်ထွက် လာခြင်း က ကျမ စိတ် ကို ပိုနာ ကျင်စေ ၏
ရုတ်တရက် ဖြစ်သောကြောင့် ကျမ သည် သူအားပြန်ပေါက်ရန်
ဆူးလုံး ကို ကိုင်လိုက် သည် ….
ထို ဆူးများ သည် ကျမ လက်အား နာ ကျင်သော အခါ
ကျမ ဤသို့တွေးမိ ၏ …..ကျမ အား ဆူးဖြင့် ပစ်သော သူသည်
သူဆူးလုံး ကို ကိုင်သော အခါ ကျမ ကဲ့ သို့ နာကျင်ခဲ့လိမ့်မည်
ထို အချိန် တွင် သူ၏ စိတ်နှလုံးသွေး တို့ သည် ဒေါသ ဖြင့် မဲနေ လိမ့် မည် ။
အကယ်၍
ကျမ က ဒေါသ ဖြင့် ထိုသူ အား ဆူး လုံးဖြင့် ပြန်ပစ်သော်
သူသည် ပိုမို ဒေါသ ဖြစ် ကာ ကျမ အား နောက်တစ်ကြိမ် ပြန်ဖြစ်ပေလိမ့်မည်
ကျမ နှင့် ကျမ အား မုန်းသော သူတို့ အပြန် အလှန် ပစ်ခတ်ကြသော်
ကျမ တို့ နှစ်ယောက် လုံး ၏ စိတ်နှလုံးတို့ သည် …
ပို၍ပို၍ နာ ကျင် ပေလိမ့်မည်
ထို့နောက် မှ ကျမ ကို ချစ် သောသူ
ထိုသူ အား ချစ်သော သူများ ပါဝင် လာသော အခါ
မပြီးနိုင်သော အမုန်းစစ် ခင်းကြ ရ လိမ့်မည်။
ထို အဖြစ် မျိုး ကို ကျမ နဲနဲ မှ မလို လား ပါ ။
ဒါ့ကြောင့်
ကျမ လက်တွင် ကိုင်ထား သော ဆူးလုံး ကို
အားလုံး နှင့် ဝေးသထက် ဝေးရာ သို့ ပစ်လိုက် ၏
ကျမအား မုန်းသောသူများ သည် ကျမ အားနောက် ထပ်
ဆူး လုံးဖြင့် ပစ် လာ နိုင် ပါသေးသည် ။
ထိုသူများ သည် ကျမ အား မုန်းသော သူများဖြစ် သည် ။
ကျမ တို့ အား ချစ်သော အဝေးမှ ပွဲကြည့် ပရိသတ် များသည်
သက်ပြင်ချ ၍ ပြုံး ကာ သူတို့ လမ်း ကို ဆက်လျှောက် ကြ၏
ကျမ တို့ အား မုန်းသော အဝေးမှ ပွဲကြည့် ပရိသတ်များသည်
သူတို့ ထင်သလို ပွဲ ကြီး ပွဲ ကောင်းဖြစ် မလာသော အခါ
တောက် ခေါက်ကာ မကျေမနပ် ဖြင့် သူတို့ လမ်း ကို ဆက်လျှောက် ကြ၏
***************************************************************
ချစ်သူ မုန်းသူ သွားနေကြ သည့် လမ်း ကတော့သေမင်းထံ သို့ အတူတူ
ကုသိုလ် အကုသိုလ် မိမိ ပြုလုပ်သော အရာ များ သည် မိမိ အတွက် သာ ဖြစ် ၏
ခံစားရ၍ ရေးဖွဲ့ ပါသည် ။
ပြည့်ကံကျွေးမှသည်
13 years ago
0 comments:
Post a Comment