ကုမုဒြာကြာပန်းနှယ်
သမီးလေး ပွင့်လန်း လာတယ်
တီတာတာ စကားသံ ချို သွဲ့သွဲ့
ကြည်လင်လင် မျက်လုံးလေး ရယ်
အပြစ်ကင်းစွာ နဲ့ ချစ်စဖွယ်
လွယ်အိပ်လေး လွယ်
ကျောင်း ကို သွားတော့
ပွင့်ဖြူ ဖြူ အရွက် စိမ်းနဲ့
“ပန်း စံပယ် ” တစ်ခက် နှယ် …
…………………………………………..
အရွယ် ရောက်လာ တော့
လှသွေးကြွယ် ကိုယ်ဟန်လေး နဲ့ပျော့ပြောင်း သွယ်
ဆံနွယ် လေမှာလွင့်တယ်
ဆံနွယ် လေမှာလွင့်တယ်
တင်းတင်း စေ့ နှုတ်ခမ်းပါး က
ခပ်ထန်ထန် သူ့ မာန အလှ ကို
ဂုဏ်တင့် ကာ ၀င့်ဝါ စေ တယ်
မပန်ချင် သူ ခူးဆွတ် လက်တွေကို
ဆူးချက်တွေ နဲ့ ကာရံ ထားတယ်
“ရဲ ရဲ တောက် နှင်းဆီ ” နှယ် …
…………………………………………………
ယဉ်တစ် ကိုယ် မူ နွဲ နွဲ့ နဲ့…………………………………………………
မြင်သူ ကို ဘ၀င်အေးစေ တယ်
မျိုးဆက်သစ် ကလေး တွေကို
အားအင် နဲ့ ပညာဝေ လို့
မှန်ကန် စွာ လမ်းကြောင်း ပေးတယ်
သမီးလေး ငယ်ငယ် ရွယ် ရွယ်
အဖိုးတန် ပင်မြင့် ထက်ဆီ က
လှမ်း လက်ချု မမှီတဲ့
“ပန်းသစ်ခွ” နှယ်
……………………………………………….
သီးပွင့်ချိန် တန်လာတော့၁၅၀၀ မေတ္တာ အချစ်တွေ က
မိုးကို “တ” တဲ့“ ပိတောက် ၀ါ” သဖွယ်
အချစ်တွေ ဝေဆာ ပွင့်တယ်
ရေမြင့် မှ ကြာတင်
ကြင်သူ ကြောင့် ဂုဏ်မြင့်
တစ်ပွင့် ပေါ် တစ်ပွင့် ဆက် လို့
သင်းပျံ့ ပျံ့ မွှေး လေတဲ့
“ပန်းတော်ဝင် သဇင် ” နှယ် ……
……………………………………………………………………….
အကြမ်း ရေးထား တာ တစ်နှစ် ကျော် ပြီ …
ညီမလေး နေရာ မှာ သမီးလေး လို့ ပြင်လိုက် ပါကြောင်း
ညီမလေး နေရာ မှာ သမီးလေး လို့ ပြင်လိုက် ပါကြောင်း
0 comments:
Post a Comment