သူမမျက်လုံးကိုမှိတ်ထားသည်။အရိုးပေါ်အရေတင်နေသောသူမ၏တကိုယ်လုံးမှာလှုပ်နိုင်တာဆိုလို့
သူမ၏စိတ်အတွေးတွေပဲရှိတော့တယ်။ ခု သူမ အနားမှာဘယ်သူမှမရှိတော့ သူမ၏မိခင်ကပဲသူမကို
အနီးကပ်ပြုစုသည်။ သူမ၏ခင်ပွန်း ကတော့ အမေ့လက်ထဲငွေ လာပေးပြီး ပြန်သွားတာကများသည်။
ဘာပဲဖြစ်ဖြစ် ငွေလာ လာပေးနေတာပဲ ကျေးဇူးတင်သည်။
"ငွေ" " ငွေ" သူမပြုံးမိသည်။ ဒီငွေကပဲ သူမကိုဒီ ဘဝရောက်အောင်လုပ်ခဲ့တာ။ ခုလည်းဒီငွေကို
တွေးနေတုန်း .... ငယ်ငယ်ကတည်းက အိမ်မှာ သူမ ကြားခဲ့ရသည်က အမြဲလိုအပ်နေတဲ့ "ငွေ "
သူမ ၁၀တန်း ၂ခါကျတော့ကျောင်းထွက် လိုက်တယ်။ အဖေကလည်းဆုံး အမေ ကလည်း ကြုံ ရာ
ကျပန်းလုပ်တာ အငယ်၃ ယောက်ရှိ ပြီး အကြီးဆုံးဖြစ်တဲ့သူမ အလုပ်လုပ်ရ တော့မှာပေါ့။
သူမ၏ ကျောင်းစရိတ် မကုန်တဲ့အပြင် ဝင်ငွေလည်း တိုးလာခဲ့တယ်။ သူမမိသားစုကိုသူမ လွန်စွာမှချစ်
တယ်။ လုပ်ချင်ရာလုပ်၍ လက်ထဲ ငွေရှိ ရင် သုံးချင်ရာသုံးသောအမေ သူမအပေါ်နည်းနည်းလေးမှ
မသိတတ်သောအငယ်များအပေါ်သူမတာဝန်ကျေချင်သည်။သူမမျက်နှာ အပြုံးမပျက်ခဲ့ ။မိသားစုကို
နည်းနည်းမှမငြူစူခဲ့ ။သူမ အထည်ချုပ်မှာ အလုပ်ရခဲ့တာ ရရစားစား မိသားစုအတွက် လောက်ငှယုံ
ဒါပေမယ့် သူမဘဝ အလှည့် အ ပြောင်း ကြုံလာတယ်။ နိုင်ငံခြားသားများ ကအပျိုစင်ရှာခိုင်းသော
အမျိုးသမီး တဦး သူမ နှင့် သူမသူငယ်ချင်းများထံ ရောက်လာတယ်။သူမ ခေါင်းကိုတွင်တွင်ခါရင်း
ကျန်ခဲ့တယ် သူမသူငယ်ချင်းများ ထိုလမ်း ကြောင်းပေါ်တွင် ........."သူမ" သူမ က ရော ဘယ်နှစ်ခါ
ခေါင်းခါနိုင်မှာလည်း။အိမ်လခမပေးနိုင်၍တင်းမာနေသော အိမ်ရှင်မျက်နှာ, တရိပ်ရိပ်တက်နေသောဈေနှုန်း,
အတန်းကြီလာကြသော အငယ်လေးတွေ , ခုတလော ငပိရည် ကိုဟင်း လုပ်၍စားနေရသော အမေ,
............. သူမ ခေါင်းငြိမ့် လိုက်ပြီ .............
သူမကိုခေါ်ဆောင်သွားသော အမျိုးသမီး ဘယ်လောက်ရလည်းတော့မသိ။ သူမ အတွက်တော့
အိမ်စရိတ် တလစာ ရပြီ ...ဒါပေမယ့်... ဒါပေမယ့်"ကံဆိုးမမို့ မိုး ရွာတာလာ မိုးရွာလို့ ကံဆိုးတာလား"
သူမ အလုပ်လုပ်နေသော အထည်ချုပ် စက်ရုံ များ ဖျက်သိမ်း သွားသည်။ လောလောဆယ် အလုပ်
လက်မဲ့ အလုပ်မရှိလို့မဖြစ်.............
သူမသူငယ်ချင်းများ မြိတ်ကိုသွားဖို့ သူမကိုလာခေါ်ကျတယ် ကောင်းရောင်းကောင်းဝယ်တော့မဟုတ်
သူမစဉ်းစားတယ် ကြာကြာတော့မဟုတ်ဘူး သူမမှာကြာကြာ စဉ်းစားခွင့်မရှိ။ လိုအပ်နေတာ "ငွေ"
သူမ ဝတ်ချင်စားချင် လို့မဟုတ် သူမ မှာတာဝန်ရှိသောမိသားစုအတွက် .............သူမခန္ဓာကိုယ် က
တန်ဘိုးမှမရှိတော့တာ .... မိသားစုအဆင်ပြေဖို့ သူမစတေး ရမယ်.............
သူမမြိတ်ကိုရောက်ပြီး တော်တော်လေးကြာတော့ လူတစ်ယောက် နှင့် တွေ့ဆုံ ခဲ့တယ် ။နိုင်ငံခြားသား
ကားကိုမောင်း သော ကားဒရိုင်ဘာ ခုခေတ် အခေါ်ဒေါ်လာစားပေါ့ ။သူမအလုပ်နှင့် မကိုက်ညီစွာအေးချမ်း
သောမျက်နှာပိုင်ရှင်လေး သူမကို ထိုသူသဘောကျနေသည်။ နောက်တော့ ထိုသူ၏ ဇနီး အဖြစ် သူမ
ရန်ကုန် မြေသို့ ပြန်လည် ရောက်ရှိလာတယ် ။ဒါပေမယ့် တရာဝင်ဇနီးတော့မဟုတ်ခဲ့ဘူး .............
မတတ်နိုင် သူမအတွက် ကောက်ရိုး တစ်မျဉ် လည်း ဆွဲရမှာပဲ သူမဒီဘဝကလွတ် မြောက်ချင်သူ
သူမဘဝ နေသားကျ လာပြီလို့ပြောရမယ် ..သူမခင်ပွန်း ဆိုသူက တိုက်ခန်း ငှါး ပေးထားသည်။ သူ၏
တရားဝင် ဇနီး သည်သိသော်လည်း မသိချင်ယောင်ဆောင်နေ ပုံ ရသည်။ဒါမှမဟုတ်မနိုင်၍လည်းဖြစ်နိုင်
သည် ။သူမစိတ်ထဲမှ အကြိမ်ကြိမ်တောင်းပန် နေမိတယ်။ လောလောဆယ်သူမအေးချမ်းနေတယ်...........
ဒါပေမဲ့ သူမ အဲ့လောက်ကံကောင်းလို့လား..."ကံကောင်းချင်လို့လေယာဉ်စီးရ ကံဆိုးချင်တော့လေယာဉ်
ပျက်ကျ ........."ဆိုတဲ့သူမပြောနေကျ စကားလေးလိုပါပဲ..........
တစ်နှစ်ကြာတော့ သူမကလေးမွေးဖွားတယ် အကုန်သက်သာစေရန် သူမ အမေ့ အိမ်ပြန်၍လက်သည်နဲ့
ပဲမွေးခဲ့တယ်။သူမ သမီးလေး ဖြူဖြူဖွေးဖွေး ဝဝ တုတ်တုတ် လွန်စွာချစ်ဖို့ကောင်းတယ်။ သမီးအနာဂါတ်
အတွက်သူမစိတ်ကူးတွေ အများကြီးယဉ်ဖြစ်တယ် ။ကောင်းမွန်စွာစောင့် ရှောက်မယ် တွေးတိုင်းတွေးတိုင်း
သူမမျက်နှာ ပြုံးရွှင် နေတယ်။
ဒါပေမဲ့ လေသူမကံအဲ့လောက်ကောင်းလို့လား ။ သူမ၏ လသမီးလေး နေမကောင်းဖြစ်လေပြီ။ ပထမ
ဆေးမှီးတိုနှင့်ကုသည်။မနိုင်တော့ဆေးရုံ တင်လိုက်ရတယ်။မရတော့.......... ကုလို့မ ရတော့ ..........
"မေမေ "လို့သမီးထံမှခေါ်သံ သူမ မကြားရခင်...သမီးလေး သေဆုံးသွားပြီ။ သမီးရဲ့ သက်ခန္ဓာ ကိုယ်ကို ပွေ့ဖက် ရင်း
"သ မီးလေး မေမေ့ကြောင့် ..........မေမေ့ကြောင့်ပါ သမီးလေးရယ် "
သူမ မျက်ရေတွေတားဆည်း မရနိုင်တော့ တာဆည်းဖို့လည်းမလိုအပ် သူမအားရ အောင်ငိုမိတယ်.......
သူမ ရဲ့ ပြင် ၍မ ရတဲ့ဘဝ အတွက်ပါသူမ ငိုကြွေး မိပြီ။
သမီးလေးရောဂါက လူသားအားလုံးကြောက်သော
ယနေ့ထိကု့သ ရန်ဆေးမရှိသော
မိခင်ဖြစ်သောသူမထံမှကူးသော .......... HIV
မကြာမီ သူမလည်းအိပ်ရာထဲလဲလေပြီ။ သူမ ခင်ပွန်းလည်းမလာတော့။တစ်ခါတစ်ရံ အမေ့ထံ
ငွေလာပေးသည်။ လာသည့်အခါ အခန်းဝ ကကြည့်ပြီး ပြန်ပြန်သွားတာသူမ သိသည်။သူမ သူ့အား
နဲနဲလေးမှ အပြစ်မတင်ပါ။တကယ်ဆို သူသာမခေါ်ခဲ့ရင် သူမလမ်းဘေး မှာသေဆုံးရမှာ။ ခုလိုသူမကို
နားခိုရာ အိမ်လေးဖန်တီးပေးတဲ့အတွက်သူမ ခင်ပွန်းဖြစ်သူကိုကျေးဇူးတင်သည်။
သူမထံသို့ တစ်ခါတစ်ရံ မှလာသောမောင်ညီမလေးများကိုလည်း ကျေးဇူးတင်သည်။ သူမပုံစံ ကို
သူတို့အား မတွေ့စေချင် ။သူမကျေးဇူးအတင်ဆုံးကသူမ၏မိခင်........သူမရောဂါကိုမငြိုမငြင်ပြုစုပေးသည်။
ရောဂါဆိုတာ ကံ စိတ် ဥတု အဟာရ ကြောင့် ဖြစ်တာလို့သူမကြားဘူးသည်။သူမဘယ်သူ့ကိုမှ
အပြစ်မတင်ချင်။သူမဘဝမှာဘယ်သူ့ကိုမှလည်းအပြစ်မမြင်ခဲ့။အရင်ဘဝကသူမ လုပ်ခဲ့တဲ့ အကုသိုဟ်
ကြောင့်သူမ ဒီဘဝပေးဆပ်ရတာ။သူမဒီလိုပဲတွေးသည်။
ဪ ...... ဒီနေ့သူမ တွေးလိုက်တာ အများကြီးပဲ။ သူမရေသောက်ချင်လိုက်တာ။သူမမျက်လုံးလေး
ဖွင့်လိုက်တော့အမေ သူမကိုကြည့်နေသည်။ စကားမပြောနိုင်သော သူမပါးစပ်လေးလှုပ်၍"ရေ" ဆိုတော့
အမေ က ဇွန်းနှင့်ရေတိုက်သည်။ သူမရေတွေအများကြီး သောက်လိုက်သည်။ သူမဘဝ မှာတစ်ခါမှ ရေ
ဒီလောက် သောက်လို့မကောင်းဖူးဘူး ။သူမမျက်လုံးလေမှိတ်လိုက်တော့ အမေရေတိုက်ရပ်သွားသည်။
မျက်ရည် လေး သုတ် ပြီး ထသွားတယ် ။
......ဒီနေ့မောလိုက်တာ တွေးတာများသွားလို့နဲ့တူတယ် အသက်ရှူရတာ ပင်ပန်းတယ်
အတွေးလေးတွေ ခဏရပ်ပြီး နှစ်နှစ်ခြိုက်ခြိုက် အိပ်လိုက်အုံးမယ် ......
ဒါပေမဲ့ သူမဘယ်တော့မှ မနိုးထခဲ့တော့
***********************************************************************
မမ ဆရာမ ၏ တပည့် မလေး တစ်ယောက်၏ဖြစ်ရပ်မှန်ကို အနည်းငယ်ကိုးကားရေးထားပါသည်။
ကာယကံရှင်ကိုခွင့်မတောင်းခဲ့ပါဘူး။စာဖတ်သူရင်ထဲ တစ်ခုခုကျန် ခဲ့ မယ်ဆို ညီမလေးရောက်ရာဘဝကသာဓုခေါ်နိုင်ပါစေ။
ပြည့်ကံကျွေးမှသည်
13 years ago
0 comments:
Post a Comment